DaveJanuary 21, 20101min1714
မော်ဒယ်ဘဝကနေ သရုပ်ဆောင်ဘဝကို ကူးပြောင်းလာခဲ့တဲ့ ဝိုင်းစုခိုင်သိန်းဟာ အခုဆိုရင် မက်လောက်စရာစီးရီးထဲက မက်လောက်စရာ၊ ကမ်းခြေ၊ ပြန်တော့ကွယ် တေးသီချင်းတွေနဲ့အတူ အခုလောလောဆယ်လူကြိုက်များနေတာတွေ့ရပါတယ်။ ဒါ့အပြင် လမ်းဆုံစီးရီးထဲက အပြစ်မမြင် တေးသီချင်းကလည်း ဝိုင်းစုရဲ့ အနုပညာလမ်းကြောင်းမှာ မှတ်တိုင်တစ်ခုဖြစ်သွားနိုင်တယ်လို့ ဆိုရမှာပါဘဲ။ အခုလက်ရှိမှာ ဇာတ်ကားတွေရိုက်ဖျော်ဖြေပွဲတွေ သီဆိုရင်း စုံတွဲ ခွေတွေမှာလည်း ဝိုင်းစုမပါရင် မဖြစ်တဲ့ အခြေအနေဖြစ်လို့နေပါပြီ။ ဝိုင်းစုခိုင်သိန်းတစ်ယောက် ဒီအောင်မြင်မှုကိုရဖို့ ဘယ်လိုအချိန် ကစတင်ကြိုးစားခဲ့ရသလဲဆိုတော့ – အနုပညာလောကထဲစပြီး ဝင်ခဲ့တဲ့ခုနစ်က ၂၀၀၄ခုနှစ်ကုန်လောက်ကပေါ့နော်။ချစ်ချစ်နဲ့သူငယ်ချင်းနှစ်ယောက်ဗီဒီယို ဇာတ်ကားနဲ့   စပြီး ရောက်လာခဲ့တာပါ။ စပြီးဝါသနာပါခဲ့တာကတော့ ဂီတပိုင်းကိုပါ။ ဒါပေမယ့်အရင်လုပ်ဖြစ်တာကတော့ သရုပ်ဆောင် အလုပ်ကိုပေါ့သရုပ် ဆောင်လုပ်ရင်းနဲ့၂၀၀၆လောက်မှာ ကိုဆောင်းဦးလှိုင်ရဲ့ လက်တွဲခေါ်မှုနဲ့အတူ ကောင်မလေးတစ်ယောက် အကြောင်းသီချင်းမှာ ပါဝင်သီဆိုခဲ့ရပါ တယ်။ဝိုင်းစုကအစကတည်းကဂီတပိုင်း မှာ ဝါသနာပါတယ်ပြောထားတော့လေ ကိုဆောင်းဦးက ဝိုင်းစုကို ဗီစီဒီခေါ်ရိုက် […]


DaveJanuary 21, 20101min1381
အပြုံးချိုချိုလေးတွေနဲ့ ဟန်နွေငြိမ်းဟာ ဆိုကရေးတီးမှာ မြန်မာ့ရိုးရာအကကို ကပြယှဉ်ပြိုင်ခဲ့ရင်း အခုဆိုရင် တက်သစ်စတေးသံရှင် သရုပ်ဆောင်Jenny အဖြစ် ရပ်တည်နေပါပြီ။သူမရဲ့လက်ဦးဆရာက ရသ ဖြစ်တယ်လို့ ပြောပါတယ်။ သူမဟာ တေးသီချင်းစုံတွဲခွေများစွာမှာ ပါဝင်သီဆိုခဲ့ပြီး ဖြစ်ပါတယ်။ အခုဆိုရင် သူမရဲ့တစ်ကိုယ်တော်စီးရီး မကြာခင် ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းမှာ တေးသံရှင်အောင်ကိုလတ်ရဲ့သမီး မီရှယ်လ်ရိုက်ကူးတဲ့ ရန်ကုန်မြို့မှ ကြိုဆိုပါ၏ နဲ့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့  The Virus ဇာတ်ကား နှစ်ကားမှာပါဝင်သရုပ်ဆောင်ထားပြီးပါပြီ။ငါ့နှမလေးပွသွားပြီ  ဆိုတဲ့ ရုပ်ရှင်ကားကြီး တစ်ကားမှာလည်း ရွှေဘိုသူလေးအဖြစ် သရုပ်ဆောင်ဖို့ လက်ခံထားပြီဖြစ်တယ်လို့ ဆိုပါတယ်။Jenny နဲ့ စကားပြော ကြည့်တဲ့ အခါ – အောင်မြင်မှုအပေါ် ဂုဏ်ယူသင့်ပါတယ်။ ထပ်ကြိုးစားသင့်ပေမယ့် မာန်တက်တာမျိုးတော့ မဖြစ်သင့်ဘူးပေါ့နော်။ အောင်မြင်မှုဆိုတာ ပရိသတ် လက်ခံ အားပေးမှုက(၁)အချက်၊ အဲဒီနောက်မှာ အနုပညာ […]


DaveJanuary 21, 20101min791
သတင်းစာဆရာ၊ စာရေးဆရာလူထုဦးလှ ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ဇန်နဝါရီ၁၉ရက်၊ နံနက် ၁၁နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅-၈၆လမ်းကြားနှင့် ၃၅လမ်း မဏိရတနာရာမ၊ မြတောင် ကျောင်းတိုက်အတွင်းရှိ မြတောင်သာသနာနှစ်၁၀ဝပြည့် ဗိမာန်တော်ကြီးတွင် ကျင်းပရာ ရန်ကုန်နှင့် မန္တလေးမှ စာပေညာရှင်များနှင့် စာပေဝါသနာရှင်များတက်ရောက်ခဲ့ကြသည်။ မြတောင်တိုက်မှ ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက် ကပ်လှူဒါန်းပြီး တက်ရောက်လာသောဧည့်ပရိသတ် များကို နေ့လယ် စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ ဒုတိယပိုင်းအစီအစဉ်အနေဖြင့် ဆရာကြီး ဦးသော်ကောင်း၊ ဦးဝင်းတင်၊ ကလျာ(ဝိဇ္ဇာ၊သိပ္ပံ)၊ ဒဂုန်တာရာ၊ ဦးဝင်းငြိမ်းတို့မှ ပေးပို့သော သဝဏ်လွှာများကို ဖတ်ကြားသည်။ ဆရာလူထုစိန်ဝင်း၏ “ရှေးဦးကြံဆ လမ်းသစ်ဖောက်သူ ´´စာတမ်းကို ဆရာကျော်ရင်မြင့်က လည်းကောင်း၊ ခင်နှင်းဦး၏ “ထောင်နံရံတွင် ထင်ဟပ်နေသော ခေတ်၏ပုံရိပ်များ´´ စာတမ်းကို ဆရာမမိချမ်းဝေကလည်းကောင်း ဖတ်ကြားသည်။ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)က […]


DaveJanuary 18, 20101min2416
မြန်မာ့ပညာရေးနဲ့ပတ်သက်ပြီး တော်တော်များများရေးဖြစ်ခဲ့ပါတယ်။ဒီနောက်ဆက်တွဲ ထဲမှာတော့ အခြေခံပညာနဲ့ပတ်သက်တဲ့အချက်အလက်တချို့နဲ့ နောက်တစ်ဆင့် တက်လှမ်း လာတဲ့ အဆင့်မြင့်ပညာနဲ့ ပတ်သက်တဲ့ စာရင်းဇယားတချို့ကို ထည့်သွင်းဖော်ပြထားပါတယ်။ ရန်ကုန်၊မန ္တလေး၊မေမြို့တို့မှ လက်ရှိနာမည်ရ ကျူရှင်နှင့်ဘော်ဒါဆောင်ကြီးများ အမေ့အိမ် ရန်ကုန် Masters ရန်ကုန် စွယ်တော် ရန်ကုန် ဖြိုးမာန် ရန်ကုန် KMC မန ္တလေး VEC မန ္တလေး CAE မန ္တလေး ဦးဟန်မြင့်မောင် မန ္တလေး စိုးစံ မေမြို့ စာပန်းအိမ် မေမြို့ မြန်မာတစ်နိုင်ငံလုံး ပညာဆိတ်သုဉ်းခဲ့သော ကာလများ ၁၉၁၄မှ ၁၉၁၈ ပထမကမ ္ဘာစစ် ၄နှစ် ၁၉၃၉မှ ၁၉၄၂ ဒုတိယကမ ္ဘာစစ် ၃နှစ် ၁၉၄၅ ဂျပန်တော်လှန်ရေး ၁နှစ် […]


DaveJanuary 18, 20101min881
အကြီးစားဖြန့်ချိရေးလုပ်ငန်းများအတွက် ပုံနှိပ်ကြော်ငြာများက အွန်လိုင်းကြော်ငြာများထက်နှစ်ဆကျော်ပို၍ ထိရောက်မှုရှိကြောင်း မိုက်ခရိုဆော့ဖ်ကြော်ငြာအဖွဲ့က လေ့လာတွေ့ရှိခဲ့သည်ဟု တနင်္လာနေ့ထုတ် တိုင်းမ်စ် တွင် ဖော်ပြထားသည်။ရုပ်သံနှင့်အွန်လိုင်းများပေါ်တွင်ကြော်ငြာသည့်လုပ်ငန်းများမှ ရရှိသည့်အခွန်သည် ၂.၁၅ မှ ၃.၄၄ စတာလင် ပေါင်သာရှိသော်လည်း ပုံနှိပ်ကြော်ငြာများမှ ရရှိသည့်အခွန်သည် ၁စတာလင် ပေါင်မှ ၅စတာလင်ပေါင်အကြားရရှိသည်ကို တွေ့ရကြောင်း ယင်းစစ်တမ်းတွင်ပါရှိသည်။ အဆိုပါစစ်တမ်းတွင်ပါဝင်သော အကြီးစားဖြန့်ချိရေးလုပ်ငန်းများကို အမည်ဖော်ပြထားခြင်းမရှိသော်လည်း ဗြိတိန်နိုင်ငံမှ ဖက်ရှင်ဖြန့်ချိရေးလုပ်ငန်းများ၊ ကုန်တိုက်ကြီးများ၊ လူသုံးကုန်ပစ္စည်း ဖြန့်ချိရေး လုပ်ငန်းများ နှင့် အဝတ်အထည်စတိုးဆိုင်ကြီးများ ပါဝင်ကြောင်းသိရသည်။တိုင်းမ်စ်၏အလိုအရ ပါဝင်ကြသော လုပ်ငန်း ၂၄ခုသည် ဗြိတိန်နိုင်ငံ၏ ထိပ်တန်းကုမ္ပဏီ ၁၀ဝစာရင်းဝင်များဖြစ်သည်ဟု ဆိုသည်။ ပုံနှိပ်နှင့် အွန်လိုင်း မီဒီယာများ၏ ကြော်ငြာလုပ်ငန်းဆိုင်ရာ ငွေကြေးသုံးစွဲမှုပမာဏသည် ၁ဝရာခိုင်နှုန်းတိုးမြှင့်သင့်သည့်တိုင် ရုပ်သံကြော်ငြာများတွင်မူ အလားတူပမာဏကို လျှော့ချပစ်သင့်သည်ဟု စစ်တမ်း ထဲတွင် အကြံပြုထားသည်။ ၂၀၀၃ခုနှစ်အတွင်း […]


DaveJanuary 18, 20101min2738
မြန်မာရုပ်ရှင်လောကကြီးဖြစ်တည်ရှင်သန်နေတာ နှစ်ပေါင်း(၆၀)နီးပါးရှိခဲ့ပါပြီ။ရုပ်ရှင်အနုပညာ ထူးချွန်သူ တွေကို ဂုဏ်ပြုတဲ့အနေနဲ့ချီးမြှင့်တာ မြန်မာနိုင်ငံမှာ အကယ်ဒမီတစ်မျိုးပဲရှိပါတယ်။ အဲဒီတစ်မျိုးတည်းတောင် ပျောက်မသွားအောင်အနိုင်နိုင်ထိန်းထားရတဲ့အတွက် မြန်မာနိုင်ငံမှာ ရုပ်ရှင်ဆုပေးတာရှိတယ်လို့ ပြောပြစရာ ကျန်ရုံလောက်ပဲရှိပါတော့တယ်။ရင်ခုန်စရာမကောင်း တော့ဘူးလို့ မြန်မာပရိသတ်က ပြောနေကြပါပြီ။ ဘာလို့ရင်မခုန်ကြတာလဲ မြန်မာရုပ်ရှင်ကို တစ်ပြည်တစ်ရွာကလူတွေမဆိုထားနဲ့ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်ကတောင် ရင်မခုန်ကြတော့ ဘူးဆိုတော့ ဘယ်လိုဆက်လုပ်ကြမလဲ။ဒါရုပ်ရှင်လောကသားတွေအဓိကစဉ်းစား ကြရမယ့်ပြဿနာ ဖြစ်ပါ တယ်။တခြားပုဂ္ဂိုလ်တွေမှာလည်း အနည်းနဲ့အများတာဝန်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ရုပ်ရှင်ဆိုတာ အနု ပညာတစ်ရပ်ဖြစ်တယ်။ခေတ်ပေါ်ယဉ်ကျေးမှုရဲ့ ပုံစံတစ် ရပ်လည်းဖြစ်တဲ့အတွက် ဒါဟာမြန်မာ ခေတ်ပြိုင် ယဉ်ကျေးမှုအတွက် ကြီးမားတဲ့ပြဿနာတစ်ခု လို့လည်း ဆိုနိုင်ပါတယ်။ ပရိသတ်ကမြန်မာတွေလုပ်တဲ့မြန်မာရုပ်ရှင်ကိုရင်မခုန်ကြဘူး။အကယ်ဒမီဆုပေးတဲ့ကိစ္စကိုလည်း ရင်မခုန် ကြဘူးဆိုတဲ့သဘောက ပေါ့သေးသေးပြဿနာမဟုတ်ပါဘူး။မြန်မာတွေညံ့ပြီး ရင်းညံ့နေကြ လို့လား။ မြန်မာ သရုပ်ဆောင်တွေ ဒီခေတ်မှာ တော်တော်ညံ့ကုန်ကြပြီလား။ရုပ်ရှင် အနုပညာ မြန်မာနိုင်ငံမှာ ဆိတ်သုဉ်းသွား တော့မှာလား။အတတ်ပညာရော မရှိကြတာလား။ ကြိုးစားအားထုတ်မှုမရှိတာလား […]


DaveJanuary 9, 20101min921
၁၉၄၁ နှစ်ကုန်ပိုင်းရောက်တော့ ဒုတိယကမ ္ဘာစစ်ကြီး မြန်မာနိုင်ငံကို ကူးစက်လာတာနဲ့တစ်ပြိုင်တည်းမှာပဲ ပညာရေးရေစီးကြောင်းလည်း ရပ်တန့်သွားခဲ့ရတယ်။ဂျပန်ခေတ်မှာ မြန်မာ့ပညာရေးဟာ ၁၉၄၂ နှစ်ကုန်ပို်င်း လောက်ရောက်မှ စပြီးပုံမှန်ဖြစ်တယ်။ဂျပန်တွေက မြန်မာနိုင်ငံမှာ ကျောင်းအမျိုးအစားတွေ သုံးမျိုးကွဲပြားနေ တာကို လက်မခံဘူး။မြန်မာလိုသင်တဲ့ အခြေခံကျောင်းတွေပဲ တစ်ပြေးညီရှိရမယ်လို့ မူဝါဒချမှတ်ပစ်လိုက် တယ်။ကောင်းတော့ကောင်းပါတယ်။အချိန်ယူပြီး ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပေမယ့် ဂျပန်တွေအချိန်မရခဲ့ဘူး။ အင်္ဂလိပ်-မြန်မာ မဟာမိတ်တပ်ဖွဲ့နဲ့ ဂျပန်စစ်ဖြစ်ပြီး ၁၉၄၅မှာ ပြန်ပြေးခဲ့ရတယ်။အင်္ဂလိပ်က စစ်နိုင်တော့ အခြေခံပညာရေးကို ပြန်ကိုင်တယ်။ ကိုင်ပေမယ့် ဂျပန်ခေတ်ဆိုတဲ့ ၃နှစ်အတွင်းမှာ ပညာငတ်နေတဲ့လူတွေနဲ့ စာသင်ကျောင်းတွေမှာ အချိုးမညီ မမျှဖြစ်ရာကနေ ပရိုက်ဗိတ်ကျောင်းလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းတွေ အလျှိုအလျှိုပေါ်ထွက်လာခဲ့တယ်။မြန်မာ့ လွတ်လပ်ရေးရပြီးတော့ ပြည်တွင်းသောင်းကျန်းမှုကို ရှင်းရင်းရှင်းရင်းနဲ့ ပြည်တွင်းအေးချမ်းတည်ငြိမ်ရေးက ပိုရှုပ်လာခဲ့တယ်။အစိုးရက ပညာရေးကို အားထည့်ပြီးလုပ်မပေးနိုင်တဲ့အတူ မထူးပါဘူးဆိုတဲ့သဘောနဲ့ ၁၉၅၁မှာ “ကိုယ်ပိုင်ကျောင်းများမှတ်ပုံတင်ဥပဒေ´´ ပြဌာန်းပေးခဲ့တယ်။ကျောင်းသား၂ဝရှိရင် ကိုယ်ပိုင် […]


DaveJanuary 9, 20101min941
အမေရိကန် ပြည်ထောင်စုစုံစမ်းထောက်လှမ်းရေးအဖွဲ့ ကြီးက သိရှိသော၊သံသယရှိသော အကြမ်းဖက်သမားများသည် ၄၀၀၀၀ဝကျော်ရှိရာ ၎င်းတို့အနက် အမေရိကန်နိုင်ငံသားများသည် ၂ရာခိုင်နှုန်းအထိပါဝင် လျက်ရှိသည်ကိုတွေ့ရသည်။ထိုအဖွဲ့ကြီးက ယင်းအကြမ်းဖက်သမားစာရင်းကို အသုံးဝင်သည်ဆိုသော်လည်း အချို့ကမူ မဆီမဆိုင်သံသယဖြစ်ခံရသူများ၏အခွင့်အရေးကို ထိခိုက်စေရုံသာ အဖတ်တင်သည်ဟု ထောက်ပြကြသည်။ အက်ဖ်ဘီအိုင်၏အလိုအရ အဆိုပါစာရင်းသည် ဆက်လက်တိုးပွားလာလျက်ရှိပြီး အကြမ်းဖက်သမားထောက်လှမ်းရေးဗဟိုအဖွဲ့က တစ်နေ့လျှင် အချက်အလက်ပေါင်း ၁၂၀ဝအထိလက်ခံ ထောက်လှမ်း နေရကြောင်း တစ်နိုင်ငံလုံးမှုခင်းနှိမ်နင်းရေးအဖွဲ့များမှ ပေးပို့သောအမှုတွဲများနှင့်ပတ်သက်၍ အသစ်ဖြည့်စွက်ရခြင်းများရှိသကဲ့သို့ ပယ်ဖျက်ရခြင်းများလည်းရှိသည်ဟု ဆိုသည်။ထိုစာရင်းထဲတွင် မည်သည့် ပုဂ္ဂိုလ်မျိုးကို ထည့်သွင်းနေကြောင်း အကြမ်းဖက်သမားထောက်လှမ်းရေးဗဟိုအဖွဲ့က အတိအလင်းပြောကြားခြင်းမရှိသဖြင့် မိမိတို့ကိုယ်တိုင်ပင် ပါမည်၊မပါမည်ကို ရေရာစွာမသိရပေ။အကယ်၍ မိမိနှင့် သက်ဆိုင်ခြင်းမရှိဘဲ စာရင်းတွင်ပါနေသည်ကိုတွေ့ရပါက Traveler Redress Inquiry Program ဝက်ဘ်ဆိုက်နှင့် ဆက်သွယ်ပြီး မေးမြန်းဖြေရှင်းနိုင်ပါသည်။ဆက်သွယ်ခဲ့သမျှပုဂ္ဂိုလ်အများစုမှာ စာရင်းတွင် လုံးဝပါဝင်သူများမဟုတ်ကြောင်း အကြမ်းဖက်သမားထောက်လှမ်းရေးဗဟိုအဖွဲ့မှ ပြောခွင့်ရသူ ချတ်ကော်လ်တွန်က ဆိုသည်။ […]


DaveJanuary 9, 20101min730
ချောင်းဆိုးခြင်း၊နှာချေခြင်းနှင့် သာမန်အသက်ရှူသွင်းရှူထုတ်ခြင်းတို့ကို အခန်းတွင်း၌ပြုလုပ်လျှင် ပေ၁၆ဝ အတွင်း တုပ်ကွေးရောဂါပိုးကို ကူးစက်စေနိုင်ပါသည်။ရောဂါပိုးပြန့်နှံ့နေသောလေကို သန့်ရှင်းအောင်ပြုလုပ်ရန် အတွက်လည်း မလွယ်ကူပါ။ အိတ်ချ်ဝမ်းအင်န်ဝမ်းတုပ်ကွေးရောဂါဖြစ်ပွားမှုကို လူအများပိုမိုသိရှိလာကြသည်နှင့်အမျှ ယခုနောက် ပိုင်းတွင် တုပ်ကွေးရောဂါပိုးရှိသောလေကိုသန့်စင်ပေးနိုင်သည်ဆိုသော ဖြန်းဆေးဘူးများကို လမ်းဘေး ဈေးသည်များရောင်းသည်အထိ ဆေးဝါးနှင့်ကာကွယ်ရေးပစ္စည်းများ တိုးပွားလာသည်ကိုတွေ့ရသည်။ ယင်းဆေးဘူးများကို တရားဝင်မှတ်ပုံတင်ထားခြင်းမရှိကြောင်း ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က သတိပေးထားသည်။ “ဒီလို ထိရောက်တဲ့ဖြန်းဆေးရှိတယ်ဆိုရင်တောင် အခန်းထဲကို လူတစ်ယောက်ဝင်လာမယ်ဆိုရင် လေက ဓာတ်ပြန်ပြီးပျက်ပြယ်သွားမှာဖြစ်ပါတယ်။´´ဟု အဆိုပါအဖွဲ့မှ ပြောခွင့်ရသူ ဒေးလ်ကေမာရီက ထုတ်ဖော် ပြောကြားသည်။ယင်းဆေးဘူးများထွက်ပေါ်လာသည့် ဇာစ်မြစ်ကို ထိုအဖွဲ့က စုံစမ်းလျက်ရှိပြီး ဝယ်ယူသုံးစွဲ သူများရှိလျှင် တစ်ဘူးလျှင် ဒဏ်ငွေ ၇၅၀ဝအထိ ပေးဆောင်စေရမည်ဟုလည်း သတိပေးထားသည်။ ဖြန်းဆေးဘူးအချို့ကို ပိုးမွှားသေစေသည်ဟု ကြော်ငြာရောင်းချနေကြသော်လည်း အမှန်တကယ်တွင် လေထဲရှိရောဂါပိုးများကို အကျိုးသက်ရောက်မှုရှိစေမည်မဟုတ်ကြောင်း ဆေ့ဖ်စပေ့စ်ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် […]


DaveJanuary 5, 20101min910
လွန်ခဲ့တဲ့၁ဝနှစ်လောက်တုန်းက အိမ်အများစုဟာ အင်တာနက်သုံးဖို့အတွက် Dial-upစနစ်ကိုပဲ တပ်ဆင်ခွင့်ရခဲ့ တယ်။အဲဒီတုန်းက အိုင်ပေါ့တို့၊ဖလက်တီဗွီတို့၊Nintendo Wii တို့ ဘာမှ မရှိခဲ့သေးပါဘူး။၂၀၁ဝထဲရောက်လာ ခဲ့ပြီဆိုတော့ ဝယ်ယူသုံးစွဲသူတွေအနေနဲ့ အဟောင်းအနွမ်းတွေကို ခေါက်ထားခဲ့ပြီး ပိုမိုဆန်းပြားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို မျှော်မှန်းသင့်ပါတယ်။ဥပမာ အိမ်တွင်းရုပ်ရှင် ငှားရမ်းမှုမျိုး၊အမေဇုံကင်ဒဲလ်လိုမျိုးတွေပေါ့။ရွေးချယ်စရာတွေကတော့ အများကြီးဖြစ်မှာသေချာပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာ မဝယ်သင့်တော့တဲ့ ပစ္စည်းတွေကျန်ရှိနေတဲ့အထဲက ၁ဝမျိုးကို ကောက်နုတ်ဖော်ပြ ချင်ပါတယ်။ ဒီဗီဒီခွေများ ခွေငှားဆိုင်ကနေ ဗွီဒီယိုခွေငှားရမ်းကြည့်ရှုကြရတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားခဲ့ပါပြီ။ဘလော့ဘတ်စတာက ၂၀၁ဝခုနှစ်ကုန်ရင် သူတို့ရဲ့အငှားဆိုင်တွေရဲ့ ၂၂ရာခိုင်နှုန်းကို ပိတ်ပစ်တော့မှာဖြစ်တယ်လို့ လွန်ခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ပြီးတော့ ဒီဗီဒီဇာတ်ကားတစ်ကားဆိုရင် ဒေါ်လာ ၂ဝ ရှိခဲ့ပါတယ်။တိုင်းမ်ဝါနာကေဘယ်က ဇာတ်ကားတစ်ကားကို ၄.၉၉ဒေါ်လာလောက်နဲ့ပဲ ထောင်သောင်းချီပြီး ဖြန့်ပေးတော့မယ်။ဗာရိုက်ဇုန်ဖီးယို့စ်ကေဘယ်ကလည်း တစ်လမှာ ၅.၉၉ဒေါ်လာပေးဆောင်ရုံနဲ့ ရုပ်ရှင်ဇာတ် ကားတွေကို ကိုယ်ကြည့်ချင်သလောက် အကန့်အသတ်မရှိ ဒေါင်းလုပ်ရယူစေနိုင်တော့မယ်လို့ […]


DaveJanuary 5, 20101min790
အခြေခံပညာရေးအစ အခြေခံပညာရေးဆိုတဲ့ အပိုင်းကို စပြီးတော့ ကြည့်ရအောင်။သမိုင်းကြောင်းကို ခြုံငုံပြီးစောင်းငဲ့ ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၁၁ရာစုကစပြီး ပညာဆိုတာရှိလာခဲ့တယ်။ဗုဒ္ဒဘာသာ သာသနာထွန်းကားလာတာနဲ့အမျှ ဘုန်းတော်ကြီးကျောင်းပညာရေး ပေါ်ထွန်းလာတယ်။ အဲဒါမြန်မာ့အခြေခံပညာရေးရဲ့ မြစ်ဖျားခံရာပါပဲ။ ဘုန်းကြီးက ယောက်ျားလေးတွေဖြစ်တဲ့ မောင်ကျောင်းသားလေးတွေကို သင်ပုန်းကြီးကုန်အောင် စပြီးသင်ပေးတယ်။ပြီးတော့ ဘုရားရှိခိုးအမျိုးမျိုးနဲအပါအဝင် ပရိတ်ကြီး၁၁သုတ်ကို နှုတ်တက်ရွရွ ဆိုနိုင်အောင် ကျက်မှတ်ခိုင်းတယ်။အဲဒီအဆင့်ကကျော်လွန်သွားရင် သဒ္ဒါ၊သဂြိ င်္ုလ်ပိုင်းတွေ အထိ စသည်ဖြင့် အဆင့်ဆင့် တက်သွားတယ်။မိန်းကလေးတွေကတော့ လူကြီးတွေထံက သေစာရှင်စာ သင်အံ ကြရတယ်လို့ ဆိုပါတယ်။ဘာအတွက် သင်အံလေ့ကျက်ကြတာလဲ။အဓိကကတော့ လောကုတ​္တရာ အကျိုးအတွက် ဖြစ်ပါတယ်။လောကီအကျိုးအတွက်ကတော့ အဲဒါတွေ လွန်မြောက်ပြီးတဲ့အခါ ဗေဒင်ကျမ်း၊ဆေးကျမ်း၊ဓာတ်ကျမ်း၊လင်္ကာကျမ်းတွေနောက်ကို လိုက်ကြတယ်။၁၈၂၄ခုနှစ် မတိုင်ခင်အထိ အဲဒီပညာရေးစနစ်ပဲ ရှိနေခဲ့ပါတယ်။ ၁၈၂၆ခုနှစ်နောက်ပိုင်းမှာတော့ အင်္ဂလိပ်သိမ်းပိုက်အုပ်ချုပ်တဲ့ဒေသတွေမှာ အစိုးရကျောင်းတွေဟာ ခရစ်ယာန်သာသနာပြုကျောင်းတွေနဲ့အပြိုင် ပေါ်ထွန်းလာခဲ့တယ်။အီးကျောင်းတွေမှာ အင်္ဂလိပ်သဒ္ဒါ၊ ဂဏန်းသချာင်္အစရှိတဲ့ ဘာသာရပ်တွေကို […]


DaveJanuary 3, 20101min1495
တပ်လှန့်စကား ခေတ်တွေစနစ်တွေသာ ပြောင်းသွားကြပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းပြည်နဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာဟာ တက်လာတယ်ရယ်လို့ မတွေ့ရပါဘူး။ပိုပိုပြီးတော့ပဲ ဆုတ်ယုတ်လာနေပါတယ်။ရုပ်ပိုင်းရောစိတ်ပိုင်းပါ ယုတ်ညံ့နေတယ်။တိုင်းပြည်ရဲ့ စီးပွားရေး၊လူမှုရေး၊နိုင်ငံရေး ဘာမှတိုးတက်လာတာမရှိပါဘူး။တစ်နှစ်ပြီး တစ်နှစ်သာ ကုန်သွားတယ်။ဘာဖြစ်လာသလဲ။အပေါ်ယံငွေမှုန်ကြဲတာတွေနဲ့ပဲ ပြီးဆုံးသွားတာဟာ စေ့စေ့ တွေးကြည့်မယ်ဆိုရင် တိုင်းပြည်ရော လူမျိုးပါ နစ်နာပါတယ်။ ဒီတိုင်းပြည်ကြီးမှာ လူထုအကျိုး၊တိုင်းပြည်အကျိုးဆောင်ရွက်ဖို့ တစ်နှစ်အတွက် ဘတ်ဂျက်ဘယ်လောက်ရှိလို့ ဘယ်လောက်သုံးခဲ့တယ်ဆိုတာလည်း မသိရဘူး။စီးပွားရေး ဘယ်လောက်ဖွံ့ဖြိုးပြီး တိုင်းသူပြည်သားတွေရဲ့ တစ်ဦးချင်းဝင်ငွေ ဘယ်လောက်ရှိကြတယ်ဆိုတာလည်း ဘာမှန်းမသိရဘူး။လူမှုရေးအကျိုးခံစားခွင့်တွေဆိုလို့လည်း မူးလို့တောင်မှ ရှူစရာရှိကြရဲ့ လား။နိုင်ငံဖွံ့ဖြိုးမှု ကရော ဘယ်လိုရှိနေသလဲ။သေချာတွေးကြည့်ရင် မြန်မာနိုင်ငံဟာ ကျိန်စာသင့်နေတဲ့ နိုင်ငံလို့တောင် ဆိုရ မလိုပါပဲ။ဖရိုဖရဲဖြစ်နေတာကြာခဲ့ပါပြီ။ ညစ်ကျယ်ကျယ်လုပ်တဲ့လူတွေကတစ်ဖက် ပေကပ်ကပ်သမားတွေကတစ်ဖုံ ဒီလိုပဲဆက်သွားကြမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ “ဖာသည်လိုနိုင်ငံ´´ဘဝကနေ ဖာထက်ကြီးတဲ့ ပုတ်နိုင်ငံဖြစ်ဖို့ရာပဲရှိပါလိမ့်မယ်။တိုင်းပြည်ကိုဦးဆောင်ချင်တယ်၊ခေတ်မီဖွံ့ဖြိုးအောင် လုပ်ချင်တယ်၊ပြုပြင် ပြောင်းလဲရေးလုပ်ချင်တယ်လို့ ပြောတဲ့လူတွေ တင်းမာနေလို့ လုံးဝမရတော့ပါဘူး။တိုင်းပြည်နဲ့ လူမျိုးဟာ နွံ […]


DaveJanuary 2, 20101min970
အသက်၁၅နှစ်ပြည့် အမှတ်တရအဖြစ် စိန်ရွှေဖြိုး၏ ပန်းချီ ပြပွဲကို ဒီဇင်ဘာ၂၄ရက်နေ့မှ ဒီဇင်ဘာ၂၈ရက်နေ့အထိ ၇၈ လမ်း၊ ၂၇-၂၈လမ်းကြား ပံသု စန္ဒာပန်းချီပြခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ထိုပန်းချီပြပွဲကို ၂၀၁ဝနှစ်သစ်အကြိုလှုပ်ရှားမှုတစ်ခုအဖြစ် မန ္တလေးရိသတ်က လက်ခံ ကြိုဆိုခဲ့ကြသည်။ စိန်ရွှေဖြိုး၏ ပထမ အကြိမ်ပြပွဲကို အောက်တိုဘာ ၁၁ရက်၊ ၂၀၀ရခုနှစ်တွင် ပန်းချီ ကား ၄၅ကားပြသခဲ့ပြီး ယခုဒုတိ ယအကြိမ်ပြပွဲတွင် ပန်းချီကား ၅၄ကားပြသခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့ စလေ ဘုန်းတော်ကြီး ပညာသင် ကျောင်းတွင် ပညာသင်ကြား လျက်ရှိပြီး ဦးရဲစိုး+ဒေါ်နှင်းနှင်း ရွှေတို့၏ သားဖြစ်သည်။ ရန် ကုန်တွင် ကျင်းပခဲ့သော စင်ကာပူတွင် ပြပွဲကျင်းပမည့် မြန်မာ့ အလှမြင်ကွင်း၂၀၀၉ တွင် မန္တလေးမြို့မှ တစ်ဦးတည်းဆုရရှိခဲ့သူတစ်ဦးဖြစ်သည်။