Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ဦးသုNovember 17, 20121min2884
ပထမပိုစ့် ကိုအပြီးအထ်ိရိုက်မလို့ ဘေးမှာ လူရှိနေရင်စာဆက်မရိုက်တတ်တော့လို့ တစ်ဝက်ဖြတ်ပြီး ပိုစ့်တင်လိုက်ရတာနားလည်ပေးကြပါ။ လွန်ခဲ့သော ၁ဝ နှစ်ခန့်က ၁ဝ တန်းကိုသတိရမိခြင်း အပိုင်း (၂) အဲဒီကျူရှင်က အပျိုကြီး အသက်၂၅ နဲ့ ၃ဝ အရွယ်ကြား ဆရာမ နှစ်ယောက်နဲ့ သူတို့အမေ အသက် ၆ဝ လောက်ရှိမယ့်အဖွားကြီးတစ်ယောက် ရှိတယ်။ အဲဒီမှာ ပထမ အော်ကြောလန်တစ်ယောက်က သေးပေါက်တာ အိမ်သာတံခါးမပိတ်မိလို့ ဆိုပြီး ယောက်ျားလေးတွေကို ရှူရှူမပေါက်ရအမိန့်ထုတ်ထားတယ် ။ အိမ် မှာ ဇာတ်လမ်းတွေ အပြတ်ရှင်းခဲ့ဆိုတဲ့သဘော။ ကျွန်တော်တို့ ယောက်ျားလေးငါးယောက်ကလဲထ်ိန်းပါတယ် ကျူရှင်ဆင်းမှ အဲဒီတိုက်ရှေ့ မှောင်တဲ့နေရာလေးတွေမှာ အဆင်ပြေသလိုပန်းကြတာပေါ့။ အဲကျူရှင်ချိန်မှာလဲ ပေါက်ချင်တယ်ဆိုရင် ဆင်း ပန်း ခွင့်ပြုတယ်ဗျ။ အဲဒီလိုဖြစ်အောင်များ ပထမ အောကြောလန်က ခွင်ဆင်ထားသလားမသိ ကျွန်တော်အတွက်က […]


ဦးသုNovember 16, 20121min54925
“၃လပြတ် ရှယ်ဝိုင်း” တဲ့ အဲဒီ ဓာတ်တိုင်မှာ ကပ်ထားတဲ့ ဆိုင်းဘုတ်လေးကိုမြင်တော့ ကျွန်တော်တို့ ၁ဝတန်းတုန်းက ဆိုးခဲ့ပေခဲ့ တာလေးတွေကိုသွားသတိရမိတယ်။ လွန်ခဲ့သော ၁ဝ နှစ်ခန့်ကပေါ့ ကျွန်တော်တို့ ၉တန်းလောက်မှာ ဝိဇ္ဇာတွေ သိပံ္ပတွေ အီကိုတွေခွဲ တဲ့ နှစ်ဖြစ်သွားတယ် ။ အဲဒီတုန်းက ကျွန်တော်က ၉တန်းမှာ သိပ္ပံ ယူပြီး ၁ဝ တန်းကျတော့ အီကို ကိုပြောင်းလိုက်တယ်။ အဲဒီလို ကိုးတန်းနဲ့ ဆယ်တန်းကြားမှာ တင် ဟိုအပင်ဒီအပင်ကူးလာတဲ့ကောင်ဖြစ်နေတော့ ဆယ်တန်းကျတော့လဲ အဲဒီသောက်ကျင့်ကမပျောက်ဘူးဖြစ်နေတယ်။ ဆယ်တန်းမှာ ကျွန်တော်တို့တက်ရတဲ့ကျူရှင်က ရှယ်ဝိုင်းနဲ့ ရိုးရိုးဝိုင်းဆိုပြီးရှိတယ် ။ ကျွန်တော်က ရိုးရိုးဝိုင်းပဲတက်တယ် ရှယ်ဝိုင်းတက်တဲ့ကောင်တွေက စာကျက်အားမရှိလို့ ဘာညာဆိုပြီး အမေ့ကိုပြောပြီး ပြေးပေါက်ချောင်တဲ့ ရိုးရိုးဝိုင်မှာတင် ကျောင်းက အတန်းထဲမှာလဲ အော့ကြောလန်နေကျ ကျွန်တော်တို့အဖွဲ့တွေကျူရှင်မှာလဲ […]


ဦးသုNovember 10, 20121min270
မြန်မာနိုင်ငံက လူငယ်တော်တော်များများက လက်ကိုင်ဖုန်းတွေကို communication လုပ်ဖို့ဆိုတာထက် Fashion သဘောအဖြစ်ကိုင်ကြတာကပိုများတယ် လက်ကိုင်ဖုန်းတစ်လုံးရဲ့အသုံးဝင်မှုများကို အတော်များများက Camera , FM Radio, Alarm, MP3 music အတွက် လောက်ပဲ သိထားကြတယ်။ အခုတစ်ခါ လက်ကိုင်ဖုန်းတစ်လုံးရဲ့လျို ့ဝှက်ချက်များ၊ အသိနည်း တဲ့အသုံးဝင်မှုများကို ဖတ်ဖူးတာစုပေါင်းပြီးပြန်လည်တင်ပြလိုက်ပါတယ်။(၁) အရေးပေါ် အတွက် သုံးလို့ရတယ် keypad ကို locked လုပ်ထားရင်တောင် လက်ကိုင်ဖုန်းတွေဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု […]


ဦးသုNovember 7, 20121min49520
ှ တကယ်တော့ ဖြစ်ချင်တာက လေးပေါက်တို့လို ကင်မရာ အကောင်းစားကြီးနဲ့ နေရာအနှံ့လျှောက်သွားချင်တာ  ဒါပေမယ့်ကံအကျိုးပေးနည်းတော့ ဖြစ်မလာပဲခါးညောင်းတဲ့ art လောက်ပဲ တတ်နိုင်တယ်။ အဲနောက်ဆုံး ပိုစ့်တစ်ခုလောက်လဲ တင်ချင်တယ် စာတွေအများကြီးရိုက်ဖို့လဲ အချိန်မရ ကွန်ပြူတာရှေ့က ထသွားတဲ့ အချိန်မှာလဲ ကိုယ့်စာကို ရေးလက်စ ဘေးကလာဖတ်တာကလဲမကြိုက်တော့ ကျွန်တော့်ရဲ့ ရုံးပိတ်ရက်မှာလုပ်နေတဲ့ စီးပွားရေးနဲ့ ဝါသနာလေးကိုပဲ တင်ပြလိုက်ပါတယ် အားရပါးရမန့်တော်မူကြပါ။


ဦးသုNovember 6, 20121min2848
ဆွမ်းခံခြင်းသည် တောင်းခံခြင်းလော နှင့် ဆွမ်းမခံအပ်သော (၆) ဌာန ရဟန်းသံဃာတော်များသည် အောက်ဖော်ပြပါ (၆) ဌာနသို့ အကျွမ်းတဝင် ပြု၍ အမြဲဆွမ်းမခံအပ် – ၁. ပြည့်တန်ဆာမအိမ်၊ ၂. မုဆိုးမအိမ်၊ ၃. အပျိုကြီးအိမ်၊ ၄. ပဏ္ဍုက် (မိန်းမရှာ) အိမ်၊ ၅. ဘိက္ခုနီမကျောင်း ၆. သေတင်းကုပ် (အရက်ဆိုင်)။ အမြဲတမ်း ဆွမ်းမခံအပ်သော်လည်း တစ်ခါတစ်ရံ ဆွမ်းရပ်ခွင့်ရှိ၏။ ၎င်းတို့က လမ်းဆုံးလမ်းမသို့ ထွက်၍ ဆွမ်းလောင်းလျှင်လည်းကောင်း၊ ကျောင်းသို့ လာရောက် ဆွမ်းပို့လျှင် လည်းကောင်း ခံယူသုံးဆောင် ကောင်း၏။ ထိုနည်းအတူ တိတ္ထိဆရာကြီးများနှင့် ၎င်းတို့၏ တပည့်သာဝကများ ရဟန်းသံဃာကို ဆဲရေး စော်ကားသော သူများ၏ အိမ် ဆွမ်းမခံ ကောင်းချေ။မသိဘဲ ဆွမ်းရပ်မိတာတွေတော့ […]


ဦးသုNovember 2, 20121min37711
ပွဲဈေး ကြော်တဲ့သူကကြော် ညှော်တဲ့သူကညှော် တိုးတဲ့သူကတိုး ခိုးတဲ့သူကခိုး မြတ်တဲ့သူကပျော် ရှံးတဲ့သူကအော် ရဟတ်ကြီးလဲ လည် အော်သံတွေလဲ ညံ အော်………… နောက်ဆုံးတော့ ပွဲဈေးတန်းကြီးလဲ သိမ်းရော အမှိုက်တွေ အပြည့်နဲ့ လမ်းမကြီးက ရင်တွေကွဲပြီး ကျန်။   ရေကျော် ပွဲဈေး မှ ရလာသော အတွေးအပိုင်းအစများ။


ဦးသုOctober 19, 20121min3016
၂၀၀ရ လောက်က စင်ကာပူ တမားဆက်ပိုလီ သင်္ကြန်ပဒေသာ ကပွဲ ယမမင်းပြဇာတ်မှာ ကနေတဲ့ပုံပါ။       နောက်ပြီး မြန်မာ့ ဇာတ်သဘင်တွေမှာ ပွဲဦးထွက် ဇတော်တိုက် ခန်းမှာ လဲ မြင်းစီးအက ပါပါတယ် ။ အဲဒါတွေကို ကြည့် ခြင်းအားဖြင့် PSY ရဲ့oppa gangnam style မြင်းစီးအက ဟာ မြန်မာရိုးရာ အကတွေကို ကူးယူ ပြီးနာမည်ကြီးသွားတာလို့ ထင်ပါတယ်။ သေချာအောင် youtube မှာ oppa gangnam style ဆိုပြီး ဖွင့်ကြည့်လိုက်ကြပါ။    


ဦးသုOctober 17, 20121min59521
မနေ့က သူငယ်ချင်းတစ်ယောက်က WCDMA Sim Card ဝယ်ချင်တယ် Elite မှာသွားမေးရအောင် ဆိုပြီး ကျွန်တော့်ဆီဖုန်းဆက်လာတယ် ။ အဲဒါနဲ့ ကျွန်တော်လဲ ကျွန်တော်တို့ ရုံးနဲ့ နီးတဲ့ လမ်း ၄ဝ Elite တော့ရှိတယ် ဆက်ဆံရေးကတော့ တအားဆိုးတယ် လို့ပြောလိုက်တယ်။ အဲဒါနဲ့ ကျွန်တော့်သူငယ်ချင်းလဲ သွားမေးတာပေါ့ စုံစမ်းရုံနဲ့ ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးကိုမကြိုက်လို့ မဝယ်ဖြစ်ပါဘူး။ အဲဒါနဲ့ ကျွန်တော်လဲ အရင်တစ်ခေါက် သူငယ်ချင်းတစ်ယောက် ဝယ်တာ အဖော်လိုက်သွားတုန်းက အဖြစ်အပျက်လေးကို သွားသတိရမိတယ်။ အဲဒီတုန်း ကလမ်း ၄ဝ အလယ်ဘလောက် Elite မှာ WCDMA လိုင်းကဒ် ဝယ်တော့ ခဏစောင့်ပါ ဆိုလို့ ဘာများလဲ မှတ်တယ် အဲဒီက မယ်တော် တွေက ကြက်ကြော်သွားဝယ်စားတာကိုး […]


ဦးသုOctober 15, 20121min52219
တစ်ခါက မြို့တစ်မြို့မှတစ်မြို့ အထမ်းနဲ့ လည်ပြီး ဦးထုုပ်ရောင်းသူတစ်ဦး လမ်းခုလတ်မှာ သစ်ပင်ကြီးအောက် အနားယူရင်းအိပ်ပျော်သွားတယ်။ ပြန်နိုုးလာတော ့သူ့ရဲ ့ ဦးထုပ်တွေ ပျောက်နေလို့ လိုက်ကြည် ့တော ့ သစ်ပင်ပေါ်က မျောက်တွေက တစ်လုုံးစီယူထားတာတွေ ့ရတော ့ ဘာလုပ်ရမှန်းမသိဖြစ်ပြီး စိတ်ညစ်လိုု ့သူဆောင်းထားတဲ့ ဦးထုပ်ကိုု ချွတ်လိုုက်တာ သစ်ပေါ်မျောက်တွေလဲ လိုက်ချွတ်တယ် ။ သူပြန်ဆောင်းရင်လဲ လိုက်ဆောင်းတယ်။ ဒီမှာတင် သူသတိထားမိပြီး သူဆောင်းထားတဲ ့ ဦးထုပ်ကိုုမြေပြင်ကိုချလိုက်တော ့မျောက်တွေအားလုုံးလဲ လိုက်ချတယ်။ ဒီတော ့မှသူ ့ရဲ ့ဦးထုပ်တွေကိုု ပြန်ကောက်ပြီးခရီးဆက်ခဲ့တယ်။ ဒီလိုနဲ့ နှစ်ပေါင်းအတော်ကြာပြီးထိုုသူရဲ့မြေးလက်ထက်ထိဒီအလုုပ်နဲ့ဘဲ အသက်ဆက်မွေးခဲ့တယ် ။ သူ ့မြေးကိုုသူ့ရဲ့အတွေ့အကြုံတွေလဲပြောထားတယ် ။ မြေးအလှည့်ရောက်တော့လဲ အထက်မှာဆိုုခဲ့တဲ့အတိုုင်း ထပ်ဖြစ်တယ်လေ။ ဒီတော့အဘိုုးပြောထားတဲ့အတိုုင်းလိုက်လုပ်တော ့မျောက်တွေလဲသူလုပ်သလိုု […]


ဦးသုOctober 14, 20121min2918
ရဲတပ်ဖွဲ့ဝင်များ၏ လူမဆန်စွာရိုက်နှက်မှုကြောင့် ကလေးငယ်တစ်ဦး ဆေးရုံတင်ရ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့ (၄)ရပ်ကွက်ရှိ အသက်(၁၄)နှစ်အရွယ် မောင်မင်းထက်အောင်အား ရဲတပ်ဖွဲ့ဝင် များကလူမဆန်စွာရိုက်နှက်စစ်ဆေးခဲ့ သည့်အတွက် အောက်တို့ဘာလ(၁၀)ရက်နေ့တွင် ပဲခူးမြို့ အထွေ ထွေပြည်သူ့ဆေးရုံကြီးသို့ တင်ထားရကြောင်းသိရှိရသည်။ မောင်မင်းထက်အောင်သည် မိခင်ဖြစ်သူနှင့်အတူနေထိုင်းပြီး ပဲခူးမြို့ မဟာမြိုင်လမ်းရှိ အဆွေတော် ကား/ဆိုင်ကယ် ရေဆေးဆီထိုး အလုပ်ရုံတွင်အလုပ်လုပ်နေသော ကလေးငယ်တစ်ဦးဖြစ်ပါသည်။ အောက်တိုဘာလ(၉)ရက်နေ့ည(၁၀)နာရီခန့်တွင် မောင်မင်းထက်အောင်အား ငွေကျပ်(၄၀၀၀၀၀)သိန်း ခိုးယူကြောင်း အလုပ်ရှင်၏ စွတ်စွဲချက်ဖြင့် ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းမှ တာဝန်ကျ ရဲအရာရှီတစ်ဦးနှင့် ရဲတပ် ဖွဲ့(၂)ဦးတို့မှ လူမဆန်စွာရိုက်နှက်စစ်ခဲ့တာဖြစ်ပါတယ်။ ငယ်ရွယ်သော ကလေးငယ်တစ်ဦးအား ည(၁၂)နာရီမှ နံနက်(မိုးလင်း)သည့် အထိ နည်းမျိုးစုံဖြင့် ရိုက်နှက်စစ်ဆေးခဲ့ရာကလေးငယ်မှာ လမ်းမလျှောက်နိုင်သည့် အခြေအနေသို့ဆိုဒ်ရောက်ခဲ့ရပါသည်။ ပျောက်ဆုံးသွားသော ငွေကျပ်(၄၀၀၀၀၀)သိန်းကို မောင်မင်းထက်အောင်မှ ခိုးယူခဲ့ခြင်းမဟုတ်ပါ။အလုပ်ရှင်မှအထားမှားပြီးအမှုဖွင့်စွတ်စွဲခဲ့ခြင်းသာဖြစ် သည့်အတွက် အောက်တိုဘာလ(၁၀)ရက်နေ့တွင် […]


ဦးသုOctober 12, 20121min3278
အင်တာနက်ပေါ်မှာ လတ်တလောရေပန်းစားနေသော သတင်းတွေ လိုက်ဖတ်ပြီး ညအိပ်ရာဝင်တော့ ခေါင်းထဲကို အတွေးတွေတသီကြီး ဝင်ရောက်လာပါသည်။ ကျနော်ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးရောက်ရှိလာစ မဲဆောက်မြို့မှာ တနှစ်လောက် သောင်တင်နေ ခဲ့သည်။ ကျနော်နေသော အိမ်နှင့်အနီးတဝိုက်မှာ ရခိုင်ရုံးရှိသည်။ ခပ်လှမ်းလှမ်းမှာ မွန်ရုံးရှိသည်။ သူတို့နှင့်ကျနော် မိတ်ဆွေတွေ ဖြစ်ခဲ့ကြသည်။ မွန်ရုံးမှာ ဟံသာဝတီနန်းတော် ပျက်သုန်းသည့် နှစ်ပတ်လည်အထိမ်းအမှတ်နေ့ ကျင်းပသည့်အခါ ကျနော့်ကို ဖိတ်သဖြင့် သွားရောက်ခဲ့ပါသည်။ သူတို့ခေါင်းဆောင်တွေ အသီးသီး ဟောကြပြောကြတာ နားထောင်ရသည်။ တခေတ်တခါက ကိုယ့်ထီးကိုယ့်နန်းနှင့် ထယ်ထယ်ဝါဝါနေနိုင်ခဲ့သော မွန်လူမျိုးတွေ မြန်မာဘုရင်အဆက်ဆက် က အနိုင်ကျင့်ကျူးကျော်မှုကြောင့် ထီးနန်းပျောက်ကာ ယခုအခါ သူတို့အမြတ်တနိုးထားစောင့်ရှောက်လာသော စာပေယဉ်ကျေးမှုပင် ကွယ်ပျောက်လုမတတ် ကြုံတွေ့နေရပုံတွေကို ကြားသိရတော့ စိတ်မကောင်းဖြစ်ရပါ သည်။ အခမ်းအနား ပြီးဆုံးခါနီးမှာ ဧည့်ခံကျွေးမွေးရေး အစီအစဉ်အရ ကျနော်တို့ထိုင်နေရာသို့ […]


ဦးသုOctober 11, 20121min2347
ဂေဇက်မှာ အခုမှ စာရေးမယ် လို့ကြံပြီး အရင်တုန်းက ဖတ်ရုံတင် ဝင်ဖတ်တဲ့သူများအတွက်သင်တန်းပို့ချခြင်းဖြစ်ပါတယ်။ ဂေဇက်နာမည်ကျော် စာရေးဆရာကြီး၊ ဆရာမကြီးများ လိုအပ်သည်များကိုလည်း ဝင်မန့်ပြီး ဖြည့်စွက်နိုင်ပါသည်။ ၁. Comment များများအပေးခံရပြီးလူများများဝင်ဖတ်အောင်ဆိုရင်                                                           မိမိကိုယ်ကို အမွန်းတင်ပြီး သူများကိုများများ ရှုံချရေးပါ။ ရေးစရာမရှိလျှင်နိုင်ငံခေါင်းဆောင်တွေကိုဝေဖန်ပါ မိမိတော်ကြောင်းတတ်ကြောင်း များများပွားပေးပါ။ ခေါင်းစဉ်ရွေးချယ်လျှင်လဲ ဒီဂေဇက်ထဲမှာ ငါ့လောက်တော်တဲ့သူရှိရင်ထွက်ခဲ့ဆိုတဲ့ခေါင်းစဉ်နဲ့ပုံစံတူ ခေါင်းစဉ်မျိုးရွေးချယ်ပါ။ သေချာပါသည် ဝင်မန့် သောသူ အနည်းဆုံး ၃ဝ ကျော်သွားလိမ့်မည်။ ၂။ အဆင့်မြင့်သော စာဖတ်သူများသာ ဝင်ဖတ်နိုင်ရန်အရေးအသား။ ဥပမာ အိုင်တီပညာရပ်နှင့်ဆိုင်သောအရာများ ရေးလျှင်လဲ အဆင်ပြေပါသည်။ ဥပမာ ပညာရပ်အနေနဲ့ ကွန်ပျူတာအား Shutdown ချရာတွင် လေးနေလျှင် ပါဝါကြိုးဆွဲဖြုတ်ပါ လက်ပ်တော့ ဆိုလျှင် ဘက်ထရီ ဆွဲဖြုတ်ပစ်ပါဆုိုတာမျိုး Virus ကိုက်လျှင် ကွန်ပျူတာအား […]


ဦးသုOctober 9, 20121min61719
မန်းဂေဇက်ချစ်သူများစာပေဆုအောက်တိုဘာအတွက်ကို မနေ့က တိုးတိုးတိတ်တိတ် ကြိတ်ရွေးပြီး စောစောစီးစီး ပဲ အဖြေထွက်လာတယ် ။  နောက် ပိုစ့်တွေကိုလဲမရွေးတော့ဘူးတဲ့  ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ပိုစ့် က အရမ်းကောင်းနေလို့ ပြိုင်ဘက်မရှိဘဲစောစောစီးစီးကြိုပေးထားတာဆိုပြီး ဖုန်းဆက်အကြောင်းကြားလာပါတယ်။    နောက်ပြီးရွာထဲကနာမည်အလိုလိုကြီးပြီးသား ပုဂိုလ်ကြော် တွေလဲ သူ့ဘာသာသူတိုးတိုးတိတ်တိတ် အဲဒီပွဲကိုတက်ရောက်လာပါတယ်။ ပွဲကိုတော့ အမြင့်ဆုံးဖြစ်အောင်ပြုလုပ်မယ်ဆိုပြီး sakura tower အထပ်နှစ်ဆယ်က sky bristo မှာလုပ်ပါတယ် ရန်ကုန်မှာတော့ သူထက်မြင့်တဲ့ဆိုင်မရှိတော့လို့ အဲဒီမှာပဲလုပ်စေချင်တယ်ဆိုပြီး သူကြီးကိုတိုင်က လှမ်းပြီးတောင်းဆိုထားတာပါ။ ပွဲစပြီဆိုတာနဲ့ အကဲဖြတ်ဒိုင်အဖွဲများဖြစ်ကြတဲ့ ဦးဦး ပါလေရာ၊ ကိုဘလက်ချော၊ မပဒုမ္မာ၊ ကိုကြီးမိုက်၊ ကိုပေါက်(မန်း)၊ မမ၊ ဝေဝေ၊ ကိုထူးဆန်း၊ အရီးခင်လတ်၊ Fatty Cat နဲ့ Shwe Tike Soe တို့က ကျွန်တော်ရဲ့ […]