မေလထဲက နော်ဝေ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို လာလည်တာနဲ့ ပတ်သက်ပြီး နော်ဝေဆိုတာ ကမ္ဘာပေါ်မှာ လူနေမှုအဆင့်မြင့်ဆုံးနိုင်ငံ၊အချမ်းသာဆုံးတနိုင်ငံ၊ဝင်ငွေထဲကလှူဒါန်းမှုအရက်ရောဆုံးနိုင်ငံ၊ငြိမ်းချမ်းရေးနိုဘယ်ဆုပေးတဲ့နိုင်ငံ၊လူ့အခွင့်အရေးအပြည့်ဝဆုံးနိုင်ငံ စတဲ့ စတဲ့ သတင်းကောင်း သတင်းပေါင်း များစွာကို ဂျာနယ်တွေမှာ ချီးမွမ်းရေးသားနေကြတဲ့အချိန် နော်ဝေကိုသွားဘို့ အခွင့်အရေးလေးတစ်ခု ရလာပါတယ် ပတ်ဝန်းကျင် နိုင်ငံတချို့ကိုရောက်ဘူးပေမဲ့ ဥရောပနိုင်ငံတွေဘက်ကိုတော့ တစ်ခါမှ သွားခွင့်မကြုံခဲ့ပါဘူး။ ဥရောပနိုင်ငံထဲကမှ နော်ဝေဆိုတာမို့ ဒီတစ်ခေါက်ခရီးစဉ်အတွက် ရင်ခုန်မိသလို ရွာသူရွာသားတွေကိုလဲ ကိုယ်သိလာမဲ့ ဗဟုသုတလေး ပြန်မျှဝေချင်စိတ် ပေါ်လာမိပါတယ်။ လိုအပ်တာတွေ ပြင်ဆင်ရင်း အရင်ဆုံး ဗီဇာကိစ္စအတွက် ကြိုးစားရတယ် နော်ဝေသံရုံးက မြန်မာပြည်မှာမရှိပဲ ဘန်ကောက်မှာပဲရှိတာမို့ ဘန်ကောက်က နော်ဝေသံရုံးကို ဗီဇာလျှောက်ဘို့ကိစ္စ စာရွက်စာတမ်းတွေ လိုတာပြင်ဆင်ပါတယ် မိတ်ဆွေ တစ်ယောက်နဲ့ စကားစပ်မိရင်းမှ နော်ဝေဗီဇာကိုရန်ကုန်က Schengen Visa ပေးနိုင်တဲ့သံရုံး တစ်ခုခုမှာ လျှောက်လို့ရနိုင်တယ်ဆိုလို့ […]