သူရႆဝါNovember 24, 20111min753
“ဆြာသူရဿဝါ၏ အိုင်တီတဲရော့ အချစ်ဗေဒင်ဟောစာတမ်းကြီး” ကျွန်ုပ် ဗေဒကဝိ ပညာရှိ ဆြာသူရဿဝါ သည်ကား အမျိုးမျိုး အစုံစုံ အဖုံဖုံသော ဗေဒင်တွက်နည်း များဖြင့် တွက်ချက် သမှု ပြုရခြင်း အလုပ်တွင် ငြီးငွေ့လာသည် ဖြစ်သည်နှင့် အညီ နိုင်ငံရပ်ခြား သိုးဆောင်းသားတို့ ဗေဒင် ကဝိ တွက်ချက် ဘိသည့် ဖဲချပ်အလား တဲရော့ကဒ်များကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တီထွင်ဖန်တီး အသုံးပြုရန် အလို့ငှာ စိတ်အကြံ ရလေသည်။ အထူးသဖြင့် Net Guide ဂျာနယ်၏ စာဖတ် ပရိသတ်များ ဖတ်ရှု လေ့လာ ကြမည် ဖြစ်သဖြင့် ခေတ်မှီ ဆန်းပြားစွာသော အိုင်တီ တဲရော့ကဒ်များ အနေဖြင့် အထူးတလည် ဟောကြား လိုက်ရပေသည်။ ချစ်စွာသော စာဖတ်သူတို့ အနေနှင့် […]


သူရႆဝါNovember 21, 20111min1335
  “အစိမ်းစိတ်ကူးကမ္ဘာ” ညစ်ပတ်စုတ်ပြတ်လာပြီ အဲဒီတော့ဘာလုပ်မလဲ သူ့ကျေးဇူးတွေရှိခဲ့တာပဲ မြေဆီမြေနှစ်ကလေးကအစ ချစ်ကြရမယ် ကမ္ဘာကြီးကို ငါတို့အလယ်မှာထားလိုက် အခုကပြန်စမယ် . . . ပေါလစ်ပြန်တင်မယ် ၊ ပတ်တီးကိုင်မယ် ငါတို့ တညီတညာထဲ ဆေးရောင်လှလှခြယ်ရအောင် . . . အစိမ်းရောင် ။    ။   (နိုဝင်ဘာလ ၁၉ တုန်းက  AGMP ကဗျာဆရာများက “သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး” ကို ရည်ရွယ် ပြုလုပ်တဲ့ Green Poetry Workshop မှာ ရွတ်ဆိုဆွေးနွေးဖြစ်တဲ့ ကဗျာဖြစ်ပါတယ်)     သူရဿဝါ နိုဝင်ဘာ ၁၉ ၊ ၂၀၁၁ ခုနှစ်


သူရႆဝါNovember 18, 20114min1142
“မုန်းတဲ့ကဗျာထဲမှာ မိသံစဉ်ရဲ့လှောင်ရယ်သံတွေ” (၁) စိတ်အနာကို သီချင်းလုပ်ဆိုတော့ ငါ့အသံတွေ ကွဲအက်လာတယ် “နင် . . ဘယ်မှာလဲ မိသံစဉ်” (၂) နှင်းပွင့်ပန်းပုလေးနဲ့ ကြမ်းတမ်းတဲ့နွေရာသီဇာတ်လမ်းမှာ ငါဟာ တဖျောက်ဖျောက်ကြွေခဲ့ရပေါ့ ဒီလိုပါပဲ နာဖျားတဲ့လက်အစုံနဲ့ အလွမ်းကိုပွတ်သပ်တဲ့အခါ ငါ့နှုတ်ခမ်းဖျားမှာ နင့်နာမည်လေး ဝေ့တက်လာ (၃) “မိသံစဉ်ရေ . . . ” “မိသံစဉ်ရေ . . .” . . . . . . “မိသံစဉ်ရေ . . . ” (၄) ငြှိမ်းသတ်လိုက်တဲ့ ငါ့ချစ်ခြင်းကို နင်ကိုယ်တိုင်ပဲ ပြန်ထွန်းညှိပါ နင့်ကိုယ်ပိုင် မီးအိမ်လေးလိုသဘောထားပြီး ငါ့ကို နင်ထွန်းညှိပါ နင့်ကိုယ်ပိုင်အိမ်ကလေးလိုသဘောထားပြီး ငါ့ဆီမှာနင်နေပါ […]


သူရႆဝါNovember 16, 20112min14413
ဆယ်နှစ်ကျော်ကြာ ကျင်းပခွင့် မပြုခဲ့သော ပုဇွန်တောင် ရေကျော် သီတင်းကျွတ် ပွဲဈေးတန်းကို ပြန်လည် ကျင်းပခွင့် ပြုလိုက်သည်။ ဒီနှစ် သီတင်းကျွတ်မှာ အိုင်တီသမားများ ဈေးရောင်း စားကြမည်။ M51A ခေါင်းဆောင်ကြီး ကိုတင်ထွန်းလွင်၊ စုဘူးဖန်ကလပ် ဥက္ကဌ ကိုစိုင်းနောင်နှင့် စာရေးဆရာကလေး ကိုသူရဿဝါတို့ ဆိုင်ခန်းနေရာ ယူ၍ ရေကျော် သီတင်းကျွတ် ပွဲတော်တွင် ဈေးရောင်းရန် ကြံစည် ကြသည်။ ဘာရောင်းကြမလဲ .. တိုင်ပင်ကြသည်။ ဘီယာ ရောင်းကြမည်။ ဟုတ်ပြီ … စပ်တူ ရှယ်ယာထည့် လိုက်ကြသည်။ တစ်ယောက် သုံးသိန်း အရင်းဆိုတော့ သုံးယောက်ဆို ကိုးသိန်းပေါ့။ စိုးရိမ်တတ်သော သူရဿဝါက မေးမိသည်။ “ကိုထွန်း … ပွဲဈေး လေးရက်ထဲနဲ့ ကိုးသိန်းဖိုး ကျော်အောင် […]


သူရႆဝါSeptember 28, 20113min1625
“သူရဿဝါနှင့် နာမည်ကြီးအဆိုတော်ဖြစ်နည်း” သူရဿဝါ တစ်ယောက် ယခုတလော ရောဂါထ နေသည်။ ၉၆ ပါး ရောဂါထဲ များအနက် တစ်ခုမှ မဟုတ်။ အဆိုတော် ဖြစ်ချင်သော ရောဂါ ဖြစ်၏။ မီဒီယာ တစ်ခုက သီချင်းဆို ပြိုင်ပွဲ အစီအစဉ် တစ်ခု တင်ဆက်ရာ နာမည်ကျော် သွားခြင်းမှ အစပြုသည်။ ထိုပြိုင်ပွဲသို့ နိုင်ငံအဝှမ်းမှ ဂီတ ဝါသနာရှင် များစွာ လာရောက် ယှဉ်ပြိုင် ကြသည်။ ဂီတ အကြောင်း လုံးစေ့ပတ်စေ့ နားလည် သူများမှ စ၍ ရေချိုးခန်းထဲ အပျင်းပြေ သီချင်းညည်း ကြသူများ အဆုံး တရုန်းရုန်း စင်ပေါ်တက်၍ တီဗီဖန်သားပြင် မှတဆင့် အစွမ်းပြကြ၏။ နိုင်ငံကျော် ဂီတ ပညာရှင်များ၊ အဆိုတော်များက […]


သူရႆဝါSeptember 15, 20114min872
“Net Guide နှင့် စကြာဝဠာ တိုက်တစ်သောင်း” ဖြစ်စဉ် (၁) စတိဗ်ဂျော့ Vs လယ်ရီပေ့ချ် Apple ကုမ္ပဏီ၏ CEO ဖြစ်သူ စတိဗ်ဂျော့ဘ်စ် ရာထူးမှ အနားယူပြီ ဟူသော သတင်းများ ပေါ်ထွက်လာပြီး နောက်တစ်နေ့တွင် ဖြစ်သည်။ ခမ်းနားထည်ဝါ လှသော မိုးပျံတိုက်တာ အဆောက်အအုံကြီး အောက်ခြေမှ အပေါ်သို့ အားကျသည့် မျက်လုံးများဖြင့် စတိဗ်ဂျော့ဘ်စ် မော့ကြည့် နေသည်။ လက်ထဲတွင်လည်း အလုပ်လျှောက်ရန် CV Form လေး တစ်စောင်နှင့် …။ ထိုအခိုက် သူ့ဘေးသို့ ရောက်လာသူက သူ၏ပြိုင်ဖက်ဖြစ်သူ Google CEO ဟောင်း လယ်ရီပေ့ချ်။ သူ့ လက်ထဲတွင်လည်း အဲဒီလိုပဲ CV Form လေး တစ်စောင် […]


သူရႆဝါSeptember 12, 20112min1214
“မြန်မာနေရှင်နယ်လိဂ်နှင့် ပရော်ဖက်ရှင်နယ် ပဲ့တင်သံများ” ဘောလုံး အားကစားကို အရူးအမူး ဝါသနာပါသော ကျွန်တော်သည် ကိုယ့်နိုင်ငံတွင် ဘောလုံးပြိုင်ပွဲ များကို ပရိုလိဂ် အဆင့်သို့ ကူးပြောင်း ကစားမည်ဟု သတင်းများ ကြားရစဉ်က အလွန်ကို ပျော်ခဲ့သည်။ သိပ်မကြာ … သတင်းများ ကြားရသည့် အတိုင်း ပရိုလိဂ် အဖြစ် ကူးပြောင်း၍ “မြန်မာ နေရှင်နယ်လိဂ်” ဟု အမည်တပ်ကာ ကလပ် အသင်းများ ဖွဲ့စည်း လိုက်ကြတော့ ပိုပျော်သည်။ ရန်ကုန် ယူနိုက်တက်၊ ရတနာပုံ အက်ဖ်စီ၊ မကွေးအက်ဖ်စီ စသည်ဖြင့် ကလပ် အသင်းများ ပေါ်ပေါက် လာသည်။ ဝန်ကြီးဌာန အသီးသီးတွင် ကစားနေကြသော မြန်မာ့ လက်ရွေးစင် ဘောလုံးသမား များနှင့် လူငယ်သွေးသစ် ဘောလုံး […]


သူရႆဝါSeptember 9, 20114min1052
ဒီနေ့မနက် ကျွန်တော့်ရဲ့ ဘလော့ဂ်ထဲ ဝင်ကြည့်ပြီး ဟိုးအရင်က ပိုစ့်အဟောင်းတွေ ဖတ်မိတော့ ဒီပိုစ့်လေးကို ပြန်တွေ့ပါတယ်။ ဟာသဝတ္ထုတိုလေးပါ။ သူငယ်ချင်းတွေရဲ့ နာမည်တွေကို သုံးပြီးတော့ ဟာသအနေနဲ့ ရေးထားခဲ့တာပါ။ အခုပြန်ဖတ် ကြည့်တော့ သဘောလည်းကျ၊ အမှတ်တရလည်း ဖြစ်နေတာနဲ့ ပြန်တင်လိုက် ပါတယ်။ ၂၀၀၉ လောက်ကရေးခဲ့တာ ဖြစ်တဲ့အတွက် အရေးအသား ကတော့ နည်းနည်း ညံ့လိမ့်မယ် ထင်ပါတယ်။ ဖတ်ကြည့်ကြပါ။ “ပြာတာဝါဝါနှင့် ဆားပုလင်း .. အိုင်အိုဒင်း စုံထောက်ရှော်ကြီးများအမှု” တစ်နေ့သ၌ဟု စာရေးဆရာများ သုံးစွဲလေ့ရှိသော တစ်နေ့သ၌ တစ်ခု၏ နံနက်ခင်းတွင် နာမည်ကျော် စုံထောက်ကြီး ဆားပုလင်း ပိုးကောင် အိပ်ရာမှ နိုးထလာခြင်း ကစသော အဖြစ်အပျက် များကို အခြေပြု၍ ယခု တင်ပြ လတ္တံ့သော […]


သူရႆဝါSeptember 6, 201112min942
“မျက်ဝန်းတစ္ဆေ . . ညနေ” ( ၁ ) မျက်ဝန်းများ . . . အလွန်လှသည်။ မျက်ဝန်းများ . . . တခါတရံ အရိုင်းဆန်ဆန် . . . သို့သော် ထိုမျက်ဝန်းများကို ငြိမ်းချမ်းအေးမြစွာပင် ကျနော် . . . ချစ်ပါသည်။ အထင်ကြီးလေးစားမှုကို ဖုံးကွယ်မထားတတ်သော . . . ထိုမျက်ဝန်းတို့ကိုလည်း . . . . ချစ်သည်။ တစ်ခါက . . . . မျက်ဝန်းများထဲတွင် . . . . သနားကြင်နာမှုများ တပ်ဆင်၍ . . . […]


သူရႆဝါAugust 31, 20113min24617
“သူရဿဝါနှင့် ဟက်ကာ”   ကျွန်တော်တို့ အင်တာနက် သုံးစွဲသူများ၏ လောကမှာ အားလုံးလိုလို ကြောက်ရွံ့ရသော လူတန်းစား တစ်ရပ် ရှိသည်။ ဟက်ကာ (Hacker) ဖြစ်၏။ အင်တာနက် သုံးတတ်ခါစ ကိုယ့်ရှေ့မှ စီနီယာ ကိုကိုမမ များက မိမိတို့၏ စကားဝှက်များ မပျောက်ပျက်ရန် အထူးထိမ်းသိမ်း စောင့်ရှောက်ခိုင်းသည့် အကြောင်းအချက် များထဲတွင် ထိုဟက်ကာ များကို ရည်ရွယ်သမှု အများဆုံး ပြုကြသည်။ သူရဿဝါတို့ ၎င်းဟက်ကာများကို ဘယ့်ကလောက်အထိ ကြောက်သနည်း ဆိုသော် ကိုယ်တိုင်လည်း အဟက်မခံရဖူး၊ ကိုယ့်ဘေး ပတ်ဝန်းကျင်ရှိ လူများ အဟက်ခံ ရတာလည်း မမြင်ဖူး၊ ဟက်ကာ ဆိုတာ လုံးလုံးလား၊ ပြားပြားလား၊ချိုပါသလား၊ အမြီးပေါက် နေသလား ဘာဆို ဘာမှကို မသိခင် […]


သူရႆဝါAugust 30, 20117min1383
“ညနေရဲ့အမုန်းကို နှုတ်ယူသွားတဲ့လမင်း” (၁) အချိန်က ညနေ ငါးနာရီခန့် ရှိပြီ။ တစ်နေကုန် ပေးထားသော အပူငွေ့နှင့် အလင်းအားကို နေမင်းက တဖြည်းဖြည်း နှုတ်သိမ်းစ ပြုနေ၏။ တစ်နေ့တာလုံး၏ အလှဆုံးအချိန် ဟုပင် ပြော၍ ရလောက်အောင် အားပျော့ နေပြီ ဖြစ်သော နေရောင်ခြည်က ဖျော့ဖျော့လျော့လျော့ လေးသာ ကမ္ဘာမြေပေါ် ကျရောက်နေသည်။ လမ်းထဲ မှာတော့ အရောင် အသွေးစုံ၊ အသက်အရွယ်စုံ ကလေးများ ဆော့ကစား နေကြသလို တစ်နေ့တာ အလုပ်ခွင်မှ ပြန်လာသူများ၊ မိမိ အိမ်ရှေ့တွင် အသီးသီး ထွက်ထိုင်ရင်း ညနေဆည်းဆာကို ခံစားကြသူ များနှင့် ခါတိုင်း လိုပင် စည်ကား နေ၏။ ထိုအချိန်မှာပင် ကလေးများ ထံမှ “ဟေး”ခနဲ အော်လိုက်သံကို […]


သူရႆဝါAugust 27, 20116min30016
အခုတလော ဘာစာမှလည်း အသစ်မရေးဖြစ် ခဲ့တာကြောင့် ကျွန်တော့် Blog ကို ပြန်မွှေလိုက်တော့ ထွက်လာတဲ့ တင်ပြီးသား ဟာသ ဝတ္ထုတို အဟောင်းလေး တစ်ပုဒ်ကိုပဲ ပြန်တင်လိုက်ပါတယ်။ “၂၁ ရာစု ဒဿဂီရိ” ပါတဲ့။ တကယ်တော့ ဒီဝတ္ထုတို လေးဟာ ကျွန်တော့် စာပေဘဝရဲ့ အမှတ်တရပါ၊ မှတ်တိုင် တစ်ခုပါ။ ဘာလို့လည်း ဆိုတော့ ၂၀၀ရ ခုနှစ် ပျော်ပျော်ရွှင်ရွှင် မဂ္ဂဇင်းမှာ ဟာသဝတ္ထုတို ပြိုင်ပွဲ လုပ်တော့ ကျွန်တော် ဒီဝတ္ထုတိုလေးနဲ့ ဆုရပြီး စာပေလောကထဲ စရောက် ခဲ့ပါတယ်။ ပထမဆုံး ရေးဖြစ်တဲ့ ဟာသဝတ္ထုက ဆုရတာ တစ်ကြောင်း၊ စာပေလောကထဲ ပထမဆုံး ရောက်စေခဲ့တဲ့၊ ပထမဆုံး လောက်လောက် လားလား ပုံနှိပ်ဖော်ပြ ခံခဲ့ရတဲ့ […]


သူရႆဝါAugust 25, 20113min1547
“သူရဿဝါနှင့် Facebook” ဒီဖက်ခေတ် အင်တာနက် လေလှိုင်း လောက၏ ပြိုင်စံရှား ဇာတ်လိုက်ကျော်ကြီး တစ်ဦးမှာ ဟိုဘရုတ်ကလေး ဇူကာဘတ် စပ်စပ်ဆော့ဆော့ လုပ်ခဲ့သော Facebook ပင်ဖြစ်၏။ လူသားတွေ ဒီအင်တာနက် ဆိုတာကြီးကို ယခုလို လျှောလျှောရှူရှူ သုံးခွင့်ရအောင် (အင်တာနက် စပိဒ် နေမကောင်း ဖြစ်ရင်တော့ မလျှောမရှူ ဘူးပေါ့လေ) တီထွင် ကြံဆ ခဲ့ကြသော စွန့်ဦးတီထွင် ပုဂ္ဂိုလ်ကြီး များကိုသာ မသိလျှင် မသိဘဲ ရှိရမည်။ Facebook ကိုတော့ မသိသူ မရှိ။ ဒီလောက်ပင် Facebook က အောင်မြင်နေ၏။ ယခု Google မှ လွှင့်တင်သော Google Plus သည် Facebook ကို အဓိက ယှဉ်ပြိုင်မည့် […]