Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


toyoSeptember 2, 20101min2015
ပဲခူးမြစ်ရေ မြင့်တက်နေချိန် ဩဂုတ် ၃၁ ရက်နေ့ ညနေ၌ ပဲခူးမြို့ ဇိုင်းဂနိုင်း (မြောက်ဘက်) တွင် ရေဆင်းကူးသူ အမျိုးသားတဦး ရေစီးဖြင့် မျောပါသေဆုံး သွားကြောင်း သိရသည်။ ပဲခူးမြို့ ရွာသစ်ရပ်ကွက်ရှိ နေအိမ်များကိုသွားရန် လှေဆိပ်တွင် လှေစောင့်ဆိုင်းနေကြစဉ် (ဓာတ်ပုံ – ဧရာဝတီ) “အပြင်က ပြန်လာပြီး အကျႌချွတ်၊ ရေထဲ ဒိုင်ဗင်ထိုးပြီး ရေဆင်းကူးတာ ပြန်ပေါ်မလာတော့ဘူး။ ညမိုးချုပ်တဲ့အထိ လိုက်ရှာကြတာ အလောင်းပဲ ပြန်ရတယ်”ဟု မျက်မြင်သက်သေတဦးက ဆိုသည်။ နှစ်စဉ် မြစ်ရေမြင့်တက်နေချိန်တွင် ဒေသခံများက ရေဆင်းကူးလေ့ရှိသော်လည်း ထိုနေ့က မြစ်ရေသည် နက်နေပြီး ရေစီးသန်ချိန်ဖြစ်၍ သေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ မြစ်ရေကြီးမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း ဇိုင်းဂနိုင်းရပ်ကွက်မှ ဒေသခံတဦးကဆိုသည်။ မြစ်ရေမြင့်တက်မှုကြောင့် ပဲခူးမြို့ပေါ်ရှိ […]


toyoSeptember 2, 20101min1791
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မိတ်ဆွေတစ်ယောက်ရဲ့ ဇနီးသည် ဆုံးပါးသွားလို့ “အသုဘ” သွားမေးဖြစ်တယ်။ အသက်က (၄၈)နှစ်။ ကျွန်တော့်ထက် တစ်နှစ် ငယ်ပါတယ်။ အလုပ်အကိုင်က ဆရာဝန်,မ။ ကင်ဆာရောဂါကို (၁၂)နှစ်ကြာအောင် ကြံ့ကြံ့ခံရင်း နောက်ဆုံး လက်မြှောက် အရှုံးပေး သွားခဲ့ရတာပါ။ သမီးလေး (၃)ယောက် ကျန်ရစ်ခဲ့ပါတယ်။ နောက် (၂)ရက်ကြာတော့ ဂွတ်တလစ်မှာ နေတဲ့ ကျွန်တော့် အဒေါ်တစ်ယောက် ဆုံးပါးသွားပြန်ပါတယ်။ သူကတော့ အသက် မငယ်တော့ဘူးလို့ ပြောရင်လည်း ရပါတယ်။ အသက် (၆၈)နှစ်ပါ။ လေဖြတ်ပြီး အိပ်ယာထဲမှာ (၆)လ လောက် ဝေဒနာ ခံစားပြီးမှ ကွယ်လွန်သွားရတာပါ။ အလွန်ပင်ပန်း ဆင်းရဲပါတယ်။ အိပ်ယာထဲမှာ ကြာရှည်လဲလျောင်း နေရတဲ့ အတွက် ဖြစ်ပေါ်လာတဲ့ “အိပ်ယာနာ” (bed sore) […]


toyoSeptember 2, 20101min2868
ပြည်ပနိုင်ငံသို့ ဖြေဖျော်ရေး သွားရောက်ခဲ့သည့် အနုပညာရှင်များအား ပြည်ပရောက် မြန်မာများက ကန့်ကွက်ဆန္ဒပြကြ သောကြောင့် ပြည်ပခရီးစဉ်များ ထပ်မံ သွားရောက်ရန် စိုးရွံ့နေကြကြောင်း သိရသည်။ အမေရိကန်နိုင်ငံတွင် ယခုလအတွင်း သွားရောက်ဖျော်ဖြေကြမည့် အနုပညာရှင်များ (ဓာတ်ပုံ – myanmarcelebrity.com) ဇူလိုင်လနှင့် ဩဂုတ်လမှ စတင်ကာ အင်္ဂလန်နိုင်ငံ လန်ဒန်၊ မန်ချက်စတာ၊ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ၊ ဘတ်ဖဲ လိုး၊ မင်နီဆိုးတားနှင့် အယ်လ်ဘနီ မြို့ များသို့ သွားရောက် ဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား စစ်အစိုးရ၏ ဝါဒဖြန့် ဇာတ်ကား “အရုဏ်ဦးမှာ ဖူးသည့်ကြာ” တွင်ပါဝင်သည်ဟု ဆိုကာ ပြည်ပရောက် မြန်မာများက ဆန္ဒပြခဲ့ကြ သကဲ့သို့ ယင်းကိစ္စများမှာ အင်တာနက် အုပ်စုမေးလ် များတွင် ပျံ့နှံ့ နေခဲ့သည်။ […]


toyoSeptember 1, 20102min2393
ပဲခူးမြစ်ရေ မြင့်တက်လာ မှုကြောင့် ပဲခူးမြို့ရှိ ရပ်ကွက်တချို့တွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေရာ အိမ်ထောင် စုပေါင်း ၅၀၀ဝ (ငါးထောင်) ခန့်ကို နေရာရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ မြစ်ရေကြီးမှုလွတ်ရာတွင် ရွှေ့ပြောင်းနေထိုင်ရသည့် ရေဘေး ဒုက္ခသည်များ (ဓာတ်ပုံ – ဧရာဝတီ) “မနေ့မနက်ပိုင်း ကတည်းက ရပ်ကွက် တွေထဲကို ရေဝင်လာတယ် ၊ အခုဆိုရင် အိုးလေးစု ၊ ဆက်ပိုင်း ၊ ကျွန်းသာယာ ၊ ကလျာဏီ ၊ မဇင်း ၊ ဇိုင်းဂနိုင်း ရပ်ကွက် တွေထဲမှာ ရေတွေချည်းပဲ ၊ ရန်ကုန်-မန္တလေး လမ်းပေါ်လည်း ရေကျော်နေပြီ ၊ ကားလေးတွေ မောင်းလို့ မရတော့ဘူး”ဟု ပဲခူးမြို့ခံ တဦးက ပြောသည်။ ပဲခူးမြစ်ရေသည် ယမန်နေ့က […]


toyoSeptember 1, 20101min3708
ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးစီး၍ သုခအာဟာရ စားသောက်ဆိုင်ကို စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ ဦးကျော်သူ ဦးစီးဖွင့်လှစ်သည့် သုခအာဟာရ စားသောက်ဆိုင်ဖွင့်ပွဲ မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ) နာရေးကူညီမှု အသင်းမှ ဝန်ထမ်းများ၊ အမှုဆောင်များ၊ လုပ်အားပေးများ၊ သုခ ကုသိုလ်ဖြစ် ဆေးခန်းသို့ လာသည့်လူနာများ၊ လူနာရှင်များနှင့် အလှူရှင်များ သက်သာချောင်ချိစွာဖြင့် အာဟာရပြည့်ဝစွာ သုံးဆောင်နိုင်ရန် အတွက် ရည်ရွယ်ပြီး သုခ အာဟာရ စားသောက်ဆိုင်ကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း နာရေးကူညီမှုအသင်း ထူထောင်သူတဦးဖြစ်သည့် သရုပ်ဆောင် ကျော်သူက ပြောသည်။ အဆိုပါ စားသောက်ဆိုင်ကို ဩဂုတ် ၂၉ ရက်နေ့ နံနက်ပိုင်းက အမှတ် ၁၃/ က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ […]


toyoAugust 28, 20101min2073
ဂူဂဲလ် အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီကြီးက ဂျီမေးလ်မှ တဆင့် ကမာ္ဘတဝန်းလုံးရှိ ကြိုးဖုန်းများ အပါအဝင် လက်ကိုင် ဖုန်းများကို ခေါ်ဆိုနိုင်မည့် Call Phone ဝန်ဆောင်မှုကို ကြာသပတေးနေ့က မိတ်ဆက် လိုက်ကြောင်း သိရသည်။ အမေရိကန်ရှိ ဂျီမေးလ် အသုံးပြုသူများသို့ ဂျီမေးလ်မှ တဆင့် ဖုန်းများ ခေါ်ဆိုနိုင်မည့် ဂူဂဲလ်၏ ဖိတ်ခေါ်ချက်ကို ယမန်နေ့က ပေးပို့ထားကြောင်း တခြားသော နိုင်ငံများတွင် အသုံးပြုသူများ ထံသို့လည်း မကြာမီ ပေးပို့မည် ဖြစ်ကြောင်း ဂူဂဲလ် ကုမ္ပဏီ၏  အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။ Call Phone ဝန်ဆောင်မှုကို အသုံးပြုမည် ဆိုပါက Voice and Video Plug-in ဆော့ဖ်ဝဲလ်ကို ကွန်ပျူတာ အတွင်း ဦးစွာ […]


toyoAugust 26, 20101min1780
ပြီးခဲ့တဲ့ သောကြာနေ့ ညနေငါးရီက ဘုံဘေမြို့မှာ အသုဘတစ်ခုကို အသုဘရှုဘို့ ရောက်ရှိခဲ့ရတယ်၊ သေတဲ့သူက မိမိတို့သီတင်းသုံးနေထိုင်ရာ စောမယကောလိပ်ကြီးပိုင်ရှင်- ကေဂျေ ဒေါက်တာစောမယကြီးရဲ့သား သား-စောမယကြီး၊ အသက် (၈၃)နှစ်ဖြစ်သည်၊ သူပိုင်ဆိုင်သည့် ပစ္စည်းတွေက နည်းနည်းနောနောမဟုတ်၊ စောမယကောလိပ်ကိုလည်း ပိုင်သည်၊ တစ်ခြား တစ်နေရာက စောမယဆေးကောလိပ်ကိုလည်း ပိုင်သည်၊ စောမယဆေးရုံကြီးကိုလည်း ပိုင်ဆိုင်ထား သည်၊ တစ်ခြား တခြားသောနေရာတွေက ပိုင်ဆိုင်မှုတွေကို မိမိမသိရသော်လည်း မိမိနေထိုင်ရာ စောမယ ကောလိပ်ဝန်းအတွင်းမှာတော့ ပိုလီတက်ခနစ်ရှိသည်၊ အင်ဂျင်နီယာရင်းရှိသည်၊ အိန္ဒိယနိုင်ငံရဲ့ အကျော်ကြားဆုံး မန်နေဂျင့်မန်တ်ရှိသည်၊ ရိုးရိုး ဘီအေဘွဲ့ပေးသည့် ကောလိပ်ရှိသည်၊ ကလေးငယ်တွေ တက်ရောက်သည့် မူလတန်း အလယ်တန်း အထက်တန်းကျောင်းရှိသည်၊ ခြုံပြောရရင် သူက သန်းကြွယ်သူဌေးတစ်ယောက်… အသုဘကို လွဲချော်မှုပေါင်းမြောက်များစွာဖြင့် နောက်ကျမှ ရောက်ရှိသွားရသည်၊ ပထမ […]


toyoAugust 13, 20101min2272
လအမည်      အာရုဏ်တက် တန်းခူးလ           ၅ း ဝ၀ ကဆုန်လ           ၄ း ၅၀ နယုန်လ           ၄ း ၄၀ ဝါဆိုလ            ၄ း ၃၀ ဝါခေါင်လ           ၄ း ၄၀ တော်သလင်းလ           ၄ း ၅၀ သီတင်းကျွတ်လ           ၅ း ဝ၀ တန်ဆောင်မုန်းလ           ၅ း ၁၀ နတ်တော်လ           ၅ း ၂၀ ပြာသိုလ           ၅ း ၃၀ တပို့တွဲလ           ၅ း ၂၀ တပေါင်းလ     […]


toyoJuly 7, 20101min43611
“အစ်ကို ဘယ်ပျောက်နေတာလဲ။ မမြင်တာကြာပြီနော်။ ခရီးထွက်နေတာလား။ ရွာပြန်နေတာလားဟင်” မာယာငွေရဲ့ ပြုံးယောင်ယောင် စကားကြောင့် ကျွန်တော့် စိတ်ထဲ ခိုးလိုးခုလု ဖြစ်သွားတယ်။ သူမနဲ့ ကျွန်တော် ဘာဆိုင်လို့လဲ။ ဘာပတ်သတ်ခဲ့လို့လဲ။ အဲ နှစ်ကြိမ်တော့ ပတ်သတ်မိတာပေါ့လေ။ ဒါပြီးခဲ့ပါပြီ။ နောင် မာယာငွေနဲ့ ဘယ်အကြောင်းနဲ့မှ မပတ်သတ်ဖို့၊ မဆက်ဆံဖို့ ကျွန်တော်ဆုံးဖြတ်ထားတယ်။ ပထမမှားရင် လိမ်သူရဲ့ အမှား။ ဒုတိယမှားရင် အလိမ်ခံရသူရဲ့ အမှား။ တတိယ အမှားမဖြစ်ဖို့ သတိကြီးစွာ နေရမယ်။ ကျွန်တော်နဲ့ အတူ လမ်းလျှောက်လာတဲ့ ကိုသံခဲက “လုပ်ပြီ”လို့ တိုးတိုးလေးပြောတယ်။ မနက် အလုပ်မသွားခင် ကျွန်တော်နဲ့ ကိုသံခဲ လမ်းဆုံက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ပြီး ပြန်လာကြတယ်။ အိမ်နဲ့ မနီးမဝေး အရောက်မှာ မာယာငွေနဲ့ မျက်နှာချင်းဆိုင် […]


toyoJuly 7, 20101min3355
၁။ လူအိုနံ့ ဆိုတာကို ရှင်တို့ အနံ့ခံဖူးပါသလားလို့ ကျွန်မ မေးချင်ပါတယ်။ လူအိုနံ့ဆိုတာ ဘယ်လောက်ပဲ ကိုယ်လိမ်း ပေါင်ဒါတွေ၊ ဘော်ဒီစပရေး တွေ သုံးသုံး၊ လူအိုမို့လို့ လူအိုနံ့က ထွက်နေ တတ်ပါတယ်။ အဲဒီ လူအိုနံ့ထဲမှာ တဟားဟား ရယ်လိုက်ရင် သွားတု အံကပ်က ထွက်တဲ့ အနံ့လည်း ပါဝင်ပါတယ်။ ချိုင်းကြားကထွက်တဲ့ မနုပျို မလတ်ဆတ်တဲ့ ချွေးနံ့လည်း ပါဝင်ပါတယ်။ အဆိုးဝါးဆုံးက တင်းတင်း ရင်းရင်း မရှိတော့ဘဲ၊ ပျော့စိစိ ချွဲဖတ်ဖတ် လက်မောင်း လက်ဖျံတို့နှင့် ဆွဲပွေ့ လိုက်တဲ့ အခါ၊ မတောင့် မတင်းတော့တဲ့ ရင်အုံနှစ်ခု ကြားက အနံ့မှာ ပိုပြီးဆိုးဝါး တယ် ထင်ပါတယ်။ ဒါပေမယ့် အဲဒီ အနံ့ကို ကျွန်မ […]


toyoJuly 3, 20101min2280
ချစ်သားတို့၊ `သတ္တဝါအပေါင်းတို့သည် ပြုလုပ်အပ်သော အခွင့်ရှိ၏´ ဟူ၍ အကြားအမြင် ဗဟုသုတ မရှိသော ပုထုဇဉ်သည် ပြောဆိုနေတတ်ပေ၏။ ထိုသူသည် လုပ်ပိုင်ခွင့်ရှိသည်ကိုက၎င်း၊ အခွင့်မရှိသည်ကို၎င်း မသိချေ။ မြတ်သောအကျင့်ဖြင့်နေထိုင်ရင် အခွင့်မဟုတ်သော တရားတို့ကား ဤ ၈ မျိုးတို့တည်း ….. လောက၌ ဂုဏ်တော် ကိုးပါနှင့်ပြည့်စုံသော ဘုရားရှင်သည် ပွင့်ထွန်းပေါ်လာ၏၊ ကိလေသာမီးငြိမ်းစေခြင်းကိစ္စကိုလည်း ဆောင်ရွက်ပေးတော်မူ၏။ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်တို့ကိုလည်း ဟောဖော်ညွှန်ပြပေး၏ …… ၁၊ ထိုပုဂ္ဂိုလ်သည်ကား ငရဲသို့ ရောက်နေ၏။ ၂၊ ထိုပုဂ္ဂိုလ်သည်ကား တိရစ္ဆာန်ဘဝသို့ ရောက်နေ၏။ ၃၊ ထိုပုဂ္ဂိုလ်သည်ကား ပြိတ္တာဘဝသို့ ရောက်နေ၏၊ ၄၊ ထိုပုဂ္ဂိုလ်သည်ကား သက်တမ်းအလွန်ရှည်သော အသညသတ်ဗြဟ္မာပြည်သို့ ရောက်နေ၏၊ ၅၊ ထိုပုဂ္ဂိုလ်သည်ကား တိုင်းစွန်ပြည်စွန် ဇနပုဒ်အရပ်၌ လူဖြစ်နေ၏၊ လူရိုင်းမျိုတို့းတွင် […]


toyoJuly 3, 20101min1961
အဲသည့်နေ့က ဘုံဘေကနေပြီး ဗာရာဏသီကို မနက်အစောကြီးပေါ့၊ တိတိကျကျပြောရရင် 21. 12. 2009 ခုနေ့ မနက်-10 မိနစ်မှာ ဗာရာဏသီ မဟာနဂရီဆိုတဲ့ ရထားကြီးစီးပြီး ခရီးထွက်ခဲ့ကြ တာ သူငယ်ချင်း လေးယောက်၊ ညက အိပ်ပျက်ပျက်နဲ့မို့ နေ့ခင်းစာ စားသောက်ပြီး တရေးတမော အိပ်စက်ကြတာမှာ အတော်ကြီးကို အိပ်ပျော်သွားမိတယ်၊ တဝုန်းဝုန်း တရုံးရုံးနဲ့အသံကြားလို့ အိပ်စက် မှုကနေ လန့်နိုးလာတယ်၊ ကြည့်လိုက်တော့ ဘူတာတစ်ခုမှာ ရဲတွေနဲ့အတူ လက်ထိပ်ခက် ခံထားရတဲ့ လူငါးယောက်… လက်မှတ်စစ်ရောက်လာလို့ မေးကြည့်တော့ ရထားလက်မှတ်မပါဘဲ ခိုးစီးလာလို့တဲ့၊ နောက် နှစ်ယောက်ကျန်သေးတယ်၊ တူတူပဲ ခက်လှမ်းလှမ်းမှာ လက်ထိပ်တန်းလန်းနဲ့ ပါသွားပြန်တယ်၊ အဲဒီနှစ်ယောက်ကတော့ ဘူတာလွန်ပြီးစီးလာလို့တဲ့၊ ငါးယောက်က လက်မှတ်မဲ့၊ နှစ်ယောက်က ဝယ်ထားတဲ့ လက်မှတ်ထက်ကျော်ပြီး ခရီးဆက်လိုက်ကြတာ၊ […]


toyoJuly 3, 20101min1730
အသက် ၂၀-အရွယ်လောက်မှာလို့ မှတ်မိနေတယ်၊ ဤခရီးနီးသလား-ဆိုတဲ့ စာရေးဆရာ ချစ်စံဝင်းရဲ့ ဆောင်းပါးရှည်ကြီးကို မြဝတီမဂ္ဂဇင်းမှာ ဖတ်ခဲ့ရတယ်၊ နောက် အဲဒီဆောင်းပါးကြီးက စာအုပ်ဖြစ်လာပြီး အမျိုးသားစာပေဆု ရခဲ့တယ်။ ရေးထားတဲ့အကြောင်းရာကတော့ ဥပါဒ်၊ ဌီ၊ ဘင်ဆိုတဲ့ ဖြစ်-တည်-ပျက်သဘောတရား သုံးခု ကို အဓိကကျောရိုးလုပ်ထားတယ်၊ သူမေးတာက ဤခရီးနီးသလားတဲ့၊ ခု ဖြေချင်တာက ဤခရီး နီးလာပြီ။ ပြောခဲ့ဘူးပါတယ်၊ မွေးလာတည်းက သေခြင်းဆိုတဲ့ဆာတီဖေကိတ် လက်မှတ်ကြီးကို လက်မှာ ကိုင်ပြီးမွေးလာရတယ်၊ အဲဒီကစပြီး ခရီးလျှောက်နေကြရတာက သေခြင်းဆိုတဲ့ ပန်းတိုင်တစ်ခုဆီပေါ့၊ သေခြင်းဟာ တကယ်လည်း မဆန်းပါဘူး၊ သက်ရှိတစ်ယောက်ဖြစ်လာပြီဆိုရင် အဲဒီအသက် သေဆုံး ခြင်းဆိုတဲ့ နေ့ကို မလွဲမသွေတွေ့နေ ဆုံနေကြရဦးမှာအမှန်ပါပဲ၊ သေခြင်းက မထူးဆန်းလှပေမယ့် ရှင်ခြင်းကတော့ တကယ်ပဲ ထူးဆန်းလှပါတယ်၊ ရှင်နေတဲ့အချိန်မှာတော့ အမျိုးမျိုးနဲ့ဆန်းနေကြရ […]