talking.boy.25 talking.boy.25February 11, 20131min29817
မရမ်းကုန်းမြို့နယ် ဘုရင်နှောင် ပွဲရုံဝင်းအတွင်းရှိ အနှိပ်ခန်း အမည်ခံ ပြည့်တန်ဆာခန်းများ  အား  ထိရောက်စွာ အရေးယူဆောင်ရွက်ရှင်းလင်းပေးပါရန်တိုင်ကြားခြင်း.။   ။   ။ ကျွန်တာ်များ၏ ရန်ကုန်တိုင်း  ၊ ဘုရင့်နှောင် ပွဲရုံတန်းအတွင်းတွင် အနှိပ်ခန်း အမည်ခံ၍ ပြည်တန်ဆာ အခန်းများအများအပြားဖွင့်လှစ်ထားရှိလျှက်ရှိနေသည်ကိုတွေ့ရှိရပါသည်။ ထို ပြည့်တန်ဆာခန်းများတွင် ဆင်းရဲနွမ်းပါးသော မိန်မပျိုလေးများ၊တိုင်းရင်းသား လူမျိုးစုံမိန်းမပျိုလေးများအား စည်းရုံးသိမ်းသွင်း၍ ပြည့်တန်ဆာအမူကိစ္စများအားဆောင်ရွက်စေပြီး ငွေရှာ ဂုတ်သွေးစုတ် စေခိုင်းနေသော  မာဆက် (spa) အမည်ခံ  ပြည့်တန်ဆာခန်းများကို အမြန်ဆုံးဖယ်ရှားပေးစေချင်ပါသည်။ ပွဲရုံတန်းအတွင်းနေထိုင်သော တခြားသော ကုန်သည်မိသားစုများ၊ကျနော်များ၏ မိသားစု သားပျို သမီးပျိုများအတွက်ရင်လေးဖွယ်ရာ စိုးရိမ်မိရသည်..။ ယင်းမာလမ်း၊ယုဇနလမ်း ၊စိန်ပန်းလမ်း၊ခရေလမ်းနှင့် ကံကော်လမ်းသွယ်၊လမ်းမကြီးပေါ်တွင်မှာပါမကျန်  ဖွင့်လှစ်လျှက်ရှိသော  ထိုပြည့်တန်ဆာခန်းများတွင်  ထားရှိသော ဧည့်ကြို (waiter )ခေါ် လူငယ်များသည် မင်းမဲ့စရိုက်ဆန်ဆန်   ညဉ့်ဦးမှစ ၍  […]