weiweiNovember 18, 20106min60815
Tai mountain ကတော့ ကျွန်မတက်ဖူးသမျှတောင်တွေထဲမှာ အမြင့်ဆုံးနဲ့ အလှဆုံးပါပဲ။ ရှန်းတုန်းပြည်နယ် တိုက်အန်းမြို့မှာ တည်ရှိပါတယ်။ တောင်နံမည်က ထိုက် လို့ခေါ်တယ်။ အမြင့်ပေ 5069 ရှိပြီး တရုတ်ပြည်ရဲ့ အထင်ရှားဆုံး တောင် ၅ ခုထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သမိုင်းဝင်တဲ့ရာဇဝင်အထောက်အထားတွေ၊ သာသာရေးအယူဝါဒထွန်းကားမှုတွေနဲ့ လှပတဲ့ရှုခင်းတွေကြောင့် ခရီးသွားတော်တော်များတဲ့ တောင်တစ်ခုဖြစ်ပါတယ်။ တောင်ပေါ်မှာ buddhism, taosim (တာအိုအယူဝါဒ), နဲ့ ကွန်ဖြူးရှပ် အယူဝါဒဆိုင်ရာ ဘုရားကျောင်းတွေရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ဝ ကျော် ချင်မင်းဆက်လက်ထက်ကထဲက ဘုရားရှိခိုးဆုတောင်းတဲ့ တောင်တစ်ခုဖြစ်ပါတယ်။ ဘုရင်တွေက heaven and earth ကို ရှိခိုးတဲ့အခါ အဲဒီတောင်ထိပ်က နေထွက်ချိန်မှာ heaven ကို ရှိခိုးပြီး တောင်ခြေကနေ earth ကို […]


weiweiNovember 17, 20101min48216
ဒီနေ့ ဈေးသွားတော့ ဈေးထဲမှာ မုန်လာဥရောင်စုံတွေ့တာနဲ့ ပြချင်လို့ ၄ မျိုးလုံးဝယ်လာလိုက်ပါတယ် … မုန်လာဥအဖြူတစ်လုံးကတော့ မြင်တဲ့အတိုင်းပဲ အလွန်ကြီးပါတယ် … အရသာကတော့ ခပ်ပေါ့ပေါ့ပါပဲ … တရုတ်တွေက မုန်လာဥကို တော်တော်စားကြတယ် … ဝက်နံရိုးနဲ့မုန်လာဥစွပ်ပြုတ် .. မုန်လာဥ အတုံးလေးတွေနဲ့ ကြက်သား အချိုချက် .. မုန်လာဥကို အချောင်းအရှည်လေးတွေခြစ်ပြီး အသားနဲ့ကြော် … ရှာလကာရည်နဲ့အချဉ်သုတ် .. မုန်လာဥအခြောက် … မုန်လာဥချဉ်ဖတ် စသဖြင့် အမျိုးမျိုး လုပ်စားကြပါတယ် … အနီရောင်အခွံနဲ့မုန်လာဥကတော့ ဆောင်းတွင်းမှပဲ ရှိပါတယ် … သူ့ကိုတော့ အခွံမခွာပဲ လှီးပြီး သုတ်စားကြတယ် … အရသာက အဖြူနဲ့အတူတူပဲ .. ဒါပေမယ့် ပန်းကန်ထဲမှာ လှနေပါတယ် … […]


weiweiNovember 16, 20101min46213
ကိုကြောင်ကြီးရေးလိုက်တဲ့ မပြောင်းလဲရင် ဖောင်းဆိုတာနဲ့ ကွန်မန့်တွေဖတ်မိပြီး တွေးစရာတွေပေါ်လာပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတချို့ကို ပြောပြချင်စိတ် ပေါ်လာတာနဲ့ အခုလို ချရေးလိုက်ပါတယ်။ ကျွန်မတို့ ဗမာလူမျိုးဆိုတာ အရမ်းအားနာတတ်တယ်လို့ လူတိုင်းလဲပြောကြတယ်။ လက်လဲ လက်ခံကြပါတယ်။ ဒါပေမယ့် နိုင်ငံရပ်ခြားကိုရောက်ပြီး နိုင်ငံပေါင်းစုံကလူတွေနဲ့ သူငယ်ချင်းဖြစ်ပြီးတဲ့အခါမှာတော့ အားနာတယ်ဆိုတာ ဘာလဲဆိုတာကို စဉ်းစားစရာပေါ်လာပါတော့တယ်။ တရုတ်မိသားစုတစ်ခုက ကျွန်မတို့ ဗမာလူမျိုး ၄ ယောက်ကို ခင်လို့ သူတို့အိမ်မှာ ထမင်းစားဖိတ်ပါတယ်။ ကျွန်မတို့ကလဲ ရောက်ခါစဆိုတော့ ဘာမှနားမလည်ပါဘူး။ စိတ်ထဲကတော့ အရမ်းအားနာပေမယ့် မသွားရင် မကောင်းဘူးလို့တွေးပြီး သွားစားကြပါတယ်။ လက်ဗလာနဲ့ ဒီအတိုင်းသွားမိပါတယ်။ စားပြီးတော့ စကားတွေပြောဆိုပြီး နှုတ်ဆက်ပြန်လာကြပါတယ်။ အဲဒီတရုတ်မိသားစုက တရုတ်မက ကျွန်မနဲ့ပိုရင်းနှီးလာတော့ ကျွန်မကိုပြောပါတယ်။ နောက်ဆို သူများအိမ်ဧည့်သည်သွားလုပ်ရင် လက်ဆောင်ဝယ်သွားပါတဲ့။ အနဲဆုံး သစ်သီးလေက်တော့ ဝယ်သွားရမယ်တဲ့။ […]


weiweiNovember 15, 20105min49225
ဆောင်းဦးရာသီမှာ သစ်ရွက်တွေအရောင်ပြောင်းပြီး ကြွေကျနေတာကို မြင်မိတော့ ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ကိုရီးယားဇာတ်လမ်းတွဲကို သတိရမိပါတယ်။ တရုတ်ပြည်ရဲ့ ဆောင်းဦးရာသီ သဘာဝရှုခင်းတွေကို တင်ပြချင်စိတ်ပေါ်လာတာနဲ့ မနေ့ကပဲ တရုတ်ပြည်အလယ်ပိုင်း ဟူးပေပြည်နယ်ထဲက မုလန်နတ်ရေကန်လို့ခေါ်တဲ့ နေရာကို သွားရောက်လည်ပတ်ပြီး ဓါတ်ပုံရိုက်ယူခဲ့တာဖြစ်ပါတယ်။ မုလန်ရေကန်က တောင်ပေါ်မှာ တည်ရှိတဲ့ ထူးခြားတဲ့ရေကန်လေးတစ်ခုပါ။ တောင်ပေါ်ကို တော်တော်ပင်ပင်ပန်းပန်းတက်လိုက်ရပါတယ်။ ဘယ်လောက်မြင့်လဲသေချာမသိပေမယ့် ကျိုက်ထီးရိုးက ရသေ့တောင်ကနေ တောင်ပေါ်ကို ခြေလျှင်တက်သလောက် ခက်ခဲ ပင်ပန်းပါတယ်။ ဒါပေမယ့် တောင်ကြားတွေမှာ ရေတံခွန်လေးတွေ သစ်ပင်ရောင်စုံလေးတွေနဲ့ ကြည်နူးစရာကောင်းပါတယ်။ ရာသီဥတုကလဲ ၈ ဒီဂရီစင်တီဂရိတ်လောက်ပဲရှိလို့ တောင်လေနဲ့ တော်တော်လေးအေးပါတယ်။ သိပ်နံမည်ကြီးလှတဲ့ နေရာတစ်ခုမဟုတ်ပေမယ့် လက်ရှိဖြစ်နေတဲ့ ဆောင်းဦးအလှကို တင်ပြချင်တာကြောင့် အပင်ပန်းခံ အချိန်ကုန်ခံပြီး ပို့စ်တင်လိုက်ရခြင်းဖြစ်ပါတယ်။ ပင်ပန်းရကျိုးနပ်အောင် တစ်ချက်လောက်တော့ ဖွင့်ကြည့်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ် …


weiweiNovember 13, 20102min42725
CCTV ကနေ ကင်းခြေများ တရုတ်လို ဝူကုန်း (蜈蚣)တွေ စီးပွားဖြစ်မွေးမြူတာကို ကြည့်လိုက်ရလို့ အခုလို အင်တာနက်ကနေ ပုံတွေရှာပြီး ဖော်ပြပေးလိုက်တာပါ။ ကွမ်တုံးပြည်နယ်က တရုတ်လူမျိုးတွေက ဘာအကောင်ကိုမဆို စားလို့ရတာ အကုန်စားပါတယ်။ ကင်းခြေများအကောင်တွေကို စီးပွားဖြစ်မွေးပြီး ဆေးဖော်စပ်တဲ့နေရာမှာသုံးတယ်။ အများအားဖြင့် အကင်လုပ်ပြီးစားကြပါတယ်။ မွေးမြူရေးလုပ်တဲ့နေရာက အကောင်တစ်ကောင်ရဲ့ဈေးနှုနန်းက တရုတ်ငွေ (1.4 ယွမ်) ဗမာငွေ ၂၀ဝ ကျပ်ခန့်ရှိပါတယ်။ အကင်နဲ့ ဟင်းလျှာဈေးနှုန်းတွေကိုတော့ မသိပါဘူး။ အကင်ဆိုင်တွေမှာတော့ အဲဒီအကောင်တွေရောင်းနေတာ မြင်မိပါတယ်။ တခြားပိုးကောင်တွေလဲ အကုန်ကင်တယ် .. အကုန်စားကြတယ်။ ကင်းခြေများအကောင်တွေကိုတော့ ကွမ်တုံးကနေမှ တရုတ်တစ်နိုင်ငံလုံးကို ဖြန့်ဖြူးနေပါတယ်။ ဗမာလူမျိုးများ ပြည်ပပို့ကုန်တင်သွင်းချင်သူများအတွက် ….


weiweiNovember 12, 20103min26312
ဒီမြို့ကတော့ တရုတ်ပြည်မြောက်ပိုင်း လျှောင်းနင် (Liaonin) ပြည်နယ်ထဲက တလျှန် (Dalian) မြို့ပါ။ အအေးပိုင်းဒေသဖြစ်ပြီး ပင်လယ်ဆိပ်ကမ်းမြို့လေးဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံနဲ့နီးပြီး ခေတ်မှီတဲ့ ဖက်ရှင်ဒီဇိုင်းနဲ့ အားကစားမှာ နံမည်ကြီးပါတယ်။ ရေကြောင်းလုပ်ငန်းကုမ္ပဏီတွေလဲ အများကြီးရှိပါတယ်။ အလွန်ပူပြင်းတယ့် နွေရာသီမှာတောင် ၃ဝ ဒီဂရီစင်တီဂရိတ်ခန့်ပဲ ရှိလို့ နွေရာသီမှာ ခရီးသွားတဲ့သူတွေတော်တော်များပါတယ်။ ဓါတ်ပုံတွေက လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကပုံတွေပါ။ မြို့ပတ်ဘက်စ်ကားပေါ်ကနေတောင်မှ ပင်လယ်နဲ့ ကမ်းခြေကို မြင်နေရပါတယ်။ နေရာတော်တော်များများက အခုဓါတ်ပုံတွေထဲကလိုပါပဲ … ကမ်းခြေကကျောက်သားကလေးတွေရှိပြီး အပူပိုင်းပင်လယ်ကမ်းခြေတွေနဲ့ကွာတာကတော့ အုန်းပင်မရှိပါဘူး။  တရုတ်တွေကတော့ အကင်စားလိုက် ဘီယာသောက်လိုက် ရေစိမ်လိုက်နဲ့ ကမ်းစပ်မှာတင် ဖြစ်သလိုပဲ နေနေကြတာပဲ။  ဆောင်းတွင်းမှာ အနှုတ် ၁ဝ ဒီဂရီလောက်အထိအေးတယ်။ အဲဒီမြို့ရဲ့လှပတဲ့ တောတောင်တွေနဲ့ ခောတ်မှီတဲ့ အဆောက်အဦးတွေကိုတော့ နောက်မှ သီးသန့်ပို့စ်နဲ့ တင်ပြပေးပါ့မယ်။


weiweiNovember 11, 20101min25110
ထူးထူးခြားခြားတပည့်တွေအကြောင်းထဲမှာ သူလေးလဲပါတယ်။ ကျွန်မက သူငယ်တန်းကနေ ၉ တန်းအထိ ပတ်ဝန်းကျင်က ကလေးတွေကို စာသင်ပေးတဲ့အချိန်ကပေါ့။ ကလေးလေးတစ်ယောက်ကို သူ့အမေက ခေါ်လာပြီး ကျူရှင်လာအပ်တယ်။ ကလေးလေးက သေးလွန်းလို့ သူငယ်တန်းကလေးလို့ထင်မိတယ်။ ဒါပေမယ့် ကလေးအမေက ကျောင်းဖွင့်ရင် ပထမတန်းတက်ရမှာတဲ့။ သူငယ်တန်းအောင်ပြီးပြီလို့ပြောပါတယ်။ အသက်ဘယ်လောက်လဲလို့မေးကြည့်တော့ ၅ နှစ်ကျော်ပြီး ၆ နှစ်ထဲမှာတဲ့။ ကလေးက ကျန်းမာရေးသိပ်မကောင်းတော့ သေးသေးလေးဖြစ်နေတယ်။ အဲဒါနဲ့ စာစသင်တော့တာပေါ့။ ပထမတန်းစာအုပ်နဲ့လဲ စလိုက်ရော စာတွေကို မဖတ်တတ်တာကို သိလိုက်ရတယ်။ အဲဒါနဲ့ ကကြီး ခခွေးပြန်ဆိုခိုင်းတော့ ဆိုတတ်ပေမယ့် တစ်လုံးချင်းရေးပြီး မေးရင် မသိပါဘူး .. ဝလုံးကိုတောင် သေချာဝိုင်းအောင် မဆွဲတတ်တာကို တွေ့လိုက်ရတယ်။ တစ်ခုခုတော့လွဲနေပြီဆိုပြီး ကလေးအမေကို ခေါ်မေးကြည့်တော့ သူငယ်တန်းတုန်းက သမီးက တချိန်လုံးနေမကောင်းဖြစ်နေလို့ ကျောင်းတက်ရတယ်ကို […]


weiweiNovember 10, 20105min2729
ရေခဲကမ္ဘာ နှင်းကမ္ဘာတွေနဲ့အတူ စိန့်ဆိုဖီရာ ဘုရားကျောင်းကလဲ ဟာ့ပင်းမြို့မှာ နံမည်ကြီးပါတယ်။ မြို့လယ်ခေါင်တည့်တည့်မှာပါ။ အဲဒီဘုရားကျောင်းကို ၁၉၀ရ ခုနှစ်မှာ ရုရှားတွေဝင်ရောက်လာစဉ်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အရှေ့အာရှတခွင်မှာ အကြီးဆုံး (outhodox church) ဖြစ်ပါတယ်။ ၅၃ မီတာ မြင့်ပြီး ၇၂၁ စတုရန်းမီတာရှိပါတယ်။ ၁၉၉ရ ခုနှစ်ကစပြီး ပြတိုက်တစ်ခုအနေနဲ့သတ်မှတ်ပြီး ခရီးသွားဧည့်သည်တွေကို ပြသခဲ့ပါတယ်။ ဗိသုကာလက်ရာတွေက ထူးခြားပါတယ်။ အပြင်ဘက်ကနေကြည့်ရင် ရုရှားက မော်စကိုမြို့နဲ့ တူတယ်လို့ပြောကြတယ် (သူများပြောတာ .. မော်စကိုမရောက်ဖူးပါ)။ အဲဒီကိုရောက်တုန်းက ဘုရားကျောင်းထဲဝင်ကြေးက ၃ဝ ယွမ်မို့လို့ ဝင်ရမှာ နှမြောနေသေးတယ်။ ဒါပေမယ့် ဝင်ကြည့်ခဲ့မိလို့ အခုလို ဓါတ်ပုံတင်နိုင်တာမို့လို့ ဝင်ကြည့်မိတာ တန်သွားတယ်လို့ပဲ ထင်မိပါတယ်။ ခရစ်ယာန်ဘုရားကျောင်းတစ်ခုအနေနဲ့ ဗဟုသုတကြည့်ရအောင် တင်ပေးလိုက်ပါတယ် …..


weiweiNovember 8, 20101min26410
လူ့ဘဝ ရခဲပါဘိ … လူ့လောကထဲမှာ လူတွေ မွေးလာလိုက်ကြ သေသွားလိုက်ကြနဲ့ ဘာမှမထူးဆန်းသလိုပဲ ဖြစ်နေပါတယ်။ လူ့ဘဝရခဲတယ်ဆိုတာ ဗုဒ္ဓတရားတော်တွေကနေ နာကြားနေရပေမယ့် ခပ်ပါးပါးနဲ့ အမှုမဲ့ပဲ နေဖြစ်ခဲ့ပါတယ်။ တရုတ်ပြည်မှာ အနေကြာလာတော့မှပဲ လူ့ဘဝရခဲတာကို စတင်သံဝေဂဝင်မိပါတော့တယ်။ တီဗီကနေ ကြော်ငြာတစ်ခုတွေ့လိုက်မိတယ်။ သားဖွားမီးယပ်ဆေးရုံတစ်ခုကိုကြော်ငြာတာပါ … ချစ်သူရည်းစားတွေ အိမ်ထောင်သည်တွေ အပျော်လွန်ပြီး မတော်တဆများ ကိုယ်ဝန်ရှိသွားပါက စိတ်မပူပါနဲ့တဲ့… သူတို့ဆေးရုံမှာ မနာမကျင် ဘေးဥပါဒ်မဖြစ်စေပဲ ၃ မိနစ်အတွင်း ကိုယ်ဝန်ပျက်ကျအောင် ဆောင်ရွက်ပေးနေတယ်ဆိုပြီး ကြော်ငြာပါတယ်။ စကြည့်မိတဲ့နေ့ကတော့ ဘာသာပြန်တာများမှားတာလားလို့တောင် ထင်မိပါတယ်။ အံ့လဲအံ့ဩမိတယ်။ ဒီလိုနဲ့ပဲ တစ်ခါမှာတော့ သူငယ်ချင်းကောင်မလေးတစ်ယောက် သားအိမ်မကောင်းဖြစ်တာနဲ့ အမျိုးသမီးဆေးရုံတစ်ရုံကို အဖော်လိုက်သွားပေးရတယ်။ အဲဒီမှာ အတွဲတွေ အများကြီးတွေ့ခဲ့ရပြီး ကောင်မလေးတွေ ကိုယ်ဝန်လာပြကြတာ။ တရုတ်ဆေးရုံတွေက အခန်းသီးသန့်ပိတ်ပြီး လူနာကြည့်တာမဟုတ်လို့ […]


weiweiNovember 7, 20105min35619
ပန်းကလေးတွေကို ဓါတ်ပုံရိုက်ဖို့ ဝါသနာပါတာကိုသိတဲ့ တရုတ်သူငယ်ချင်းတစ်ယောက်က ဂန္ဓမာပန်းပြပွဲလုပ်နေတဲ့အကြောင်း ကျွန်မကို သတင်းပေးလာပါတယ်။ ကျွန်မလဲ ချက်ခြင်းပဲ ကင်မရာယူပြီး သွားရိုက်ခဲ့ပါတယ်။ ခါတိုင်းတုန်းကတော့ အပျော်သဘောပေမယ့် ဒီကနေ့ ရိုက်ခဲ့တာကတော့ သတင်းထောက်စိတ်လဲပါတာပေါ့။ ရတနာပုံသတင်းစာကြည့်တဲ့သူတွေ ပန်းလှလှလေးတွေ ကြည့်ရအောင်ဆိုတဲ့ စေတနာနဲ့ ရိုက်ကူးတင်ပြထားတာပါ။ ဒီနေ့ နေ့လည်ကမှ ရိုက်ထားလို့ အသစ်စက်စက်ဓါတ်ပုံတွေပါ။ အခုလို ဆောင်းရာသီစဝင်တဲ့အချိန်မှာ ဂန္ဓမာတွေလှိုင်လှိုင်ပွင့်ပြီး နှစ်စဉ် ပြပွဲကျင်းပလေ့ရှိပါတယ်။ အပျင်းပြေ ဖွင့်ကြည့်လိုက်ကြပါအုန်း ….


weiweiNovember 6, 20102min3895
ရေခဲကမ္ဘာ နှင်းကမ္ဘာတွေနဲ့ လှပတဲ့ ဟာ့ပင်း (Harbin) ခရီးစဉ်နဲ့ အတူတူ နှင်းလျှောစီးတဲ့တောင်တွေကိုလဲ သွားလည်ခဲ့ပါတယ်။ ဟေးလုံးကျန်းပြည်နယ်ထဲက ဟာ့ပင်းမြို့ကနေ တစ်ရက်ခရီးနဲ့ သွာခဲ့တာပါ။ အောက်ဆုံးက ဓါတ်ပုံ ၂ ပုံက ကားပေါ်ကနေ လမ်းခရီးကို ရိုက်ထားတာပါ။ ၂ နာရီခန့်ကားစီးရတဲ့ ခရီးတလျှောက်လုံး ဘယ်ကိုပဲကြည့်လိုက်ကြည့်လိုက် အခုလိုပဲ ဖြူဖွေးနေပါတယ်။ နှင်းတွေကို အများကြီးမြင်ခဲ့ရတဲ့ ခရီးစဉ်တစ်ခုပါ။ အစီအစဉ်ကတော့ ၂ ခုပါ။ တစ်ခုက တောင်ပေါ်ကို စတီးကေဘယ်ကြိုးနဲ့ချိတ်ထားတဲ့ ထိုင်ခုံတွေနဲ့တက်ရပါတယ်။  အဆင်းကိုတော့ စတီးမြောင်းတွေနဲ့ လျှောချရပါတယ်။ ရင်တထိတ်ထိတ် အသဲတယားယားရှိမှာပေါ့ ။ အတက်အဆင်းအတွက် တန်ဖိုးငွေက ၂၀ဝ ယွမ်ပါ … ဈေးကြီးလို့ မစီးတာကို ကြောက်လို့ဆိုပြီး တရုတ်မလမ်းညွှန်ကို အကြောင်းပြလိုက်ရသေးတယ် … သူများစီးတာကိုပဲ ကြည့်ခဲ့ပါတယ် […]


weiweiNovember 4, 20101min50134
ကျွန်မက ဗမာဖြစ်ရတာကို အရမ်းဂုဏ်ယူတဲ့ ဗမာလူမျိုးတစ်ယောက်ဖြစ်ပါတယ်။  တရုတ်ပြည်မှာ ၄ နှစ်ကျော် ပညာသင်ကြားခဲ့ပါတယ်။ တရုတ်ဘာသာသင်ကြားရတဲ့ တစ်နှစ်တာအတွင်းမှာ ကျွန်မရဲ့တိုင်းပြည် သာယာလှပကြောင်းနဲ့ တိုင်းသူပြည်သားတွေ စိတ်ထားကောင်းကြောင်း၊ ကျွန်မတို့ ဘာသာတရားကိုင်းရှိုင်းကြောင်း၊ သယံဇာတပေါကြွယ်ဝကြောင်း အလျဉ်းသင့်သလိုပြောပြပါတယ်။ ဘာသာစကားသင်တာဆိုတော့ ဝါကျဖွဲ့တာတို့ စာစီစာကုံးရေးတာတို့ အမြဲလုပ်ရပါတယ်။ ကျွန်မရဲ့ဥပမာပေးတဲ့စာကြောင်းတိုင်းက မြန်မာနိုင်ငံအကြောင်းတွေချည်းပါပဲ။ ကျွန်မက အတန်းထဲမှာ စည်းကမ်းအလိုက်နာဆုံးနဲ့ စာအတော်ဆုံးကျောင်းသားဖြစ်အောင်နေခဲ့ပါတယ်။အကျင့်စာရိတ္တပိုင်းမှာလဲ ဗမာဆိုတာ နိုင်ငံခြားသားတွေကြားထဲမှာ လုံးဝကိုကွဲထွက်နေပါတယ်။ တခြားတိုင်းပြည်တွေကိုတော့ မရောက်ဖူး မကြုံဖူးလို့ မသိပါ။ အင်မတန်တိုးတက်နေတဲ့တရုတ်ပြည်နဲ့ယှဉ်လိုက်ရင် ကျွန်မတို့တိုင်းပြည်က ဆင်းရဲနေတယ်လို့ အမြင်မှာ မြင်သာနေပါတယ်။ ဒါပေမယ့် ကျွန်မစိတ်ထဲမှာတော့ မဆင်းရဲဘူးလို့ခံယူထားပါတယ်။ သူတို့လူမျိုးတွေက တိုက်ခန်းနဲ့ပဲနေနိုင်ပါတယ်။ လုံးချင်းအိမ်ယာနဲ့မနေနိုင်ပါဘူး။ ကျွန်မတို့က အိမ်နဲ့သစ်ပင်နဲ့နေနိုင်ပါတယ်။ သူတို့တွေက မြေဩဇာတွေနဲ့စိုက်ပျိုးပြီးကြီးထွားနေတဲ့ အရသာမရှိတဲ့ အသားနဲ့အသီးအရွက်တွေကိုပဲ စားနိုင်ပါတယ်။ ကျွန်မတို့ကတော့ လတ်ဆတ်ပြီး […]


weiweiNovember 4, 20101min33516
ကျွန်မရဲ့ ၈ တန်းကျောင်းသား တပည့်ကျော်အကြောင်း တစ်ခါပြောပြဖူးပါတယ်။ ဒီတစ်ခါတော့ တပည့်ကျော်များလို့ နံမည်တပ်လိုက်မယ်။ သူတို့တွေက ၉ တန်း ကျောင်းသူကျောင်းသား ၅ ယောက်ဖြစ်ပါတယ်။ သွက်သွက်လက်လက် လှလှပပနဲ့ ခပ်စွာစွာလေးတွေပါ။ စာအကြောင်းကတော့ ပြောပြလဲ ထူးဆန်းမယ်မထင်လို့ ချန်လှပ်ထားလိုက်ပါ့မယ်။ ကျွန်မရဲ့စေတနာက ကျောင်းစာတင်မကပဲ တခြားဗဟုသုတလဲ ရစေချင်လို့ သူတို့ကို ဆုံးမစရာရှိဆုံးမ ပုံပြောစရာရှိပုံပြောနဲ့ ကျွန်မစိတ်ထဲရှိသလို စာသင်ပါတယ်။ အမျိုးသားနေ့ ကျောင်းပိတ်ရက်နီးလာတဲ့ တစ်ရက်မှာ ကျွန်မက သူတို့ကို အမျိုးသားနေ့ ကျောင်းပိတ်မယ်လို့ ပြောလိုက်ပါတယ်။ အဲဒီမှာ သူတို့က ဘယ်နေ့လဲ လို့ပြန်မေးတယ်။ အဲဒါနဲ့ ကျွန်မလဲ အံ့အားသင့်သွားပြီး အမျိုးသားနေ့ ဘယ်နေ့လဲ မသိဘူးလားလို့ ပြန်မေးလိုက်ပါတယ်။ သူတို့ ၅ ယောက်စလုံး တစ်ယောက်မှ မပြောနိုင်ပါဘူး။ အဲဒါနဲ့ […]