tunkhannJuly 15, 20121min1371
ကိုယ်တိုင်ပြုသောအကြောင်းတရားကြောင့်အကျိုးတရားများသာ ရင်ဝယ်ပိုက်ခါးစည်းခံစားရသောအဖြစ်တွေသာ နှောင်းသံသရာဝယ် ဖြစ်ပျက်မျိုးစုံ အဖုံဖုံသာ ထပ်ခါထပ်ခါပြန်လာသော် ဒီဘဝအခါဝယ် တွေ့ကြုံသမျှ မသိပါဘူးဆိုသောစကားတစ်ခွန်းနှင့်သာ ရင်ဆိုင်ခြင်းသာ နေသာသောအချိန်မို့ ငါသည်သာ ငါ့ကိုဒုက္ခပေးသောသူသာ ဖြစ်ခဲ့ပါသည်ဟု တွေးထင်စေသော် မှန်သောအခါမျိုးသာလူဖြစ်ချင်သော စိတ်တစ်ခုသာ ကျနော်တောင်းတနေမိပါသည် ဘယ်လိုဘဝမျိုးကိုပဲရောက်နေစေကာမူ ထပ်ခါထပ်ခါပြန်လည်ရရှိနိုင်သောအရာသည် တောင်းတခြင်းသာဖြစ်နေပါသော်ကျနော်၏ ဆုံးရှုံးခြင်းများကို ပြန်လည်လိုလားမည်မဟုတ်ပါ ဘဝပေးအခြေနေမကောင်းခဲ့ပါသော်(ထိုထိုသောအခါမျိုးတွင်ပိန်ကာလိမ်ကာနဲ့) ထွန်းခဏ်း ထွန်းခဏ်းဟု ခဏတိုင်းခေါ်နေကြသောအသံတွေမည်မျှကြာသည်မသိ ကျနော်ပြန်ထူးနေမိပါသော်လည်း ခေါ်လို့သာနေကြသည် ဂရုမစိုက်ချင်ကြ တရွေ့ရွေ့သွားနေသည် နိမ့်လိုက်မြင့်လိုက် ဖြောင့်သွားလိုက်ကွေ့ဝိုက်သွားလိုက်နှင့် လူတွေဘာကိုကြည့်နေကြတာလဲ ကျနော်သူတို့ကိုဂရုမစိုက်ချင် သူတိုပြောနေကြသောစကားများကိုတော့ ကြားနေရသည် ဘယ်လိုမျိုးတွေလဲ ဒါဘဝပဲလေလို့ပြောသူကပြော အချိန်တန်လို့ပေါ့ပြောသူကပြော ကျနော်သူတို့နဲ့စကားပြောချင်ပါတယ် ကြည့်လေခုပဲ ကျနော်ရောက်နေတဲ့နေရာက သုသာန်ထဲမှာ မျက်ရည်စတွေနဲ့လူတွေကလဲ ဖြစ်ရလေဆိုတဲ့သက်ပြင်းတွေချရင်းနဲ့ အသက်ရွယ်ကြီးရင့်လို့ဆိုရင် သူဟာလူ့ဘဝမှာနေပျော်ပါတယ်လို့လူတွေကပြောကြတယ် ငယ်ရွယ်သူဆိုရင်တော့သနားဖို့ကောင်းလိုက်တာ သူဘာမှကောင်းကောင်းသိမသွားရရှာဘူး ဖြစ်ချင်တာတွေဖြစ်အောင်မလုပ် ရသေးဘူးခဏလေးပဲရှိသေးတယ်လေ မျက်ရည်များသည် ကျနော့်ကိုနှစ်သိမ့်မပေးနိုင်ပါဘူး ဝမ်းနည်းလွန်းမက […]


tunkhannSeptember 26, 20111min2085
ကျနော့ရင်ထဲကို ဝင်ကြည့်ကြစမ်းပါဗျာ ပူပင်သောကတွေ ဘယ်လောက်ထိ ပြည့်ကျပ်နေတယ်ဆိုတာကို ကြည့်ပါဦးဗျာ ဖြေစရာဆိုတာ ဖြေသာမှ ဖြေလို့ရမယ် ဒီတစ်သက်တော့ ဖြေသာစရာရှိမယ်မထင်တော့ဘူး ဘာကြောင့်များ အနှစ်နှစ်အလလ မျက်နှာငယ်နဲ့ နေခဲ့ရတာလည်း။ခုလည်းကြည့်ပါဦး ဧရာဝတီ မြစ်ဆုံစီမံကိန်းတဲ့။တော်ပါတော့ဗျာ။တော်ကြပါတော့။ကျုပ်တို့ရဲ့ နောင်လာနောက်သားတွေအတွက်လည်း ချန်ကြပါဦး။လှေစီးရင် ရေငတ်သလို ကျုပ်တို့ နင်ထားတဲ့ ကျုပ်တို့မြေပေါ် မြေအောက် သယံဇာတတွေ ဘာတစ်ခုမှကို မကျန်တော့ဘူး။စကားပုံကိုက ဘုရားဖူးရင် လိပ်ဥတူးရင်းတဲ့။သူတို့က ဘုရားမဖူးပဲ ဖိနပ်ခိုးရင်းနဲ့ အကုန်လုပ်နေကြတာ။တစ်ယောက်ချင်းစီကို အကုန်ကြောက်နေရတာ။ကျုပ်တပ်ရင်းမှူးတစ်ယောက်နဲ့ တွေ့ဖူးတယ်။သူ့အထက်ကလူကြီးလာလို့ စလောင်းစင်ဖို့လာခေါ်တာ မိုးချုပ်နေပြီဗျာ။တစ်ယောက်ကလည်းဖျားနေတယ်။မလိုက်ရကောင်းလားဆိုပြီ တစ်ဆိုင်လုံးမီးနဲ့ရှို့ခံရတော့မယ်တဲ့။ကျုပ်လည်းပြောလိုက်တယ် လူကြီးဖြစ်နေပြီး ဒီစကားမပြောသင့်ဘူးလို့။သူကမျက်စောင်းထိုးသေးတာ။ရာရာစစ သူ့အရပ်က ငါးပေးထက်မပိုဘူး ကျုပ်ကို မော့ကြည့်နေတာ။ကျုပ်ကလည်း အင်္ကျ ီချွတ်ထားတာ စဉ်းစားကြည့်။သူ့နောက်ကပါလာတဲ့ခွေးပေါက်စလေးတွေကလည်း ဝိုင်ကြည့်နေကြတယ်။ချည်ထားတဲ့ခွေးရော လွှတ်ထားတဲ့ခွေးရော အကုန်မိုက်ရိုင်းတယ်။ဒါသူတို့ခေတ်မဟုတ်ဘူးဗျ။အချုပ်ခြာအာဏာဟာ ပြည်သူတွေရဲ့လက်ဝယ်တွင်ရှိရေးဆိုတာ ဘယ်ကောင်က ဘယ်ပထွေးသွားသိမ်းခိုင်းထားတာလည်း။ကဗျာဆရာတစ်ယောက်ရေးထားသလိုပေါ့ ဘာမှမဟုတ် တငုတ်တုတ်တုတ် ကျုပ်တို့မှာဖြင့် […]


tunkhannSeptember 22, 20111min1951
မိမိအိမ်သို့ဧည့်သည်လာလျှင် ပြာယာခတ်တတ်ကြသော ကျနော်တို့မြန်မာလူမျိုးတို့သည် တစ်ခါတစ်ရံ သူစိမ်းဆန်တတ်သည်။တစ်ခါတစ်ရံ ဧည့်သည်က သူစိမ်းဆန်တတ်သည်။ဘာပဲပြောပြောပေါ့လေ စကားလေးတစ်ခွန်းနှစ်ခွန်းလောက်တော့ ပြန်ပြောကြရတာပဲ။ဒါမှလည်း လူမှုရေးနားလည်သူအဖြစ် အများက လက်ခံကြမှာပေါ့။ကျနော်လည်း ဧည့်သည်အဖြစ်သွားဖူးပါတယ်။ကျနော့်ဆီလည်းလာဖူးကြပါတယ်။ဒါပေမယ့်လေ ကျနော်က အားနာတတ်တယ်ဗျ။လူမြင်ရင်ကို ကြောက်သလို ရွံ့သလိုနဲ့။ဒါကလည်း အဆိုးကြီးလို့ မပြောသာပါဘူး။ဒီထက်ဆိုးတာတွေလည်းရှိနေဦးမှာပဲလေ။ကျနော့်အမအိမ်အလည်သွားတဲ့ရက်ကပေါ့ ကားကိစ္စလေးနဲ့ အရောင်းဝယ်စာချုပ် ချုပ်ဖို့အတွက် ပြင်ဆင်ထားတာ။ဒါကိုထုတ်လုပ်သူက သူ့ကိုအကွက်ဆင်ပါတယ်ဆိုပြီး လစ်ပြေးလေရဲ့။ ကျနော်တို့ကလည်းကျနော်တို့ပဲလေ အေးအေဆေးဆေးစကားပြောမယ်ဆိုပြီး အေးအေးဆေးဆေးနေနေတာ သူကဖုန်းပြောသလိုနဲ့ အပြင်ထွက်သွားတာ။ပြန်ပေါ်မလာတော့ဘူး။အမှန်က ဒေါ်လာ(13000)မပေးဆောင်နိုင်လို့ ဆိုပါတော့။သူ့ကိုပဲဆောင်ခိုင်းမယ်ထင်နေတာလေ။သူနဲ့ပါလာတဲ့သူကလည်း ကြံရာပါပဲထင်ပါရဲ့။ဟုတ်ကဲ့ပါအမကြီးရယ် ဟုတ်ကဲ့ပါအကိုရယ်နဲ့ ဈေးညှိ့စေချင်တာ ဘယ်လက်ခံမလည်း လူပေါ်လူညွှန့်ခူးတာတော့။အရောင်းဝယ်စာချုပ်တော့ လက်မှတ်ထိုးပေးပါလို့ ပြောလိုက်တယ်။ဒါလည်းပေါ်မလာဘူး။သွားတော့လည်း လုံးဝထိုးမပေးနိုင်ပါဘူးတဲ့။ကျနော်တို့ကထုတ်လုပ်သူတွေမဟုတ်ဘူး အဲလိုပဲပြောတယ်။ကြည့်ပါဦး ကျနော်တို့က အရူးဖြစ်သွားတာပေါ့။သူတို့က ပါမစ်တွေနဲ့တင်သွင်းပြီး ရောင်းတာလေ။company ကနေတိုက်ရိုက်ဝယ်ထားတာလေ ကျနော်လည်းပြောလိုက်ပါတယ်။တုံးသွားထုတုန်းက {K.M.K.S.H(မုံရွာ)} နာမည်နဲ့သွားတာ မဟုတ်လားအကိုလို့။အကိုကလည်း ဟုတ်တယ်လေ ဒါဆိုလာမှမဖြစ်ပါဘူး ကဲပြန်ကြစို့ ဆိုပြီးပြန်လာခဲ့လိုက်တယ်။မိုက်ရိုင်းထွားကြိုင်းလိုက်ကြတာ။လူစိတ်မရှိကြဘူး။စိတ်ကို တော်တော်ထိန်းထားရတယ်။ဘာမှတော့မဖြစ်ပါဘူး […]


tunkhannSeptember 20, 20111min1792
တစ်ခါတစ်လေ လူမှားဖူးတာများ ကိုယ်တိုင်ကြုံဖူးလားမသိဘူး နောက်မှ နှုတ်ဆက်မယ်ကြံတော့ မှားလို့မှားလို့ ဆိုပြီး နောက်လှည့်ပြန်ခဲ့ရတာမျိုးလေးပေါ့ ပြန်တွေးကြည့်တိုင် ပြန်တွေးမိတိုင်း ရှက်သွေးလေးတွေ လေနုအေးလေးနဲ့ ဖြတ်သွားရတာချည်းပဲ အော်ဒုက္ခ ဒုက္ခ မှားတတ်လိုက်တာ တစ်ဖက်လူကို အားတောင်နာမိပါရဲ့ စိတ်များဆိုးသွားလေမလားလို့ တွေးပူလိုက်ရပြန်သေးတယ် မှားခြင်းကြီးစွား မှားတတ်တာမျိုးတော့ မဖြစ်သင့်ပေ။အကျယ်အကျယ်နဲ့ မငြင်းဖွယ်တွေဖြစ်လာတတ်ပါတယ်။ ခုလည်းကြည့်လေ Super Custom ကားလေးနဲ့ မြို့ထဲဈေးဝယ်ထွက်ခဲ့ပါတယ်။လက်ဖက်ရည်လေးသောက်၊မုန့်လေးစားရင်ပေါ့။ ဒီလိုနဲ့ မောင်းလာလိုက်တာ ကြည့်စမ်း ရှေ့က မရယာယီလိုင်စင်နဲ့မဟုတ်လား။ ကိုယ်လို ကားအမျိုးစားလေးတွေ့တော့ ကိုယ်လိုပဲသူ့တို့ ပြဿနာတွေ တွေ့နေမယ်ထင်ပါရဲ့ မေးကြည့်ရအောင်ဆိုပြီး အမီလိုက် လိုက်မိတယ် ။ကြည့်ပါဦး ငယ်ကြသေးတယ်။ဇနီးမောင်နှံ နှစ်ယောက် မေးကြည့်ဦးမှဆိုပြီး ညီမခဏလောက် စကားပြောချင်လို့ ကားရပ်ပေးလို့ဖြစ်နိုင်မလား။စကားတွေတစ်လှေကြီး ပြောဖြစ်ပါတယ်။ အန်တီကလေ ဝန်ကြီးကိုတိုင်မှာ သမီးတို့ကသာ နောက်ကနေလိုက် အန်တီက […]


tunkhannSeptember 14, 20111min1892
ရွှေမိုးရွာလည်းရွှေမပြည့် ငွေမိုးရွာလည်းငွေမပြည့် အဘယ်ပြည့်အံ့နည်း။ပြည့်ဖို့ဘယ်အချိန် မှန်းမျှော်နေ နေကွယ်ညချမ်း လရောင်ဆမ်းမှ သို့ပါသော်ငြား လမိုက်ညများ များလေများတော့ အို…အရှင် ရှင်လားသေလား မသိပါဘူး…။ကျနော်တို့ နိုင်ငံကို နိုင်ငံတကာက ပြောကြတယ်ဗျ။ရွှေရောင်တဝင်းဝင်းနဲ့ အလွန်ကျက်သရေရှိသတဲ့။ဘာတွေများပါလိမ့်။ခက်ရော့မယ် စေတီပုထိုးတွေပေါ့ဗျ။ဒါနဲ့ကျနော် စေတီပုထိုးတွေရောက်တိုင်း ကြည့်မိပါတယ်။အော်…ကုလားရွှေက အတော်ဝင်းပါပေါ့လေလို့။ဒါနဲ့ ကျောင်းစောင့်ကိုမေးကြည့်တယ်။ရွှေအစစ်တွေ မကပ်လှူကြဖူးထင်တယ်နော်လို့။မဟုတ်ဘူးဗျ အခိုးခံရတာတဲ့။ဘုရား.ဘုရား…ဒီလိုလူတွေက ရှိသေးတာလားဗျ။အလိုလေး… ဒါတွေပြောရင်ဒေါတွေပါတော့မယ်။ဒီတစ်ခါတော့ ကျနော်မပြောတော့ပါဘူး။ဒါပေမယ့် လူတစ်ယောက် ကျနော့်ကို စာလေးတစ်စောင်ပေးလာတယ်။ဒါလေးကို လူတွေသိအောင် ဘယ်လိုလုပ်ရမလည်းတဲ့။လမ်းလယ် လမ်းခွ အဆုံကြတဲ့နေရာမှာ တိုင်စိုက်ပြီး ကပ်ထားလိုက်လေလို့ ပြောလိုက်တယ်။အောက်မှာစိုက်ထားရင် ဖြုတ်မယ့်သူများတယ်ဗျတဲ့။အလို…ဒါလည်းဟုတ်တာပဲ။ဒါဆိုလည်း ကျနော် အပေါ်တင်လိုက်မယ်ဗျာ။တစ်ခုတော့ရှိတယ်။အပေါ်ဆိုတော့ လေတိုက်တယ်။လွင့်သွားတာမျိုးကြုံခဲ့ရင် ခင်ဗျားလိုက်ကောက်မှာလားလို့။ဘယ်သူမှ မသိသေးဘူးဆိုရင် ထပ်တင်ဖို့ လိုက်ကောက်မယ်တဲ့။ဒါနဲ့ပဲ ကျနော်တင်လိုက်ပါတယ်။ဘယ်အချိန်လွင့်မလည်းပေါ့…။ စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်၊ပြေကွင်ကျေးရွာမှာရှိတဲ့ အခြေခံပညာမူလတန်းကျောင်းအတွက် ပြုပြင်ရန်အတွက် မန္တလေးအမှတ်(၂)ပညာရေးရုံးမှ ငွေ(11)သိန်း ချပေးခဲ့ပါတယ်။ဒီငွေတွေကို ကျေးရွာအုပ်ချုပ်ရေးမှုးအောင်မျိုးလွင်နှင့် ကျောင်းအုပ်ဦးမြင့်လွင်တို့ နှစ်ဦးသွားရောက် ထုတ်ယူခဲ့ပါတယ်။ထုတ်ယူပြီးတဲ့အချိန်မှ […]


tunkhannSeptember 12, 20111min1742
စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌနှင့် အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)စက်မှုဝန်ကြိးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက”ကျွန်တော်က သူတို့ကားထုတ်လုပ်သူများကိုပြောတယ်. ခင်ဗျားတို့ပေးရမှာ ဝယ်တဲ့သူတွေမပေးရဘူး ထုတ်လုပ်သူတွေပေးရမှာ”  ဒါပေမယ့်လက်တွေ့မှာဘယ်လိုဖြစ်နေလဲတော့မသိဘူး. ထုတ်လုပ်တဲ့သူကပဲပေးရမှာ ဝယ်တဲ့သူကမပေးရဘူးဟု 7 Day News မှာတရားဝင်ဖြေကြားခဲ့သော်လည်း. ယခု  မုံရွာမှာကားထုတ်လုပ်သည့်စက်ရုံအများစုက ကျွန်တော်တို့ကမတတ်နိုင်ဘူး တစ်ဝက်ဒါမှမဟုတ် လေးပုံတစ်ပုံပဲ ပေးဆောင်နိုင်မယ်လို့ပြောတယ်. အဲဒီလိုမှမဆောင်ရင် ဝယ်ထားတဲ့ကား Without ဖြစ်မှာပဲလို့ ပြောတယ်. Super Custom ကားဝယ်ထားသူတစ်ဦးက ကျွန်တော်ကတော့ ဝန်ကြီးချမှတ်ထားတဲ့အတိုင်း သူတို့ဘက်ကပေးသွင်းရမှာပဲ မချမှတ်ဘူးဆိုရင်တော့ သူတို့ပေးတဲ့တစ်ဝက်ကိုလဲမယူပဲ ကိုယ့်ကားကိုလဲ Without အဖြစ်မခံပဲ သိန်းတစ်ရာကို ကိုယ်ဖာသာကိုယ်ပဲဆောင်မယ်.. ဒါပြီးရင်တော့ တရားနည်းလမ်းအတိုင်းဖြေရှင်းရမှာပဲ .. သူတို့ကဆောင်မပေးဘူးဆိုရင်လဲ.. သူတို့ဆောင်မပေးတဲ့အကြောင်းလက်မှတ်ထိုးခိုင်းမှာပဲ.. ဒီလိုမတရားလုပ်တာတော့ကျွန်တောာ်တို့လက်မခံဘူး ကားတစ်စီးစာကုန်ရင် ကုန်သွားပါစေ ကျွန်တော်တို့က ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်ရမှာပဲလို့ ပြောတယ်….


tunkhannSeptember 5, 20111min1180
ခေါင်တိုင်းမှာ အိမ်ရှိတယ် အိမ်တိုင်မှာ ခေါင်မရှိဘူးတဲ့။တော်ရာနေ စေရာသွားရတဲ့ ဘဝခါးခါးတွေနဲ့ ရင်ကော့ ခေါင်းမော့နေပေမယ့် မျက်ရည်စက်တို့ ပင်လယ်ဝေနေတဲ့ မျက်ဝန်အိမ်နဲ့တစ်ဆက်တည်းသော နှလုံးသားမှာ ဘယ်လိုခံစားနေရလည်းဆိုတာ မသိနိုင်ကြဘူး။လူသားတိုင်းလိုချင်ကြတာ မျှတညီတူခြင်းပါ။နောက်ပြီး လူဆိုတာ အရမ်းနိမ့်ပါးလာရင် မကောင်းမှုတွေဆက်တိုက် ပြုတတ်ပါတယ်။ဒါဟာ ဆင်းရဲချမ်းသာ မညီမျှခြင်းပါပဲ။ခိုးတယ်၊အလစ်သုတ်တယ်၊လုယက်တယ်၊ဒီထက်ပိုဆိုးလို့ စိတ်ဓာတ်အောက်တန်းကျရင် ကိုယ့်ထက်သာတယ်ထင်တဲ့နေရာကို မီးရှို့တယ်။ဆိုကြပါစို့ ရာဇဝင်လေးတစ်ခုပေါ့။သူခိုးတစ်ယောက်အကြောင်းပေါ့။ငတက်ပြားလည်းမဟုတ်ပါဘူး၊မိုးမောင်လည်း မဟုတ်ပါဘူး။သူတို့ကတော့ ကောင်းမှုပြုတဲ့သူခိုးတွေလို့ ပြောလို့ရပါတယ်။အဆိုးထဲက အကောင်းပေါ့။ဒီလိုဗျ ရှေးတုန်းက သူခိုးတစ်ယောက်က ဘုရင့်ရွှေတွေကို ခိုးတယ် ခဏတိုင်းပေါ့။ခဏခဏဆိုတော့ တစ်ခါမဟုတ်တော့ မိတာပေါ့။ဘုရင်ကြီးကလည်း ဒေါသကြီးကလား။သူ့ဥစ္စာတွေခိုးရပါ့မလား ဒီလောက်လောဘကြီးရပါ့မလားဆိုပြီး သူ့ကိုအာခံတွင်း ရွှေရည်တစ်ပိဿာနဲ့လောင်းသတ်စေဆိုပြီး ဝန်ကြီးတစ်ပါးကို တာဝန်ပေးသတဲ့။နှမြောစရာပဲဗျ။အဲကျနော်မှ မဟုတ်ဘူး ဝန်ကြီးကလည်းနှမြောတတ်သား။သူခိုးနဲ့ ရွှေရည်နဲ့မတန်ဘူးတဲ့ ဒါကြောင့် သူ့အောက်က မှုးမတ်တစ်ယောက်ကို ကြေးရည်နဲ့လောင်းသတ်စေလို့ အမိန့်ပေးလိုက်တယ်။မှုးမတ်ကလည်း ဝန်ကြီးတပည့်ရင်းထင်ပါ့။သူ့လိုပဲ တွန့်တိုတတ်လိုက်တာ ပါးကွက်သားကို သံရည်နဲ့ လောင်းသတ်ခိုင်းတယ်တဲ့။ပါးကွက်သားကလည်း […]


tunkhannJuly 31, 20111min1180
ခေတ်မှီဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့  ဦးတည်နေသောလမ်းကြောင်းကြီးသည် အမှန်တကယ်ပင် တည့်တည့်မတ်မတ် တရိပ်ရိပ်ပြေးလွှားနေခဲ့သည်။အော်မောပေမှာပေါ့ အမောင်ရယ်…။ တစ်ရက်ဝင်ငွေ တစ်ထောင့်ငါးရာလောက်နဲ့ လောကကြီးကိုရင်ဆိုင်နေခဲ့သည်။မမှုပါ မဖြုံပါ အားကိုခဲလို့ ထိုယာဉ်ကြီးနဲ့ တစ်ဖဝါးမခွာ လိုက်လာခဲ့ရတာ ရေးရေးသာ မြင်ရတော့သည်။ထိုယာဉ်ကြီးက ဟိုးအဝေးတစ်နေရာကနေ ကျနော့ကို စောင့်စားနေဟန်တူပါလေ၏။မီးရောင်ထိန်ထိန်လင်းနေတဲ့ ဟိုးအဝေးက ရွှေမြို့တော်ကြီးကို တစ်ခေါက် အဲ နှစ်ခေါက်ရောက်ဖူးပါသည်။တစ်ညအိပ်ခ 65000 လောက်ရှိသော ပမာဏကို ကျနော့မျက်လုံးများ ပြာဝေမူးမိုက်စွာ သုံးညတာ အိပ်စက်ခဲ့ပါသည်။မတူလေမှ မတူနိုင်ပေ။စားစရာကို တစ်နေရာတည်းတွင်ရရှိနိုင်ပါသော်လည်း တာယာပါးအောင်မောင်းခဲ့ရသော ခရီးသည် တစ်ရက်လျှင်150မိုင်နှင့်200 ဝန်းကျင်ခန့်ရှိပေလိမ့်မည်။ကျယ်ဝန်းပါပေသည် စည်ကားပါပေသည် အဆင့်အတန်းဆိုတာကို သိသာစေပါသည်။ခွဲခြားထားသော အနေအထားမဟုတ်သော်လည်း လောကနီယာမအရ ပိုင်းခြားခံနေရသော လူသားတို့သည် များပြားလှပေသည်။အခန်းထဲမှာ ဇိမ်ကျကျ lip top တစ်လုံးနှင့်အလကားရသော အဲဆားဗစ်တစ်ခုဖြစ်သော WiFi ကိုတစ်နေကုန်ထိုင်သုံးရင်း အချိန်လဲဖြုန်းခဲ့ရပါသေးသည်။အမဖြစ်သူ၏စကားများကိုလဲ နေ့တိုင်းကြားယောင်မိပါသည်။ငါဘယ်ကိုသွားသွား […]


tunkhannJuly 24, 20101min1221
ခေတ်ဆိုးစနစ်ဆိုးတွေရဲ့အောက်မှာ ဘယ်လောက်ကြာကြာ ခါးစည်းခံစားရအုံးမလဲ လူဖြစ်လာရသော ခဏတာအချိန်လေးမှာ ဘယ်တော့မှများ ကိုယ်ပိုင်ဆုံးဖြတ်ချက်များနှင့် လွတ်လပ်စွာနေခွင့်ကြုံရမလဲ။ဘဝမှာအခက်ခဲများစွာနှင့်ကြုံတွေ့ရမည်မှာ သိပါသော်လည်း ယခုကဲ့သို့အကြောင်းတရားများသည် ငယ်ရွယ်နုနယ်သော လူသားတစ်ယောက်ရဲ့ နှလုံးသားထဲမှာ ကြောက်ရွံ့ခြင်း၊အားငယ်ခြင်း၊မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ယုံကြည့်မှု ကင်းမဲ့ခြင်းများ အလုံးစုံသောအဖြစ်တို့နှင့်သာ သေဆုံးသည့်တိုင် အဖြစ်ပျက်များ ပျက်သုန်းသွားမည်မဟုတ်နိုင်တော့။ယခုကဲ့သို့အဖြစ်ပျက်များနှင့်မကြုံခဲ့ရပါမူ ပျော်ရွှင်ဖွယ်နေ့ရက်များနှင့်သာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခွင့်ရကြမည်။ မွေးဖွားခဲ့စဉ်ကပင် ဒုက္ခအမျိုးမျိုးနှင့်ကြုံတွေ့ခဲ့ရသည်။ပြေးလွှားသံများ၊ ညည်းညူသံများ၊အော်ဟစ်အကူညီတောင်းသံများ၊အလုအယက်ပြေးလွှားနေကြသော လူတို့၏ခြေသံအစုံတို့က နားစည်သို့တိုင် မပြတ်ခါခါကြားနေရသည်။အသံတွေက မရပ်မနားကြားနေရပြီး မပြီးဆုံးနိုင်သောညအမှောင်ကို လူးကာလိမ့်ကာနှင့် ဖြတ်သန်းနေရသည်။ဘယ်လိုတွေများဖြစ်ကုန်ပြီလဲ။မျက်စိတစ်ဆုံးကြည့်လိုက်တိုင်း မြေပြင်ထက်ဝယ် ပြားပြားဝပ်နေကြသောအိုးအိမ်များနှင့် လူသေအလောင်းကောင်များသာ နေရာယူထားကြသည်။မိမိ၏ မိဘများနှင့်တစ်ကွ အားလုံးသောလူတို့သည် တိတ်ဆိတ်ခြင်းဆီသို့ လျှောက်လှမ်းသွားကြပြီဖြစ်သည်။အသက်အားဖြင့်(၂)ပင် မပြည့်သေးသောလူသားတစ်ဦးသာ တဆာဆာအော်ငိုရင်း စစ်ဟူသောအဓိပ္ပာယ်ကို မသိနားမလည်သည့်တိုင် လက်တွေ့ခံစားနေရသည်။သနားမည့်သူမရှိ၊ချော့မြူမည့်သူမရှိ၊ အချိန်တန်၍အဆာစားချင်သော်မှ ကျွေးမည့်သူမရှိ၊အရာခပ်သိမ်းသော လူတို့သည် မရှိကြကုန်သောအခါဝယ်၊တစ်ယောက်ထဲ အားကိုးစရာမရှိသောအချိန်ဝယ် လူဖြစ်ရခြင်းသည်ပင် ဘာတစ်ခုမှအနှစ်သာရမရှိတော့ပြီ။သေခြင်းတရာသည်သာ မြတ်သောအကြောင်းတရားသာ ဖြစ်လေတော့သည်ဟုခံယူမိသောအခါ။ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။လွတ်လပ်သောဘဝကို […]