မော်ဒယ်ဘဝကနေ သရုပ်ဆောင်ဘဝကို ကူးပြောင်းလာခဲ့တဲ့ ဝိုင်းစုခိုင်သိန်းဟာ အခုဆိုရင် မက်လောက်စရာစီးရီးထဲက မက်လောက်စရာ၊ ကမ်းခြေ၊ ပြန်တော့ကွယ် တေးသီချင်းတွေနဲ့အတူ အခုလောလောဆယ်လူကြိုက်များနေတာတွေ့ရပါတယ်။ ဒါ့အပြင် လမ်းဆုံစီးရီးထဲက အပြစ်မမြင် တေးသီချင်းကလည်း ဝိုင်းစုရဲ့ အနုပညာလမ်းကြောင်းမှာ မှတ်တိုင်တစ်ခုဖြစ်သွားနိုင်တယ်လို့ ဆိုရမှာပါဘဲ။ အခုလက်ရှိမှာ ဇာတ်ကားတွေရိုက်ဖျော်ဖြေပွဲတွေ သီဆိုရင်း စုံတွဲ ခွေတွေမှာလည်း ဝိုင်းစုမပါရင် မဖြစ်တဲ့ အခြေအနေဖြစ်လို့နေပါပြီ။ ဝိုင်းစုခိုင်သိန်းတစ်ယောက် ဒီအောင်မြင်မှုကိုရဖို့ ဘယ်လိုအချိန် ကစတင်ကြိုးစားခဲ့ရသလဲဆိုတော့ – အနုပညာလောကထဲစပြီး ဝင်ခဲ့တဲ့ခုနစ်က ၂၀၀၄ခုနှစ်ကုန်လောက်ကပေါ့နော်။ချစ်ချစ်နဲ့သူငယ်ချင်းနှစ်ယောက်ဗီဒီယို ဇာတ်ကားနဲ့ စပြီး ရောက်လာခဲ့တာပါ။ စပြီးဝါသနာပါခဲ့တာကတော့ ဂီတပိုင်းကိုပါ။ ဒါပေမယ့်အရင်လုပ်ဖြစ်တာကတော့ သရုပ်ဆောင် အလုပ်ကိုပေါ့သရုပ် ဆောင်လုပ်ရင်းနဲ့၂၀၀၆လောက်မှာ ကိုဆောင်းဦးလှိုင်ရဲ့ လက်တွဲခေါ်မှုနဲ့အတူ ကောင်မလေးတစ်ယောက် အကြောင်းသီချင်းမှာ ပါဝင်သီဆိုခဲ့ရပါ တယ်။ဝိုင်းစုကအစကတည်းကဂီတပိုင်း မှာ ဝါသနာပါတယ်ပြောထားတော့လေ ကိုဆောင်းဦးက ဝိုင်းစုကို ဗီစီဒီခေါ်ရိုက် […]