weiweiMay 1, 20122min63064
ယနေ့ ပန်းတနော်မြို့နယ် အစုကြီးကျေးရွာတွင်တည်ရှိသော သီတဂူ သုမေဓါဆေးရုံသို့ ရွာသူားများ စုပေါင်းအလှူသွားရောက်ပြုလုပ်ခဲ့ကြပါတယ်။ မနက် ၆ နာရီခွဲ ရန်ကုန်မှ ထွက်ခွာနိုင်ခဲ့ပြီး ပန်းတနော်သို့ ၈ နာရီခွဲမှာရောက်ခဲ့ကြတယ်။ ကားပေါ်မှာ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ကြရင်း၊ သူကြီးပေးလိုက်တဲ့လက်ဆောင်ကိုလဲ မဲဖောက်ကြရင်းနဲ့ ပျော်ရွှင်စွာခရီးနှင်ခဲ့ကြပါတယ်။ တံတားဦးဘုန်းကြီးကျောင်းမှာ မနက်စာ ပန်းတနော်မုန့်ဟင်းခါးစားကြပြီး ပန်းတနော်မြို့ထဲမှာတည်ရှိတဲ့ ကျိုက်ထီးရိုးဘုရားဖူးကြတယ်။ ပြီးတော့မှ အစုကြီးကျေးရွာကို ဆက်သွားခဲ့ပါတယ်။ ဆေးရုံကို ၁၁ နာရီအချိန်ခန့်မှာ ရောက်ရှိခဲ့ကြတယ် .. မြတောင်ဆရာတော်နဲ့တကွ ရွာသူရွာသားတွေက ကြိုဆိုနေကြပါတယ်။ ကျွန်မတို့အားလုံးကို ဧည့်ခန်းတစ်ခန်းထဲကို ခေါ်ဆောင်သွားပြီး ခဏနားနေခိုင်းပါတယ်။ စားသောက်စရာ မုန့်မျိုးစုံနဲ့ ရေခဲစိမ်ထားတဲ့ ရေသန့်ဗူးများဖြင့် ဧည့်ခံကြပါတယ်။ ဆရာတော်နှင့် အလှူအစီအစဉ်ဆွေးနွေးကြပြီးနောက် ဆေးရုံကိုလှည့်ပတ်ကြည့်ရှုကြပါတယ်။ အဲဒီနောက် နေ့လည်စာနဲ့တည်ခင်းဧည့်ခံတယ်။ ရွာလုံးကျွတ်လုပ်အားပေးပြီး သေချာပြင်ဆင်ချက်ပြုတ်ထားပါတယ်။ နေ့လည်စာစားပြီးတော့မှ အလှူငွေပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြပါတယ်။ […]


weiweiApril 23, 20124min28712
ရွှေစက်တော်ကနေ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်း၊ ချောက် မြို့တွေကို ဖြတ်ပြီး ပုဂံကို သွားခဲ့တဲ့ လမ်းတစ်လျှောက်မှ ပုံရိပ်များဖြစ်ပါတယ်။ ကားပေါ်ကနေ လျှပ်တစ်ပြတ်ရိုက်ထားတာဖြစ်လို့ သေချာရိုက်ထားတဲ့ အလှပုံတွေတော့ မဟုတ်ပါဘူး။ မရောက်ဖူးတဲ့သူတွေနဲ့ မရောက်တာကြာတဲ့သူတွေအတွက် ကားစီးရင်းမြင်ရတဲ့ မြင်ကွင်းတစ်ချို့ကို တင်ပြပေးချင်လို့ ဒီပို့စ်ကို တင်ဖြစ်ခြင်းဖြစ်ပါတယ်။ အညာဒေသဖြစ်ပေမယ့် ဆည်မြောင်းတွေကျေးဇူးကြောင့် လမ်းခရီးတစ်လျှောက် စိမ်းစိမ်းစိုစိုရှိပါတယ်။ သင်္ကြန်တွင်းမှာ မီးသတ်ပိုက်တွေနဲ့တောင် ရေကစားနိုင်ကြတာ တွေ့ခဲ့ရပါတယ်။ ဆိုးတာကတော့ အမူးသမားတွေနဲ့ ဆိုင်ကယ်သမားတွေပါပဲ။ အပျော်လွန်ပြီး လမ်းလယ်ခေါင်မှာ မူးရူးပြီး ကခုန်နေကြတာကတော့ ခရီးသွားတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်ခဲ့ရပါတယ်။ မနက် ၆ နာရီလောက် ငဖဲကနေထွက်ခဲ့ပြီး ပုဂံကို နေ့လည် ၃ နာရီလောက်မှာမှ ရောက်ခဲ့ပါတယ်။ လမ်းသိပ်မကောင်းလို့ အရမ်းမောင်းလို့မရသလို သင်္ကြန်တွင်း အလှူခံ […]


weiweiApril 21, 20125min2399
ရွှေစက်တော်ကို ငယ်ငယ်ကလေးဘဝကထဲကနေ အခုအချိန်အထိ ၅ ကြိမ်ထက်မနည်း ရောက်ဖူးခဲ့ပါတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ် ပြောင်းလဲမှုကတော့ တဲတန်းတွေ ဆိုင်ခန်းတွေ ဘုရားဖူးတွေ ပိုပိုများလာတာပဲဖြစ်ပါတယ်။ ပိုစည်လာတာနဲ့အမျှ နေထိုင်ရေး၊ စားသောက်ရေးနဲ့ အထူးသဖြင့် အပေါ့အလေးသွားဖို့ အခက်အခဲပိုဖြစ်လာပါတယ်။ အခုတစ်ခေါက်တော့ ရွှေစက်တော်ဘုရားအနီးက ငဖဲမြို့နယ် သီပေါရွာက ကျွန်မမိဘတွေ ကိုးကွယ်ဆည်းကပ်တဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ညအိပ်တည်းခိုခဲ့ပါတယ်။ ဆရာတော်ဆီအရင်ဝင်ပြီး ထမင်းစားပြီးမှ ဆရာတော်က ရ မိုင်ခရီးကို ဖြတ်လမ်းကနေ လိုက်ပို့ပေးပါတယ်။ အောက်စက်တော်ရာ အထက်စက်တော်ရာဖူးပြီး ခဏတစ်ဖြုတ်ပဲနေပြီး ပြန်ခဲ့ကြတယ်။ လမ်းရောက်မှ သန့်ရှင်းတဲ့ မန်းချောင်းထဲမှာ ရေချိုးဆင်းကြပါတယ်။ ဘုန်းကြီးကျောင်းမှာ ညအိပ်ပြီး မနက်စောစောမှာမှ ပုဂံဘက်ကို ခရီးဆက်ခဲ့ကြပါတယ် … ဓါတ်ပုံတွေက ကားပေါ်ကနေ ရိုက်ထားတာများပါတယ်။ ကားမှန်ခံနေလို့ သိပ်မကြည်ဘူးဖြစ်နေပါတယ်။ ဘုရားပွဲဈေးတန်းမှာ ဩ့င်္ကန်ရေ လိုက်ပက်နေတာနဲ့ […]


weiweiApril 20, 20122min38024
ခရီးစဉ်တလျှောက်ထဲမှာ အနှစ်သက်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ရွှေစက်တော်သွား တောလားထဲက မန်းချောင်းဖြစ်ပါတယ်။ ဘုရားပတ်ဝန်းကျင်မှာ ဘုရားဖူးတွေနဲ့ စည်ကားနေတဲ့ မန်းချောင်းက ဘုရားနဲ့ဝေးတဲ့ ရွာလေးတစ်ရွာကိုဖြတ်စီးနေချိန်မှာတော့ တိတ်ဆိတ်လို့နေပါတယ်။ အဲဒီလို သန့်ရှင်းကြည်လင်ပြီး တိတ်ဆိတ်နေတဲ့ နေရာအထိသွားပြီး ရေကစားခဲ့ကြတယ်။ ကလေးတွေ အလွန်ပျော်ခဲ့ကြတဲ့ နေရာလေးတစ်ခုပါ။ ရေက နွေးနွေးလေးနဲ့ ကြည်လင်နေပါတယ်။ နေဝင်ရီတရောအချိန်လေးမို့ အလွန်လှပပါတယ်။ အဲဒီနေရာရောက်တော့ ရွာထဲက ဓါတ်ပုံဆရာတွေကို သတိရမိပါတယ် … ကျွန်မရိုက်နေကျကင်မရာထဲက မန်မိုရီကတ် အိမ်က ကွန်ပျူတာထဲ မေ့ကျန်နေခဲ့လို့ အဖေ့ကင်မရာနဲ့ပဲ တစ်လမ်းလုံးရိုက်ခဲ့ရပါတယ် … ကင်မရာကို အထာမကျတာကြောင့် တစ်ဝက်လောက်ပဲကြည်လင်ပြီး တစ်ဝက်လောက်က ဝါးနေတဲ့အတွက် အညာခရီးစဉ်မှာ ဓါတ်ပုံတွေ အရမ်းများများတင်နိုင်မှာ မဟုတ်တဲ့အကြောင်း ကြိုတင်တောင်းပန်ထားချင်ပါတယ် …


weiweiApril 20, 20122min71154
ဒီနှစ်သင်္ကြန်ရက်တွေကို ခရီးထွက်ခြင်းဖြင့် အချိန်ကုန်လွန်ခဲ့ပါတယ် … အရမ်းပူပြင်းတဲ့နွေရာသီမှာ ရွှေစက်တော် ပုဂံ ညောင်ဦး ဘုရားဖူးထွက်ဖြစ်ခဲ့တယ် … ဘုရားဖူးရတဲ့ကြည်နူးခြင်း ခံစားချက်ထက် ပူပြင်းခြင်းခံစားချက်က ပိုထင်ရှားခဲ့တဲ့ ပုဂံခရီးစဉ်ကို ပြန်ပြီးတော့တောင် မစဉ်းစားချင်လောက်အောင် ဖြစ်နေမိပါတယ် … ခရီးစဉ်တလျှောက် အစီအစဉ်တကျ မရေးတော့ပဲနဲ့ အဆင်ပြေသလို ပြောပြတာ ပိုကောင်းမယ်ထင်လို့ ပထမဆုံးအပိုင်း (၁)ကို ဘုရားနဲ့မစပဲ ထန်းရည်နဲ့ပဲ အရင်စတင်လိုက်ပါတယ် … ထန်းတောထဲမှာ ထန်းရည်အရင်သောက်ပြီးမှပဲ အေးအေးဆေးဆေး ဘုရားဖူးကြတာပေါ့ …. ညောင်ဦးမြို့မှအထွက် ကျောက်ပန်းတောင်းသို့သွားသည့် ကားလမ်းနဘေးတစ်နေရာမှာတည်ရှိပါတယ် … ပူပြင်းနေ့လည်ခင်းမှာ လေတဖြူးဖြူးနဲ့ အေးအေးဆေးဆေး အနားယူနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ် …


weiweiMarch 30, 20121min41522
လူတစ်ယောက်အတွက် မနက်စာဟာအလွန်အရေးကြီးပါတယ်။ မနက်ပိုင်းမှာ ကောင်းကောင်းစားထားမှ တစ်နေ့လုံးစိတ်ကြည်လင်လန်းဆန်းစွာနဲ့ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ ကျွန်မလို မနက်အစောကြီးအလုပ်သွားရပြီး ညနေမိုးချုပ်ခါနီးမှအိမ်ပြန်ရောက်သူတွေအတွက် မနက်စာအခက်အခဲ နေ့စဉ်ကြုံရလေ့ရှိပါတယ်။ အိမ်ကနေ မနက် ရ နာရီခွဲမှာ ထွက်ရတာမို့လို့ မနက်စာကို ဝယ်စားဖို့အချိန်မရပါဘူး။ အိမ်မှာတင်အပြီးစားသွားဖို့ကလဲ မောလွန်းလို့မစားနိုင်တဲ့အတွက် တစ်ခုခုစီမံပြီး ဗူးကလေးနဲ့ထည့်သွားပြီး ရုံးရောက်မှ ကော်ဖီဖျော်ပြီး မနက်စာစားရပါတယ်။ အမြန်ဆုံးနဲ့ အာဟာရဖြစ်အောင်စီမံနိုင်ဖို့ အမြဲတမ်းစဉ်းစားရပါတယ်။ တစ်မျိုးထဲကိုနေ့စဉ်စားရင်လဲ ငြီးငွေ့တယ်။ နေ့လည်စာနဲ့ညနေစာကို ထမင်းအမြဲစားဖြစ်တဲ့အတွက် မနက်စာကိုတော့ ဂျုံနဲ့လုပ်တဲ့မုန့် စားဖြစ်အောင် ကြိုးစားပါတယ်။ ဂျုံမှုန့်နဲ့ ခေါက်ဆွဲခြောက်က ကျွန်မအတွက်ပင်တိုင်အစားအစာပါ။ ရိုးရှင်းတဲ့မနက်စာတွေထဲမှာမှ လုပ်ရလွယ်ပြီး အာဟာရပြည့်ဝတဲ့ မနက်စာတစ်ခုကို မျှဝေပေးချင်ပါတယ်။ ပါဝင်သောပစည်းများ ဂျုံမှုန့် …. စတီးဇွန်း ၄ ဇွန်း ကြက်ဥ … တစ်လုံး ကြက်အူချောင်း (chicken […]


weiweiMarch 24, 20122min68340
ဒီကနေ့ မိတ်ဆွေတစ်ယောက်ရဲ့အလှူကို သွားဖြစ်ခဲ့တယ်။ သာကေတမြို့နယ်ထဲက ရပ်ကွက်တစ်ခုထဲမှာ … စတုဒီသာအလှူပါ … အလှူရှင်မိသားစုက နှစ်စဉ်နှစ်တိုင်း ရပ်ကွက်ထဲက ကလေးတွေကို စတုဒီသာကျွေးမွေးလေ့ရှိပါတယ် … အများအားဖြင့် မုန့်ဟင်းခါးကျွေးလေ့ရှိပြီး တစ်ခါတစ်ရံ ထမင်းနဲ့ဟင်း ကျွေးပါတယ် … ဒီနှစ်မှာတော့ ထူးထူးခြားခြားဖြစ်အောင် ကြက်ဆီထမင်း ကျွေးတယ် … KCK ကနေ ပွဲ ၅၀ဝ မှာပြီး အိမ်ရှေ့မှာ ခုံတွေခင်းကာ ကြိုက်တဲ့သူဝင်စား .. အဝစားပါပဲ … ကျွန်မလဲဝင်စားခဲ့တဲ့ အလှူလေးကို မှတ်တမ်းတင်ထားရင်း အားလုံးကို မျှဝေလိုက်ပါတယ် …


weiweiMarch 23, 20121min66840
ကြက်ခြေထောက်သုတ်လုပ်ဖြစ်ပုံက ရာဇဝင်နဲ့ … ကျွန်မက ကြက်ခြေထောက်ကို စားစရာလို့မထင်ခဲ့လို့ တစ်ခါမှ ချက်မစားဖြစ်ခဲ့ပါဘူး။ ကောင်းမယ်လို့လဲ မထင်ခဲ့ဘူး။ လွန်ခဲ့တဲ့ တစ်လလောက်က ရွာထဲကသူငယ်ချင်းတစ်ယောက်ဆီ သွားလည်ဖြစ်ရင်း ကြက်ခြေထောက်သုတ်လိုက်ကျွေးမယ်ဆိုတာနဲ့ လမ်းဘေးမှာထိုင်စားရတဲ့ ဆိုင်ကလေးတစ်ဆိုင်ဆီရောက်သွားဖြစ်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် မကြိုက်ဘူးလို့ပြောရမှာအားနာတာနဲ့ စားကြည့်လိုက်မယ်ဆိုပြီး စားကြည့်မိရာက အခုလိုပို့စ်တင်ဖြစ်သည်အထိ ကိုယ်တိုင်လုပ်စားဖြစ်သွားပါတယ်။ လုပ်နည်းကလွယ်ကူပြီး စားလို့ကောင်းတဲ့အတွက် ခိုးချလိုက်ပြီး ပြန်လည်ဖောက်သည်ချလိုက်ခြင်းဖြစ်ပါတယ် …. ပါဝင်သောပစ္စည်းများ ကြက်ခြေထောက် ……. (၅) ချောင်း ကြက်သွန်နီဥကြီး …….. တစ်လုံး ခရမ်းချဉ်သီး ……… တစ်လုံး ရှမ်းနံနံ ………. ၂ ပင် မန်းကျီးသီးမှည့် ….. အနဲငယ် ပဲအကျက်မှုန့် ….. အနဲငယ် ယိုးဒယားငံပြာရည် …. အနဲငယ် ငရုတ်သီးအကျက်မှုန့် …. အနဲငယ် […]


weiweiMarch 20, 20121min90741
ဒီပို့စ်မှာ ပြောပြချင်တာက တကယ့်အဖြစ်အပျက်လေးတစ်ခုပါ။ တပေါင်းလပြည့်နေ့တုန်းက ပန်းတနော်ကို သွားလည်ရင်း မြတောင်ဆရာတော်ကျောင်းကို ရောက်ခဲ့ပါတယ်။ ဆရာတော်ဆီမှာ လှူဖွယ်ဝတ္ထုတွေလှူဒါန်းကြပြီးနောက် ဆရာတော်မှ တစ်ခါထဲ ရေစက်ချအမျှပေးဝေခဲ့ပါတယ်။ ရေစက်ချပြီးနောက် ဆရာတော်မှ အဖြစ်အပျက်လေးတစ်ခုကို ပုံပြင်သဖွယ် ပြောပြခဲ့ပါတယ်။ ပန်းတနော်မြို့နယ်က ရွာတစ်ရွာမှာ (ရွာနံမည်မေ့သွားလို့ ..) အဖွားကြီးတစ်ယောက်ရှိခဲ့တယ်။ ရွှေတွေငွေတွေ စုဆောင်းထားတယ်လို့ သားသမီးတွေအနေနဲ့ သိထားကြပေမယ့် ဘယ်နားမှာ သိမ်းထားမှန်းမသိခဲ့ကြဘူး။ တစ်နေ့တော့ အဖွားကြီးသေသွားတယ်။ သားသမီးတွေလဲ တစ်အိမ်လုံးအနှံ့ပစည်းလိုက်ရှာကြပေမယ့် ဘယ်မှာဝှက်ထားခဲ့မှန်း မသိခဲ့ကြဘူး။ ဒီလိုနဲ့ လတွေ နှစ်တွေကြာသွားပြီး တစ်ညမှာ သားတစ်ယောက်ဆီကို အိမ်မက်လာပေးတယ်တဲ့။ အိမ်မက်ထဲမှာ ငါဒီပစည်းတွေကို မစောင့်နိုင်တော့ဘူး။ နင်တို့ပဲ ယူလိုက်တော့လို့ ပြောတယ်တဲ့။ ပြောတဲ့နေရာက ရွာလယ်ကန်သင်းဘေးနားမှာ … လက်ထဲမှာ တောင်ဝှေးတစ်ချောင်းကိုင်ထားပြီး တောင်ဝှေးနဲ့ လယ်ကန်သင်းကို ထောက်ပြပြီး […]


weiweiMarch 13, 20125min46431
ဒီကနေ့တော့ ပူပြင်းလှတဲ့နေရောင်အောက်မှာ သဗ္ဗာန်လေးတစ်စီးနဲ့ ခရီးထွက်ဖြစ်ခဲ့တယ် … တွံတေးမြို့ကနေ ချောင်းကလေးအတိုင်း သဗ္ဗာန်စီးဖြစ်ခဲ့တဲ့ လမ်းတလျှောက် ရှုခင်းလေးတွေကို ဓါတ်ပုံရိုက်ခဲ့လိုက်ပါတယ် … ဓါတ်ပုံတွေအများကြီးရိုက်ခဲ့ပေမယ့် ပို့စ်ကိုလဲ အပိုင်းမခွဲချင်၊ ပုံတွေသိပ်များရင်လဲ ဖွင့်ရခက်မှာစိုးရိမ်လို့ ဒီလောက်ပဲတင်လိုက်ပါတော့တယ် …. ချောင်းထဲမှာ အသွားအပြန် နှစ်နာရီကြာအောင် စီးနေရင်း မြို့ပြနဲ့မတူတဲ့မြင်ကွင်းတွေကို လေ့လာရေးခရီးစဉ်လိုမျိုး လုပ်နိုင်ရင်သိပ်ကောင်းမှာပဲလို့ တွေးမိတယ် …


weiweiMarch 12, 20124min49244
အခုတလော နေမင်းက အတော်ပူပြင်းနေပါတယ် … ပိတ်ရက်ဆိုရင် အိမ်ထဲကနေ တစ်ဖဝါးတောင်မှ မခွာချင်ဘူး … ပူလွန်းလို့ ဦးနှောက်တွေအရည်ပျော်ပြီး ဘာအိုင်ဒီယာမှလဲ စဉ်းစားလို့မထွက်ပြန်ဘူး … ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားရင်း ကွန်ပျူတာစားပွဲဘေးကနေ တစ်ချိန်လုံးကျွန်မကိုကြည့်ပြီး အစာတောင်းနေတဲ့ ငါးကလေးတွေကို ထိုင်ငေးနေမိတယ် … အိုး .. ဒီလောက်လှတဲ့ မော်ဒယ်လေးတွေအိမ်ထဲမှာတင်ရှိနေတာပဲနော် … ဓါတ်ပုံရိုက်အုန်းမှလို့ အကြံရသွားတယ် … ဒီကောင်တွေကို ကျွန်မအဖေမွေးထားတာ တော်တော်ကြာပါပြီ … ရ နှစ်လောက်တောင် ရှိပြီထင်ပါတယ် … တစ်ကောင်သေသွားရင် တစ်ကောင်သွားဝယ်ပြီး ပြန်ထည့်လေ့ရှိတာမို့ သူတို့အသက်အတိအကျကိုတော့ သေချာသတိမထားမိဘူး … ၂ နှစ်အတွင်းမှာ တစ်ကောင်မှ မသေသေးတာကိုတော့ သတိထားမိတယ်။ ဒါ့ပုံရိုက်ဖို့ အကြံကုန်လာတော့ အိမ်ထဲကငါးကိုပဲ မော်ဒယ်လုပ်လိုက်ပါတယ် … Diskette […]


weiweiMarch 11, 20121min90945
ပေါ့ပေါ့ပါးပါး အတင်းပြောချင်စိတ်ပေါက်လာလို့ တကယ့်အဖြစ်အပျက်လေးတစ်ခုကို စာချရေးလိုက်ပါတယ်။ ကျွန်မမိဘတွေနေတဲ့ရပ်ကွက်ထဲမှာပေါ့ … အိမ်တွေက လုံးချင်းအိမ်တွေဖြစ်ပြီး ခြံစည်းရိုးတွေခပ်မြင့်မြင့်နဲ့ ဖာသိဖာသာနေတတ်ကြတယ်။ တစ်အိမ်နဲ့တစ်အိမ် မမြင်ရပေမယ့် ကျွန်မတို့အိမ်ဘေးအိမ်က ကားဂိုဒေါင်အပေါ်ထပ်က ဒရိုင်ဘာနေတဲ့အိမ်ခန်းကိုတော့ ကြည့်ရင်မြင်နိုင်တဲ့အနေအထားမှာရှိပါတယ်။ ခါတိုင်းတော့ လူနေလိုက် မနေလိုက်နဲ့ အမြဲလိုလိုပိတ်ထားတဲ့အခန်းတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ – ၄ လလောက်ကစပြီး မိသားစုတစ်ခုပြောင်းလာပြီးနေထိုင်ကြတယ်။ အသက် ၅ဝ လောက်ခန့်မှန်းရတဲ့ ဒရိုင်ဘာလူကြီးရယ်၊ အသက် ၅ဝ လောက်ရှိတဲ့ မိန်းမတစ်ယောက်ရယ်၊ ကလေး ၄ ယောက်ရယ်၊ အသက် ၂ဝ ကျော်လောက် ကောင်မလေးတစ်ယောက်ရယ်ဆိုတော့ လူကများပြီး အခန်းကခပ်ကျဉ်းကျဉ်းပါပဲ။ ကျွန်မတို့လဲ လူအသစ်တွေပြောင်းနေတာဆိုတော့ နဲနဲစပ်စုကြည့်မိတာပေါ့ .. ကျွန်မ အမေက လင်မယားနှစ်ယောက်နဲ့ ကလေး ၄ ယောက်ဖြစ်မယ်ဆိုပြီး အသက် ၅ဝ […]


weiweiMarch 7, 20123min68033
ဒီကနေ့ တပေါင်းလပြည့်နေ့မှာတိုက်ဆိုင်မှုပေါင်းများစွာနဲ့ ပန်းတနော်မြို့ကို ရောက်ဖြစ်ခဲ့ပါတယ်။ ရွာထဲက သွားဖို့တိုင်ပင်ထားသူတွေ မသွားဖြစ်ကြတဲ့ ခရီးစဉ်လေးမို့ အချိန်နဲ့တပြေးညီ ပို့စ်တင်ပေးလိုက်တယ်နော် …. ပန်းတနော်မြို့နယ်က ဧရာဝတီတိုင်းအတွင်းမှာတည်ရှိပြီး ညောင်တုန်းတံတား (ဗိုလ်မြတ်ထွန်း) တံတားကနေ ခဏလေးဆက်မောင်းသွားရုံနဲ့ရောက်ပါတယ်။ ရန်ကုန်-ပုသိမ်လမ်းပေါ်မှာတည်ရှိတယ်။ ဦးသန့်မြို့လို့လဲ လူသိများကြပါတယ်။ ရန်ကုန်ကနေ ကားကောင်းကောင်း လမ်းကောင်းကောင်းနဲ့ နှစ်နာရီတောင်မကြာတဲ့ ခရီးတစ်ခုဖြစ်ပါတယ်။ ရန်ကုန်-ပုသိမ်လမ်းက စားသောက်ဆိုင်တွေ မကောင်းဘူးလို့ ဒီရွာထဲမှာပြောထားဖူးတာကို သက်သေပြချင်တဲ့ ပန်းတနော်ရွာသူက ယူရေးနပ်စ်လို့နံမည်ပေးထားတဲ့ ပန်းတနော်က စားသောက်ဆိုင်မှာ နံနက်စာကျွေးတယ်။ ရန်ကုန်မြို့ပေါ်က လက်ဖက်ရည်ဆိုင်တွေလိုမျိုး အသွင်အပြင်နဲ့ စည်ကားနေတဲ့ဆိုင်ကလေးဖြစ်ပါတယ်။ အစားအသောက်တွေက ရန်ကုန်ထက်တောင် ပိုကောင်းပြီး ပိုက်ဆံရှင်းတော့ ရန်ကုန်ထက်ဈေးသက်သာနေတယ်။ မုန့်ဟင်းခါးအကြော်နဲ့မှ ၂၅ဝ ကျပ်ပဲ ပေးရတဲ့ ပန်းတနော်မုန့်ဟင်းခါးက စားလို့အဆင်ပြေပါတယ်။ ပန်းတနော်ကိုသွားဖြစ်တဲ့အကြောင်းရင်းတစ်ခုက ပန်းတနော်မှာကျင်းပနေတဲ့ ရွှေမြင်တင်ဘုရားပွဲမှာ ပန်းတနော်အသင်း(ရန်ကုန်)က ကြီးမှူးပြီး […]