စပယ်ပွင့်ဖြူလွှလွှလေးတွေကို သီကုံးနေသော သူမသည် အသက်အရွယ်အားဖြင့် လေးဆယ်ငါးနှစ်ကျော်ချေပြီ။ ခုချိန်ထိတော့ အပ်သေးသေးလေးရဲ့အပေါက်အတွင်းသို့ အပ်ချည်မျှင်ကလေး ထိုးထည့်သွင်းရသည်ကို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်နေတုန်း ဖြစ်သည်။ စပယ်ဖြူဖွေးဖွေးတွေ အပြည့်ရှိသော ပလပ်စတစ်ခြင်းကလေးတွေ နှစ်လုံးသုံးလုံးက အနားတွင်ရှိနေ၏။ သည်လိုဆိုလျှင် သူမသည် မနက် သုံးနာရီ ကျော် လေးနာရီလောက်ကတည်းက အိပ်ယာမှထကာ စပယ်ပွင့်များကို ခူးခဲ့ရပေလိမ့်မည်။ စပယ်ရနံ့တွေ ကျွန်တော့်ရှူရှိုက်မိသည်နှင့် အိပ်ယာမှ ဆက်ခနဲနိုးလာခဲ့သည်။ တပေါင်းလ မနက်ခင်းသည် အေးနေဆဲဖြစ်သည်မို့ တဘက်စောင်ပါးပါးတစ်ထည်ကို သူမခန္ဓာကိုယ်ပေါ် ကျွန်တော် လွှားခြုံပေးလိုက်တော့ သူမ ကျွန်တော့်ကိုမော့ကြည့်သည်။ “ နိုးလာပြီလား အစောကြီးရှိသေးတယ်လေ ပြန်အိပ်လိုက်ပါလား“ သူမကို ကျွန်တော် ပြုံး ပြလိုက်သည်။ လတ်ဆတ်ချိုမြိန်သည့်အပြုံးကလေးက သူမအတွက် နံနက်ခင်းလက်ဆောင်ဖြစ်နေ ပါလိမ့်မည်။ ပြီးတော့ ကျွန်တော် […]


သည်ကနေ့ လူတွေကျိတ်ကျိတ်တိုးစည်ကားနေတယ်။ လက်ကလည်း  ဆက်တိုက်လှုပ်ရှားရလွန်းလို့ ညောင်းလှနေပြီ။ တော်တော်ကြာ ကုန်းကုန်းကွကွလုပ်လိုက်၊ တော်တော်ကြာ ဓါးပြေးကိုင်လိုက်နဲ့ လူလည်း ဖက်ဖက်ကိုမောလို့။ သည်ကြားထဲ ပါးစပ်ကပါ အော်ရသေးတော့ လည်ချောင်းတွေများ နာလို့။ မျက်စိတွေလည်း ရှုပ်ပါရဲ့၊ နားတွေလည်း အူပါရဲ့၊ ခေါင်းတွေလည်း ကိုက်ပါရဲ့။ ဒါပေမယ့် လောလောဆယ်တော့ အဲဒါတွေတစ်ခုမှ ဂရုမစိုက်အားဘူး။ ဘယ် ကျန်တဲ့ရက်တွေမှာ ခေါင်းကိုက် နားအူလို့ကတော့ အိပ်ယာထဲ ဇိမ်နဲ့နှပ်နေမိမှာ။ သည်ကနေ့လို့နေများတော့ ခေါင်းကိုက်ရုံမကလို့ ပြတ်ထွက်သွားချင်သွားစမ်းပါစေ ခံလိုက်ဦးမှာ။ လွယ်ထားတဲ့ ပအို့ဝ်လွယ်အိတ်ထဲမှာ ပိုက်ဆံတွေ အကြွေတွေရော ရာတန်၊ ထောင်တန်၊ နီနီကလေးတွေ စိမ်းစိမ်းကလေးတွေများ ဖောင်းပွလို့။ ဒါကိုကြည့်ပြီး ပီတိဖြစ်နေရတာ။ လာလိုက်စမ်းဟဲ့။ ဝယ်လိုက်စမ်းဟဲ့။ အော်အရေးထဲ မိုးကအုပ်ချင်လိုက်သေး။ မိုးနတ်မင်းကြီးရေ ခဏလောက်နေပြီး ကိုယ့်နေရာကိုယ် ပြန်ပုန်းနေလိုက်စမ်းပါ […]


          ည…တစ်ညလုံး အိပ်မရခဲ့ဘူး။ တိုက်လေယာဉ်တွေလို တဝှီးဝှီးပျံသန်းလာတဲ့ ခြင်တွေ တစ်ကိုယ်လုံးကို အပ်စူးစူးတစ်ချောင်းနဲ့ထိုးသလို အဆက်မပြတ် တရစပ်တိုက်ခိုက်နေတယ်။ မူးနောက်ခေါင်းကိုက်ဝေဒနာနဲ့ လည်ပင်းရိုးတစ်လျှောက် ကိုက်ခဲ့တဲ့ ခံစားချက်က သူ့ကို ထိုးနှက်နေတယ်။ ဆောင်းရယ်လို မပီပြင်တဲ့ မန္တလေးညက သူ့ကို အဆတစ်ရာမက ပူလောင်နေစေပြန်တယ်။ ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေ အမျိုးမျိုး အဖုံဖုံ။ မျက်စိထဲ ပြန်မြင်နေတဲ့ မြင်ကွင်းတစ်ခုက အာရုံမှာ ပြတ်ခနဲ ထင်းခနဲ။ နေ့တစ်နေ့ရဲ့ နှစ်ဆယ့်လေးနာရီဆိုတာ ဘယ်အချိန်မှာ စပြီး ဘယ်အချိန်မှာ ဆုံးတာလဲ။ သူမသိလိုက်ဘူး။ ဒီတစ်ရက်နှစ်ရက်အတွင်း အိပ်စက်ခြင်းဆိုတာ သူ့ဆီကနေ သွေဖယ်ပြီး ဘယ်ကိုခရီးနှင်သွားခဲ့သလဲ သူမသိဘူး။ လက်တစ်ကမ်းအကွာက မျက်နှာတစ်ခုမှာ သွေးစိမ်းရှင်ရှင်ထွက်နေတာကို သူ့ကြည့်ရင်း မျက်နှာကို လွှဲလိုက်မိတယ်။ ဘာလဲ…။ ဘာတွေဖြစ်ကုန်တာလဲ။ မေးခွန်းတွေ […]


ကြွေတယ် ကြွေတယ်.. မြေနီနီလမ်းမထက်မှာ ဟော..တစ်ပွင့်..ဟော တစ်ပွင့် နီရဲနေတဲ့ ပွင့်ဖတ်တစ်ချို့မှာ မျက်ရည်စက်တွေ လိမ်းကျံလို့ လေမဝေ့ပါပဲ သူကြွေ ချွေသူ နွေဦးမရှိ သူ ကြွေတာ ဘယ်သူ့အပြစ်လဲကွယ်..။ ငိုတယ် ငိုတယ် ပင်စည်ခြေရင်းနဘေးမှာ တစ်စက်ပြီး တစ်စက် မျက်ဝန်းထောင့်စွန်း နှစ်ဖက်မှာ ငါ့အလွမ်းတွေကို ချိတ်သီလို့ ရင်ဘတ်ထဲမှာလည်း ဝေဒနာ အတိတ် ပစ္စုပ္ပန် အနာဂတ် ခရီးထွက်တယ် ချန်ရစ်ခဲ့တာ ဘယ်သူလဲကွယ်..။ လေရူးတွေ ဗွေဆော်ဦးမှာ ဝေ့ဖို့ နွေဦးရေ လှမ်းခဲ့တော့ ငါ့ရင်မှာ လက်ပံပွင်တွေ ကြွေ…လက်ပံပွင့်တွေ ကြွေ……။ သော်ဇင်(လွိုင်ကော်) Time-7:00PM Date-11th-Feb-2013


(၁)             အဲဒီလူရဲ့ မျက်လုံးတွေကို သူသတိထားမိနေတာကြာပြီ။ တစ်စုံတစ်ယောက်ကိုကြည့်ပြီး တစ်ခုခုပြောချင်နေတဲ့ပုံမျိုး။ ဘာကြောင့် သူ အဲဒီလူကို သတိထားမိသလဲဆိုရင် သူ့ရဲ့အိမ်နဘေးကပ်ရက်မှာနေလို့ပဲ။ မနက်ခြောက်နာရီလောက်ဆိုရင် စတီးထမင်းချိုင့်လေးဆွဲပြီး ထွက်သွားတတ်တယ်။ ဘယ်အချိန်မှာ ပြန်ရောက်သလဲတော့ မသိဘူး။ သေချာတာကတော့ ညတော်တော်လေး မှောင်မှ ပြန်ရောက်တတ်တာပဲ။ လမ်းလျှောက်ရင် ခေါင်းကလေး ငိုက်စိုက် ငိုက်စိုက်နဲ့ လောကကြီးကို စိတ်ကုန်နေသလိုမျိုး။ လေးတိလေးကန် လမ်းလျှောက်ဟန်က စိတ်မပါလက်မပါ။ နေ့စဉ်အသက်ဆက်နေရတာတောင် စိတ်မှပါရဲ့လားလို့ သူတွေးနေမိတယ်။ တစ်ခါတစ်ခါ အိမ်ဘေးကပ်လျှက် လမ်းသွယ်လေးအတိုင်း လမ်းလျှောက်ရင်း သူ့ကို ကြည့်သွားတတ်တယ်။ အဲဒီလို ကြည့်သွားတဲ့အကြည့်တွေက သူ့ကို တစ်စုံတစ်ခုပြောချင်နေတယ်လို့ ထင်တယ်။ ဒါလည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ သူ့ဘာသာသူ တွေးမိတာလည်း ဖြစ်နိုင်တယ်လေ။ အစကတော့ အမှုမဲ့ အမှတ်မဲ့ပါပဲ။ နောက်တော့ […]


တစ်ခါ တစ်ခါမှာ ငါမလာ အားတဲ့အခါ တစ်ခါ တစ်ခါမှာ အချိန်မပေးနိုင်တဲ့အခါ တစ်ခါတစ်ခါမှာ ဖုန်းမဆက်ဖြစ်တဲ့အခါ မင်း အပြုံးကိုလည်း မေ့လိုက်တာ မဟုတ်ဘူး မင်း မျက်ဝန်းကိုလည်း မေ့လိုက်တာ မဟုတ်ဘူး မင်းရယ်သံတွေ မေ့လိုက်တာမဟုတ်ဘူး ချစ်သူတို့ရဲ့ ဆည်းဆာဆိုတာ အမြဲတမ်းလှနေတတ်တာလည်း သိရဲ့ နီးနေရက်နဲ့ ဝေးတယ်ဆိုတာ ခဏပါ ချစ်သူ….။ မနေ့က မင်းကို မတွေ့ခဲ့ဘူးဆိုရင် ဒီကနေ့ ငါက အလွမ်းနဲ့လုံးထွေးရစ်ပတ် အချိန်ဆိုတာ ဘဝအတွက်ဖြစ်နေတဲ့အခါ ရင်လွဲပြီးရွာတဲ့ မိုးလို ခြိမ်းခြိမ်းညံညံနဲံ့ ငါ့ရင်ဘတ်မှာ ချစ်ပွင့်တွေချွေကြွေ….ပြန်တယ် ချစ်သူ..။ ခဏလေးပါ… နီးဖို့ခဏဝေးတယ်…. ချစ်ဖို့ ခဏဝေးတယ်…. လွမ်းနေတုန်း ခဏဝေးတယ်… ဒီလိုနဲ့ မင်းမုန်းနေခဲ့တယ်ဆိုလည်း ခဏလေးနဲ့…… တစ်ခါ တစ်ခါမှာ ငါမလာ အားတဲ့အခါ တစ်ခါ […]


(၁) အမေကြီး ခွဲစိတ်ခန်းထဲကို ဝင်သွားကတည်းက ဂဏာမငြိမ်သော စိတ်တွေနှင့် ပျာယာခပ်စွာ လူးလောက်ခေါက်ပြန် လမ်းလျှောက်လိုက် ထိုင်လိုက်  ထလိုက် မတ်တပ်ရပ်လိုက်နှင့် မသိသားဆိုးရွားစွာ ဒေါ်အေးကြည်စိတ်တွေ လှုပ်ရှားလွန်းလှသည်။ လက်တွင်ပတ်ထားသော နာရီကိုကြည့်မိရသည်ကလည်း ဘယ်နှစ်ကြိမ် ဘယ်နှစ်လီမှန်းမသိ။ ဆယ့်ငါးမိနစ်တစ်ကြိမ်လို ကြည့်ကြည့်မိနေရသည်။ နောက်ပြီး ခွဲခန်းရှိရာ အပေါ်ထပ်ကနေ ဆေးရုံကြီး အဝင်ပေါက်ဘက်ကို အကြည့်ကလည်း ခဏခဏရောက်ရသေးသည်။ ပွဲလမ်းသဘင်တစ်ခုလို စည်ကားနေသော ဆေးရုံဝန်းအတွင်းမှာ လူလူသူသူများစွာထဲမှာ အမေကြီးရဲ့ သားတွေ သမီးတွေများ လိုက်လာကြမလားဆိုသည့် အတွေးနှင့်ပါ။ သို့သော်လည်း ဒေါ်အေးကြည့်က ရင်ထဲတွင် သိနှင့်နေရက်ခဲ့ပါသည်.။ အချိန်တွေသာကုန်ကုန်သွားရသည်။ ပေါ်တော်မမူလာသော အမေကြီးရဲ့ ရင်းနှစ်သည်းချာ သားသမီးများ ဒီကနေ့လည်း လာမည်မဟုတ်။ “ဒေါ်အုန်းရင် လူနာစောင့်“ “ဟုတ်ကဲ့ ကျွန်မ ပါရှင်“ မေ့မျောနေသော အမေကြီးကို […]


်မန်းလေးမှ ဂေဇက်မန်ဘာများနှင့် ၁ဝ ရက်နေ့ တနင်္ဂနွေနေ့တွင် ကျနော် သော်ဇင် တွေ့ဆုံချင် ပါသည်။ အဆင်ပြေသည့် မန်း မန်ဘာများ ကိုပေါက် နှင့်ဆက်သွယ်ပေး လိုပါသည်။ ကျနော် မမြင် ဖူးသော ကျနော့်ကိုလည်း မမြင် ဖူးသော မန်ဘာများနှင့် စကားစမြည်ပြောရင်း ခင် မင် ရင်းနှီးချင် ပါသည်။ ၁၁ ရက်နေ့တွင် လွိုင်ကော်ပြန်မည် ဖြစ်သောကြောင့် အားချင်း တွေ့ချင်ရခြင်းဖြစ်သည်။ မိခင်ဖြစ်သူအား လွိုင်ကော်ဆေးရုံသို့ လွဲပြောင်းကုသရမည်ဖြစ်ပြီး ကျန်းမာရေးအ ခြေ အ နေမှာ ပြင် ပ ဒဏ် ရာမှအပ စိုးရိမ်စရာ မရှိတော့ပါကြောင်း ဝိုင်းဝန်း ကူညီဆုတောင်းပေးကြ သော မန်ဘာများအား အသိပေးအပ်ပါသည်။ မိခင် အတွက် ဆေးကုသစရိတ်အား ကူညီထောက်ပံ့ လှူဒါန်းပေးပါသော ကိုရွှေတိုက်စိုး  ကိုပေါက်နှင့် တကွ နောက်ကွယ်မှ  ဂေဇက် မန်ဘာများ အား ထပ်လောင်းကျေးဇူး တင် […]


ကတ္တရာလမ်းက နွေးနေတယ် ခံစားမှုအသိက ထုံထိုင်းအေးစက်လို့ ဗလာဖြစ်နေတဲ့ ရင်ခွင်တစ်ခုမှာ ခိုနားရာမဲ့ ဝေဒနာတွေကြီးဆိုးနေတယ်.။ တဆာဆာအော်ငိုနေတဲ့ ကလေးတစ်ယောက်လို ငါ့နားကို နှိပ်စက်နေတာမဟုတ်ဘူး။ ကူကယ်မဲ့လက်တစ်စုံက တင်းတင်းကျပ်ကျပ်ဖက်လို့ ဆောင်းညအလွန် လမ်းမနဘေးမှာ ခြေဗလာနဲ့လမ်းကိုလျှောက် မည်းမှောင်နေတဲ့ညရဲ့ တိတ်ဆိတ်မှုက ငါ့အတွက် အကျည်းတန်စေရဲ့ မူးနောက်နောက်အတွေးတစ်ချို့နဲ့ ပါးစပ်ကလွှတ်ခနဲ့ခေါ်မိတဲ့ နာမည်က ဒေါက်တာ..။ ရှေ့ပြေးနမိတ်အနေနဲ့အတိတ်စိမ်းပေးတယ် သွေးစိမ်းရှင်ရှင်ထွက်နေသူကိုမှ အဖြေထုတ် ခပ်နာနာနဲ့ စကားလုံးတစ်ချို့ထွက်ကျလာတယ် သေချာတယ် စေတနာလျော့တယ် ခြေလှမ်းတွေ ယိုင်လဲလုလု ဝေဒနာအစုစု က နှိပ်စက်ကလူပြု ဒါတွေက ပမွှားလေးတွေ ဟော မြင့်မိုရ်တောင်ကို ကိုင်လှုပ်နေကြတယ် သူတို့တွေ သူတို့တွေ မေတ္တာတရားဆိုတာ ဗလာ စေတနာဆိုတာ ဗလာ နွေးထွေးမှုဆိုတာ ဗလာ လျင်မြန်ခြင်းဆိုတာ ဗလာ ဗလာ ဗလာတွေ များတဲ့လောက […]


ဂေဇက်မှရွာသူရွာသားများကိုအရင် ဆုံးတောင်းပန်ပါရ စေ။ကျွန်တော်သော်ဇင် နဲ့ မိခင်ဖြစ်သူမှာ မန္တလေးပြည့်သူ့ဆေးရုံကြီး မျက်နာနှင့် မေးရိုး ခွဲစိတ်ဌာတွင် တက်ရောက် ကုသမှုခံ ယူနေရပါတယ်။ ဒါ့ကြောင့် လတ်တ လော ကျွန်တော့်အ နေနဲ့ စာများရေးတင်နိုင်ဦးမည် မဟုတ်ပါ။ ဖြစ်စဉ်မှာ ၂၅့  ၁့  ၂၀၁၃နေ့ တွင် လွိုင်ကော် မှ မိထီ္တလာသို့ ထွက်ခွာလာသော ကိန္နရာရှမ်း ယာဉ်သည် ယင်းမာပင် သံလမ်းကွေ့ ကုန်းဆင်းတွင် ဘရိတ်ပေါက် တိမ်းမှောက်သွားခဲ့ရာ ကျွန်တော်နှင့် မိခင်ဖြစ်သူမှာ ထိခိုက်ဒဏ် ရာများ ရရှိခဲ့သည်။ ကျွန်တော်၏ မိခင် မှာ ဒဏ် ရာပြင်းထန်သဖြင့် ယင်းမာပင် တိုက်နယ်ဆေးရုံမှ လွဲစာဖြင့် မိထီ္တလာဆေးရုံသို့ရောက် ရှိခဲ့ရာ ထိုမှတဆင့် မန္တလေးဆေးရုံကြီးကိုလွဲပြောင်း ခဲ့သဖြင့် လက် ရှိတက်ရောက်ကုသနေပါသည်။ ခုချိန်ထိ ယာဉ်အုံနာမှာ ဆက်သွယ်စုံစမ်းမေးမြန်းခြင်းမပြုဘဲ တာဝန်မယူနိုင်ကြောင်း […]


          အနောက်ကောင်းကင်ယံမှာ တိမ်တွေပုပ်နေပြီ။ ညိုမည်းပြီး မကြာခင်မှာ အန်ကျလာတော့မယ့် မိုးစက် မိုးပေါက်တွေကို  မင်းမမျှော်လင့်သင့်တော့ဘူး မင်းညို။ မိုးမရွာခင်မှာ ကျလာတော့မယ့် မင်းရဲ့ မျက်ရည်တွေကိုလည်း အတားအဆီးမဲ့ တံခါးဖွင့်ပေးလိုက်ပါတော့။ ထုတ်ဖော်မပြောဝံ့တဲ့ ဝေဒနာ အစိုင်အခဲတွေကို မျက်ရည်အဖြစ် မင်းပြောင်းလဲလိုက်ပါတော့။ မင်းလည်း ငါ့လို ခုချိန်မှာ မည်းမည်းကျုတ်နေမယ့် ကောင်းကင်ကြီးကိုကြည့်ပြီး တစ်စုံတစ်ခုကို တိုင်တည်ပြောဆိုနေမယ်ဆိုတာ ငါ ယုံတယ်။ အမှန်တရားဆိုတာ တွေးဆနေတာထက် ပြေးကြည့်လိုက်ဖို့လိုတယ်ဆိုတာကို ငါတို့ မသိလိုက်ကြဘူး။ အခန်း(၁) လက်ထဲမှာရှိနေတဲ့ စာရွက်ဖြူဖြူလေးကိုကြည့်ပြီး သူ့ရင်တွေတဒုန်းဒုန်းခုန်နေတယ်။ ပြီးတော့ သူ့နဘေးမှာထိုင်ပြီး သူ့လို ငူငူငိုင်ငိုင်ဖြစ်နေတဲ့ မင်းညို။ အံ့ဩခြင်း၊ မယုံကြည့်ခြင်း၊ ကြောက်ရွံ့ခြင်းတွေ သူ့တစ်ကိုယ်လုံး ရစ်ပတ်လွှမ်းခြုံနေတယ်။ “မဖြစ်နိုင်ဘူး“ နုတ်က ရုတ်တရက် အဲဒီ စကားတစ်လုံးပဲ ထွက်ကျလာတယ်။ […]


          လေးဘက်လေတန် အလုံပိတ် အခန်းလေးအတွင်းမှာ ဂီတသံစဉ်တွေ ကျူးရင့်လို့နေတယ်။ ဒီအခန်းလေး အတွင်းမှာတော့ ရင်ဘတ်ကြီးတစ်ခုလုံး တဒိတ်ဒိတ်လိုက်ခုန်နေလောက်အောင် ဂီတသံစဉ်တွေက ကျယ်ကျယ်လောင်လောင်ပေါ့။ တစ်ချက်တစ်ချက် မဆိုစလောက်လေး ဟနေတဲ့ အခန်းတံခါးဆီကနေ ပြင်ပ ပတ်ဝန်းကျင်ကို အဲဒီ သံစဉ်တွေ လွှင့်ပျံ့လာတတ်ပေမယ့် တိုးတိုးလေးမှ တကယ့်ကိုတိုးတိုးလေး။ သူ့ ရင်ခွင်ကျယ်ကျယ်ကလေးကို မှီရင်း ရီမုတ်ကွန်ထရိုးတစ်ခုကိုကိုင်၊ လက်တစ်ဖက်ကတော့ ပန်းသီးစိတ်ကလေးတွေကို သူ့ပါးစပ်ဖျားဆီကိုအရောက်ပို့။ မျက်ဝန်းတွေက ရီဝေဝေဆိုတော့ အလင်းဖျော့ဖျော့ အခန်းလေးအတွင်းမှာ ဆန်ကျင့်ဘက်ဆွဲအားတွေနဲ့ မှိုင်းမိနေကြသလိုပေါ့။ တစ်ချက်တစ်ချက် သူ့လက်တွေ သူမရဲ့ ခန္ဓာကိုယ်လေးပေါ် ပွတ်သပ်ကစားတယ်။ အင်းလေ ခုချိန်မှာ သူမက သူ့ရင်ခွင်ထဲက အလှမွေးကြောင်ကလေးတစ်ကောင်။ ခံစားမှုကင်းမဲ့နေတဲ့ သူမရဲ့မျက်နှာမှာ သခင့်အလိုကျ အလိုက်သင့်ကလေး စီးမျောကျေနပ်နေတယ်ဆိုတာ ပြရတယ်။ သူ့နှုတ်ခမ်းတွေ တီးတိုးတီးတိုးဆိုတယ်။ သူမ […]