ရဲတပ်ဖွဲ့ဝင်များ၏ လူမဆန်စွာရိုက်နှက်မှုကြောင့် ကလေးငယ်တစ်ဦး ဆေးရုံတင်ရ

ဦးသုOctober 14, 20121min1438

ရဲတပ်ဖွဲ့ဝင်များ၏ လူမဆန်စွာရိုက်နှက်မှုကြောင့် ကလေးငယ်တစ်ဦး ဆေးရုံတင်ရ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့
(၄)ရပ်ကွက်ရှိ အသက်(၁၄)နှစ်အရွယ်
မောင်မင်းထက်အောင်အား ရဲတပ်ဖွဲ့ဝင်

များကလူမဆန်စွာရိုက်နှက်စစ်ဆေးခဲ့

သည့်အတွက် အောက်တို့ဘာလ(၁၀)ရက်နေ့တွင် ပဲခူးမြို့ အထွေ
ထွေပြည်သူ့ဆေးရုံကြီးသို့ တင်ထားရကြောင်းသိရှိရသည်။

မောင်မင်းထက်အောင်သည် မိခင်ဖြစ်သူနှင့်အတူနေထိုင်းပြီး ပဲခူးမြို့ မဟာမြိုင်လမ်းရှိ
အဆွေတော် ကား/ဆိုင်ကယ် ရေဆေးဆီထိုး အလုပ်ရုံတွင်အလုပ်လုပ်နေသော ကလေးငယ်တစ်ဦးဖြစ်ပါသည်။ အောက်တိုဘာလ(၉)ရက်နေ့ည(၁၀)နာရီခန့်တွင်
မောင်မင်းထက်အောင်အား ငွေကျပ်(၄၀၀၀၀၀)သိန်း ခိုးယူကြောင်း အလုပ်ရှင်၏
စွတ်စွဲချက်ဖြင့် ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းမှ တာဝန်ကျ ရဲအရာရှီတစ်ဦးနှင့် ရဲတပ်
ဖွဲ့(၂)ဦးတို့မှ လူမဆန်စွာရိုက်နှက်စစ်ခဲ့တာဖြစ်ပါတယ်။

ငယ်ရွယ်သော ကလေးငယ်တစ်ဦးအား ည(၁၂)နာရီမှ နံနက်(မိုးလင်း)သည့် အထိ
နည်းမျိုးစုံဖြင့် ရိုက်နှက်စစ်ဆေးခဲ့ရာကလေးငယ်မှာ လမ်းမလျှောက်နိုင်သည့်
အခြေအနေသို့ဆိုဒ်ရောက်ခဲ့ရပါသည်။

ပျောက်ဆုံးသွားသော ငွေကျပ်(၄၀၀၀၀၀)သိန်းကို မောင်မင်းထက်အောင်မှ
ခိုးယူခဲ့ခြင်းမဟုတ်ပါ။အလုပ်ရှင်မှအထားမှားပြီးအမှုဖွင့်စွတ်စွဲခဲ့ခြင်းသာဖြစ်
သည့်အတွက် အောက်တိုဘာလ(၁၀)ရက်နေ့တွင် အမှုပြန်ပိတ်လိုက်ကြောင်း
သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မောင်မင်းထက်အောင်အား ဆေးရုံတွင်
သွားရောက်မေးမြန်းခဲ့ရာ “ သားသူတို့ပြောသလို ပိုက်ဆံခိုးခဲ့တာ
မဟုတ်ပါဘူး၊

အဲဒီမှာအလုပ်လုပ်တာ (၁)လပဲရှီသေးတယ်။ လုပ်ရှင်နာမည်တွေတောင် ယခု
အချိန်ထိမသိသေးဘူး၊ နံနက်(၈)နာရီခွဲအလုပ်ဝင်တယ်။ ညနေ(၅)နာရီ အိမ်ပြန်တယ်။

အဲဒါပုံမှန်ပဲ။ ညကျတော့ သားဆီကို အလုပ်ရှင်လိုက်လာတယ်။ သားကဘာဖြစ်
လို့လည်းမေးတော့ မင်းလုပ်တာမင်းသိမှာပေါ့ဆိုပြီး ရဲစခန်းကိုခေါ်သွားတယ်။
ရဲစခန်းရောက်တဲ့အခါ တာဝန်ကျအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်(၂)ဦးမှ ရိုက်နှက်စစ်ဆေးတယ်။ လက်ကိုလက်ထိပ့်ခက်၊ ခြေထောက်ကိုဆင်းခိုင်း၊ နံပါတ်တုတ်နဲ့ လှိမ့်တယ်။

လူတကိုယ်လုံးတတ်နင်းပြီး လှိမ့်တာ။ ကျောကုန်းနဲ့ နံရိုးတွေကို နံပါတ်တုတ်နဲ့ရိုက်တယ်။ သားလည်းမခံနိုင်လို့ အကျယ်ကြီးအော်ငိုတယ်။ ရဲတွေက

သားပါးစပ်ထဲကို အဝတ်စုပ်ထိုးထဲ့တယ်။ လည်ချောင်းထဲအထိရောက်တယ်
သားအသက်ရှုတောင်မဝဘူး။ သူတို့သားကိုစစ်တာ ည(၁၂)နာရီလောက်ကနေ နံနက်
(မိုးလင်း)တဲ့အထိ စစ်တယ်။ နောက်နေ့ နေ့လည်(၂)နာရီမှာ အမေသားကို
လာခေါ်တော့ သားလမ်းမလျှောက်နိုင်တော့ဘူး။ ဆိုက္ကားနှင့်အိမ်ကိုပြန်လိုက်
သွားရတယ်။

အိမ်ရောက်တော့ သားမသက်သာလို့ ဆေးရုံတက်ရသည့်အဖြစ်မျိုး ရောက်ရှိခဲ့ရပါသည်” ဟု ပြောကြားပါသည်။

သားဖြစ်သူ မောင်မင်းထက်အောင်အား လူမဆန်စွာရိုက်နှက်ခဲ့သည့် ရဲအရာရှိနှင့်
ရဲတပ်ဖွဲ့ဝင်(၂)ဦးအား ထိရောက်စွာ အရေးယူပေးရန်အောက်တိုဘာလ(၁၁)ရက်နေ့တွင်
ဖခင်ဖြစ်သူ ဦးလှမင်းမှ ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ တိုင်စာပေး
ပို့ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

8 comments

  • Thu Wai

    October 14, 2012 at 10:51 am

    ငါ့ ညီလေးသာဆိုရင် ဆိုတဲ့ အတွေးနဲ့ အဲဒီအလုပ်ရှင်ကိုရော ပိုက်ဆံပေးရင် အကုန်လုပ်တဲ့ ရဲဖာခေါင်းတွေကော သတ်ပစ်ချင်စိတ်တောင်ပေါက်တယ် တကယ်ပဲ စောစောစီးစီးမြင်ရကြားရတာ စိတ်မချမ်းသာစရာ

  • pazflor

    October 14, 2012 at 1:05 pm

    4သိန်းလား၊ သိန်း ၄၀၀၀၀ဝ လားဗျ။
    ၄ သိန်းဖြစ်မယ်ထင်တယ်

  • cobra

    October 14, 2012 at 3:58 pm

    ရဲဆိုတာဘယ်လိုမျိုးလဲ။
    ပိုက်ဆံပေးရင်ခိုင်းလို့ရတဲ့အဖွဲ ့လား…………။

  • Guest

    October 14, 2012 at 10:08 pm

    ငိုစား ရီစား.. ခွေးသတောင်းစား၊ ကလိမ်ကကျစ်.. ကတုံးပေါ်ထိပ်ကွက်.. အထက်ဖား အောက်ဖိ..တရားဥပဒေကို လက်တလုံးခြားလုပ်လေ့ရှိတဲ့ မျိုးမစစ်တဲ့ ပုလိပ်… ပုလိပ်ဆိုရင် ရာနှုန်းပြည့်နီးပါး ဒီလိုချည်းပဲ..ခန့်မှန်းကြည့်တာ.. နိုင်ငံတော် မူဝါဒ ပြောင်းလဲဖို့
    ဆိုရင် ဒီကောင်တွေရဲ့ သောက်ကျင့်ကို ပြုပြင်ဖို့ အရင်ဆုံး လုပ်သင့်တယ်။

  • Onyx

    October 15, 2012 at 10:52 am

    မှားပြီး စစ်လို့ တစ်ခုခု ဖြစ်သွားရင် လျောကြေး တွေ နစ်နာကြေးတွေ မရှိတော့ဘူးလား………
    အလုပ်ရှင်က မှားတိုင်ပြီဆိုကတည်းက အသရေဖျက်မှုနဲ့ တရားပြန်ဆွဲလို့ ရတာပဲကို…..
    အော်…အော်……အခုချိန်ထိအောင် အရင်းရှင်ဝါဒ ဆိုးမိုးဆဲပေါ့နော်….

  • ရွှေ ကြည်

    October 15, 2012 at 12:19 pm

    http://www.thithtoolwin.net/2012/10/the-voice-weekly-10-13-12.html

    အဲဒိလင့်ခ်မှာရေးထားတာမှာတော့ အလုပ်ရှင်ကရဲကရိုက်တယ်ကြားလို့သနားပြီး အမှုပိတ်တာပါတဲ့..။
    ဘယ်လိုလဲတော့မသိ..။ သေချာတာကတော့ရဲကရိုက်တယ်ဆိုတာပါပဲလေ။
    ဒီလိုလုပ်တာရဲလုပ်ထုံးလုပ်နည်းလိုတောင်ဖြစ်နေတယ်ထင်ပါ့။ အရင်ကလည်းရွှေကြည်တို့နယ်ဘက်မှာကြားဖူးလို့လေ အမှုဖြစ်ရင် သံသယရှိတဲ့သူကိုဖမ်း ရိုက်စစ်တယ်ပေါ့။ မျဉ်းလုံးနဲ့လှိမ့်တာလည်းကြားဖူးခဲ့တယ်
    တော်တော်လေးလည်းကြောက်သွားတယ်..။ အခုခေတ်နည်းနည်းလေးပွင့်လင်းလာပြီးမီဒီယာအားကိုးလည်းရှိလာပြီမို့ တိုင်ကြားတာတွေလည်းလုပ်လို့ရနေပြီမို့ ရဲတွေဒီထုံးစံတွေဖျောက်သင့်ပါပြီ။

  • etone

    October 15, 2012 at 12:52 pm

    ဖတ်ရတာ စိတ်မကောင်းစရာပဲ … ။
    မြန်မာနိုင်ငံမှာ အကျိုးကြောင်းမဆက်စပ်တွေးပဲ ၊ ယူနီဖောင်းအားကိုးနဲ့ ဇောင်းထနေတဲ့ သတ္တဝါတွေ ရှိနေသေးတာ ၊ တရား ဥပဒေစိုးမိုးမှု မခိုင်မာသေးလို့ပဲလို့ ကျွန်မတော့ စွတ်စွဲလိုက်ချင်ပါတယ် ။

    တဖက်သတ်စွပ်စွဲတဲ့ အဆင့်ပဲရှိသေးတာ ၊ သံသယဖြစ်ဖွယ်အဆင့်တောင်မရောက်သေးဘူး … ဒီလိုလုပ်တာကတော့ သက်သက်အနိုင်ကျင့်ခြင်းမျိုးလို့ပဲ ထင်ပါတယ် ။

    မှူခင်းသတင်း ၊ ပြစ်မှုသတင်းတွေတိုင်း သက်သေခံအတိကျဓါတ်ပုံတွေနဲ့ ဦးဦးဖျားဖျား အင်တာနက်ပေါ် ပလူပျံနေတာ …. ရဲတွေလည်း ဘလော့တွေ ဝင်ဖတ်နေတယ်လို့ ယုံကြည်ပါတယ် ။ ဂျာနယ်တိုက်တွေနဲ ့ချိတ်ဆက်ပြီး ဓါတ်ပုံပေး၊ သတင်းရေးတာလည်း .. တစွန်တဖျားကြားခဲ့ဖူးပါတယ် ။
    ဒါကြောင့် … တောင်းဆိုချင်ပါတယ် ….
    ကိုယ်ချင်းစာကြပါ လို့ ပဲ …. :eee:

  • jullies cezer

    October 15, 2012 at 2:09 pm

    ယူနီဖောင်းဝတ်သူတောင်းစားနဲ့လူသတ်သမားခေတ်ကကုန်ကိုမကုန်နိုင်ဘူး……:(

Leave a Reply