(၁) မူးယစ်ရီဝေနေသာ လူအများကိုကြည့်ရင်း တစ်ခါတစ်ခါ အော်ဂလီဆန်ရသည်။ ဆေးလိပ်မီးခိုးငွေ့များက ဆိုင်အတွင်းရှိ လေထုထဲတွင် မွန်ထူနေအောင် ပျံ့နှံ့နေသည်။ တစ်ချက်တစ်ချက် ထကြွသောင်းကျန်းအော်ဟစ်နေသော လူတစ်ချို့ကြောင့် လန့်သွားရသည်လည်းရှိ၏။ ကောင်တာ စားပွဲဆီမှာ မြင်နေရသော မြင်ကွင်းသည် နေ့စဉ် ရိုးအီနေပြီ ဖြစ်သော်လည်း အသားကျခြင်းမရှိသေး။ ဂဏန်းပေါင်းစက် ကလေးတစ်လုံးဖြင့် ဘောင်ချာ စာအုပ်ကလေးကိုင်ကာ “ဒီဝိုင်းက ရှင်းမယ်ဟေ့”ဆိုလျှင် သူမ သွက်သွက်လက်လက် တွက်ချက်ပေးရတော့ပြီ။ ရီဝေဝေ အကြည့်များအောက်တွင် ရိသဲ့သဲ့စကားလုံးများကို လိမ္မာစွာရှောင်တိမ်းရင်း အပေါ်ယံသကာဖုံးလျှက် စကားတွေ ဖောင်ဖွဲ့ပြောဆိုရသည်လည်း ရှိသည်။ သူမ၏ အပေါ်ယံ အလှတရားများအောက်တွင် ပျော်ဝင်ကျရှုံးစွာဖြင့် သည်ဆိုင်ကလေးသို့ နေ့စဉ်မပြတ်လာရောက်ကြသည့် ယောကျာ်းတွေ၊ အထင်သေးစွာဖြင့် ချဉ်းကပ်လာသော ယောကျာ်းတွေ ထိုုထိုသော ယောကျာ်းပေါင်းများစွာကို သူမက ဘယ်လိုစံနှုန်းများဖြင့် အကဲဖြတ်ရွေးချယ်ရမည်နည်း။ သူမက […]


ဆောင်းသို့ရောက်ပြီ။ မနှစ်တုန်းဆီက နှင်းမြူမှုန် ပါးပါးကြား မပီပြင်ဝိုးတဝါးနဲ့ ရသပျောက် ဆောင်းအောက်မှာ ငါ ပူလောင်ခဲ့တယ်..။ ခြေချမိတဲ့ လွန်သော နှစ်များဆီ နယ်ချဲ့အတွေးတွေနဲ့ အမှတ်တရတွေကို ပြန်ကြည့်တဲ့အခါ မွန်းလွဲ နေကျော် ဆောင်းမပျောက် အေးစက်မှုလွှမ်းခြုံခြေလက်ဖျားပူးကပ် လွမ်းစရာက ဆောင်းနှင်းရည်…။ ဆောင်းဦးစ အေးချမ်းတဲ့ညတစ်ည သန်းခေါင်လွဲချိန် အလွမ်းပိုမိခဲ့တော့ ကျမိခဲ့တဲ့ မျက်ရည်တစ်စက် အေးစက်ခဲသွားတုန်းက မသိလိုက် အမေ့ခက် အမေ့ကို တမ်းတမ်းတမိ ခုတော့ ဒီဆောင်းကလေး ပူလောင်လွန်းပြန်ပြီ..။ ခုတော့ လွမ်းစရာ သည်ဆောင်း ဆောင်းရယ်လို့ ဆောင်းမပီ… အေးတဲ့အချိန်အေး….နွေးတဲ့အချိန်နွေး… နှင်းမြူထူထပ်နေ့တွေက မြေပြင်ကို လွှမ်းခြုံတစ်ရက် ဝေးကွာတစ်ရက်… ရက်စက်မှုနဲ့ ကျီစားလို့… ခြေဖျား လက်ဖျား လေတိုးတာလည်း မသိလိုက်သလို.. ဆောင်းဆိုတာလည်း မသိတော့ပြီ…။ သော်ဇင်(လွိုင်ကော်)


မသိလိုက် မသိဘာတာနဲ့ ကျွံဝင်နေတဲ့ စိတ်မှာ လွတ်လပ်မှုကိုစော်ကားလို့ ဘောင်ကျော်ခဲ့တာ မဟုတ်ဘူး…။ စည်းဝိုင်းထဲမှာရှိသူနဲ့ စည်းပြင်ဘက်မှာရှိတဲ့သူ မျက်နှာချင်းဆိုင် စကားပြောကြည့်တော့ ယုံကြည်မှုတွေကင်းမဲ့လို့ အတ္တအလံတွေလွှင့်တင်နေကြ ငါကလည်း အမှားကင်းသူ တစ်ယောက်မှ မဟုတ်တာပဲ…။ ငိုစရာရှိရင် ငိုလိုက်ပြီး ရယ်စရာရှိရင် ရယ်လိုက်ကြမယ်လို့ဆိုပေမယ့် တစ်သားတည်းဆိုတဲ့ ဟိုအရင်က စိတ်မှာ အတ္တအရောင်တွေ ခြယ်သလာကြ ငါတို့….မဖြူစင်တော့ပြန်ဘူး..။ ငါစွဲ အတ္တအလံမှာ မှန်တယ်ထင်တဲ့ ယူဆချက်တွေအပေါ် စုတ်ဆွဲချက်တွေ ခပ်ပြင်းပြင်းဖြစ်ခဲ့မယ်ဆိုရင် ငါ့ ဟာ ငါပဲ မှားတာပါ.လို့ ငါ့ဘက်ကမှားတာပါကွာလို့ အထပ်ထပ်ပြောစရာမလို လွတ်လပ်စွာ မင်းကွဲလွဲလို့ရပါရဲ့… ပွင့်လင်းစွား ဆွေးနွေးလို့ရပါရဲ့… နှိုင်းယှဉ်ဆက်စပ်တွေးနိုင်ပါရဲ့… မွန်းကြပ်နေတဲ့ မင်းစိတ်မှာ ငိုစရာရှိရင် ငါက အတူငိုလိုက်ပြီး ရယ်စရာရှိရင်လည်း ငါက အတူရယ်လိုက် ငါတို့ဟာ သူငယ်ချင်းတွေဆို…။ နွေးထွေးမှုအသက်ဝင်လှတဲ့ […]


တစ်ဦးဆောင်သော်မရ အများဆောင်သော်ရ၏ ဆိုတဲ့ ဆိုရိုးစကားလေးအတိုင်း ကျနော်တို့ မနှစ် 2010တုန်းက ပရဟိတ အဖွဲ့ကလေးဖွဲ့ဖြစ်တယ်။ ခုဆိုရင် ကျနော်တို့အဖွဲ့လေးဟာ အဖွဲ့ရယ်လို ပီပီသသ ဖြစ်လာပြီး ၂ရဦးအထိရှိလာပြီဖြစ်တယ်။ ဒါပေမယ့် ခုချိန်ထိ အဖွဲ့ရဲ့ အမည်နာမ မရှိသေးပါဘူး။ တပိုင်တနိုင်အားဖြင့် လှုပ်ရှားနေတဲ့ အဖွဲ့ကလေးပါ။ အဓိက လှူဒါန်းဖြစ်လာတာကတော့ ပညာရေးဘက်အပိုင်းပါ။ ကျနော်တို့ ဖားကန့်မှာဆိုရင် ရာသီအစလို့ပြောလို့ရတဲ့ အောက်တိုဘာ လကနေစပြီး ရာသီသိမ်းချိန်ဖြစ်တဲ့ မေလအထိ အဖွဲ့ဝင်များဆီက လစဉ်လစာငွေများထဲကနေ စေတနာ ရှိသလောက်လှူဒါန်းထားတာတွေကို ကောက်ခံပြီး စုပေါင်းထားခဲ့တာပါ။ 2010ထဲမှာတော့ ကျနော်တို့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဖားပြင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ စတင်လှူဒါန်းဖြစ်ပါတယ်။ ခုလက်ရှိလည်း 2011ခုနှစ်အတွက် စတင်ကောက်ခံနေကြပါပြီ။ နောက် အဖွဲ့ကိုလည်း ရေရှည်တည်တံ့စေချင်တဲ့အတွက် ကျနော်တို့ ဆက်လက် ကျိုးစား […]


(၁) ယုံကြည်ရာ ရွက်လွင့်နိုင်ပေမယ့် နားလည်လို့မရတဲ့ အကြောင်းတွေရဲ့နောက်မှာ နွားခြေရာခွက်ထဲက ဖားကလေးလို့တော့ မဖြစ်စေချင်ဘူး..။ အိပ်မက်နေရင်တောင် နိုးထလိုက်စမ်းပါ မျက်စိတွေဖွင့်ပြီး နားစွင့်လိုက်ရင် မထုံတတ်သေး အမူအရာအောက်က ကောက်ကျစ်တဲ့ မာယာတွေနဲ့ မာနတစ်ချို့ကို တွေ့ရလိမ့်မယ်။ အပြုံးကလေးချိုတာနဲ့ ၊အပြောကလေး ချိုတာနဲ့ ချိုနွဲ့အီတတ်တာနဲ့ တယောသံတေးသွား တစ်ပုဒ်မဟုတ်ဘူးဆိုတာ နားထောင်တတ်မယ်ဆိုရင် ပဉ္ဇလက်ဆန်တဲ့ ယစ်မူးစေတဲ့ ဂီတတစ်ခုမှန်း သိလောက်ပါရဲ့…။ (၂) ပန်းသီးတစ်လုံးရဲ့ ရာဇဝင်မှာ စားခဲ့မိသူနှစ်ဦးရဲ့အပြစ်တွေက ဖုံးမရ ဖိမရနိုင်ရှိခဲ့လိမ့်မယ်။ မထွေးနိုင်မအန်နိုင်ဘူးဆိုရင်တောင် ဆုပ်လည်းရူး စားလည်းရူးစေမယ့် အဆိပ်မိ ဝိုင်ချိုတစ်ခွက် သောက်မိခဲ့တယ်လို့သာ မှတ်ယူနိုင်ပါရဲ့…။ ရိုက်ခတ်မှုဆိုတာ တန်ပြန်နိယာမ သဘောတရားအတိုင်း တုံ့ပြန်မှုတွေရှိလာရတာပါ… စီးမျောမှုမရှိခဲ့တဲ့ စမ်းချောင်းကလေးဆိုရင် သန့်ရှင်းမှုနဲ့ကင်းကွာနေလိမ့်မယ်…။ (၃) ကြားတတ်မယ်ဆိုရင် အချစ်ဆိုတာ မလိမ်တတ်ဘူး.. မညာတတ်ဘူး… မကွယ်ဝှက်ဘူး… […]


အမည်းရောင် အတ္တ             စိတ်အတွင်း၌ ကျွဲတစ်ကောင်ခပ်သွားသည့်အလား လူးလူးလွန့်လွန့် နာကျင်ခံပြင်းနေသည်။ သည်လို ကျက်သရေရှိလှသည့် မနက်ခင်းမျိုးမှာ စိတ်အစဉ်သည် ကြည်လင်နေသင့်ရဲ့သားနှင့် ဘာကြောင့်များ မလိုတမာ အမုန်းများ ရင်ထဲတွင် ကိန်းအောင်းနေရပါလိမ့်။အသာတကြည်ဖြင့် စိတ်ပါလက်ပါ ဟန်ဆောင်လိုက်လျှင်ပင် သည် မနက်ခင်းလေးသည် ပို၍လှပတောက်ပြောင်လာနိုင်သည်။ ခုတော့ဖြင့် စိတ်အတွင်းအပူတစ်ခုကို ဝေဒနာအဖြစ်အတွင်းပြောင်းပြီး ခံစားချက်တွေ ပြင်းထန်နေရသည်က သူတစ်ယောက်တည်း။ ဘယ်သူတွေလွန်သလဲ ဟု မေးလျှင်သော်မှ ခုချိန်တွင် ပြန်ရမည့် အဖြေတစ်ခုသည် သူ့အလွန်တည်းဟုသာ သေသေချာချာ ထွက်လာနေပြီ။ ပြုံးပြုံးလေးဖြင့် လှည့်ထွက်လာခဲ့ရသော်လည်း အများမမြင်နိုင်သော နောက်ကွယ်ရာရောက်မှ ရင်တွင်းဝေဒနာကို ပေါက်ကွဲခွင့်ရသည်။ သူ့ အခန်းလေးအတွင်းသို့ ဘယ်လိုပြန်ရောက်မှန်းမသိပေမယ့် စိတ်နှင့်ကိုယ်ပြန်ကပ်ချိန်တွင် ရှုပ်ပွနေသော အခန်းကိုမြင်ရသည်။ ကြမ်းပြင်ပေါ်တွင် သူ စိတ်ရှိလက်ရှိပစ်ပေါက်ထားသော ပစ္စည်း ပစ္စယများက […]


““ဘာသာပြန်လွဲခဲ့သူ၏နိဂုံး”” (၁)       ကျွန်မ၏ မြင်ကွင်းတွေ တဖြည်းဖြည်းဝေဝါးလာခဲ့သည်။ မကျပါနဲ့။ မကျပါနဲ့မျက်ရည်ရယ်။ အခုမှမျက်ရည် ကျနေလို့ရော အရှက်တွေ၊ သိက္ခာတွေကို အဖတ်ဆယ်လို့ရတော့မည်မဟုတ်ပဲ။ ကျွန်မကိုယ် ကျွန်မ အပြစ်တွေ တင်နေရုံကလွဲလို့ သည်ပြဿနာက ပြေလည်သွားမည်မဟုတ်မှန်း အလိုလိုသိနှင့်နေခဲ့ပြီလေ။ ကျွန်မကိုယ့်ကိုကိုယ် မလုံမလဲနှင့်ဆေးခန်းလာပြမိတာ မှားပြီလား။ မဖြစ်ပါစေနဲ့လို့ အခါခါဆုတောင်းခဲ့မိတဲ့ ကျွန်မ ဆုတောင်း မပြည့်တော့မှန်းသေချာနေခဲ့ပြီလေ။ ဆရာဝန်ရဲ့ ကိုယ်ဝန်သုံးလရှိနေပြီဆိုတဲ့စကားဟာ ကျွန်မရဲ့နားထဲ မိုးကြိုး ပစ်ချသည့်အသံထက် နှစ်ဆခန့်ကျယ်လောင်သွားသည်။ လင်ယောက်ျားမရှိပါပဲ ကိုယ်ဝန်လွယ်ရသည့်အဖြစ်က အပျိုစင်တစ်ယောက်အတွက် အရှက်သိက္ခာတွေ ဗျန်းဗျန်းကွဲရတော့မည်။ နောက်ပြီး သည်ကိစ္စတာ အမေသိသွား ခဲ့လျှင်ဆိုသည့်အတွေးက ကျွန်မဦးခေါင်းကို ရထားကျိတ်သွားသည်အလား။ အမှန်အတိုင်းဖွင့်ပြောရမည်လား၊ သိုဝှက် ထားရမည်လား ဝေခွဲရခက်လှသော ကျွန်မအဖို့ ကံဆိုးမိုးမှောင်ကျပြီလား။ သည်အချိန်မှာ ကျွန်မရဲ့ခြေလှမ်းတွေ မှန်ကန်ဖို့လိုသည်က အဓိကကျနေမှန်း […]


ဆူးလှည်း (၁) ဒီရွာမှာ ဖိုးမောင်ဆို မိန်းကလေးတိုင်း သိကြတယ်။ နာမည်ကြားရုံနဲ့တင် ဖိုးမောင်ဆိုတာကို သိတာ ဆန်းတယ်လို့လဲ မထင်လိုက်နဲ့ဦး။ ဖိုးမောင်ကလည်း မ..ဆိုရင် ယင်မတောင်မရှောင်ပဲ ဖွန်တဲ့သူဆိုတော့ ဖိုးမောင်အကြောင်းကို သိတဲ့သူတိုင်းက အိမ်ရှေ့ဓါတ်တိုင်မှာတောင် ထမီစုပ် မပတ်ထားရဲဘူး။ ဖိုးမောင်ကို တစ်ချို့ကလည်း ဒီလို တင်စားခေါ်ဝေါ်ကြတယ်။ ဆူးလှည်းတဲ့။ ရုတ်တရက်ကြားရင်တော့ ကဗျာဆန်တယ်လို့ ထင်လိမ့်မယ်။ တကယ်တမ်း ဆူးလှည်းဆိုတဲ့ စကားလုံးရဲ့နောက်မှာ အဓိပါယ်တွေ အများကြီးရှိတယ်။ ဖိုးမောင်သွားရာလမ်းတစ်လျှောက်မှာ တွေ့သမျှ ပျိုပျို အိုအို မိန်းကလေးများကို ရိသဲ့သဲ့ စောင်းပါးရိပ်ခြေ လူပျိုစကားပြောတတ်လွန်းလို့ ဆူးလှည်းဆိုတဲ့ နာမည်ကို အပိုင်ရထားတာ။ တွေ့သမျှ မိန်းကလေးတိုင်းကို ဖိုးမောင် သဘောမကျဖူးသူမရှိသလောက်ရှားတယ်။ ကြုံရင် ကြုံသလို စကားတစ်ခွန်းနှစ်ခွန်း ပြောလိုက်ရမှ။ ပြောလိုက်တဲ့ စကားတိုင်းဟာလည်း ရည်းစားစကားလို့ပြောလို့ရလောက်တဲ့ […]


သူကျောင်းပြန်တက်နိုင်ပြီ။ ကျောင်းပြန်တက်တဲ့နေ့မှာပဲ အံ့ဩစရာတွေက သူ့ကိုတန်းစီကြိုလင့်နေတယ်။ လွင်ဦးက ကျောင်းပြန်တက်နိုင်ပြီ။ ဒီကောင်က ခုမှ တော်တော်လေးစကားနည်းသွားတယ်လို့ သူထင်တယ်။ လွင်ဦးကိုတွေ့တော့ သူပျော်ပါတယ်။ ဒီကောင် ဒီလိုပုံပြန်ဖြစ်လာတယ်ဆိုတာ ယုံတောင်မယုံဘူး။ ဒီနေ့အဖို့ ဖိုးကျော့နဲ့ ဖိုးလွင်ကိုလည်းမမြင်မိပါလား။  သူကျောင်းမတက်နိုင်တဲ့ တစ်ပတ်အတွင်းမှာ ဘာတွေပြောင်းလဲပြီလဲ။ ကျောင်းခန်းဘက်ကို လွင်ဦးနဲ့အတူ လှည့်လာခဲ့တယ်။ အခန်းဝရံတာမှာ မိမိရယ် မီကျော်ရယ်ရှိနေတယ်။ တစ်ယောက်နဲ့တစ်ယောက် စကားမပြောပဲနေကြတဲ့ သာလိကာမကို ဒီတစ်ခါပဲ တိတ်တိတ်ဆိတ်ဆိတ် နေတာ သူမြင်ဖူးတယ်။ “နင်တို့ဘာလုပ်နေတာလဲ ဟိုနှစ်ကောင်မရောက်သေးဘူးလား” မိမိနဲ့မီကျော်က သူ့အမေးကိုမဖြေပါဘူး။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တိတ်ဆိတ်နေကြတယ်။ “ဟင် ဟိုနှစ်ကောင်ကို ဝင်မခေါ်ခဲ့ဘူးလား လွင်ဦး” လွင်ဦးကလည်း သူ့အမေးကို မဖြေပါဘူး။သူ စိတ်ထဲမှာ တစ်ခုခုကို သိချင်လာတယ်။ “ဖြေကြလေ ဟာ နင်တို့သုံးယောက်ဘာဖြစ်နေတာလဲ ပြောကြလေ” မိမိနဲ့ […]


ရုတ်တရက် လွင်ဦးက သူ့ညီလေးကို ဆွဲခေါ်ပြီး ကျင်းထဲခုန်ချသွားတော့ အားလုံးကြောင်ကုန်တယ်။ ဟင်..ဟာဆိုပြီ အော်လိုက်သံတွေဟာ သင်းချိုင်းထဲမှာ ပျံ့နှံ့လို့။ သူလည်း ရုတ်တရက် ဘာမှန်းမသိလိုက်ပါပဲ  ဘာမှမလုပ်နိုင်အောင် ဆွံ့အ ထိန့်လန့်သွားတယ်။ “ဟ လုပ်ကြပါဟ…ကောင်လေးတော့ မလုပ်ကောင်းတာတွေလုပ်ကုန်ပြီ…..ဆွဲတင်ပါ…ဟ” “ဟုတ်တယ် လုပ်ကြပါဟ…..ဆွဲတင် ကောင်လေးနှစ်ယောက်လုံးကို အရင်ဆွဲတင်ကြပါ..” “ဘုရား ဘုရား ဘယ်လို ကောင်လေးတွေပါလိမ့်…..မကြောက်မရွံ့ ” ဝိုင်းကြည့်နေကြတဲ့ လူတွေဆီက တစ်ယောက်တစ်ပေါက်ထွက်လာသံတွေက သောသောညံနေတယ်။သူ  ကျင်းနားထိပြေးသွားလိုက်တယ်။ လွင်ဦးနဲ့ သူ့ညီလေးကို အပေါ်ဆွဲတင်ပြီးတော့ အပေါ်ရောက်တဲ့အခါ ရေတိုက်သူက တိုက်။ ယပ်ခတ်ပေးသူကပေးနဲ့ အခေါင်းကိုမြေမဖို့အားသေးဘူး။ လွင်ဦးတို့ညီအစ်ကိုကို လူကြီးတစ်ချို့က ပွေ့ခေါ်သွားကြတယ်။ ကောင်မလေးနဲ့ မိမိက မျက်လုံးကြီးပြူးပြီး ကြောင်နေကြတုန်း။ လိုက်ပို့ကြတဲ့ ကျောင်းသားတွေရော ကျောင်းသူတွေရော ဘာသံမှ မကြားရဘူး။ အရပ်ထဲကလူတွေကတော့ လွင်ဦးတို့ […]


လွင်ဦးရဲ့ ညီက ဘာမှမပြောပဲ ငိုနေတော့တယ်။ ဘာဖြစ်လာတာလဲ။ “ဘာဖြစ်လို့လဲ ငမူးပြောလေ” “အဖေလေ….အမေကပြောတာ သေပြီတဲ့ အိမ်မှာလည်းလုူတွေအများကြီး ဟီးဟီး” “လာလာ သွားရအောင် လွင်ဦး” ” ဟေ့ကောင် ပြောလေ အဖေ ဘာဖြစ်တာလဲလို့” လွင်ဦးက သိချင်ဇော်နဲ့ သူ့ညီရဲ့ ပခုံးကိုကိုင်ပြီး လှုပ်မေးတယ်။ လွင်ဦးကိုကြည့်ပြီး သူတို့လည်း ကြောင်နေကြတယ်။ “ဟေ့ကောင် လာလာ မင်းအိမ်ကိုအရင်ပြန်ကြရအောင်…” မိမိ ရဲ့အိမ်ကနေ သူတို့ သူငယ်ချင်းတွေ လွင်ဦးရဲ့အိမ်ကို ချီတက်ကြရတော့တယ်။ သူ့ရဲ့စိတ်ထဲမှာလည်း လေးလံလို့နေပါတယ်။ လွင်ဦးရဲ့ အိမ်လမ်းကြားလေးနားကိုရောက်တော့ လူတွေက လွင်ဦးရဲ့အိမ်ဘက်ကို သွားနေကြတယ်။ လွင်ဦးရဲ့အိမ်ရှေ့ကိုရောက်တော့ အိမ်ထဲမှာ လူတွေ စည်နေတယ်။ သူတို့ အိမ်ထဲကိုဝင်လိုက်တော့- “အောင်မလေး ကိုအေးရဲ့ တော့် သားကြီး ပြန်လာပြီလေ။ တော် […]


ကောင်မလေးက သူ့ကို နားမလည်နို်င်စွာနဲ့ကြည့်တယ်။ သူကသာ ပြူးပြူးပျာပျာတွေဖြစ်နေပေမယ့် ကောင်မလေးက ဘာမှမသိတဲ့ပုံမျိုး။ သူ့က ဘာမှမဖြစ်တဲ့အကြောင်းအရာကို ဖြေရှင်းချင်နေတယ်။ ” မြတ်နိုး ဒီမှာလေ နှမ်းဆုပ်တွေ လာ ဒီကောင် ချာလီက နင့်တစ်ယောက်တည်းအတွက်တဲ့ မတရားပါဘူး။ ဒါကြောင့် ငါလုစားတာ..ရော့ နင်လည်းစား” “ဟုတ်လား ငါ သိပ်ကြိုက်တာ ချာလီ နင့်အိမ်က ဒီ နှမ်းဆုပ်က ပိုစားကောင်တယ် အန်တီကလုပ်ပေးမယ်ပြောတယ်နော် လုပ်ပြီးရင်တာ နင်ယူလာပေး မနေ့ညက ငါ ဝတောင် မဝ..ဘူး” “ရပါတယ် အမေလုပ်ပြီးရင် ငါယူလာပေးပါ့မယ် ” မီကျော်ကတော့ စားချင်တာစားရလို့လားမသိဘူး အူမြူးနေတယ်။ ကောင်မလေးကလည်း မရှက်တန်း မီကျော်နဲ့အပြိုင် နှမ်းဆုပ်တွေစားနေလိုက်တာများ မြိန်ရည်ရှက်ရည်ရှိတယ်။ သူကတော့ ဘေးနားကနေ ကျေနပ်နေရုံလေးတင်ပါ။ သူ ကောင်မလေးနဲ့ မီကျော်တို့ကို […]


  သူတို့လမ်းအိမ်ရဲ့ လမ်းသွယ်လေးနားကထွက်လာတော့ လမ်းထဲမှာလူရှင်းနေတယ်။ ရှေ့နားက လမ်းထိပ်မှာတော့ ဘတ္ထရီမီးလေးနဲ့ကွမ်းယာဆိုင်ကလေးက လင်းနေတယ်။ ရုတ်တရက် သူတို့လမ်းသွယ်လေးထဲကို ချိုးကွေ့ဝင်လာတဲ့ မီးရောင် နှစ်ပွင့်ကို မြင့်လိုက်ရလို့ လမ်းဘေးကပ်ရှောင်ပေးလိုက်တယ်။ မီးရောင်နှစ်ပွင့်နဲ့ ဆိုင်ကယ်နှစ်စီးက သူတို့ရှေ့မှာရပ်လိုက်တော့ မီးရောင် စူးစူးကြောင့် မောင်းလာသူကို မမြင်ရဘူး။ အဲဒီအချိန်မှာ သူကြားဖူးနေတဲ့ အသံတစ်သံကိုကြားလိုက်ရတယ်..။ “ချာလီ …ဟဲ့ နင်တို့အိမ်ကိုလာတာ ဟဲ့” ကောင်မလေးရဲ့အသံ..။ ဟုတ်တယ်။ ကောင်မလေးရဲ့အသံလေးပါ။ ချိုလွင်လွင်လေး။ အမေနဲ့ ဒေါ်လေး ဒေါ်စိန်ကြည်က ကြောင်အမ်းအမ်းနဲ့။ ခုမှကြည့်မိတယ်။ ဆိုင်ကယ်နောက်တစ်စီးပေါ်မှာ မိမိ…။ ဆိုင်ကယ်ရှေ့မှာ အန်တီဆရာမ…။ “ဆရာမ…..” ဒေါ်လေး ဒေါ်စိန်ကြည်က မိမိကိုတွေ့လိုက်ရင်ပဲ..ဆိုင်ကယ်ပေါ်က အတင်းဆွဲချတယ်။ ‘”ကောင်မ လာစမ်းဒီကို ငါ့ကိုတော်တော် ဒုက္ခပေးတဲ့ကောင်မ….” မြန်လိုက်တဲ့လက်..။ ဆိုင်ကယ်ပေါ်ကဆွဲချပြီး မိမိ ရဲ့ […]