ဦးသုJanuary 27, 20131min2036
နတ်ဟူသည်ကား ဘုမ္မစိုးနတ် နှင့် အာကာသစိုးနတ်ဟူ၍နှစ်မျိုးရှိ၏။ ထိုနှစ်ပါးတို့တွင် လူတို့တည်ရာမြေ၌ ဗိမာန်ဖြင့်သော်လည်းကောင်း  သစ်ပင်တောတောင် လှိုဏ် စသည်၌သော်လည်းကောင်း နေသော သာတာဂိရိနတ် ၊ ပရာမေသုရာနတ် ၊ အာဠာဝကနတ် စသည်တို့သည် ဘုမ္မစိုးနတ် မည်ကုန်၏။ ထိုနတ်မျိုးကိုပင် သစ်ပင်ဗိမာန်၌ နေသည်ကိုအစွဲပြု၍ ရုက္ခစိုးဟုလည်းခေါ်သည်။ အထက်နတ်ပြည်ခြောက်ထပ်၌နေသော နတ်တို့ကို အာကာသစိုးနတ် ဟုမည်၏။ ထိုအာကာသစိုးနတ်တို့တွင် စာတုမဟာရာဇ်ပြည် နှင့် တာဝတိ ံသာပြည်ဟူ၍ နှစ်မျိုးထပ်ကွဲသည်။ မြင်းမိုရ်တောင်၏ ပဉ္စမအာလိန်အပြင်၌နေသည်ကို စတုမာရာဇ်နတ်ဟုခေါ်သည်။ (မှတ်ချက်-အင်းစိန်အာလိန်ငါးဆင့်နှင့် ဘာမှမဆိုင်ပါ) ။ မြင်းမိုရ်တောင်ထိပ် ၌ နေသောတာဝတိ ံသာနတ်သည် ပဗ္ဗတဌက နတ်ဟုလည်းခေါ်၏။ ထိုနတ်တို့နှင့်တပြင်တည်း ကောင်းကင် ထက်ဝန်းကျင်မှ စကြဝဠာထိတည်ရှိ နတ်တို့ကို အာကာသဌနတ် ဟုခေါ်သည် ။ ထိုကြောင့် မြေ၌ရှိသောနတ်တို့အားလုံးသည် […]


ဦးသုJanuary 17, 20131min29315
မြန်မာသက္ကရာဇ် ၁၃၇၄-ခု၊နှောင်းတန်ခူးလဆန်း ( ၄ )ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၃ ခု၊ ဧပြီလ ( ၁၄ ) ရက် သင်္ကြန်မဏ္ဍပ် မှ ရေပိုက် စဖွင့်ချိန်၌ မဟာသင်္ကြန်ကျ၏ ။ မဟာသင်္ကြန်ကျသောအချိန် တွင်တနင်္ဂနွေဂြိုဟ်မင်းသည်ကို လက်တစ်ဖက်က ချိုးငှက်၊အခြားလက်တစ်ဖက်က ၁၂ဝ မမ စိန်ပြောင်းကို ကိုင်လျှက် တိုယိုတာ ဟာရီယာကားကိုစီးလျှက် လူ.ပြည်သို. ဆင်း၏။ သုတိနန္ဒာ နတ်သမီး လည်း အလှည့်စေ့ ( လက်ညောင်း)ပြီ ဖြစ်သဖြင့် လက်ထဲတွင်ကိုင်ထားသော ဗြမ္မာကြီးဦးခေါင်းအား လက်ပံတောင်းတောင်ရှိရာ ဘက်အရပ်သို.လှည့်၍ ဒေါ်အောင်ဆန်းစုကြည်၏လက်ထဲသို.ကမ်း၏။ သုဇာဝင့်ကျော်အမည်ရှိ နတ်သမီးငယ်သည် ဇီးရိုးကွာတားဘောင်းဘီ ကိုဝတ်ကာ အိုပါးဂဏန်းစတိုင်တီးလုံးဖြင့်ကရင်း သင်္ကြန်မင်းအား ကြိုလင့်၏။ မိုးဦး၊မိုးလယ်၊မိုးနှောင်းကာလ များတွင် မိုးရွာချင်သလိုရွာအံ့၊ ဆန္ဒပြ မှုများ […]


ဦးသုJanuary 14, 20132min1446
တစ်ခါတစ်လေမှာ အပူအပင်ကင်းတဲ့ ကလေးဘဝ အပြစ်လုပ်မိမှန်းမသိတဲ့ ကလေးဘဝလေးကို တွေးမိပြီး ပျော်မိတယ်။   တစ်ခါတစ်လေကျတော့လဲ စွန့်စားမှုတွေနဲ့ အသက်ရှင်ရတာကိုသဘောကျတယ် တစ်ခုခုစွန့်စားလိုက်ရမှ စားလို့ဝင်အိပ်လို့ပျော်တဲ့ ဘဝမျိုးလဲဖြစ်ကြည့်ချင်တယ်   တစ်ခါတစ်လေကျတော့လဲဘဝမှာ ဘယ်လောက်ပဲ အခက်အခက်တွေရှိနေပါစေ  ဘယ်သူတွေကပဲတားနေပါစေ ချစ်သူသာ ထာဝရအားပေးပြီးအနားမှာမခွဲအတူရှိမယ်ဆိုရင် အားလုံးကိုကျောခိုင်းထားခဲ့ပြီး သူ့လက်ကိုတွဲရဲရဲလျှောက်ရဲတယ်။   တစ်ခါတစ်ရံမှာ သူများတကာတွေလုပ်လို့ မထင်ပေါ်ခဲ့ရတဲ့ ကိစ္စတွေ ကိုယ်ထလုပ်လိုက်တာနဲ့ ထင်ပေါ်ကျော်ကြားသွားအောင် ကြိုးစားအားထုတ်ခဲ့ဘူးတယ်။ တစ်ခါတစ်လေကျတော့လဲ ဘယ်သူ့စကားမှနားမထောင်ဘဲလုပ်ချင်တာလုပ်ပြီး မှားမှန်းသိတော့မှ မျက်နှာတောင်မပြရဲခဲ့ဘူး။ ဒါပေမယ့်လဲ ပတ်ဝန်းကျင်က လှောင်ပြုံးတွေ နောက်ကွယ်ကနေ စောင်းမြောင်းပြောတာတွေကိုမခံနိုင်လို့ ငါဆိုတာဘာကောင်လဲ သိစေရမယ်ဟေ့ဆိုပြီး လက်တွေ့ပြခဲ့တယ်။   တနေ့ခင်းလုံးရုံးထဲမှာအားနေတာနဲ့ စိတ်ကူးရလို့ဓာတ်ပုံလေးတွေနဲ့ ပိုစ့်တစ်ခုဖြစ်အောင် စီစဉ်ပြီးတင်လိုက်တာပါ။ နည်းနည်းလေးပဲဖြစ်ဖြစ် ပြုံးသွားကြပါအုံး။  


ဦးသုJanuary 14, 20132min2315
သူတို့လေးတွေကို ကြည့်ပြီး ဟန်ထွန်းရဲ့ အိမ်  ဆိုတဲ့ သီချင်းလေးကိုသတိရလို့ အဲဒီနာမည်ပဲပေးလိုက်တယ်။ သူတို့လေးတွေရဲ့ ဇွဲက ကြည့်ရင်းနဲ့ပီတိဖြစ်စရာပါ။    ကျန်တာတော့ပြောစရာမရှိတော့ပါဘူး ။ အောက်မှာပဲ ဝင်မန့်ရင်းနဲ့ ကြည်နူးနိုင်ကြပါစေ။


ဦးသုJanuary 10, 20131min3864
ဒေဝဒတ် ကိုယ်တော် ဘုရားရှင်ကို မုန်းရတဲ့ ပထမဆုံးရန်ညှိုးကတော့ ကမ္ဘာ တစ်သိန်းရွဲကုန်သည်ဘဝက စတယ် ။ ငယ်ငယ်က ကြားဖူးမှာပေါ့ ။ သူကအချောင်လိုချင်လို့ ပဲဝက်တောင်မတန်ဘူး လို့ ပြောထားခဲ့တဲ့ ရွှေခွက်ကို ဘုရားလောင်းကုန်သည် ကအမှန်အတိုင်း ပြောပြီး ဝယ်သွားရာကနေ ဒေဝဒတ်လောင်းဟာ လောဘ နဲ့ ဒေါသ မီးတွေလောင်ပြီး လှေဆိပ်မှာ ရင်ကွဲနာကျ သေခဲ့ရတယ် ။ မသေခင်နောက်ဆုံး သူ့ အမုန်းတွေဟာ ဘဝတွေ ပြောင်းသွားပေမယ့် ဘုရားလောင်းပေါ်မှာ အမြဲ ရှိနေတယ်။ အဲဒီနောက်ပိုင်း ဘုရားလောင်းကို သူသတ်ခဲ့တာတွေ မျောက်မင်းဘဝ (၂) ခု ၊ ဆဒ္ဒါန်ဆင်မင်း ၊ စူဠဓမ္မပါလ ဇာတ် စသည် အများကြီးပါပဲ ။ နောက်ဆုံးဘဝမှာတော့ ကောလိယ တိုင်း […]


ဦးသုJanuary 3, 20131min2478
ဟဲ့ကောင် ၊ ဟိုအကောင် ၊ ဟေ့ကောင်  နဲ့  ကျွန်တော်တို့ ယောက်ျားလေးတွေကိုသုံးနှုန်းကြတာ  တစ်ခါတစ်လေဆိုရင် ဟေ့ရောင် တွေဘာတွေဖြစ်ကုန်လို့ အမြန်ခေါ်လိုက်ရင်လေ ။    အဲဒါပေမယ့် မိန်းကလေးအတွက်ကျတော့ ဟဲ့ကောင်မ ၊ ဟိုကောင်မ ၊ ဟေ့ကောင်မ ဆိုပြီးခေါ်ကြည့်လိုက် အဲဒါကြီးက မဟာ့ မဟာ ရိုင်းတဲ့ အသုံးအနှုန်းကြီးဖြစ်သွားပြန်ရော။ ကျွန်တော်တို့ ယောက်ျားလေးတွေအတွက်ကတော့ ကျောင်းစာသင်ခန်းတွေမှာ ကတည်းက ဆရာ၊ ဆရာမတွေက သား လို့ခေါ်တာရှားလို့ ရင်းနှီးပြီးသားပါ။ ဒါပေမယ့်မိန်းကလေးတွေကျတော့ သမီးတို့၊ နင်တို့   ဆိုတဲ့အသုံး အနှုန်းတွေနဲ့သာရင်းနှီးခဲ့တာမို့ သူတို့ကိုအဲလိုအခေါ်ခံလိုက်ရရင် နင့်နေအောင်နာသွားတတ်ကြပါတယ်။ ကျွန်တော်တို့ယောက်ျားလေးတွေအတွက်တော့ ငယ်ငယ်ကတည်းကနားရည်ဝပြီးသားမို့သိပ်မနာတတ်ကြပါဘူး ။ သူငယ်ချင်းတွေနဲ့ ဖေ့ဘွတ်မှာ ချက်တာတို့ပြုတ်တာတို့လုပ်ကြည့်တဲ့အခါယောက်ျားလေးဆိုရင် သားကြီးလို့ခေါ်လိုက်တာ ကိစ္စမရှိပေမယ့် မိန်းကလေးတွေကို သမီးကြီးလို့ခေါ်ကြည့်ပါလား တော်တော့်ကိုရင်းနှီးတဲ့ မိန်းကလေး သူငယ်ချင်းတွေပဲပြန်ပြောလိမ့်မယ် […]


ဦးသုJanuary 3, 20131min1201
လူတော်လူမော်တွေ အမြဲတစေ လက်ကိုင်ထားတတ်တဲ့ အမူအကျင့်(၁၀) မျိုး ========================================== ၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ် သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီး ခင်မင်မှု မျိုးဟာ ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့ စိတ်နေ စိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည် လာတဲ့အတွက် တန်ဖိုးထားပါ။ သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊ ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။ ၂။ လက်လွှတ်နိုင်အောင် (ဥပက္ခာပြုတတ်အောင်) ကြိုးစားတယ် ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ […]


ဦးသုJanuary 2, 20131min35919
ကဲအဲလိုတွေ ကော်ပီကူးချထားတဲ့ ထာဝရအလင်းတန်းများဆိုတဲ့ ကားကို အကယ်ဒမီတွေပြွတ်သိပ်နေအောင်ပေးချလိုက်တော့ ကောင်းကြသေးရဲ့လား ။ ပေးတဲ့သူကလဲ ဘာမှမလေ့လာပဲပေး။ ဆုတက်ယူတဲ့သူကလဲ ခပ်ပြောင်ပြောင်ပဲ အရှက်မရှိတက်ယူ။  ဦးဇင်ဝိုင်း ကြီးလက်ထက်ကျမှပဲ ပိုဆိုးတော့တယ်။ ကျော်ဟိန်းတို့ ကျော်သူတို့ ခေတ်တုန်းက ဦးကျော်သူဆိုရင် အကယ်ဒမီကို ခက်ခက်ခဲခဲ ယူခဲ့ရတာ။ အဲဒီကားကို 5MOVIE မှာလဲပြပြီးသွားပြီ ။  ကဲနောက် နှစ်ကျရင် တော့ ကျွန်တော်လဲ အော်စကာမင်းသားကြီး TOM HANKS ရဲ့ FORREST GUMP ဆိုတဲ့ အော်စကာ ခုနှစ်ဆုရတဲ့ ဇာတ်ကားကို ကော်ပီလုပ်ပြီး ရိုက်ရင်ကောင်းမလားလို့စဉ်းစားရတော့မယ်။ ရွာထဲက သူတွေနဲ့ပဲရိုက်မယ်ဗျာ အဲဒီကားကြည့်ဖူးရင် ဘယ်သူ့နေရာကသရုပ်ဆောင်မလဲ အောက်မှာ စာရင်းပေးသွားကြ  အကယ်ဒမီရချင်ရမှာနော် ။    


ဦးသုDecember 29, 20121min20810
ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓဝင်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။ ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-ဝါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။ ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေဝီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။ (၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။) ဘီစီ-၅၉၄-(မြန်မာလလို-ဝါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။) ၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။) ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် […]


ဦးသုNovember 29, 20121min35020
စနေနေ့ နေ့တစ်ဝက်အလုပ်ပိတ်ရက် မနက်ဖြန်ဆို တနင်္ဂနွေနေ့ အလုပ်အပြည့်ပိတ်ရက်ဖြစ်တော့ ညပိုင်းလေးမိသားစုနဲ့ စိတ်လွတ်လက်လွက်အနားယူလို့ရသည်။ အိပ်ရာဝင်နောက်ကျလို့လဲရသည်။ ရပ်ကွက်ထဲမှာလဲ ပွဲဈေးလေးကရှိနေပေမယ့် မနေ့ကလေးတင်မိသားစုနဲ့တူတူ ပွဲဈေးလည်ပြီးသွားပြီ။ ဒီနေ့ညတော့အိမ်မှာတင်ပဲ ဝယ်ထားပြီးမကြည့်ဖြစ်သမျှ နိုင်ငံခြားဇာတ်ကားတွေ အပြတ်ကြည့်မည်ဆိုပြီး အားတင်းထားသည်။ ဖေဖေ သမီးဖွားဖွားတို့နဲ့ပွဲဈေးလိုက်သွားလိုက်အုံးမယ် ဆိုပြီး သူငယ်တန်း သမီးငယ်လေးကလှမ်းပြောသည်။ ဖိနပ်တောင်သူကစီးပြီးပြီ ကျွန်တော့်အမေနှင့်တူတူ တံခါးဝရောက်နှင့်နေပြီ အသိပေးသည့်သဘောဖြင့် လှမ်းအော်ပြောခြင်းမျှသာဖြစ်သည်။ အေး… သွားသွား…ဟိုကျရင်တအားမပူဆာနဲ့နော် ဆိုပြီးအော်သာပြောလိုက်နိုင်သည် မြေးအဖွားနှစ်ယောက်ကဆင်းသွားပြီ ။ အဖွားဆိုပေမယ့် ကျွန်တော့် အမေက တော်တော် အိုလှပြီရယ်လို့တော့မဟုတ် အသက်ငါးဆယ်လောက်သာရှိသေးပြီး ငါးနှစ်မြေးတစ်ယောက်ကိုတော့ ကောင်းကောင်းထိန်းနိုင်သည်။ အိမ်မှာကျွန်တော်တို့လင်မယားနှစ်ယောက်ပဲကျန်ပြီး နိုင်ငံခြားဇာတ်ကားကောင်းလေးတစ်ကားကြည့်နေတုန်း ဗြုန်းကနဲတံခါးကိုတွန်းဖွင့်သံ ကြားလိုက်ရတယ်။ ကျွန်တော်တို့တံခါးက စေ့ရုံစေ့ထားတာဆိုတော့ ကျွန်တော့အိမ်မှာ နယ်က လာတည်းတဲ့ သူငယ်ချင်းပြန်လာတာပဲဆိုပြီး လှည့်မကြည့်ပဲ တီဗွီဆက်ကြည့်နေလိုက်တယ်။   အဲဒီအချိန်မှာပဲ လမ်းဘေးခွေးကြီး တစ်ကောင် […]


ဦးသုNovember 19, 20121min2268
အိုဘားမား က ရောက်တယ်ဆိုရင်ပဲ စကားတစ်ခွန်းအရင်စပြောပါတယ် “ကွမ်းတစ်ယာလောက်တဲ့ ဗမာဆေးနဲ့ တဲ့ နှပ်ဆေးရည်လေးပါထည့်ပေးပါတဲ့” ပြီးတော့ကွမ်းလေးတစ်မြုံမြုံ နဲ့ ပဲ ထွက်သွားပါတယ်။


ဦးသုNovember 17, 20121min1143
လွန်ခဲ့သော ဆယ်နှစ် က ဆယ်တန်း ကိုသတိရမိခြင်း အပိုင်း (၃)       ကျွန်တော့်ရဲ့ အရင်ကျူရှင်ဆရာ ၈တန်းကတည်းက လက်ဦးဆရာလဲ ဖြစ်သူနဲ့ ပွဲဈေးတန်းမှာ တွေ့ ဇက်ပိုး အအုပ် ခံရပြီး တော့ ပြသ၁နာ ကအဲဒီမှာတင် မပြီးသေးဘူးဗျ ဆရာက ပွဲဈေးတန်းမှာ အမေနဲ့လဲ တွေ့သွားတယ် သူအသင်အပြညံ့လို့ ကျွန်တော်ထွက်တာမဟုတ်ပဲ ကျူရှင်လခ သုံးလစာဖြောင်ပြီး ထွက်တာကိုလဲ အမေသိသွားတယ် ( မှတ်ချက်- အမေ မှ တဆင့် အဖေ ပါသိသွားသည် ) ။       အိမ်လဲ ရောက်ရော အမေက ကျွန်တော် ဖိနပ်ချွတ်ရုံပဲ ရှိသေးတယ် နားကို Dryer နဲ့ မှုတ်ပါလေရော  အမေဆူတာကိုပြောတာနော် ။ ကျွန်တော်အဲဒီညက […]