Wai PhyoeJanuary 25, 20121min1734
ဒါတွေအားလုံးက ကျွန်တော်လေးစားရတဲ့ ကွန်ပျူတာဆရာကြီး ညီနေမင်း ရဲ့စာလေးတွေဖြစ်ကြောင်းအသိပေးချင်ပါတယ်။ကျွန်တော်ကတော့သူဘာပြောပြောနားထောင်တယ်ဗျ။ တစ်ကယ်တော်တဲ့သူပါ။ RECYCLER ဆိုပြီးhidden folder တစ်ခု ရောက်နေတယ် virus ဆိုလို့ shift+del လုပ်တာခဏပဲပျက်တယ်။ နောက်နေ့ပြန်ရောက်နေပြန်ရော အဲဒါအန္တရာယ် ရှိပါသလား။အဖြေက ရှင်းရှင်းလေးပါ လုပ်ရအင်မတန်လွယ်ကူပါတယ်။ဒါလေးကိုစမ်းကြည့်ပါ။ ၁။ Tools >>Folder Options >> View ကိုသွားပြီး အောက်မှာပြထားတဲ့နံပါတ်တွေကို အမှန်ခြစ်လေးပြန်ဖြုတ်ပေးလိုက်ပါ။ — (I) display the contets of system folders — (II) hide extensions for known file types — (III) hide protected operating system files(Recomended) ၂။ Download unlocker […]


Wai PhyoeJanuary 24, 20121min1976
  ဒီပုံလေးက ကျွန်တော့်ရဲ့ပြီးသွားပြီဖြစ်တဲ့ မွေးနေ့တုန်းက အကြောင်းအမျိုးမျိုးကြောင့် မဝေဖြစ်လိုက်တဲ့ပုံလေးပါ။ ခုတော့ ဂေဇက်မန်ဘာများအတွက် ဝေမျှပေးလိုက်ပါတယ်ဗျာ။ကျွန်တော်ကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ပုံလေးကို Save လုပ်ပြီး အိပ်ဆောင်အရွယ် ပုံလေးထုတ်နိင်ပါတယ်။(မှတ်ချက်။   ။အောင်မြေဘက်မှရိုက်ထားခြင်းဖြစ်ပါသည်)


Wai PhyoeJanuary 24, 20121min35626
  ပာိုတစ်နေ့က Blog တစ်ခုကိုကြည့်ရင်းနဲ့မထင်ပဲတွေ့လိုက်ရတာပါ။ ဒီတိုင်းကြည့်ရင်ဘာမှမပာုတ်သလိုပါပဲ။သေချာကြည့်မိမှဘုရားတမိပါတယ်။ ကိုကိုးကွယ်တဲ့ဘာသာက ဒီလိုတွေဖြစ်နေတာမြင်မကောင်းတော့ပါဘူး။ဒီပုံကိုတင်ရင်ကောင်းမလား ကောင်းလားအခါခါစဉ်းစားပါသေးတယ် မနေနိင်တော့လို့ ဂေဇက်ကနေ အော်လိုက်ရတာပါ။ အရင်တုန်းက တော့ ဘုန်းဘုန်းတွေ နောက်ကွယ်ကနေ ချဲဒိုင်ကိုင်ပါတယ်။ ကျောင်းမှာ အချစ်သီချင်းတွေဖွင့်ပါတယ်။ ခုကတော့ ပေါ်တင်ကြီးဗျာ လူကြားကြီးထဲ မှာ မင်းသမီးတွေ ဆီမှာ အခွေဝယ်ပြီး  အော်တိုထိုးခိုင်းနေတယ်။အမှန်တကယ် ဘုန်းဘုန်းတွေကို အဲ့လိုနေရာမျိုးမှာကို မတွေ့သင့်တာပါ။ခုတော့ဗျာ……………………………………………………….


Wai PhyoeJanuary 22, 20121min24713
ကျွန်တော့်ရဲ့ဆရာ ကိုချောကလက်ပြောသားချက်များကိုကိုးကားပြီးပြန်လည် share ပေးလိုက်ပါတယ်။ ကွန်ပျူတာအကြောင်း အနည်းငယ်သိရုံလောက်နဲ့ ဟက်ကာတစ်ယောက် ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အသင့်အသုံးပြုနိုင်တဲ့ Hacking Utility Tools တွေက အင်တာနက်မှာ အလွယ်တကူရရှိနိုင်လို့ ဖြစ်ပါတယ်။ တိုက်ခိုက်တဲ့နည်းတွေ များကြီးရှိပေမယ့် တူရာကို စုစည်းလိုက်ရင်တော့ အောက်ဖော်ပြပါနည်းလမ်းတွေကိုသာ တွေ့ရှိရပါတယ်။ ၁။ ကွန်ပျူတာခလုတ်ခုံမှ မှတ်တမ်းရယူခြင်း (Log Keystoke) ဒီနည်းကတော့ Key logger  ပရိုဂရမ်တစ်ခုကို အသုံးပြုပြီး ကွန်ပျူတာမှာ အသုံးပြုသူရိုက်သမျှစာတွေကို မှတ်ယူထားတဲ့နည်းဖြစ်ပါတယ်။ ဒီနည်းနဲ့ အသုံးပြုသူရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ရရှိသွားပါတယ်။ ၂။ စကားဝှက်များ ရယူခြင်း (Hack password) စကားဝှက်များ ရယူခြင်းနည်း အများအပြားရှိပါတယ်။ အသုံးအများဆုံးနည်းကတော့ SQL injection နည်းနဲ့ အသုံးပြုသူတွေ စကားဝှက်အပေးအများဆုံးကို […]


Wai PhyoeJanuary 22, 20121min2584
အရင်ဆုံး Part-2တင်ဖို့နောက်ကျသွားတဲ့အတွက်တောင်းပန်ပါရစေ။ဒါလေးတွေကတော့ကျွန်တော်သိသမျှလေး Shareလုပ်ပေးတာပါ။ G talk ကို အကောင့် ၃ ၄ခုတက်လို့ရပါကြောင်း။ 1.အရင်ဆုံး Google Talk ကို Desktop မှာထားပါ။ ပြီးရင် Google Talk ကို ထောက်ပြီး right click လုပ်ပါ။ ပြီးရင် properties ကို နှိပ်ပါ။ ပြီးရင်  Shortcut အောက် Target ဘား ထဲက start menu ဆိုတဲ့စာလုံးကို nomutex ပြောင်း ရေးလိုက်ပါ။ ဆက်လက်ပြီး Apply နှိပ်လိုက်ပါ။  OK ဆက်နှိပ်ပါ။ ပြီးပါပြီ။ တက်ကြည့်လိုရပါပြီ။ ကံကောင်းပါစေ။ (နံပါတ်နှစ်အချက်မှာ ကျွန်တော့်ဗပာုသုတမပာုတ်ကြောင်းဝန်ခံပါရစေ kngymn ရဲ့ရေးသားချက်ကိုအများအကျိုးရှိပါစေကြောင်း ဖော်ပြလိုက်ချင်းဖြစ်ပါသည်။စမ်း သပ်ပြီးမှန်ကန်ကြောင်း အာမခံပါသည်။) ၂.ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့ […]


Wai PhyoeJanuary 20, 20121min31515
ကျွန်တော်ကအရင်တုန်းကတော့ အဓိပတိပရိတ်သတ်တစ်ယောက်ပါ။နောက်ပိုင်း ကားအသစ်(တရုတ်မ)တွေ ပြောင်းပြီးကတည်းကလုံးဝမစီးတော့ပါဘူး။အဓိက ကတော့စီးချင်စိတ်ကိုမရှိတော့လို့ပါ၊ခုခေတ်က အားလုံးက အချိန်လုပြီးလုပ်နေရတဲ့ခေတ်ပါ။ အထူးကားဆိုပြီး ၂၀ဝပေးစီးရတယ်။မှတ်တိုင် တိုင်း ထိုင်တယ်ဗျာ တရားလား ကားကလဲမောင်းတာနှေးသေးတယ်။ကြားထဲထိုင်ခုံတွေကလဲလုံးဝအဆင်မပြေပါဘူး။ပြောချင်တာကတော့ “ကြာ” တာကိုပါ။ ဘယ်သွားသွားမရောက်နိင်တော့ပါဘူး။အထူးကားရဲ့စံနှူန်းထဲကတစ်ခုကိုပြော၇ရင် မြန်ဘို့မလို ပါဘူး။ဒါပေမယ့် အထူးကားလို့ခေါင်းစဉ်တပ်ပြီး မှတ်တိုင်တိုင်း ထိုင်တာတော့လွန်တယ်ဗျာ။ရိုးရိုး ၅ဝ တန်ကား တွေကကျော်တက်ကုန်တယ်။နောက်ပြီးသူတို့ကားကြီးတွေနဲ့ အိစိအိစိ သွားပြီး လမ်းပေါ်မှာလည်းကို့ရိုးကား ယားနဲ့ တကယ်ကိုအဆင်မပြေပါဘူးဗျ။ ဒါတွေကတော့ထားလိုက်ပါ။ရိုးနေကျပါပြီ ကျွန်တော်ပြောချင်တာက ကားသမားတွေမိုက်ရိုင်းတာကိုပါ။ပာိုတစ် နေ့က မဖြစ်မနေ အဲ့ဒီ တရုတ်မ ကိုစီးဘို့အခြေနေဖန်လာပါတယ်။ကယ်…..ဒီတစ်ခါတော့မထူးဘူးစီးရတော့မယ် ဆိုပြီး တက်စီးလိုက်မိပါတယ် ရူးရောဗျာ။ အထူးကားတဲ့ စုတ်ပြတ်သတ်နေတာပါပဲ။ဘယ်လောက်စုတ်လဲဆို ကားကထိုင်ခုံတွေမပါပါဘူး။ ကားအောက်မှာ စပါယ်ယာညအိပ်ထားတဲ့ ခြင်ဆေးခွေပြာတွေက လဲနေရာအနှံ့ပါ ပဲ။ပိုဆိုးတာက မရှိမဲ့ရှိမဲ့ကားခုံ က အရည်တောင်ထွက်နေပါပြီ။မှန်တွေကလည်းဖုန်တွေကြီးပါ။ ကားခုံမှာကပ်နေ တဲ့ဂျီးတွေကလည်းကလော်ထုတ်လို့တောင်ရပါတယ်။စပါယ်ယာတွေကလည်းစုတ်ပြတ်သပ်နေတာပါပဲ။ကြားထဲ ကွမ်းယာစားပြီး တပျစ်ပျစ်နဲ့ဗျာ။ကားအမိုးပေါ်ကစာဖတ်ကြည့်တော့ […]


Wai PhyoeJanuary 17, 20122min43615
(ဒီတစ်ပတ်တော့ကျွန်တော် ကျွန်တော့်အဖေပြောပြဘူးတာလေးတွေ AC မှာဖတ်ခဲ့ဖူးသမျှစာအုပ်လေးတွေထဲကနေ သိထားသမျှလေးတွေကို share လုပ်ပေးလိုက်ပါတယ်။ ကျွန်တော် အပင်ပန်းခံစုစည်းထားသမျှ ရွာထဲကလူတွေကြိုက်တယ်ဆိုရင်ကျွန်တော်အမောပြေပါတယ်။Comment လေးတွေတက်လာရင်ပျော်ရပါတယ်။နောက် post တွေ အတွက် စာတမ်းပြုစုဖို့လည်းအားရှိပါတယ် လို့ပြောလိုပါတယ်။ပုံတွေကတော့ ၁ လ ကျော်ကျော်လောက်စုထားတဲ့ပုံလေးတွေပါ။) အိုင်စတိုင်း အိုင်စတိုင်းကိုဂျာမနီမှာမွေးဖွားခဲ့ပါတယ်။Nobel Price ကို၁၉၂၁ ခုနှစ်မှာPhysics အတွက်၇ရှိခဲ့ပါတယ်။အိုင်စတိုင်းမိဘကတော့ ဂျူးသာမန်မိသားစုအနွယ်ဝင်တွေပါပဲ။ အိုင်စတိုင်းမှာသူ့ထက် ၂ နှစ်ငယ်တဲ့ ညီမတစ်ယောက်ရှိပါတယ်၊နာမည်ကတော့ “Maja” လို့ခေါ်ပါတယ်။ အိုင်စတိုင်းပညာရေး အိုင်စတိုင်းငယ်စဉ်ဘဝကသူ့ကိုစိုးမိုးထားခဲ့တယ့်မေးခွန်းနှစ်ခုရှိပါတယ်။အဲ့ဒါတွေကဘာလဲဆိုတော့ ပထမတစ်ခုကတော့ သူအသက် ၅ နှစ်အရွယ် မှာတွေ့ခဲ့သောသံလိုက်အိမ်မြှောင်လေးပဲဖြစ်ပါတယ်။ မမြင်ရတဲ့ အား(force) တွေက ဒီသံလိုက်အိမ်မြှောင်လေးရဲ့ ဦးတက်ချက်ကိုဘယ်လိုပြောင်းနိင်တာလဲ ဆိုတာကို သူ တွေဝေခဲ့ပါတယ်။ဒါငါးနှစ်သားတစ်ယောက်ရဲ့ Physics အတွေးခေါ် အစပါ။နောက်တစ်ခုကတော့ အသက်၁၂နှစ် အရွယ်မှာသူအပြင်းထန်လေ့လာခဲ့တယ် Geometry စာအုပ် လေးပဲဖြစ်ပါတယ်။ […]


Wai PhyoeJanuary 14, 20121min41211
ဒီတပတ်တော့အရင်နဲ့မတူတဲ့Post လေးတစ်ခုတင်လိုက်ပါရစေ။ပြန်ပြော၇ရင်ဇာတ်လမ်းတပုဒ်လိုပါပဲ။ကျွန်တော်တို့မြန်မာပြည်မှာအဖိုးတန် ကျောက်မျက်ရတနာ တွေထွက်တာရှိတာကျွန်တော်အပါအဝင်အားလုံးအသိပါ။ ကျောက်မျက်ရတနာထဲမှာ အမြုတေ ပာာလဲ အပါဝင်ဆိုတာအားလုံးသိစေချင်ပါတယ်။ အမြုတေကို လူတိုင်းမတွေ့ဘူးပါဘူး။သို့သော်လူတိုင်း အမြုတေကို သိကြပါသည်။ဒါပေမဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ်က တော့ထူးဆန်းပါတယ်။အားလုံးလဲကြုံဘူးကြမယ်လို့မထင်ပါဘူး။အမြုတေလဲ မပာုတ် သို့သော် ပြာလဲ့လဲ့နဲ့ကျောက်လေးနှစ်လုံး ထူးဆန်းတာကမြေကြီးထဲကရတာမပာုတ်ပါ။ဝါးပင်  အဆစ်ထဲမှ၇ရှိခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့မိဘများပာာအငြိမ်းစားယူပြီးနောက်ပိုင်း စပျစ်ခြံတစ်ခုကို  ရမည်းသင်းခရိုင် စံပြသိမ်ကုန်းကျေးရွာမှာ ဝယ်ယူခဲ့ပါတယ်။ကျွန်တော်ကို့က တောင်ကြီးကပါ။တစ်ခါတစ်ရံရန်ကုန်မှာလဲနေပါတယ်။စပျစ်ပင်စိုက်ခဲ့ရတာ ကျွန်တော်တို့အတွက်အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ကျွမ်းကလဲမကျွမ်းကျင်၊အလိမ်ကလဲခံရသေး။ပွင့်ပွင့်လင်းလင်းပြော၇ရင် ကျွန်တော်တို့မိသားစုစီးပွားရေးပျက်ခဲ့တယ့်အထိပါ။သို့သော်တစ်နေ့ ထူးဆန်းသောအရာတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ကျွန်တော်တို့ခြံထဲမှာ အလုပ်ခိုင်းဘို့ဆိုပြီး ခေါ်ထားတယ့်ဦးကြည်ဆိုသောလူတစ်ယောက်ရှိပါတယ်။သူကအလုပ်သမားတွေထဲမှာ အယုံကြည်ရဆုံးသောလူဆိုမမှားပါဘူး။ကျွန်တော်အဖေက တစ်နေ့”ငါတို့သရက် ပင်လေးအောက်မှာကွပ်ပစ်လေးထိုးကြရအောင် နေပူရင်နားရတာပေါ့” ဆိုပြီး ဦးကြည်ကို ဝါးနှစ်လုံးဝယ်ခိုင်းလိုက်ပါတယ်။မှတ်မှတ်၇ရ အဲ့တုန်းက တစ်လုံး ၁၅၀ဝ ပေးရပါတယ်။ ဦးကြည်က ပိုက်ဆံလိုချင်တော့ ဝါးကိုမဝယ်ပဲနဲ့ တောင်ပေါ်တက်ခုတ်ပါတယ်။(ထိုအရပ်ဘက်တွင် ပိုက်ဆံသည်အလွန်တန်ဖိုးရှိပါသည်။တစ်နေကုန် နေပူထဲတွင် အလုပ်လုပ်မှနေ့စားခ ၃၀ဝ သာရပါသည်။တော်ကြာ တစ်လုံး ၁၅၀ဝ ထဲနဲ့တောင်ပေါ်တက်ခုတ်သည်ပာုထင်မှာစိုးလို့ပါ။) (ရမည်းသင်းခရိုင် စံပြကျေးရွာ […]


Wai PhyoeJanuary 7, 20121min29818
ကျွန်တော့်တို့ မြန်မာတွေသူများထက် “မသာတောင်အောက်မကျအောင်”English ကို အလွယ်တကူပြောထွက်အောင် “Easy English Part-1,2..” စသည်ဖြင့်Shareခဲ့ပါသည်။ ကျွန်တော်ဒီလောက်နှင့်အားမရသဖြင့် “Easy Computer Part-1” ကိုရေးသားလိုက်ပါသည်။ထုံးစံအတိုင်းခပ်လွယ်လွယ်နှင့်တတ်လွယ်ပြီးအသုံးဝင်သည့်technique များသာဖြစ်ပါသည်။ “Easy Knowledge” ဆိုပြီးရေးသားဖို့လဲရှိပါသေးတယ်။အားလုံးကိုကျေးကျေးပါ။ ၁.ကျွန်တော်တို့ PC တွေတခါတလေနှေးနှေးလာတတ်ပါတယ် ထိုသို့ဖြစ်ရခြင်းအဓိက အကြောင်းရင်း၄ခုမှာ ၁.Processor ပူလာခြင်း။ ၂.Application အကြီးစားများကိုသုံးခြင်း (သို့) Application များစွာကိုတပြိုင်တည်းသုံးခြင်းနှင့် ၃.Virus ၄.Memory ပေါ်တွင်နေရာယူမူများပြားလာခြင်းတို့ကြောင့်ဖြစ်ပါသည်။ ပထမဆုံး user အနေနှင့်  Windown  key နှင့် R ကိုတွဲနှိပ်လိုက်ပါ ထိုအခါ run box ပေါ်လာပါလိမ့်မည်။ထိုထဲတွင် Temp ဆိုပြီးရိုက်ထည့်ကာ Enter key ခေါက်လိုက်ပါ။ ထိုအခါ ပေါ်လာသော File များကို Ctrl+A […]


Wai PhyoeJanuary 7, 20121min1754
အခုတစ်ခေါက်တော့ ပိုပြီးလွယ်ပြီး ကျွန်တော်တို့ မြန်မာတွေပြောနေကျ စကားစုလေးတွေကို English လိုအလွယ်တကူ ပြောထွက်နိုင်စေဖို့” Easy English Part -2″ ကိုဝေမျှပေးလိုက်ပါတယ်။ အကုန်လုံးအတွက် အဆင်ပြေပါစေလို့လဲကျွန်တော်မောင်ဝေဖြိုးကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခမျာ။ဒါလေးတွေကလဲကျွန်တော်သင်ပြီးသမျှကို “Share” လုပ်ပေးတာပါ။ကျွမ်းကျင်ပြီးသူများအဖို့လည်း လွတ်လပ်စွာ အမှားကိုထောက်ပြတာကို ကျွန်တော်က ခံယူဖို့အသင့်ပါ။ အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။   S + Be used to + Ving/N  = ကျင့်သားရနေပြီ။အဆန်းမပာုတ်တော့ Eg. I am used to wearing glasses.                            ကျွန်တော်မျက်မှန်တပ်ရတာအသားကျနေပြီ။ We are used to eating out.                                 ကျွန်တော်တို့အပြင်မှာစားရတာကျင့်သာရနေပြီ။ I am used to smoking.                                        ကျွန်တော်ဆေးလိပ်သောက်နေကျပါ။ I have […]


Wai PhyoeJanuary 5, 20121min40415
ဒီpost သည် English စာစလေ့လာသူများအတွက်သာဖြစ်ပါသည် ကျွန်တော် ဖတ်ခဲ့သမျှ သင်ခဲ့ရသမျှကို ပြန်ပြီးဝေမျှပေးတာပါ။ ဒီ Pattern လေးတွေကလူသုံးနည်းပါတယ် ဒါပေမဲ့အရမ်းအသုံးဝင်ပါတယ် သင်ပြောချင်သမျှပါးစပ်ကမထွက်တာ ကျွန်တော်သိပါတယ် ဒါပေမဲ့ဒါလေးတွေကို အခုပဲစမ်းသုံးကြည့်လိုက်ပါ လက်ငင်းအကျိုးရှိပါလိမ့်မယ်။ ၁။ တခုခုကို စိတ်ကူးပြီးပြောချင်ပါတယ် eg.ငါသာမင်းနေရာမှာဆိုရင်ကွာ  လိုမျိုးပေါ့ ဘလိုပြောမလဲ လွယ်လွယ်လေးပါဒါလေးကိုသာမှတ်ထားလိုက်ပါ If I +V2+ Noun ဒါလေးပါပဲ pattern လေးထဲအစားသွင်းကြည့်ရအောင် If I  were  you = ငါသာမင်းဆိုရင် If I  were  a  women = ငါသာမိန်းမဆိုရင် If I  were  a rich man = ငါသာချမ်းသာမယ်ဆိုရင် If I were […]