တွေးမိလေတိုင်း မျက်ရည်ဝိုင်း ——-×××××——– ချစ်သူ…… င့ါရဲ့ အမြင်လွှာထဲမှာ ဝေဝါးခြင်းတွေနဲ့ နင့်ရဲ့ပုံရိပ်လေး… အရိပ်လေး အဖြစ် ထင်ဟပ်စေဖို့ ငါမြင်ကြည့်နေတယ်… မသည်းကွဲသလို မမှန်းဆတတ်ဘူးလေကွယ်…။ ရိုးသားခဲ့ပါတယ် နင့်အပေါ်မှာ… ဝန်ခံခဲ့ပါတယ်နော် ငါလိမ်ညာမုသားမဆိုခဲ့တာကိုပေါ့… ဘာလဲဆိုတာ သေချာမသိပေမယ့် ယုံကြည်ခဲ့ပါတယ် နင့်ရဲ့ချစ်ခြင်းတွေကို… ရဲဝံ့ခဲ့ပါတယ် နင့်အတွက် ငါရဲ့ချစ်ခြင်းတွေနဲ့လေ… ယုံကြည်ပါလို့တော့ ငါမတောင်းဆိုခဲ့ဖူးဘူးနော်…။ ငါလေ နင့်အတွက်နဲ့ နင်မကြိုက်တဲ့ပုံစံ… နင်အထင်လွဲမှာတွေ သိပ်ကြောက်ခဲ့တာပါ နင်သဝန်တိုတတ်တာ ငါသိပါတယ်… ချုပ်ချယ်တယ်လဲ မထင်မိပါဘူး ငါတကယ်ပျော်ပါတယ်… နင်ပြောသမျှလည်း ငါမဆန့်ကျင်ပါဘူး နင်ကင့ါရဲ့ သခင်မဟုတ်ပေမယ့်လည်း… နင်ပေးသမျှ အမိန့်တွေကို ငါနာခံချင်ခဲ့မိတယ်…။ နင်မပြောခဲ့တဲ့ အကြောင်းအရာတစ်ချို့က င့ါကိုပြောပြလိုက်လို့… နင့်စိတ်တွေ ပေါ့ပါးလန်းဆန်း သွားမယ်ဆိုလည်း ပြောပြလိုက်ပါနော်… င့ါအတွက် ဘာတွေပဲ ကျန်နေခဲ့ပါစေ တိတ်တဆိတ်နဲ့… […]


**ချစ်ခြင်းတစ်ခုမှာ ခမ်းနားတဲ့ အလွှာတွေ ကပ်ပါလိမ့်မယ်လို့ ငါသတိမထားမိလိုက်ဘူး…။ ~~ချစ်ခြင်းတစ်ခုမှာ မာယာများတဲ့ လှည့်ကွက်တွေ နင့်ဆီမှာ ရှိနေလိမ့်မယ်လို့ ငါမထင်ထားလိုက်မိဘူး…။ >>ချစ်ခြင်းတစ်ခုမှာ ဟန်ဆောင် လိမ်ညာပြောတတ်တဲ့ အပြောချိုချိုလေးတွေ ရှိနေတတ်တာ သတိလက်လွတ်နဲ့ ငါမေ့ထားခဲ့မိတယ်…။ @@ ချစ်ခြင်းတစ်ခုမှာ ဖြူစင်သန့်ရှင်းတဲ့ ချစ်ခြင်းတွေရှိနေလိမ့်မယ်လို့ အကြွင်းမဲ့ ငါယုံကြည်ခဲ့မိတယ်…။ **ချစ်ခြင်းတစ်ခုမှာ အရမ်းဂရုစိုက်တတ်ပြီး အလေးထားတတ်တဲ့ နင့်ကို မျှော်လင့် ချက်ကြီးကြီး ထားခဲ့တာ ငါပဲမှားတာပါ…။ ~~ချစ်ခြင်းတစ်ခုမှာ ငါထင်ထားသလို မဟုတ်ဘဲ နောက်ဆုံးတော့လည်း ဥပေက္ခာတွေ ငါပဲရခဲ့တာပါ နင်ပြောင်းလဲသွားခဲ့တယ်နော်…။ @@ ချစ်ရတဲ့သူရေ လူကြုံလည်း မပါး စာလွှာလည်း မရောက် မက်ဆေ့လည်းမပြန်တော့ဘူးနော် ငါက ဆင်းရဲသားလေးမို့လားကွယ် ဆင်းရဲသားလေးမှာလည်း ချစ်တတ်တဲ့ နှလုံးသားနဲ့ ဖြူစင်ခြင်းတွေအပြည့်နဲ့ပေါ့…။ >> နင့်အတွက်နဲ့ ငါဘယ်လောက်မျှော်လင့်ထားရလဲဟာ […]


နင် ကအရင်လိုမဟုတ်တော့ဘူး… င့ါ အတွက်ဆိုပြီး…… နင် နည်းနည်းလေးတောင် အချိန်မပေးနိုင်တော့ဘူးနော်… အကြောင်းပြချက်တွေ တိုးလာခဲ့တယ်…။ နင် ညာပြောတတ်နေပြီ… ပြောင်းလဲခြင်းတွေ အစပြုလို့… ရိုးမယ်ဖွဲ့ခဲ ့တဲ့ စကားလုံးများစွာနဲ့… ချစ်ခြင်းတေးသွား ကဗျာအလင်္ကာတွေ… ဆိပ်သုဉ်းမသွားအောင် နင် ပြောခဲ့ဖူးတဲ့ ချစ်တယ်ဆိုတာ…. လေဆိုင်ရာ လက်လွှဲ………. ဟိုးးးးးးးးးးးအဝေးဆုံးထိအောင် လျှောက်လွှဲချက်ကောင်းကောင်းနဲ့… ရှောင်ပြေးသွားတာ နင်ပြောခဲ့ဖူးတဲ့ အချစ်တွေလား….။ ငါကချစ်ပါတယ်ဆိုတော့လည်း နင်ကမယုံဘူး… နင့် ကိုယုံပါတယ်ဆိုတော့ နင်ကဥပေက္ခာတွေပဲပေးတယ်… လွယ်လိုက်တာဟာ နင့် ပါးစပ်ဖျားကပြောခဲ့တဲ့…. “ချစ်တယ်” ဆိုတာ င့ါကိုပြောဖို့…. တာဝန်တစ်ခု အနေနဲ ့များ သတ်မှတ်ထားခဲ့သလား ချစ်သူရယ်…။ နင် င့ါကိုချစ်ခဲ့တုန်းက ရိုးသွားစွာချစ်ခဲ့လား…. ငါသေချာမသိပေမယ့်….. နင် မချစ်တော့ဘူးဆိုရင် ရိုးသားစွာဝန်ခံစေချင်ခဲ့တာပါ… ဒါပေမယ့်…………… ဝိုးတိုးဝါးတားနဲ့ မသေချာမရေရာတဲ့ […]


~~အဓိက..အဓိက..တဲ့ မလိုချင်ဘူး ..နားစမ်း.. အကြူတွေနဲ့ မနားတမ်း.. ဖွခဲ့ဖူးတဲ့ နင့်အထာ… ~~မယုံနိုင်ဘူး သွားစမ်း.. အွန်လိုင်းထဲက အရှုပ်ဇယား.. လာမပြောနဲ့..ရှုပ်တယ်.. ~~နင့်အထာတွေလည်း နပ်ပါတယ်.. မသိချင်တော့ ခက်တာပဲ.. ချစ်တယ်…ချစ်တယ် ပြောခဲ့တယ်.. လွယ်လွယ်လေးနဲ့ ပြောပြန်တယ်.. မယုံနိုင်ဘူး ခက်ပါတယ်.. ~~မယုံနိုင်တော့ ရွှေ့ပါတယ်.. အကွက်တွေလည်း များနေတယ်.. နောက်တစ်မျိုးသုံးမယ် ဒီပုံစံ.. လက်မခံနိုင်တော့ ရှက်ပါတယ်.. ~~ကြိုးစားပမ်းစား Add ပါတယ်.. Ok…..!!! ဆိုတော့……. အပိုင်ပဲ……..:PPPPPPPP ~~အွန့်……….. ထင်ကြေးတွေနဲ့ လေပစ်တယ်.. အွန်လိုင်း အထာတွေ နပ်ပါတယ်.. ဒီတင်မှာပဲ ရပ်ပါကွယ်… ကဲ…………. နား..နား..နား..နား..နားးးးးးးးးးးးးးးးးးးးးးးးးးး မိုက်လေး..လည်းသေချာသိဘူးနော်..ဟဲ ခင်မင်လျှက်…မိုက်လေး


တွေ့စကတော့ ချစ်တယ်ပြောတယ်… နောက်တော့ ပြောင်းလဲသွားတတ်ကြတယ်… ချစ်တဲ့သူရေ………… နောက်ထပ်တွေမှာ နင့်အတွက် ချစ်ခြင်းတွေ ထပ်မံမွေးဖွားခဲ့ဦးမယ်ဆိုရင်… ဒုတိယအဖြစ် ရောက်ရှိလာမယ့် တစ်ဦးတစ်ယောက်ကိုပဲ… နင်ချစ်လိုက်ပါနော်…….. ဘာဖြစ်လို့လဲဆိုတော့…… င့ါအပေါ်မှာထားတဲ့ နင့်ရဲ့ပထမဆုံး ချစ်ခြင်းတွေ စစ်မှန်ခဲ့မယ်ဆိုရင်… ဒုတိယ ဆိုတာလည်း ရှိလာမှာမဟုတ်လို့လေ….။ တစ်ကယ်လို့သာ နင်နားလည်ခဲ့မယ်ဆိုရင်…. နင့်အပေါ် ငါဆိုးခဲ့မိတာတွေ အတွက် ခွင့်လွှတ်ပါနော်… အနိုင်ယူချင်တာလည်း မဟုတ်ပါဘူး… အချစ်တစ်ခုကို အနိုင် အရှုံးနဲ့ ငါမတွက်ခဲ့ပါဘူးဟာ… ဟိုအရင်အချိန် ကာလတစ်ခုမှာ…. နင့်အပေါ် နားလည် နှစ်သိမ့်ပေးခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းနဲ့ ဖြေသိမ့်ပေးပါနော်…။ ဆိုးနွဲ့ဖို့လည်း မရည်ရွယ်ပါဘူး..ချစ်သူတစ်ဦးမို့ ဆိုးမိတာပါ…. သဝန်တိုတာလည်း ချစ်လို့နော်… ချုပ်ချယ်တယ်လို့လည်း မထင်ပါနဲ့ စိုးရိမ်မိလို့ တားမြစ်တာပါ ချစ်သူရယ်…။ ဘယ်သူလာလာ ခင်မင်တတ်တာ င့ါအပြစ်တွေပဲဖြစ်ခဲ့တယ်… ဘယ်လောက်ဝေးဝေး ဘယ်လောက်နီးနီး […]


အရာရာတိုင်းက… ပြောင်းလည်းခဲ့ပြီနော်… ဘယ်အရာမှလည်း အသစ်ဖြစ်မလာနိုင်တော့… ဘယ်အရာတွေ ဘယ်လောက်… ပြောင်းလဲပါစေ… ပထမဆုံးကတော့… ဒုတိယအဖြစ်ကို ပြောင်းလဲပစ်လို့… မရနိုင်ပါဘူး…။ ဒီလိုပဲပေါ့ဟာ… အရာအားလုံး ပြီးဆုံးသွားပြီ… ထင်ရပေမယ့်… သတိရ လွမ်းဆွတ်ခြင်းတွေ… မပြောင်းလဲသေးဘူး….။ ခင်မင်လျှက်…မိုက်လေး


ဟိုး……. အဝေးတစ်နေရာကနေ… နင့်ကို လွမ်းနေ သတိရနေတဲ့… လူတစ်ယောက် ရှိနေတယ်ဆိုတာ… နင် သိနိုင်ပါ့မလား….။ ဟင့်အင်း….. နင် သိနိုင်မှာ မဟုတ်သလို… နင် သတိထားမိမှာလည်း မဟုတ်ပါဘူး… ဘာဖြစ်လို့လဲဆိုတော့… ဟို….အရင်အချိန်တွေကတည်းက… နင့်ကို သတိရ လွမ်းနေတဲ့… လူတစ်ယောက်ကို… နင်မေ့နေခဲ့တာ ကြာပြီပဲလေ…။ ငါလေ နင့်အတွက်… ခံစားချက်များစွာနဲ့လဲ… ကဗျာတစ်ကြောင်း ဖြစ်အောင်မစပ်တတ်ဘူး…။ ဒါပေမယ့်…….. နင့်အတွက်နဲ့….ငါ စာတွေလည်း ရေးတတ်နေပြီ… စကားလုံးများစွာက … င့ါစိတ်ကူးထဲမှာ နင့်အတွက် အပြည့်အကြပ်… သတိရ လွမ်းဆွတ်ခြင်းတွေက… င့ါရင်ထဲမှာ နင့်အတွက် အပြည့်အနှက်… ဒါတွေ ပေါင်းစပ်ပြီးတော့လည်း… ကဗျာတစ်ပုဒ်ဖြစ်အောင်… မစပ်တတ်ခဲ့ပြန်ဘူး…။ ဒါပေမယ့်လေ… သိစေချင်လိုက်တာ… နင့်ကို သတိရ လွမ်းနေတဲ့….. လူတစ်ယောက်ရှိနေတယ်ဆိုတာကိုပေါ့…။ ။ ခင်မင်လျှက်….မိုက်လေး


နင်က မာန ဆိုတာကိုရှေ့တန်းတင်.. ပကာသန ကိုအရေခြုံ… ခမ်းနားမှုတွေ နဲ့ ဟန်ပြ… ချစ်ခြင်း တစ်ခုကို တည်ဆောက်ချင်နေတယ်…။ ဆန်းဆန်းပြားပြားနဲ့… ခမ်းခမ်းနားနား အချစ်တွေ… င့ါအတွက် မလိုအပ်ပါဘူး…။ နင့် ရဲ့ ရိုးသားမှုလေးနဲ့…. မာန်မာန တွေကင်းပြီး… ပကာသန တွေမဖက်တဲ့… ချစ်ခြင်း တွေကိုပဲ ငါမြတ်နိုးချင်ခဲ့မိတာပါ…။ နင့် ရဲ့ ချစ်ခြင်း အလင်္ကာတွေမှာ… အတုအယောင်တွေ မပါဘဲ… အဖြူသက်သက် နဲ့ ဝင်လာခဲ့ပါ… နင့် အတွက်နေရာ အမြဲအဆင်သင့်… ကြိုနေမှာပါ…………. ချစ်သူရယ်….။ ။ ခင်မင်လျှက်…မိုက်လေး


မိုက်လေး..က ကဗျာဆရာမတစ်ယောက်မဟုတ်သလို… ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ခုနဲ့လည်း…. ကဗျာ တစ်ပုဒ်ဖြစ်အောင် မိုက်လေး မစပ်တတ်ပါဘူး… စာစုလေး တစ်ခုအဖြစ် တင်မိရေးမိတာလေး တစ်ခုပါပဲ… မိုက်လေး ရေးခဲ့သမျှ တင်မိခဲ့သမျှ တိုက်ဆိုင်မှုဆိုတာလည်း ရှိပါတယ်… ဘယ်သူရေးတယ်.. ဘာတွေဆိုတာ မိုက်လေး သေချာမသိခဲ့ပါ..။ မိုက်လေး အီးမေးလ် ထဲသူငယ်ချင်းတွေ ပို့ပေးတဲ့ စာစုလေးတွေ ရှိပါတယ်.. မိုက်လေး ကြိုက်တယ် သဘောကျတယ်ဆိုရင် ထပ်ဆင့် ရှယ်မိတာတွေလည်း ရှိပါတယ်.. တစ်ချို့ အတွက် မိုက်လေး ပို့(စ်) တစ်ခုမှာ ဝန်ခံချက်တွေ ရှိပါတယ်… တစ်ခါတစ်ခါ ဘာမှ မရေးလိုက်မိတဲ့ အဖြစ်မျိုးတွေလည်း ရှိနေပါတယ်… ဒီမန်းဂေဇက်မှာ ဘာအရေးအသား မှ မရေးတတ်တဲ့ မိုက်လေး အတွက်.. စာရေးမှုနှုန်း အရင်ကထက် ရေးတတ်နေပါပြီ…။ အဲ့ဒီအတွက် […]


လောကကြီးမှာ… နေရတဲ့ အချိန်ကာလတစ်ခုက ခဏလေးရယ်ပါ… ဒီကမ္ဘာကြီးထဲမှာ… နင်ရယ် ငါရယ် ရှိနေခဲ့တယ်… ကျယ်ပါတယ်ဆိုတဲ့ ကမ္ဘာကြီးမှာ… တစ်ကယ်တမ်းတော့ ကမ္ဘာကြီးက.. ကျဉ်းကျဉ်းလေးနဲ့…… နင်ရယ် ငါရယ်တွေ့ဆုံခွင့်တွေပေးပြန်တယ်နော်… တွေ့ဆုံခြင်းတွေ အစပြုလို့… ခွဲခွာဖို့ဆိုတာ လည်းဖြစ်လာပြန်တယ်… ဒီလိုမှန်း ငါမသိခဲ့လိုက်မိဘူး… အမှတ်တမဲ့နဲ့ ငါမေ့နေခဲ့လိုက်တာ… လောကကြီးက ဆန်းဆန်းပြားပြားနဲ့… အမှတ်တရတွေစုဆည်းပြီး… စိတ်ပျက်စရာတွေလည်း ပေးခဲ့ပြန်ပြီ… င့ါအတွက်တော့…. တွေ့ဆုံခြင်းတွေက …. ခွဲခွာခြင်းရဲ့ လမ်းစတွေဆိုရင်… ငါ………. ဘယ်သူနဲ့မှ မတွေ့ဆုံချင်တော့ဘူး… ငါလေ အရာအားလုံးကို စိတ်ကုန်လိုက်တာ.. တစ်ချို့ကလည်း င့ါကိုစိ်တ်ပျက်မိကျမှာပဲ.. ငါကလည်း အရေးကို မစိုက်တာပါ… အင်းးးးးးးးး နောက်ဆုံးတော့လည်း ဒီလိုပါပဲဟာ.. ဖြစ်ချင်တာတွေမဖြစ်ပဲ…. ဖြစ်သင့်တာတွေ ဦးစားပေးနေရတဲ့ဘဝမှာ…. ဖြစ်သင့်တာတွေ ဖြစ်နေပြီးရင်တော့… ဖြစ်ချင်တာလေး တစ်ခုအတွက်…. တောင်းဆုတစ်ခုသာပြည့်မယ်ဆိုရင်………. […]


အမေဆိုသည် ရုပ်ရည်အဆင်း လှပခြင်းမရှိလည်း ……………… အမေဟာ အမေပါပဲ ပညာဉာဏ်အား မမြင် ့မားလည်း ………………. အမေဟာ အမေပါပဲ ရာထူးဂုဏ်သိမ် ညှိးမှိန်နေလည်း ………………. အမေဟာ အမေပါပဲ ဥစ္စ္စာဓန မပြည် ့ဝလည်း …………………………. အမေဟာ အမေပါပဲ ထက်မြက်ထင်ရှား မတောက်ကြွားလည်း………. အမေဟာ အမေပါပဲ အဆုံးယုတ်စွ ဆုံးမပဲ ့ပြင် မသွန်သင်တောင်……..အမေဟာ အမေပါပဲ ပိုင်ဆိုင်မှုက နတ္တိပြလည်း လူတကာနဲ ့ယှဉ် သာသည်အစဉ်က အမေ ့မေတ္တာပင်..။ တုနှိုင်းကင်းသော အမေ ့မေတ္တာရည် နို ့ချိုတွေလည်း တို ့တွေသောက်စို ့ဖူးခဲ ့ပြီ……….။ တုနှိုင်းကင်းသော အမေ ့တေးသံ စီညံညံမှာလည်း တို ့တွေပျော်ဝင်အိပ်စက်ဖူးခဲ ့ပြီ……။ […]


“အမေ့ရုပ်ရည် အမြဲလှနေတယ်” မလွန်ဆန်နိုင် သင်္ခါရ အမေ့ရဲ့ ဘဝ ဒီအချိန်မှာ ဇရာထောင်းခဲ့ပြီ အရွယ်အို ဆံဖြုုပြီး သွားကျိုးလို့ ပါးရေ နားရေတွေလည်း တွန့်လိပ်ပြီ… အမေ့ ဒီအရွယ်ထဲ အလှပျက်နေပြီလား ဒီ အတွေးတွေ တွေးမိတော့လေ မီးဖိုချောင်းထဲ အိုးမဲပေနေတဲ့ အမေ့အကဲတွေ လှမ်းကြည့်နေတုန်း… ဆံပင်တွေဖြုု သွားကျိုးပါစေ ပါးရေ နားရေတွေ တွန့်လိပ်ပစေ အမေ့ ရုပ်ရည် အမြဲလှနေတယ်…။ ဇရာရေ မေမေ ကမိန်းမချောတစ်ဦးပါ… မင်းသူ့ကို မထိခိုက်ပါနဲ့နော်…။ မေမေ သို့ ………. အရမ်းလွမ်းမိလို့ပါနော်… မိုက်လေး ရေးထားတာတော့ မဟုတ်ပါဘူး… ခုတစ်လော မိုက်လေး ကဗျာတွေ မရေးနိုင်သေးပါ… လွမ်းမိလို့ မှန်းဆကာမျှော်တွေး… အဝေးကပဲ ဆုတောင်း မေမေ ကျန်းမာလို့ ပျော်ရွှင်ပါစေလို့… […]


ခင်မင်မှုနဲ့ အစပြုခဲ့တဲ့သံယောဖဉ် ယုံကြည်စွာ ရစ်ပတ်ခဲ့ပြီးမှ မေ့ပစ်လိုက်ဖို့ ငါဘယ်လိုအင်အားရှိမှာလဲ………။ အတူကြည်နူးခဲ့တဲ့ နေ့တွေ ပြန်တွေးတိုင်း ငါ့ရင်မှာလွမ်းနေမိတယ် ထာဝရ အတွက်ပေါ့…………………။ ပိုင်ဆိုင်ခွင့် မရှိပေမယ့်လည်း အဝေးကနေပြီး ကြည့်ခွင့်လေးတော့ ရချင်သေးတယ် နှုတ်ဆက် လမ်းခွဲချိန်အထိပေါ့……………။ အရာရာမှာ စည်းခြားနေတော့လည်း ချစ်ခွင့်မရှိတဲ့ ငါ့နှလုံးသားဟာ လွမ်းနေရုံကလွဲပြီး ဘာတတ်နိုင်ဦးမှာလဲ………….။ ဖြစ်ချင်တဲ့ဆန္ဒ ဖြစ်မလာတဲ့ဘဝမှာ နှုတ်ဆက်လမ်းခွဲချိန်အထိ ငါတို့ ဖြူစင်စွာနဲ့ (သူငယ်ချင်း) တွေပေါ့နော်…………….။ ( ပုသိမ်သား ) (ဝန်ခံချက်….) မိုက်လေး…ဆီကိုသူငယ်ချင်းတစ်ယောက်ကပို့ လိုက်တဲ့ ပို့(စ်)လေးတစ်ခုပါ..။ မိုက်လေး..ရေးထားတာမဟုတ်ပါဘူးနော်…။ ခင်မင်လျှက်….မိုက်လေး