Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


thit minDecember 3, 20113min64122
သူကြီးရေ မတင်သင့်ဘူးထင်ရင်တော့ ဖျက်ပေးပါခင်ဗျ။ ဖတ်စေချင်တဲ့ စေတနာသက်သက်ပါ။ သက်ဆိုင်သူ မူရင်းသတင်းနေရာများကိုလည်း အထူးခရက်ဒစ်ပေးထားပါတယ်။ ဪ….. အင်နားရှား၊အင်နားရှား(^^) Special Credit to Ko Sai Nay Min (စုိုင်းနေမင်း)   http://freedomnewsgroup.com Special Credit to Ko Ye Yint Nge http://www.yeyintnge.com/2011/12/blog-post_9825.html ဟီလာရီရဲ့ ဂျက်လေယာဉ် ဘယ်လို အစွမ်းထက်သလဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အသုံးပြုတဲ့ လေယာဉ်တွေအနက် C-40B အမျိုးအစား ဘိုးရင်းဂျက်လေယာဉ်လဲ အပါအဝင် ဖြစ်ပါတယ်။ ဟီလာရီ စီးလေ့ရှိသည့် C-40B အထူးဂျက်လေယာဉ် C-40B အထူး ဂျက်လေယာဉ်ထဲမှာ အလုပ်လုပ်နေတဲ့ ဟီလာရီ ဟီလာရီအတွက် အထူး သံတမန်လုံခြုံရေးအရာရှိ C-40B ဂျက်လေယာဉ်ဟာ အလျား […]


thit minDecember 3, 20114min71721
Special Credit to http://www.demowaiyan.co.cc/2011/12/hillary-clinton_03.html and… (ဓာတ်ပုံ AP) (သတင်းဆိုရင် ဖိုရမ်မှာဘဲ ကျနော် တင်ပါတယ်။ ဖိုရမ်က ဝင်သူလဲနည်းလို့ရယ် ဒီပုံလေးတွေကိုတော့အများစုကြည့်စေချင်လို့ ဒီမှာတင်တာ ပါ။) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အကြင်နာတရား ကြီးမားလှသောပွေ့ဖက်မှုများ တင်းကျပ်စွာဆုပ်ကိုင်ထားကြသောချစ်ခြင်းမေတ္တာလက်များ သင်တို့၏ကြီးကျယ်မြင့်မြတ်သော စိတ်နှလုံးသားတို့နှင့် ဆင်းရဲခြင်းမျိုးစုံကို ခံစားနေရသူတို့အား ကယ်တင်ပါလော့။ သင်တို့၏ ဖြူစင်သန့်ရှင်းသောပြူမူဆောင်ရွက်မှူတို့နှင့် လောက၏ ညစ်ထေးမှုများကိုဆေးကြောပေးပါလော့။ အမေ ပျောက်သော သားတို့ အမေပြန်တွေ့ရသော ဒီနေ့တွင် အားကိုးရာမဲ့ ငိုကြွေးနေရသော သားတို့ အားကိုးရာရင်ခွင်အရိပ်ပြန်ရသောဒီနေ့တွင် ယုံကြည်စိတ်ချစွာ သားတို့ ဘဝများအားလုံခြုံမှုပေးနိုင်မည်ဟူသောနမိတ်ပုံရိပ်တို့အား ဤသို့ သားတို့တွေ့ရပါပြီလို့။(^^)     အမေစုနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary  Clinton တိုရဲ့ ဟန်ဆောင်မှုကင်းတဲ့ ကြည်နှူး ဝမ်းမြောက်ဖွယ် သမိုင်းဝင်မှတ်တမ်း ဓာတ်ပုံတွေပါ… […]


thit minNovember 30, 20111min56014
ဝီကိ(Wiki) အကြောင်းပါ။ ။ ဘွဲ့လွန်သင်တန်းတွေ( မာစတာ၊ပီအိတ်ချ်ဒီ) မှာ ဝီကိက “ကိုးကား” ကိုလက်မခံတဲ့ တက္ကသိုလ်တွေ တော်တော်ကြား လာရတယ်။ အခုရှိတဲ့ကျောင်းမှာအဲဒီလိုဖြစ်နေလို့….. တခြား(အနောက်ဖက်)ကတက္ကသိုလ်ဆရာတွေနဲ့ ကွန်ဖရင့်တွေမှာဆုံလို့မေးကြည့်တော့ “Refernce-ကိုးကား”မသုံးသင့်လို့ သတ်မှတ်ထားတဲ့ကျောင်းတွေ ထပ်တွေ့လာရပြန်တယ်။ ဝီကိလိခ်ရဲ့တချိန်က ဂယက်များပါမလားတော့ မသိဘူးနော်လို့စဉ်းစားမိသေးတယ်။ အချက်တခုအနေနဲ့။။ ကျနော်ကတော့နဂိုထဲက စာအုပ်နဲ့ကိုးကားသူပါ။ “ပေါ့ပေါ့ပါးပါး စာတွေကလွဲရင်အွန်လိုင်း -ကိုးကား -သုံးလေ့မရှိတော့” ဘယ်လိုမှ မခံစားရပါဘူး။ ပြောရရင် သူ့(ဝီကိ)မှာလည်း “စာအုပ်ကိုးကားတွေ”ဟိုး အောက်ခြေမှာတွေ့နေရတာဘဲ။ ဖြစ်ပုံကဒီလို။ အွန်လိုင်းကိုးကား သမားတွေက ဝဒ်ဆိုဒ် တခုကို ကိုးကားရင် တော်တော်များများ အကုန်ဒီအတိုင်းယူ(Retrieve)လား။ ဝင်ကြည့်ရုံ ဝင်ကြည့်ပြီး ရှိတဲ့စာအုပ်ထဲကဟာလေးနဲ့ “တူတယ်”လို့ ထောက်ညွန်းဖို့လေးဝင် တာ(Access)ဆိုတာရေးရပါတယ်။ အဲဒီ လိုအမျိုးအစား ခွဲပြီးရေးရတဲ့အပြင် ကိုယ်ဝင်ကြည့်တဲ့ ” Date-နေ့ရက်” ကိုပါရေးရပါတယ်။ […]


thit minNovember 27, 20111min76825
ရွာပါတ်ပြီး ကဗျာစပ်ကြည့်မှာမို့ အသာရပ်ကြည့်လို့အားမရရင် ကော်မန့်ဝင်ပေး ဟင်……ကဗျာရေးပေါ့ ~~~~~~~~~~~ ကဲ…. အသိထူးရအောင်ဒီကိုလာတာလား အကြည့်မြူးရအောင်ဒီကိုလာတာလား ဟင်…အညှိ”ဘူးရ”အောင်ဒီကိုလာတာလား….   စိတ်လျှော့ချင်လို့လာတာလား သိပ်ဆော့ချင်လို့လာတာလား ဟင်….အအိပ်လျှော့ချင်လို့လာတာလား…   စာသင်ချင်လို့လာတာလား ကညာမြင်ချင်လို့လာတာလား ဟင်…..အာရွှင်ချင်လို့လာတာလား….   ဆွေးချင် ငေးချင်လို့လာတာလား တွေးချင် ရေးချင်လို့လာတာလား ဟင်….ကျွေးချင်မွေးချင်လို့လာတာလား….   ခရီးများကို ပစ်ပြီးလာတာလား ရီးဇားကို ညစ်ပြီးလာတာလား ဟင်…..ဇနီးမယားကို လစ်ပြီးလာတာလား   အလှအပအသွင် ပုံနဲ့ ဟာတွေ  မှတ်ချင်လား တသသ ရင်ခုန်မဲ့ ကဗျာတွေစပ်ချင်လား ဟင်….ရသအမြင် စုံတဲ့ စာတွေ  ဖတ်ချင်လား။   ငရုတ်သီး ထောင်းကို စားချင်လား ဂျုပ်ကြီး အကြောင်းကို ပွါးချင်လား ဟင် …တရုတ်ကြီးအကြောင်းကို ကြားချင်လား   ငွေ […]


thit minNovember 26, 20111min38816
သူက အိုးသူကြီး ထမင်းငတ်တဲ့ကိန်း၊ အဝေမတတ် ဆရာငတ်တဲ့ ဇာတာ၊ အများအကျိုးဆောင်ကိုယ့်ပုဆိုးပေါင်သက်ရောက်ဂြိုလ်စား၊နဲ့ သူများရေးသော ပို့စ်လေးတွေကိုကောင်းနိုးရာရာ ပြောပြနေခဲ့သူပါ။ ဟိုလူချော့ရင်း ဒီလူသိပ်ရင်း နောက်ဆုံးတော့ အိပ်ရေးပျက်ရသူဟာ “သူ”ပါ။ ချော်လဲရင် ဖုံတွေခါကာရယ် ထူပေးချင်သူ တယောက်ကို မေ့နေမိတယ်။ သူမှာလည်း သူ့ချောင်းရေနဲ့ လောင်းလှေနဲ့လှပတင့်တယ် အလှချယ်နိုင်သူပါ။ သူ့ကို ကျနော် ဖော်ထုတ်ပြသကြည့်ပါမယ်။ လိုအပ်ရင် ကျနော်ညံ့လို့သာပါ။ သူ သို့မဟုတ် ကိုဘလက်။ သူရေးထားတဲ့ ဂေဇတ်အညွန်းဆိုတာ ရေးနိုင်ဘို့ ဘယ်လောက် ဖတ်ရမယ်ဆိုတာစဉ်းစားကြည့်ရင်သိပါတယ်။ ပြီးတော့ သူဟာ(ကျနော့ထက်) ကော်မန့်တွေကိုလဲ လူမှူတာဝန်ကျေစွာရေးနိုင်သောသူပါပေ။ သူရေးတဲ့ စာထက် သူများရေးတဲ့စာရဲ့ ကောင်းသော အချက်တွေကိုရှာဖွေပေးတဲ့သူ့ “စေတနာ” အပြည့်ပါသော “တံခါးစောင့်” “တံခါး” ပါသော စာများကတော့ အထူးပြောစရာမရှိ၊ နဖူးကြောသာကြည့်၊ ဦးဩဘာ […]


thit minNovember 24, 20111min47115
ပြောလိုက်တာကတမျိုး ပြောဖြစ်သွားတော့တမျိုး Post မှ .. မင်းပြည့်ရှိန်မေးကို သစ်မင်းဖြေ တင်ဆက်လိုက်ပါသည်။ (…..ညီရေ အဲဒီလို ဆွေးနွေးပေးတာကျေးဇူးပါ။) —————————————————-  “အဓိက က ဈေးကွက် ဗျလို့ ပြောလိုက်ရင် ကိုဂျီး ဂီက ဘယ်လို ပြန်ပြောမလဲ မသိ ဦးသစ်ရယ်” (^^)~~~~~~~~~ဈေးကွက်ဆိုပေမဲ့ ကိုယ်ရဲ့လုပ်နေတဲ့ နေရာရဲ့ “စံ=Standard” ကိုတော့ချိုးလို့မရဘူးလို့ပြောလိမ့်မယ်ထင်တယ်။ သူ့မေးကြည့်ပေါ့ သေချာအောင်။ ————————————————————————————– “ကျွန်တော် Satori က ထုတ်တဲ့ ကားတွေ ကြည့်ဖြစ်ပါတယ် ကြိုက်လို့လေ.. Flash ဆိုတဲ့ ကားကနေ စပြီး ကြည့်ဖြစ်တာ ကိုယ်က သဘောကျလွန်းလို့ ပတ်ဝန်းကျင်ကို ပြောတော့ ဘာဂျီးမှန်း မသိဘူးတဲ့.. ဒါနဲ့ပဲ..ဪ  ဆိုပြီး Satori ကပဲ ထုတ်တဲ့ “တိမ်တွေသွားတဲ့လမ်း”ကို […]


thit minNovember 22, 20111min104340
ကျနော်ရုပ်ရှင်နားထောင်တယ်ဗျ။ ဒီဘက်မှာစာရေးနေရင်ဟိုဘက်က PC တလုံးကို ရုပ်ရှင်ဖွင့်ထားတတ်တယ်။ အာရုံရောက်တဲ့အခါလဲရှိ၊မရောက်တာအခါလဲရှိပေါ့။ မြန်မာရုပ်ရှင်ဆိုတာ… ၁။ပါတဲ့လူတွေသိပြီးသား၊(ကျနော်ဆိုလူကြမ်း ကိုစောလွင်အေး၊ဦးမြမောင်၊မိုးဟိန်း၊ဒီရဲဂျာလိုသရုပ် ဆောင်တွေကိုတောင်သေသေခြာခြာသိတာဆိုတော့) ၂။ဇာတ်လမ်းက100%မှန်းလို့ရတယ်။ ရှေ့အခန်းဘာဖြစ်မယ်ဆိုတာတောင်သိနိုင်တာ။ အဲဒီတော့ကြည့်စရာမလိုဘူး။ နိုင်ငံခြားမှာအနေကြာတဲ့ကျနော့အတွက်တော့နားထောင်စရာတော့လိုတယ်။ ခေတ်ကဘာတွေဖြစ်နေပြီလဲ။ဘာတွေဈေးတက်နေလဲ။ ဘယ်မှာဘာတွေရောင်းဝယ်နေကြလဲ။လူတွေရဲ့စိတ်တွေကဘောလုံးလား။၂လုံးလား။ဘာလဲ။ ကြည့်မိလိုက်တဲ့အခါမှာတော့ကင်မရာဘယ်နှစ်လုံးနဲ့ရိုက်တာလဲ။ မှန်ထိုးထားလား။ ကင်မရာအန်ဂယ်ယူတာဘယ်လိုထူးခြားလဲ။ဘယ်ကားကခိုးချထားတာလဲ။ ဘယ်တုန်းကဘယ်သူနဲ့ဘယ်သူ့ဇာတ်လမ်းလဲ။ ဘယ်မင်းသားဟောင်းကြီးရဲ့အတုကိုခိုးထားတဲ့ဒိုင်ယာလော့လဲ။ တချို့ကတဇာတ်လုံးမခိုးဘူး၊အပိုင်းလေးခိုးတာ။ တချို့ကလူကြိုက်များတဲ့ စကားလုံးဆိုဘယ်ကားဖြစ်ဖြစ်သုံးတော့တာ။ ပြီးတော့ထွင်ပြီးသုံးတာနဲ့ဘယ်စကားဘယ်ရောက်မှန်းမသိဘူး။ ဒီမန်းဂေဇက်မှာတောင် တော်တော်အော်လိုက်ကြသေးတာလေ။ ရုပ်ရှင်ကဂျူလီးယက်တရေးနိုး၊ မိုးဟေကိုကပြောတဲ့ဇာတ်ဝင်စကား(ဒိုင်ယာလော့ခ်) “အိမ်တအိမ်မှာ ယောက်ျား အယောက်တရာ ဆန့်ချင်ဆန့်မယ် မိန်းမတယောက်ရဲ့နှလုံးသားမှာတော့ ယောက်ျားတယောက်ဘဲဆံ့ မယ်”ဆိုတဲ့စကား။ အသဲယားစရာကြီးပြောပုံက မိန်းမတယောက်ရဲ့တခြားဘယ်နေရာမှာရော ယောက်ျားဘယ်နှစ်ယောက် လောက်စီဆန့်နိုင်မလဲ? ကိုယ်ဟာကို စဉ်းစားတော့…………ဖွပေးလိုက်ပြီ။ အဲဒီလိုတလွဲတွေအပုံကြီးနော် သိပါတယ်။ ယုတိ္တ္တမရှိတာတွေကလည်းအများကြီးပါဘဲ။ အဆိုးဆုံးကမင်းသားကန်ချက်မှာ သိသိသာသာကြီး မျက်နှာကြီး ထိုးခံတတ်တဲ့ လူကြမ်းတွေပါဘဲ။ ခမြာများလည်းသနားစရာပါ၊အမြင့်ကခုန်ချလည်းသူတို့၊ချော်ထိုးမိလည်းဆောရီးပေါ့။ နို့….မင်းသားအကျ အဝတ်လေးတွေရဘို့၊ဒီမင်းသားငှါးရင် ဒီဇာတ်ပို့၊ဒီလူကြမ်းဆိုတာကိုး။ အဲဒီတော့ဇာတ်ပြောင်းမယ်၊နေရာပြောင်းမယ်၊လူတွေကအပေါ်ဆုံးကနေအောက်ဆုံးထိအတူတူ။ […]


thit minNovember 20, 20114min90226
ကိုကြောင်ရေ ဒီမှာ ဆက်ဆွဲရအောင်နော်။သေသေချာချာဆွေးနွေးပေးလို့လဲကျေးဇူးတင်ကြောင်းပြောပါရစေ။ ကိုကြောင်။      ။နဂါးလေးကောင်နဲ့ ကျားလေးကောင် အကောင်ရှစ်ကောင်ရဲ့ တူညီချက်သည် (၁) အမေရိကန်၊ ဥရောပ နိုင်ငံများနဲ့ ဆက်ဆံရေးအဆင်ပြေလို့ ကုန်သွယ်ခွင့်ရတယ်၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ အတတ်ပညာများရတယ်။ (၂) ၁၉၉ဝခုနှစ်များမှာ ဖြစ်ပေါ်ခဲ့တဲ့ ကမာ္ဘ့နိုင်ငံရေး၊ စီးပွားရေး ပုံစံသစ်များကို မှီခဲ့တယ်။ (၃) တရုတ်ကြီးဩဇာ ထိန်းညှိဖို့ အနောက်နိုင်ငံများရဲ့ အရေးပေး ဆက်ဆံမှု ရခဲ့တယ်။   Born 22 August 1904(1904-08-22) Guang’an, Sichuan, China Died 19 February 1997(1997-02-19) (aged 92) Source: http://en.wikipedia.org/wiki/Deng_Xiaoping   ကျနော်အမြင်အရတော့ တရုတ်ရဲ့အနေအထားကို အခုမှမဟုတ်ဘဲ ၁၉၇၉ Deng Xiaoping တိန့် […]


thit minNovember 18, 20111min56525
(အချိန်ရမှအေးအေးဆေးဖတ်ရန်ဖြစ်ပါသည်) ကျနော် မောင် သစ်မင်းရဲ့ “စူပါပါဝါဖြစ်ဖို့ဆိုတာ… (၂)” မှာ ကိုကြောင်မေးခဲ့တဲ့မေးခွန်း နံပါတ်သုံးရဲ့အဆက်ပေါ့ဗျာ။ Question 3: ဂျပန်ဘာကြောင့် တန့်နေပြီး တရုတ်ဘာကြောင့် တက်လာသလဲ၊ ဂျပန်ကြုံသလို တရုတ်ကြီးကိုမကြုံနိုင်ဘူးလား။ ကြုံမယ်ဆို ဘယ်နည်းဘယ်ပုံ ဘယ်တော့လောက်ဖြစ်မလဲ။ သူတို့မှာ ဘာကန့်သတ်ချက်၊အားသာချက်တွေ ရှိကြလဲ။ ~~~~~~~~~~~~~~~~~ ဂျပန်ဘာကြောင့် တန့်(Stagnation) နေတာလဲကို ကိုကြောင်သို့ …..(၂) မှာဖြေပြီးပီနော်။ အဲဒီမေးခွန်းထဲကကျန်တဲ့အပိုင်း (တရုတ်ဘာကြောင့် တက်လာသလဲ၊ဂျပန်ကြုံသလိုတရုတ်ကြီးကိုမကြုံနိုင်ဘူးလား။ ကြုံမယ်ဆို ဘယ်နည်းဘယ်ပုံ ဘယ်တော့လောက်ဖြစ်မလဲ။သူတို့မှာ ဘာကန့်သတ်ချက်၊အားသာချက်တွေ ရှိကြလဲ။) ဆိုတာတွေကိုအခုဆက်ပြောပြပေးပါမယ်။ ~~~~~~~~~~~~~~~~~~ အထူးမှတ်ချက်။             ။ကျနော် နိုင်ငံတွေရဲ့ စီးပွါးရေးဖွံ့ဖြိုးမှုပုံစံတွေကို လေ့လာရတာ ဝါသနာပါတယ်ဗျ။ဘာလို့လဲဆိုတော့ ကျနော်တို့ နိုင်ငံအတွက် လုပ်ခွင့်သာလာတဲ့တနေ့ လုပ်နိုင်မဲ့ပုံစံလေးတွေ (သို့)အခု ဘောင်ထဲကဘဲ လုပ်လို့ရတာလေးတွေကိုရှာဖွေကြည့်ချင်လို့ ပါဘဲ။ တကယ်တော့ […]


thit minNovember 14, 20111min66239
  “စတုဒီသာ လေး မျက်နှာမှ “………………………..” “ဆဋ္ဌမ ဒီသာခြောက် မျက်နှာမှ “…………………………” “အဋ္ဌမ ဒီသာ ရှစ်မျက်နှာမှ “…………………………..” “ဒဿမ ဒီသာ ဆယ် မျက်နှာမှ “အလဲ ဗင်း ဒီသာ ဆဲ့တမျက်နှာမှ ဆိုတဲ့ ကိုဇာဂနာရဲ့ နောက်ပြီး ခွန်းထောက်ဆိုတာကို တော်တော်သဘောကျခဲ့တာဗျ။ ဟုတ်ပဗျာ။ အရပ်လေးမျက်နှာ၊ငါးမျက်နှာ၊ ….ရှစ်မျက်နှာ၊ဆယ်မျက်နှာ၊က လူတွေလူတွေ မန်းဂေဇက်ရဲ့စမ်းရေအထွက်မှာ အပမ်းဖြေလျှက် လာလိုက်ကြတာ၊ ရေးလိုက်ကြတာ၊ မန့်လိုက်ကြတာ ဝင်လာမစဲ တသဲသဲ ဆိုတဲ့ ယတြာ ဆောင် စရာမလိုတဲ့ သူကြီးမင်း ရဲ့ ဆိုဒ် မိုက်ချက်ကတော့ ဂိတ်ဆုံး ။ အဲဒီတော့နိမိတ်ပုံ ထင်ဟပ်ကြည့်လိုက်တော့ အလှူမဏ္ဍပ် ကြီး တခု ပါဘဲလားလို့။ ထူးခြားတာကဒီအလှူ မဏ္ဍပ်ကြီး ကပိုင်ရှင် […]


thit minNovember 12, 20111min42415
ကဗျာလို့သူဟာသူကင်ပွန်းတပ်ပြီး အထုပ်အပိုးပြင် အတွေးအိမ်ကဆင်းသွားတာဘဲ…။ ရေနောက်တာနဲ့ မြက်ကြမ်းတာ ဘယ်ကြော်ငြာသင်ပုံးမှာတွေ့နိုင်မယ်ဆိုတဲ့ ဖော်မြူလာကို တော့ ဘယ် ခေတ်မှာမှကို မတည်ထွင်နိုင်တာကလဲ “လေ” စရာဘဲတဲ့ ….။ ဦးတည်ချက်နဲ့ရည်ရွယ်ချက်ကို ပုလင်းတလုံးထဲ ထဲ့ပြီး ပင်လယ်ထဲမျှောတဲ့ပုံပြင်ကိုပြောပြရင်း ပွင့်လင်းပြီးအရိုင်းဆန်တဲ့ မုန်တိုင်းတွေ ရယ် ရိုးသားမှုရဲ ့လေပြေညင်းတွေရယ်ကို အိုဗာဝိတ်တင်ပြီး မောင်းနှင်သွားတဲ့ကဗျာကားကို ငါမတားခဲ့နိုင်တာတော့ ဝန်ခံတယ် ……………… ။ ရနံ့ဖောက်ခွဲရေးသမား ပန်းခင်းကြီးရယ် တေးသံမြှားတွေ အဆက်မပြတ်ပစ်တတ်တဲ့ ငှက်ငယ်တွေကြားမှာ စမ်းရေသောက်ရတဲ့ နေ့တွေကိုလဲ ဘဝင်မမြင့်ဘဲ မင်းဖြတ်မောင်းသွားပါ …………။ အကွေ့အကောက် ချောက်ကမ်းပါးတွေက တောင်ပြိုနေ့ကံကြမ္မာဆိုးတွေနဲ့ ပစ်တင်ရှုံ့ချစကား ဆူနာမ်ီလှိုင်းထန် ကမ်းခြေမှာကယ်နိုင်သူဝေးတဲ့ညတွေမှာလဲ မင်း ဖီးနစ် ဖြစ်နေပါစေ………………….။ ပြန်လာဘို့ ဆိုတာကတော့ တံခါးမှ မရှိတာလေ ဖွင့်တာလဲ မရှိ ပိတ်ထားတာလဲ မရှိ […]


thit minNovember 10, 20112min65522
(ဆရာခိုင်၊ ကိုFR၊ ကိုကြောင် ၊ကိုဇာဂီ  ၊ကိုထူးဆန်း၊ ကိုပါလေရာတို့၏ ဆွေးနွေးချက်များအားကျနော့၏အသိလက်တွေ့ အမြင်များပေါင်းစပ်၍ပြန်လည်ရေးသားပါသည်။)   (၁)တိကျသေခြာမှု (၂)စိတ်အဆင့်အတန်း (၃)ရိုးသားခြင်း(မျက်နှာလွဲလို့ရခြင်း) (၄)အစုံကျွမ်းကျင်လုပ်သား (၅)လူကိုတန်ဘိုးထားခြင်း (၆)အလုပ်ကိုတန်ဘိုးထားခြင်း (၇) တသွေးတသံတမိန့် ( Comapny Warrior ) အထက်ပါရ ချက်ကတော့ အရင်ပို့စ်ကဂျပန်တို့ရဲ့အားထားပြုခဲ့တဲ့အဓိကအချက်တွေပါ။ အဲဒီအချက်တွေကိုခြုံငုံခေါင်းစဉ်အားဖြင့်စီးပွါးရေးဆိုဒ်ကအရင်ပြောပါမယ်နော်။ ခေါင်းစဉ်ဆိုပေမဲ့အောက်မှာရေးပါ့မယ်။ရှင်းချင်လို့ပါ။ (၁)တိကျသေခြာမှု (၂)စိတ်အဆင့်အတန်း (၃)ရိုးသားခြင်း(မျက်နှာလွဲလို့ရခြင်း) (၆)အလုပ်ကိုတန်ဘိုးထားခြင်း စွမ်းဆောင်နိုင်သောအရည်အသွေး(Capability=Absolute Advantage) = ပင်ကိုယ်အရည်အသွေးအပေါင်း၊ ပတ်ဝန်းကျင်ရဲ့ထိန်းကြောင်းမှုပါ, အရေးပါပါတယ်။ယူထိုက်တဲ့နည်းပါ။ (၄)အစုံကျွမ်းကျင်လုပ်သား စရိတ်ခြိုးခြံထုပ်လုပ်ခြင်း(Cost-Effectiveness) =လူတယောက်ထဲနဲ့လစာတခုထဲနဲ့အများကြီးခိုင်းလို့ ရတာမျိုးပါ။အလုပ်သမားကိုစိတ်ဖိအားStress ရစေပါတယ်။အပေါ်က (Capability) ကိုကျသွားစေပါတယ်။ (၅)လူကိုတန်ဘိုးထားခြင်း လူသားအရင်းအမြစ်ဖော်ထုတ်ခြင်း(GeneratingHumanResources) =သုံးလို့မရတဲ့သူမရှိဘူးဆိုတဲ့ခံယူချက်ပါ။ တော်တော်ကောင်းပါတယ်။လူကိုအသုံးဝင်လာအောင်လုပ်တဲ့နည်းမို့ယူထိုက်ပါတယ်။ (၇) တသွေးတသံတမိန့် ( Comapny Warrior =ကုမ္မဏီစစ်သည်တော်များ) စီမံခန့်ခွဲမှုထိန်းချုပ်မှု (Managerial […]


thit minNovember 8, 20111min29211
ဘဝအကြွေးကို ခနလေးလို့မမှတ်နဲ့ မရသေးတာလဲ တွေးကြပေါ့၊ ပေးရတာကတော့ နေ့တိုင်း၊ ရေလှိုင်းလိုထန်တဲ့ ဝဲဂယက်ဘဝ၊ လွဲချက်ကနာတာလဲ အမြဲနီးပါး၊ တလွဲခရီးသွား နေရသလိုမို့ အငြီးတွားပိုမိတာလဲ ရှိမယ်ထင်၊ ငြိတွယ်တတ်တဲ့ စိတ်အစဉ်၊ ဘဝင်မကျတိုင်းပြောရတာလဲ ဒေါပွစရာဘဲဖြစ်၊ အသစ်ကိုလဲ ပြောင်းဘို့မလွယ်၊ အဟောင်းကို တွယ်လို့ညစ်၊ နွယ်လို့ဖြစ်လာတဲ့အကြောင်း၊ အကောင်းချည်းဘဲမှတ်လဲ၊ ဇာတ်ထဲက “ကားဆွဲ” လို၊ အများလဲမမြင်ရ စင်ပေါ်ကစင်ပေါ်ကလို့ မဟုတ်မမှန်နဲ့ ကိုယ့်ဟာကို လုပ်ကြံအားပေး အနားလေးယူလိုက်အုန်းမယ်ဗျို့။   (^^) အားလုံးကိုလေးစားပါသည် မောင်သစ်မင်း