သူငယ်ချင်းဆိုတဲ့…. အဖြူရောင် အလွှာပါးလေးတစ်ခုကို… ရင်းနှီးမှုတစ်ခု နှင့် အတည်ပြုလို့… ငါတို့နှစ်ယောက် ရဲ့ ခင်မင်မှုလေး… အစပြုခဲ့တယ်…။ သူငယ်ချင်းဆိုတဲ့…. အဖြူရောင် ဂုဏ်ပုဒ်လေးတစ်ခုကို… သံယောဇဉ်ကြိုးလေး တည်ဆောက်ပြီးမှ… ဆေးရောင်ပါးပါးပြယ်ခဲ့တယ်…။ သူငယ်ချင်းဆိုတဲ့…. နှောင်ကြိုးလေး ပြတ်တောက်သွားမှာ… စိုးထိပ်မိပြန်တယ်…။ ရင်မှနှောင်ကြိုး သံယောဇဉ်ကြိုးလေး… အစဉ်သာအမြဲ ခိုင်မြဲစေဖို့အတွက်… အဖြူရောင်ခြယ်တဲ့… သူငယ်ချင်းလေး ရဲ့ စိတ်ထား… အရောင်တွေခြယ်ခဲ့တဲ့… င့ါနှလုံးသားလေးကို… အပြီးအပိုင်သော့ခတ်ထားပါတော့မယ်…။ ငါတို့နှစ်ဦး ရဲ့… အရင်းနှီးဆုံး သံယောဇဉ်ကြိုးလေး… နှုတ်ဆိတ်ခြင်းကင်းဝေးလို့… အပြီးအပိုင် ကျောခိုင်းနှုတ်ဆက်ရမယ့်… သူစိမ်းတွေအဖြစ် ငါမပြောင်းလဲချင်လို့ပါ…။ ခင်မင်လျှက်…မိုက်လေး


ငါသိပ်ချစ်မိသူ….. ငါအမြဲတွေ့ချင်တဲ့သူက နင်ဖြစ်သလို…………. နင်အမြဲဥပေက္ခာပြုတဲ့သူက ငါဖြစ်တယ်…။။။။။။။။။။ ငါသတိရတဲ့သူထဲမှာ ထိပ်ဆုံးကနင်ပါသလို နင်မေ့နေတဲ့သူထဲမှာလည်း ငါထိပ်ဆုံးကပါတယ်…။။။။။ Online ပေါ်ရောက်တိုင်း ငါစကားပြောချင်တဲ့သူက နင်ဖြစ်သလို……………. Online ပေါ်ရောက်တိုင်း အကြောင်းအမျိုးမျိုးပြပြီး နင်ရှောင်တဲ့သူကငါဖြစ်တယ်။ ငါက ပုစ္ဆာတစ်ပုဒ်ဆို နင်ကအဖြေမရှိတဲ့မသိကိန်း ပြောင်းပြန်အချိုးကျမှတော့ ညီမျှခြင်းတွေအလှမ်းဝေးတာ မဆန်းပါဘူးးးးဒါပေမယ့်…… နင်သိထားဖို့ကကမ္ဘာပေါ်မှာ အဖြေမရှိတဲ့ပုစ္ဆာဆိုတာ…… မရှိဘူးနော်…။။။။။။။။။။။။။။။။။။။။။။ ⎝⏠⏝⏠⎠်˙·٠•●♥ Be Happy ♥●•٠·˙ ခင်မင်လျှက်…မိုက်လေး


*** ငါ့ ကိုမှကြည့်လို ့မရတဲ့ နင် နင့် ကိုမှကြည့်လို ့ မဝတဲ့ ငါ နှစ်ဦးကြားပြိုင်မျဉ်းနှစ်ကြောင်း ဘယ်တော့မှမဆုံဘူးလို ့ နင် ပြောခဲ့ပေမဲ့ “အချစ်”ဆိုတာတဲ့အရာ တစ်နေ ့တစ်ချိန်ဆုံနိုင်ကောင်းတယ်လို ့ ငါ့ အတွက်မျှော်လင့်ခြင်းဆိုတာတွေ မယိုင်လဲခဲ့ဘူး ***ငါ့ အတွက်ဆို ပစ္စုပ္ပန်ကို အခါခါရိုက်ဖျက်နေတတ်တဲ့ နင် နင့် အတွက်ဆိုအနာဂတ်တွေအကြိမ်ကြိမ်တည်ဆောက်နေတ ဲ့ငါ “အချစ်”ကြောင့်မသေလောက်ပါဘူးလို ့နင်ပေးခဲ့တဲ့ဥပက္ခာတွေ ငါ ကျေနပ်ခဲ့တယ် “အချစ်”ကြောင့်တော့မသေနိုင်ပေမဲ ့ ငါ သေလောက်အောင်တော့နင့် ကိုချစ်တယ် ***နင့် မျက်စောင်းတွေ ငါခံနိုင်တယ်…. နင့် ပြတ်လုံးတွေ ငါခံနိုင်တယ်…. နင့် ဥပက္ခာတွေ ငါခံနိုင်တယ်…. နင့် အတွက်ဆိုရင် တုန် ့ပြန်မှုအားလုံး ခံနိုင်ရည်ရှိပါတယ် ***ဘာကြောင့်လဲ….. နင် […]


***ခံစားချက်တွေသီကုံး ကဗျာတွေခြယ်မှုန်း… ရှာကြံပြီး ပြုံးရတဲ့… င့ါအဖြစ်က ဆိုးပါတယ်…။ ***ဘယ်ဆီဘယ်ဝယ် မျှော်မှန်း တမ်းတလို့ မှန်းဆပြီး… လွမ်းရဦးမယ်ဆိုရင် အလွမ်းသင့်နေတဲ့… င့ါနှလုံးသားလေး… လှောင်ပြုံးနေတဲ့ နင့်အပြုံးမျက်နှာကို… ရင်မဆိုင်ရဲတဲ့… င့ါအဖြစ်က ဆိုးပါတယ်…။ ***အလွမ်းစာမျက်နှာရဲ့ ခံတပ်မှာ ငါအလဲလဲ အကွဲကွဲ ကျရှုံးနေတာကို… နင် မြင်တွေ့ ကြားနေရမှ… ပျော်ရွှင် ကျေနပ်နေမှာတဲ့လား ချစ်သူရယ်…။ ***ငါလေ နင့်ကိုသတိရတိုင်း အလွမ်းတွေပဲ ပျိုးနေမိတယ်… ငါကိုယ်တိုင် ပျိုးခဲ့တဲ့ အလွမ်းတွေက… နင့်အတွက် အဆိပ်ပန်းတွေ… ဖူးပွင့်နေမှာ ငါစိုးရိမ်မိတာပေါ့…။ ***အဲ့ဒီလိုဖြစ်ခဲ့ရင်လေ ငါ့ကို အပြစ်မတင်ပါနဲ့ဟာ… ငါအနူးအညွတ် တောင်းပန်ပါရစေနော်… နင့် အတွက်နဲ့ ပျိုးခဲ့တဲ့ အလွမ်းတွေက… အဆိပ်ပန်းတွေ ဖူးပွင့်ပါစေ… ကျေကျေနပ်နပ်နဲ့… တယုတယလေး ငါပြုစုပျိုးထောင်ချင်လို့ပါ…။ ***ဘာကြောင့်လဲဆိုတော့ […]


ချစ်တယ်ဆိုတဲ ့ နင်ရဲ ့မရေရာတဲ ့ ဒီစကားလေးတစ်ခွန်းနဲ ့ ငါ့မှာလေ တစ်ညလုံးအိပ်မရအောင် ပျော်မဆုံးဖြစ်ခဲ ့ရတယ် လေထဲမှာလာတဲ ့အချစ်က လေထဲမှာပဲလွှင့်သွားမယ်လို ့ နင်ထင်နေတာလား မရောရာမသေချာတဲ ့နင့်ကိုပဲ ငါ့ရင်မှာတမ်းတမ်းစွဲဖြစ်နေမိတာ ဪ…အခုတော့နင်ကလမ်းခွဲစကား ဆိုလာပြီပေါ့လေ ငါက နင်ရဲ ့လိုရာမရှိသုံးလေ လိုရင်ချစ် မလိုရင်လည်း ပစ်လို်က်ပေါ့ ရင်နာနာနဲ ့ ဆက်ချစ်နေလို ့ သေရာပါမဲ ့ ဒဏ်ရာတစ်ခု ရလိုက်ပါတယ် ဪ..အချစ်တဲ ့လား ပါးပြင်ပေါ်မျက်ရည်တွေနဲ ့ ဟားတိုက်လို ့ရီလိုက်တယ် တလောကလုံးလည်း ဟားတိုက်လို ့ ငါ့အဖြစ်ကိုလှောင်နေကျတယ် နောင်တလည်းမရချင်တော့ဘူး နောင်လာမယ့်သူတွေ ငါ့အဖြစ်မျိုးမဖဖြစ်ပါစေနဲ ့ပေါ့လေ…။ ဖိုးခွားလေး(ကော့မှုး) ဖြစ်တတ်တဲ့သဘောနဲ့… အပြောင်းအလဲမြန်ဆန်လွန်းတဲ့… လူတွေ ပြောပြောနေတဲ့… “ချစ်တယ်” […]


ကမ္ဘာပေါ်မှာလူသားတိုင်း ပြောခဲ့ဖူးကြတဲ့ စကားလေးတစ်ခွန်း… ဘာတဲ့…. ( ချစ်တယ်..ချစ်တယ် ) တဲ့လား တစ်နေ့….ချစ်တယ် ရက်ပေါင်းများစွာ…..ချစ်တယ် တစ်လ….ချစ်တယ် လပေါင်းများစွာ…..ချစ်တယ် အချိန်တွေပြောင်းလဲလာတယ်.. ဒါပေမယ့်…..ချစ်တယ် ပြောင်းလဲခြင်းတွေအစပြုလို့…. နင့် ချစ်ခြင်းတွေပြောင်းလဲလာတယ်.. င့ါအတွက်ဆိုပြီး အချိန်တွေနည်းလာတယ်.. နင် ညာပြောတတ်လာတယ်.. နောက်ထပ် မရေရာ မသေချာမှုတွေနဲ့.. နင့်ရဲ့ စိတ်အစဉ်မှာ.. ဘယ်လိုအကြောင်းအရာတွေ ရှိလာဦးမလဲဟာ.. ငါလေ..ဝေဝေဝါးဝါးနဲ့ မျှော်လင့်ခြင်းတွေကို…. မုန်းတီးနေတတ်ခဲ့ပါပြီ …ချစ်သူရယ်.. နင် ပြောတဲ့ ( ချစ်တယ် ) ဆိုတဲ့စကားတစ်ခွန်းကဘာလဲ… ငါကိုယ်တိုင်တောင်နားမလည်ခဲ့ဘူး….။ ချစ်ခြင်းတွေ ကမ္ဘာတည်သ၍ တကယ်ချစ်တဲ့ အချစ်စစ်တွေ ခိုင်မြဲပါစေလို့…..မိုက်လေး ဆုတောင်းပေးပါတယ်..။


အချစ်ဆိုတာက……….. ပေးတိုင်လည်း ယူလို ့မရသလို ယူချင်နေလည်းပေးလို ့မရတာတွေရှိတယ် ပေးတိုင်းလည်း လက်ခံလို ့မရတဲ ့အခြေနေတွေလည်းရှိသေးတယ်………..။ ပေးဆပ်သူနဲ ့လက်ကခံသူ နားလည်မှူရှိဖို ့က အဓိကကျတယ် အရင်က ငါမှားခဲ ့တယ်ငါ့နှလုံးသားရဲ ့စေညွှန်ရာကို ငါ့ဦးနှောက်ကလိုက်လုပ်ပေးနေတော့ ငါလေ မချစ်သင့်တဲ ့သူကိုချစ်မိပြီး ချစ်သင့်တဲ ့သူကိုတော့မျက်ကွယ်ပြုမိတယ်………..။ အခုလေငါ့နှလုံသားတခါးအမြဲဖွင် ့ထားတယ် ဒါပေမယ့်ငါ့နှလုံးသာကး ငါ့ဦးနှောက်အောက်ကိုရောက်သွားပြီ ငါ့ဦးနှောက်ကစဉ်းစားပြီး နှလုံးသားကိုပြန်ပြီးစေညွှန်နေတယ် ဝင်ချင်တဲ ့သူဝင် ထွက်ချင်တဲ ့သူထွက် အချိန်တော့ ငါ့ဦးနှောက်ကစဉ်းစားပြီး အားလုံးကို CANCEL လုပ်ပစ်လိုက်တယ် ငါအခုနှလုံးတခါးဖွင့်ထားတယ် ဘယ်သူဝင်ရဲသေးလဲ ဝင်လာသူအားလုံး CANCEL လုပ်ပစ်လိုက်မယ်………………။ ဖိုးခွားလေး(ကော့မှူးမြို ့) (မှတ်ချက်။ ။ မေးထဲမှ အစ်ကိုဖိုးခွားလေးရဲ့ ပို့(စ်)လေးကိုတင်ပြပေးထားတာပါ… ခင်မင်လျှက်…ခပ်မိုက်မိုက် ကောင်မလေး


ပိုင်ဆိုင်ခွင့် ********* *** အရာအားလုံးအတွက် မင်းကိုကျေးဇူးတင်တယ်.. မင်းမုန်းမေ့နိုင်ဖို့အတွက် ငါဆုတောင်းပေးမယ်.. ကျေနပ်ပါတယ် င့ါအပြစ်နဲ့ငါ.. င့ါအမှားတွေပဲ ရှိပါစေတော့….။ *** အဟောင်း အဟောင်းတွေ အသစ်ပြန်ဖြစ်မလာနိုင်တော့… ဒါပေမယ့်ပေါ့ကွာ.. ချိုမြိန်မှုတွေဆိုတာ… ဘာလဲ..မရေရာပေမယ့်လည်း…….. ခါးသက်မှုတွေ အကြိမ်ကြိမ်ဆိုပါတော့…..။ *** ငါလေ ရင်နဲ့အမျှဆိုတာ မသိပေမယ့်… င့ါစိတ်ထဲမှာ မင်းရှိနေခဲ့တယ်…. ချစ်တယ် ဆိုတဲ့ အဓိပ္ပယ်ကို သေချာမဖွင့်ဆို နိုင်ခဲ့ပေမယ့်… ခုချိန်ထိအောင် မင်းကိုလွမ်းဆဲ သတိရနေဆဲပါကွာ…။ ***ဒီလိုနဲ့ပဲ ငါသိခဲ့တာက…….. သတိရလွမ်းဆွတ်ခြင်းတွေ ငါပိုင်ဆိုင်ပါသေးတယ်ဆိုတာကိုပေါ့…. အရာအားလုံးကို မပိုင်ဆိုင်ရရင်တောင်မှ… သတိရခြင်းတွေ ငါ့ကို ပိုင်ဆိုင်ခွင့်ပေးခဲ့တယ်နော်…။ <3     ကျေးဇူးပါ…ချစ်သူရယ်…။  


ငါလေ နင့်ကို စောင့်မျှော်နေခဲ့ရတာပါဟာ.. ဒါပေမယ့် .. နင်မလာခဲ့ပါဘူး..။ ငါလေ နင့်ဆီက စကားလေးတစ်ခွန်းနဲ့ ပျော်နေခဲ့ရသူပါ.. ဒါပေမယ့် နင်အလေးမထားခဲ့ပါဘူး..။ ငါလေ နင့်ကိုသတိရလို့ တိတ်တိတ်လေး ငိုနေမိတာ.. ဒါပေမယ့် နင်ဂရုမစိုက်ခဲ့ပါဘူး..။ ငါလေ နင်နဲ့ပတ်သတ်သမျှ အကုန်မှတ်သားခဲ့တာပါ.. ဒါပေမယ့် နင်မေ့ထားခဲ့တယ်နော်..။ ငါလေ နင့်အကြောင်းတွေ တွေးတိုင်းလွမ်းတတ်နေခဲ့တာ.. ဒါပေမယ့် နင့်အတွေးထဲမှာ ငါမရှိခဲ့ဘူးလေ..။ ငါလေ Online မှာနင့် account လေးမီးစိမ်းပြတိုင်း နင်ခေါ်မလား မျှော်လင့်နေခဲ့မိသူပါ.. ဒါပေမယ့်ဟာ နင်အမြဲတမ်း င့ါကို ဥပေက္ခာတွေပဲ ပေးခဲ့တယ်နော်..။ နင်ပြောတဲ့ ( ချစ်တယ် ) ဆိုတဲ့ အချစ်က ဒါပဲလား……….ချစ်သူရယ်..။


Hello…….. သူငယ်ချင်းများအားလုံး မင်္ဂလာပါနော်… ခပ်မိုက်မိုက်ကောင်မလေးပါ….. သူငယ်ချင်း အသစ်လေးမို့ ကြိုဆိုပေးပါဦးနော်..ဟီးးးးးးးး အားလုံးကို ခင်ချင်ပါတယ်…။ သူငယ်ချင်းများအားလုံး ပျော်ရွှင်ပါစေနော်…။