မြသဲ ( 17082011 )March 20, 20121min47418
                                                   ဖုံသုတ်တံလေးတွေကိုယ်တိုင်လုပ်ချင်ရင်လုပ်လို့ရပြီနော်။ အမှိုက်ကနေ ရွှေဖြစ်တယ်ဆိုတာ ဒါမျိုးများလားမသိဘူး။ FB ကရလို့သဘော ကျလို့ပြန်မျှဝေလိုက်တာပါ။ လုပ်ကြည့်လိုက်အုံးမယ်။ မန်းဂေဇက် ဖုံသုတ်တံဆိုပြီးတံဆိပ်ကပ်ရောင်းမယ်လို့ ကြံနေပါတယ်။ ရှယ်ယာပါမယ်ဆိုရင်လက်ခံပါတယ်။ အမြတ်ကတော့ ဟီဟိ။ ဒီလိုပဲအများလုပ်သလိုပေါ့။ ဟဲဟဲ။


မြသဲ ( 17082011 )March 20, 20122min38622
ပါဝင်ပစ္စည်းများ ၁ ။ဖက်ထုပ်ရွက် ၄ဝ ( အဝိုင်း ) ( ကျွန်မကတော့ လေးထောင့်ပဲရလို့ ငွေထုပ်ပုံလုပ်လိုက်ပါတယ်။ ) ၂ ။ ကြက်သား ( ဝက်သား ) ၂ဝ သား ( နုတ်နုတ်စင်းထားပါ ) ( အမဲသားစားသူများ အမဲသား ၂ ချိုးနှင့် ဝက်သား ၁ ချိုးရောလျှင်လဲရသည်။ ) ၃ ။ မှိုခြောက် ၅ ခု ( ရေဖြင့်ပြုတ်ပြီး နုတ်နုတ်စင်းထားပါ ) ၄ ။ ကြက်သွန်မိတ် ၂ စည်း ၅ ။ တိုဟူး ၃၀ဝ ဂရမ် ၆ ။ ကြက်သွန်နီ ၁ […]


မြသဲ ( 17082011 )March 16, 20123min33124
အဆာပြေသစ်သီးလေးတွေအရင်စားထား။ အချိုရည်လေးလဲသောက်အုံး။ သစ်သီးလဲစား၊ စကားလဲပြော။ အေးဆေးပေါ့။ မလုနဲ့နော်။ အများကြီးရယ်။ အအေးတော့ကုန်တွားဘီ။   ဒန်ပေါက်စချက်ပြီနော်။ ကူကြအုံး။ ရွာသားတွေရေ ရေများများဖြည့်ပါဟ။ ဒန်ပေါက်ကျက်ပြီ။ စားလို့ရပြီ။ မလုနဲ့ဖြေးဖြေးစား။ အများကြီးရယ်။ အိမ်ယူသွားလဲရသေးတယ်။ လိုသလောက်ပေးအုံးမှာ၊ မပူနဲ့။ ဒီကားနဲ့ပျော်ပွဲစားထွက်မယ်။ ကားကိုတော့ ဦးဖက်တီးတာဝန်ယူမယ်တဲ့။ သဗ္ဗာန်စီးပြီး ခရီးနှင်မယ် ချောင်းကလေးထဲဝယ်၊ ဒါကတော့ အမ ဝေဝေတာဝန်ယူမယ်တဲ့။ ဒီနေရာလောက်ဆိုရွာထဲကလူတွေအားလုံးဆန့်လောက်မယ်ထင်တာပဲ။ ဒါကတော့အမ aye.kk တာဝန်ယူမယ်တဲ့။   ဘယ်လိုလဲ။ လိုက်ကြမလားပျော်ပွဲစား။ ဩဒါ့ထက်စကားမစပ် အပေါ်ကအစားအသောက်တွေကတော့ သဂျီးတာဝန်ယူမယ်တဲ့။ လိုက်မဲ့လူစာရင်းပေးပါ။    


မြသဲ ( 17082011 )March 12, 20121min21910
မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ့အား အထူးဂုဏ်ပြုသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးရာဇဝင် အတ္ထုပ္ပတ္တိအား အခြေခံ၍ အမည်မသိ စာရေးသူတစ်ဦးကနေ ပြန်လည်ခံစား ဖေါ်ကျူးရေးသားထားမှုကို ဖေါ်ပြအပ်ပါသည်။ ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘဝမှတ်တမ်း။ ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ။ ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်၊ ေဩာ် …. ဒီနေ့ ငါ့မွေးနေ့ပဲလေ (ဇွန်လ ၁၉ ရက်) …. ငါ ဘာလုပ်ရင် ကောင်းမလဲ၊ ငါ့ ဘေးနားမှာ ငါ့ကို ချစ်တဲ့ ငါ့ ဖေဖေ မရှိတော့တာလည်း ကြာပါပြီ၊ ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့ မေမေ မျက်ကွယ်ပြုသွားခဲ့တာလည်း (၁၉) နှစ်တောင် ရှိရော့ပေါ့။ ငါ့ကို အနစ်နာခံ […]


မြသဲ ( 17082011 )March 12, 20121min33014
စနေနေ့က ကျွန်မအပြင်ထွက်ဖြစ်တယ်။ ရန်ကုန်ဆေးရုံကြီးအရေးပေါ်နားလောက်ကျတော့ကားတွေပိတ်နေတာနဲ့ ရှေ့ကိုလှမ်းကြည့်လိုက်တော့ Rescue ကားနဲ့မီးသတ် ရဲ ဘော်တွေ ဆေး ၁ ရှေ့မှာတွေ့လိုက်တာနဲ့ဘာဖြစ်လဲမသိဘူးဆိုပြီး ဆက်သွားကြည့်လိုက်တော့ သံရုံးကားရယ်၊ Taxi ရယ်၊ ကုန်တင်ကားရယ် တိုက်ထား တာတွေ့ ရတယ်။ Taxi ကတော့တော်တော်ဆိုးဆိုးဝါးဝါး ရှေ့ပိုင်းတခုလုံးပျက်စီးသွားတာတွေ့ရတယ်။ ဒရိုင်ဘာကတော့အခြေအနေဆိုးတယ်ပြောတယ်။ Taxi ကကျော်တက်ပြီး သံရုံးကားကို မျက်နှာချင်းဆိုင်တိုက်ပြီး ဒိုင်နာကိုဆက်တိုက်တာတဲ့။ ဘာတွေအဲလောက်လောကြီးနေလဲမသိဘူး။ ကျွန်မလဲဆက်ထွက်လာခဲ့ တယ်။ နောက်တနေ့ တနင်္ဂနွေမှာအပြင်ထပ် ထွက်တော့ တာမွေလေး ရဲတန်လျားနားမှာ ခရီးသည်တင်ဘတ်စ် ကားတစ်စီးလမ်းဘေးထိုး ကျပြီးအုတ်တံတိုင်းကိုတိုက်ထားတာတွေ့ရပြန်ရော။ ကရိန်းတွေနဲ့ရှေ့နောက်ဆွဲ ပြီးလမ်းပေါ်ပြန်တင်နေရတာတွေ့ခဲ့ရတယ်။ ဒဏ်ရာရမှု့အခြေအနေတော့မသိခဲ့ရပါဘူး။ ဒီနေ့မနက် တနင်္လာနေ့မနက်စောစောမှာ ဝင်းထဲကဝန်ထမ်းတယောက်ကလာပြော တယ်။ ဝန်ထမ်းတယောက်ရဲ့သမီးမနေ့က ကားတိုက်ခံရတာပွဲချင်းပြီးဆုံးသွားတယ်တဲ့။ စံပြဈေးနားမှာ ကျူရှင်ကနေပြန် လာပြီးအိမ်ပြန်မလို့ မှတ်တိုင်မှာ ကားစောင့်နေတုန်း ၈၈ ဘတ်စ်ကားက […]


မြသဲ ( 17082011 )March 12, 20121699min1080
မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ့အား အထူးဂုဏ်ပြုသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးရာဇဝင် အတ္ထုပ္ပတ္တိအား အခြေခံ၍ အမည်မသိ စာရေးသူတစ်ဦးကနေ ပြန်လည်ခံစား ဖေါ်ကျူးရေးသားထားမှုကို ဒေါ်အောင်ဆန်းစုကြည်၏ ဘဝဖြတ်သန်းမှု ဓါတ်ပုံများဖြင့် တွဲဘက်ကာ ဖေါ်ပြအပ်ပါသည်။ ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘဝမှတ်တမ်း။ ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ။ ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်၊ ေဩာ် …. ဒီနေ့ ငါ့မွေးနေ့ပဲလေ (ဇွန်လ ၁၉ ရက်) …. ငါ ဘာလုပ်ရင် ကောင်းမလဲ၊ ငါ့ ဘေးနားမှာ ငါ့ကို ချစ်တဲ့ ငါ့ ဖေဖေ မရှိတော့တာလည်း ကြာပါပြီ၊ ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့ မေမေ မျက်ကွယ်ပြုသွားခဲ့တာလည်း (၁၉) […]


မြသဲ ( 17082011 )March 9, 20121min3059
         အဝတ်လဲခန်းထဲမှာ Hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား……..ဘယ်လိုသိနိုင်မလဲ အဝတ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အဝတ်အစားလဲခန်း….. (အဝတ်အထည်အသစ်တွေကိုစမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာမသမာသူတွေက hidden camera (လှျို့ဝှက်… ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့်ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phoneနဲ့စမ်းသပ်တဲ့နည်းပါပဲ။ ၁။ အဝတ်လဲခန်းထဲကိုမဝင်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။ ၂။ အဝတ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။ ၃။ ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအဝတ်လဲခန်းထဲမှာ Hiddencamera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့Hidden camera ရဲ့ ဖိုင်ဘာကေဘယ်က Mobile phone လိုင်းကိုအနှောက်အယှက်ဖြစ်စေလို့ပါပဲ။ နှစ်ဘက်မြင်မှန် […]


မြသဲ ( 17082011 )March 7, 20121min2125
ငရဲသို့လူတယောက်ရောက်လာသည်။ ငရဲမင်းကထိုသူအားပြစ်ဒဏ်မကျခံခင် ရွေးချယ်ခွင့်တခုပေးလေသည်။ ထိုမှာအခြားမဟုတ်။ ငရဲကျခံရန်နိုင်ငံအားရွေးချယ် ခွင့်ပေးခြင်းဖြစ်သည်။ သို့ဖြင့်ငရဲသားတစ်ယောက် ကိုနိုင်ငံအလိုက်ငရဲများနှင့် ထိုငရဲများ၏ပြစ်ဒဏ်စီရင်ပုံများ ကိုလိုက်ပြခိုင်းသည်။ ထိုလူလဲအမေရိကန်၊ ဗြိတိန်၊ ဂျပန်အစ ရှိသောကြမ်းတမ်း၍ဝေဒနာများဖြင့်ပြည့်နှက်နေသောပြစ်ဒဏ်စီရင်ပုံများ ကိုတွေ့ပြီးကြောက်လန့်နေလေသည်။ ထို့နောက်မြန်မာ့ငရဲသို့ရောက် လာလေသည်။ ထိုလူငယ် သည်မြန်မာ့ငရဲခန်းရှေ့တွင် လူအများအပြားတန်းစီ လျက်ပြစ်ဒဏ်ကျခံရန်စောင့်နေသည် ကိုတွေ့ရလေသောအခါ သူ့အားလိုက်ပြသော ငရဲသားအား အဘယ့်ကြောင့်နည်း ဟုမေးလေသည်။ မြန်မာ့ငရဲတွင်တရားစီရင်ပုံ ( ၃ ) မျိုးဖြစ်လေသည်။ ထို ( ၃ ) မျိုးမှာ ၁ ။ လျှပ်စစ်ထိုင်ခုံဖြင့်နှိပ်စက်ခြင်းကိုခံရခြင်း။ ၂ ။ ကြာပွတ်ဖြင့်ရိုက်နှက်ခြင်းကိုခံရခြင်း။ ၃ ။ သစ်သားပြားပေါ်တွက်သံများစွာကိုရိုက်ထား၍ ပြစ်ဒဏ်ကျခံရသူကို သံချွန်များဖက်တွင်တက်အိပ်ခိုင်းခြင်း တို့ဖြစ်သည်။ ငရဲသားလဲအဆိုပါလူကိုရှင်းပြလေသည်။ ၁ ။ မြန်မာ့ငရဲတွင် လျှပ်စစ်ထိုင်ခုံဖြင့်နှိပ်စက်သော်လည်း အချိန်ပြည့်နီးနီးမီးမလာသောကြောင့်သက်သာခြင်း။ ၂ […]


မြသဲ ( 17082011 )March 6, 20121min28215
တပ်သားကျော်ဇင်ဝင်းနှင့် သတင်းမှန် ဖုံးဖိလှည့်စားမှု ဒီနေ့ Facebook မှာ တပ်မတော်သားကျော်ဇင်ဝင်းဟု အမည်ရသော ရဲဘော်တစ်ယောက်အား ဒေါ်စုကြည်ကို ကြိုဆို၍ အထိုးကြိတ်ခံခဲ့ရတယ် ဆိုတဲ့ သတင်း ဖတ်လိုက်ရပါတယ်။ အောက်မှာလည်း တိတိကျကျသိလိုလျှင် ဖုန်းနံပါတ်ပေးထားပြီး ကိုဖိုးချိုထံသို့ ဖုန်းဆက်မေးမြန်းနိုင်ပါတယ် ဆိုတဲ့ အချက်ပါပါနေလို့ ကျွန်တော်အဲဒီဖုန်းကို ချက်ချင်းပဲ ဆက်ပြီးခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဖုန်းခေါ်တဲ့အခါ ဆက်သွယ်မှု့ဧရိယာ ပြင်ပသို့ ဆိုပြီးပဲ ပြန်ပြောနေပါတယ်။ မကျေနပ်လို့ နောက်တစ်နာရီခြားပြီးမှ ထပ်ခေါ်လဲ ဆက်သွယ်မှု့ဧရိယာ ပြင်ပသို့ လို့ပဲ ထပ်ဖြစ်နေတာကြောင့် မသင်္ကာတော့ပဲ တိုက်ရိုက် မေးကြည့်ချင်သောကြောင့် အောင်ပန်းGEတပ်က ကျွန်တော့်သူငယ်ချင်းရဲဘော် ဆီဖုန်းဆက်မေးခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီတပ်မှာ တပ်သားကျော်ဇင်ဝင်းဆိုတာ မရှိကြောင်းနှင့် ထိုကိစ္စအား တင်ဖြေရှင်းတင်ပြရန် တပ်မှုးမှ စီစဉ်နေကြောင်းလဲ သိရပါသည်။ ယခုဓါတ်ပုံထဲရှိ ရဲဘော်မှာ […]


မြသဲ ( 17082011 )March 2, 20121min2937
၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။ ၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။ ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။ ၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။ မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။ ၄။ အကျႌမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။ မရိုက်ပါနဲ့ဗျာ။ အဲဒီအကျႌကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။ အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။ ၅။ အစ်ကိုတို့ရဲ့ ရှပ်အကျႌအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။ အကျႌ ကို […]