who whoDecember 5, 20101min1954
“Do not give way to heedlessness Do not indulge in sensual pleasures Only the heedful and meditative Attain great happiness” ဆိုတဲ့ စာပိုဒ်လေးကို ဓမ္မပဒ စာအုပ်လေးထဲမှ ဖတ်လိုက်ရတယ်။ ဗမာလို ဘာသာပြန်တော့ “မေ့မေ့လျော့လျော့ အချိန်မကုန်ကြစေလင့် ကိလေသာအာရုံ ကာမဂုဏ်တို့တွင် မွေ့လျော်ပျော်ပါးတတ်သော တဏှာနှင့် မပေါင်းဖော်ကြလင့် မမေ့လျော့ဘဲ ကမ္မဋ္ဌာန်းရှုလေ့ရှိသောသူသည် ကြီးကျယ်ပြန့်ပြော သော နိဗ္ဗာန်ချမ်းသာကို ရလေ၏။ ” လို့ အဓိပ္ပါယ်ရပါတယ်။ အင်း ဒါလေးကို ဖတ်မိတဲ့အခါ မေ့လျော့ခြင်းနဲ့ ပတ်သက်လို့ ဖတ်ဖူးတဲ့ စာလေးတစ်ပုဒ်ကို သွားမြင်ယောင်လာမိတယ်။ မှတ်မှတ်ရရ ရဝေနွယ်(အင်းမ) ရေးတဲ့ စာအုပ်လေးထဲက […]


who whoDecember 5, 20101min5676
“စတုရာရက္ခ” ဟူ၍ အမည်တွင်သော “ကိုယ်စောင့်တရား လေးပါး” ကိုတော့ ကျွန်တော်အနေနဲ့ ကြားဖူးနာဝ ရှိထားတာပေါ့။ ဒါ ပေမယ့် ဒီကိုယ်စောင့်တရားတွေကို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ကျင့် ကြံနိုင်မှုကျတော့ အားနည်းနေပါသေးတယ်။ ဒါကြောင့်ပဲ စိတ်ထဲက တေးထားခဲ့ပါတယ်။ ဒါလေးတွေကို သေချာ သိအောင် လေ့လာ ကျင့်ကြံဦးမယ်ဆိုပြီးလေ။ အရင်ဆုံး ဒီတရားလေးတွေနဲ့ မိတ်ဆက်ချင်ပါတယ်။ ၁။ ဗုဒ္ဓ၏ ဂုဏ်တော်ပွားများခြင်း (ဗုဒ္ဓါနုဿတိ ဘာဝနာ) ၂။ မေတ္တာပွားများခြင်း (မေတ္တာဘာဝနာ) ၃။ သေခြင်းတရားကို နှလုံးသွင်း ဆင်ခြင်ခြင်း (မရဏဿတိ ဘာဝနာ) ၄။ မတင့်တယ်သော ရုပ်သဘောကို နှလုံးသွင်း ဆင်ခြင်ခြင်း (အသုဘ ဘာဝနာ) တို့ပဲဖြစ်ပါတယ်။ ဒီတရားလေးပါး ဟာ သမထဘာဝနာ လေးမျိုးပင်ဖြစ် သော်လည်း ဝိပဿနာလုပ်ငန်းကို […]


who whoDecember 3, 20101min30013
“ ကလေးများအားလုံး…” “ ဆရာမ” “ ဘုရားရှိခိုးတတ်ပါသလား” “ ရှိခိုးတတ်ပါတယ် ဆရာမ” “ သေချာရဲ့လား” “ သေချာပါတယ် ဆရာမ” “ဒါဆို ရှိခိုးပြလို့ ရမလား” “ရပါတယ် ဆရာမ” “ကဲပါ ဆရာမနဲ့ အတူတူ ရှိခိုးကြမယ်နော်” “ဟုတ်ကဲ့ပါ ဆရာမ” ကလေးများအားလုံးရဲ့ ဖြေသံအပြီးမှာ ဆောင်းဘောက်မှ တီးလုံးသံလေး စကြားရပါပြီ။ ထိုတီးလုံးသံလေးနဲ့ အတူ ကလေးများ အားလုံးက မတ်တပ်ရပ်လျက် လက်အုပ်လေးတွေ ချီထားပြီးနေပါပြီ။ “ထိုင်…ထိုင်..ထိုင်..” “လက်အုပ်ချီကာ ညီစွာထိုင်” “လက်ချ ဒူးချ ညီစွာချ..”  “ လက်ကို ရှေ့သို့တိုးပြီးမှ ..” “ တံတောင်ချလို့ နဖူးချ..”။ ထွက်ပေါ်လာသော ကဗျာစပ်သံလေးအတိုင်း နုတ်ကလည်းရွတ်ရင်း လူကလည်း ထပ်ကြပ်မကွာ […]


who whoDecember 1, 20101min1263
နာရီကို ကြည့်လိုက်တော့ အချိန်က မနက်(၇)ခွဲ ။ စောင့်မျှော် နေရတဲ့ ကားတစ်စီး အိမ်ရှေ့ကို ဆိုက်ရောက်လို့လာပါပြီ။ ကားပေါ်မှ ဆရာကြီး ဦးချစ်စံဝင်း နှင့် ဇနီးဒေါ်မော်မော်တို့က ပြုံးရွှင်သော မျက်နှာ ဖြင့် ဆင်းလာကြပါပြီ။ သူတို့နှင့်အတူ နံ့သာမြိုင် အနာကြီး ရောဂါ သည်များ စခန်းသို့ သွားဖို့ လာခေါ်ခြင်းဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နံ့သာမြိုင်ဆီသို့ ခရီးစဉ်လေး စတင်လာခဲ့ပါပြီ။ မန္တလေးမြို့မှ ၃၂ မိုင် ကွာဝေးသော ခရီးကို သွားနေရင်းနဲ့ လမ်းတစ်လျှောက် အတွေးလေး များက အတိတ် တစ်နေရာဆီသို့ …… ၂၀၀၃ ခုနှစ် မေလလောက်ကပေါ့။ “ သမီးရေ မေမေ ဟိုနေ့က သတင်းစာထဲမှာ ပညာရေးထောက်ပံ့မှု အစီအစဉ်ဆိုတာလေး နဲ့ အလှူရှင်များ […]


who whoOctober 5, 20101min910
ကျွန်မ သူနဲ့ ကျွမ်းဝင်လာခဲ့တာ သိတတ်စကတည်းကလို့တောင် ပြောလို့ရပါမယ်နော်။ ဒါပေမယ့် သူနဲ့ဆုံတိုင်းကျွန်မ အရမ်းစိတ်ညစ်ခဲ့ရသလို သူ့ကိုလည်း ကျွန်မ အသံတောင်မကြားချင်လောက်အောင် မုန်းခဲ့ပါတယ်။ ကျွန်မဖက်က ဘယ်လိုပင် မုန်းနေပါစေ ။သူကတော့ အပြုံးတစ်ချက်တောင်မပျက်ပဲ ကျွန်မဆီကို မကြာခဏ လာလာနေပါတယ်လေ။ ကျွန်မကလည်း ကျွန်မပါပဲ ။ သူရောက်လာပြီဆိုတာနဲ့ မျက်စိပျက် ၊မျက်နှာတွေပျက်လို့ စိတ်တွေပါ တန်းပြီးညစ်သွားပါပြီနော်။ နည်းနည်းမှကို ပြုံးရယ်လိုစိတ်ရယ်လို့ မရှိတော့ပါလား။ သူမပြန်မချင်းလည်း စကားတောင်မပြောချင်လောက်အောင် ကျွန်မမှာနုတ်ဆိတ်နေခဲ့ ပါတယ်။ လူကလည်း ပူဆာညှိုးခွေနဲ့ တခွေခွေတခေါက်ခေါက်ကိုဖြစ်သွားရပါတယ်။ အင်းအလုပ်တွေ လုပ်စရာရှိသေးလို့ မြန်မြန် ပြန်ပါတော့ဆိုလည်း အရှက်မရှိစွာပဲ ပေကပ်နေတတ်တယ်လေ။ အဲ သူကပြောသေးတယ်။ ကျွန်မဘယ်လိုပဲ သူ့ကို စိတ်ပျက်အောင်လုပ်လုပ် သူကလုံးဝလက်လျော့မှာမဟုတ်ဘူးတဲ့လေ။ ကျွန်မ အသက်ရှင်နေသ၍ သူကတော့ လာနေမှာပဲတဲ့။ ကဲ […]


who whoSeptember 28, 20101min1120
တို့တွေဟာ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေရတဲ့ တပ်သားတွေလိုပါပဲ ။ ဘာလို့လဲဆိုတော့ မနက်မိုးလင်းလို့ မျက်လုံးလေးဖွင့်လိုက်တာနဲ့စပြီး အပစ်ခံရပါပြီ ။ ကိုယ်မနှစ်မြို့တဲ့ အာရုံတွေ မြင်လိုက်ရရင်ပဲ စိတ်ကလေးက မကြည်လင်တော့ဘူးနော် ။ ဒီလိုပါပဲ စကားလုံးစက်သေနတ်တွေနဲ့လည်း အပစ်ခံနေရပြန်ပါတယ် ။ ကိုယ်မကြိုက်တဲ့ မကြားချင်တဲ့ အသံမျိုးနဲ့ အပစ်ခံ ရတဲ့ အခါ ဒီစိတ်လေးမှာ ဒဏ်ရာတွေရရပြန်ပါတယ် ။ ဒီကြားထဲက ကိုယ်က မခံနိုင်လို့ ပြန်ပစ်ရာက သူတစ်ပြန် ကိုယ်တစ်လှည် ့အပြန်ပြန် စကား သေနတ်နဲ့ တစ်ယောက် တစ်ယောက် ပစ်ကြရင်းက တိုက်ပွဲတွေပြင်းထန်လို့ ဒဏ်ရာတွေက မသေရုံတမယ် ခံစားရတာမျိုးတွေလည်း ကြုံကြရပြန်ပါတယ် ။ ဪ ဒါတွေသည် ကြိုတင်ချိန်းဆိုထားခြင်း မရှိပဲ အချိန်မရွေး တိုက်နေရတဲ့ တိုက်ပွဲတွေပါလား ။ […]