ဘယ့်နှယ့်ရှိရတာလည်းလို့ သူတို့ လန့်သွားရသည်။ မသိလျှင် ဓါးပြတိုက်နေသလိုထင်နေရသည့်ပုံစံပေါက်အောင် ကိုယ်တော်က လုပ်ချလိုက်ပြီ။အိမ်၏ ဧည့်ခန်းထည့်ကိုရောက်တော့ ဦးဇင်းငယ်လေးက အခန့်သားထိုင်လျှက် မိန့်မိန့်ကြီးနှင့် အစ်မဖြစ်သူကို မိန့်နေရှာလေသည်။ အစ်မဖြစ်သူကလည်း အခြား ဦးဇင်းများလည်းပါသဖြင့် ဘာမျှမပြောပဲနေသလား၊ ကြည်ကြည်သာသာရှိချေသည်။ ဒကာမအစ်မကြီးထွက်သွားတော့မှ ကျန်ဦးဇင်းများက ဦးဇင်းငယ်လေးကို ကြိတ်ဆူရသည်။ “ကိုယ်တော် အဲဒီလိုမလုပ်နဲ့လေ ဦးဇင်းတို့ မျက်နှာပူတယ် ကပ်စရာရှိတာ ကြည့်ကပ်လိမ့်မပေါ့ ဦးဇင်းဟာက တမင်သက်သက် မြိုဆို့ဖို့လာသလိုဖြစ်မနေဘူးလား” ဦးဇင်းငယ်လေးကတော့ တုတ်တုတ်မျှ ခွန်းတုန့်မပြန်။ ခုမှ တေမိကိုယ်တော်လုပ်နေသည်။ တစ်အောက့်လောက်ကြာတော့ ဒကာမ ပြန်လာသည်။ လက်ထဲမှာတော့ အချိုရည်ဗန်းနှင့် ကွမ်းယာခပ်ကြီးကြီးထုပ်တစ်ထုပ်၊ Red Rubyဆေးလိပ်ဗူး တစ်ဗူး အရံသင့်ပါလာသည်။ ” ဦးဇင်းတို့ ဘုန်းပေးကြပါဦး အချိုရည်ကပ်ပါတယ် ဘုရား ဒါက ကွမ်းပါ ဘုရား ဒါက […]