ဖြေဆည်ရာ

thit minNovember 8, 20111min14011

ဘဝအကြွေးကို

ခနလေးလို့မမှတ်နဲ့

မရသေးတာလဲ

တွေးကြပေါ့၊

ပေးရတာကတော့

နေ့တိုင်း၊

ရေလှိုင်းလိုထန်တဲ့

ဝဲဂယက်ဘဝ၊

လွဲချက်ကနာတာလဲ

အမြဲနီးပါး၊

တလွဲခရီးသွား

နေရသလိုမို့

အငြီးတွားပိုမိတာလဲ

ရှိမယ်ထင်၊

ငြိတွယ်တတ်တဲ့

စိတ်အစဉ်၊

ဘဝင်မကျတိုင်းပြောရတာလဲ

ဒေါပွစရာဘဲဖြစ်၊

အသစ်ကိုလဲ

ပြောင်းဘို့မလွယ်၊

အဟောင်းကို

တွယ်လို့ညစ်၊

နွယ်လို့ဖြစ်လာတဲ့အကြောင်း၊

အကောင်းချည်းဘဲမှတ်လဲ၊

ဇာတ်ထဲက “ကားဆွဲ” လို၊

အများလဲမမြင်ရ

စင်ပေါ်ကစင်ပေါ်ကလို့

မဟုတ်မမှန်နဲ့

ကိုယ့်ဟာကို

လုပ်ကြံအားပေး

အနားလေးယူလိုက်အုန်းမယ်ဗျို့။

 

(^^)

အားလုံးကိုလေးစားပါသည်

မောင်သစ်မင်း

11 comments

  • alinsett

    November 8, 2011 at 6:35 pm

    ကိုသစ်မင်းရဲ့ ကဗျိုတာ..လေးကို
    ဖတ်လိုက်ပါတယ်…။
    ကာရန်နဲ ့မတည့်သူမို ့ ကျွန်တော်…..
    မဝေဖန်တတ်ပါဘုူး ခင်ဗျာ..။
    ကျွန်တော်..နှာစေး နေလို့ပါ။
    ဟဲဟဲ။။။
    ကို သစ်မင်းရေ..
    ခင်လို့ စတာပါ။
    ကဗျာရေးသူ….တစ်ဦး အနေနဲ ့…သိက်ကို လေးစား..အားကျနေပါတယ်ဗျ။

    ခင်မင်..လေးစားစွာ…
    အလင်းဆက်

    • thit min

      November 8, 2011 at 6:37 pm

      ဟိုမှာရေးထားတယ် လေဗျာ
      သော့ခတ်ထားတဲ့အရိပ်၊ ဝေဖန်ပေးအုန်း၊ကိုအလင်းဆက်ရေ။

  • alinsett

    November 8, 2011 at 7:03 pm

    ဟုတ်ကဲ.. ကိုသစ်မင်းရေးတာကို သွား ဖတ်ပြီးပါပြီ။
    သိပ်ကောင်းတဲ ့ စာသားလေးတွေ..အတွက် ကျေးဇူးပါ ။
    ကိုသစ်မင်းရဲ ့ ဖန်တီးနိုင်စွမ်းအားကို ချီးကျူးလိုက်ပါရစေ..။

    လေးစားစွာ…

  • windtalker

    November 8, 2011 at 7:23 pm

    ကိုသစ်ရေ ကဗျာကို နှုတ်ကနေ အသံထွက်ဖတ်ကြည့်တော့ ရပ်သီချင်း တစ်ပုဒ်လိုလိုပါဘဲလား ဗျ
    တယ်စွမ်းပေသည် ။

  • ပေါက်ဖော်

    November 8, 2011 at 7:35 pm

    ဘယ်ဘက်က စမ်းစမ်း..
    ညာဘက်က စမ်းစမ်း..
    ဆာသစ်..အစွမ်း..အံ့မခန်း ပါပဲဗျ

  • ကြောင်လတ်

    November 8, 2011 at 7:43 pm

    တချိန်က ခေခတ်စားပြီး စံနစ်ထားရေးဖွဲ့ခဲ့ကြတဲ့ ကာရံအသားပေး ကဗျာလေးတွေဟာ
    အခုတော့ ရက် ပ် သီချင်းတစ်ပုဒ်လိုဖြစ်နေပါရောလား ဆရာသစ်ရေ။
    ဆရာသစ်ဟာ အပြင်လောကမှာ အောင်မြင်နေတဲ့ ပရို စာရေးဆရာတစ်ယောက်များလားဗျာ။
    ရေးလိုက်သမျှကောင်းချက်ကတော့………….

  • ကိုရင်စည်သူ

    November 8, 2011 at 9:10 pm

    အသစ်ကိုလည်း မပစ်ပယ်နှင့်
    အဟောင်းကိုလည်းမရစ်တွယ်နဲ့…
    အိုင်ပီ ကိုသစ်မင်းလည်း
    တိုတိုထိထိ ကဗျာတွေရေးတာ
    ရေလည်ကောင်း…
    ဘယ်ဘက်ကစမ်းစမ်း
    ညာဘက်ကစမ်းစမ်း..
    ခွပ်လိုက်ကြစို့ … ကသစ်ရေ…
    အောက်..အီးအီး.. အွတ်… :D:D:D
    (ခင်မင်လေးစားလို့ ချစ်ကိုကြီးလိုစတာနော်.. စိတ်မဆိုးနဲ့)

    • thit min

      November 9, 2011 at 11:34 am

      ကိုရင်စည်သူလေး
      အပျိုမြင်ကြည်ဖြူအရေး
      ဘယ်လိုရင်အပီကြူပေး
      မလိုချင်မကြည်ဖြူသေး
      ဟိုတခင်လင်ယူပြေး။(^^)

  • ကြောင်ကြီး

    November 9, 2011 at 10:16 am

    ဖြေဆည်ရာ
    မြေဝယ်ပါ
    ကြာတဲ့အခါ
    ဈေးတယ်ကောင်း။။။ 🙂

  • etone

    November 9, 2011 at 2:36 pm

    ဘဝအကြွေးကို
    လပေးဆပ်ချင်လို့
    ခဏလေးပါ အစ်ကို
    ညလေးကငိုကာယို
    တိုးလျှိုးတောင်းပန်
    လောကဓံလည်းခံ
    ထောမယ့်ကံလည်းကြံ
    လျှော်ရမှာလည်း မတန်
    ဪ …. ငါ့ကံ ငါ့ကံ 🙄

  • AKKO

    November 9, 2011 at 4:47 pm

    ဖြေဆည်ရာ
    ငွေသယ်လာ
    ကြုံသလိုဗျာ
    ဝင်တွယ်ပါ (ထမင်းဆိုင်ရွေးမနေနဲ့ ကြုံတဲ့ဆိုင်ဝင်စားလို့ ပြောတာပါ ) 😀

Leave a Reply