Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


winkyawaungOctober 20, 20101min3066
ငါလိုလူစား အများကြီးပါ.. ခေတ်ကြီးကိုတော့ အပြစ်ဆို ကိုယ့်ကိုယ်ကိုတော့ အကောင်းပြော.. အပြစ်ပြောတဲ့သူတွေကို မချစ်ဘူး ။ ဟိုဘက်အိမ်က မောင်ကြံ ဆိုတဲ့ကောင် ကြောင်တောင်တောင် ဖြစ်နေပြီတဲ့မောင် သူ့ကိုယ်သူ “နပိုလီယံ” တဲ့..။ “ဟ“ ဟုတ်ပမလား ကဗျာဆရာ… မကြာသေးမီက နိုင်ငံခြားပြန် ကုမ္မဏီကြီးတွေမှ ဒါရိုက်တာ။ ရှုး.. ရှုး.. တိုးတိုးပြောစမ်းပါ အပြင်မှာ ဘယ်သူတွေရှိသလဲကွာ သူဘာပဲပြောပြော..သူငယ်ချင်းရာ နပိုလီယံအစစ်ဆိုတာ…..ကျူပ်ပါဗျာ ကျူပ်ပါဗျာ…။ ဆရာကြီးဦးရွှေအောင် အား ဤကဗျာဖြင့် ကန်တော့လိုက်ပါသည်။


winkyawaungOctober 17, 20101min3679
ငွေကိုယူပါ လူကိုထောင်ချပါ.. ခေတ်တွေဘယ်လိုပင်ပြောင်းပြောင်း အဟောင်းတွေကဖြင့် ကျွန်တော့်ရင်ထဲမှာ ယနေ့အထိ အသစ်ဖြစ်နေလျှက်ပါ…။ အဲဒီအခါက ဖားတော့ဖားခဲ့မိတာအမှန်၊ ဒါပေမဲ့ အများအတွက်ဖားခဲ့ရ၊ရေးခဲ့ရလို့ကျေနပ်ပါတယ်..။ဖားတဲ့စာပိုက်ကိုချန်ပြီး ပြန်လည်တင်ပြလိုက် ပါတယ်…။ ဟိုး..လွန်ခဲ့တဲ့ (………….) ခုနှစ်လောက်က ဖြစ်ရပ်ကလေး တစ်ခု…။ လူတိုင်းလူတိုင်း(ဥပဒေဘောင်အတွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ လွန်ချမ်းသာ )။ ဖြစ်စေချင်၊နေစေချင်လို့ သင်ခန်းစာယူဖို့ တင်ပြပေးပါရစေ။ မြေလတ်ဒေသ ရေနံမြေ မြို့ကလေးမှာ…စာရေးသူရဲ့ ဂျစ်ကားကို ရေနံဂျီး မှောင်ခိုတင်ခဲ့မိလို့ ပုဒ်မ၆(၁) အမှုနဲ့ အဖမ်းခံခဲ့ရပါတယ်..။ ဂျစ်ကားနဲ့အတူ ကားဒရိုင်ဘာရယ်၊ရေနံဂျီးအိပ်တွေရယ်..ကို ဖမ်းတဲ့နေ့ကစပြီး (၂)လတိတိ အာမခံမပေးဘဲ ချုပ်ထားခဲ့ပါတယ်။ (အဲဒီအချိန်က ရေနံမှောင်ခိုမှုဆိုရင် (၂)လချုပ်ပြီး လုံးဝအာမခံ မပေးရန်ညွှန်ကြားထားတယ်သိရပါတယ်။) အမှုဆိုတာ တစ်ခါမှ မတွေ့ဘူးတော့ စာရေးသူတို့ဇနီးမောင်နှံမှာ ခေါင်းကို မီးတောက်နေတယ် ဆိုတာကိုယ်တွေ့ကျမှ ယုံရပါတော့တယ်။ မစားနိုင်၊မသောက်နိုင်၊မအိပ်နိုင်၊မပြောနိုင်၊ […]


winkyawaungOctober 14, 20101min3749
မြွေထက် အဆိပ်ပြင်းသူ တိတ်တဆိတ် လူသတ်ကောင်များ၏ (ကွင်းဆက်ဝထ္ထုလေး) ဇနပဒရောဂါ “ဆရာ ဆန်းထွန်း ပိုးထိလို့” “ဟေ အခု ဘယ်မှာလဲ” နံနက်စောစော ကျွန်တော် မျက်နှာ သစ်နေစဉ် သတင်းဆိုးကို သယ်ဆောင်လာ သူမှာ ဆန်းထွန်း၏ ဦးရီးတော်သူ ကိုသောင်းအေး။ “အခြေအနေ ဘယ်လို နေသလဲ။ တော်နေကြာ ကျွန်တော် ရွာထဲ ဆင်းခဲ့မယ်” “အခုဆေးသမား သန်းမြင့်နဲ့ တွင်ခုတ်တာ သုံးလေးတွင်တော့ ရပြီ။ ကောင်းသွားမှာပါ” သူက ခပ်ပေါ့ပေါ့ဖြေပြီး ကျောင်းပေါ်မှ ဆင်းကာ ရွာအတွင်း ပြန်သွားလေသည်။ ဆန်းထွန်းသည် ကျောင်းဆက်နေ ဖြစ်ခဲ့လျှင် ယခုအခါဆို ခုနှစ်တန်း ရောက်နေမည်။ သို့သော် ရွာကလေးထုံးစံ အရ ဤကျောင်းမှ လေးတန်း အောင်ပြီးလျှင် တစ်ယောက်မှ ကျောင်းဆက်မတက်နိုင်ကြ။ […]


winkyawaungOctober 12, 20101min2661
ဒီစာရေးဆရာ အေးရွှေ(ကေတုမတီ) ကို စာပေလောကမှာ သားကောင်းတစ်ယောက် ကျောက်ကောင်းရတနာ လို့ဆိုရပါမည်..။ စာပေလောကအတွင်းက ရေမဆေးကျောက် တစ်လုံးကို မကွေးစာနယ်ဇင်းအဖွဲ့ နှင့် တောင်ငူစာနယ်ဇင်းအဖွဲ့တို့က ရေဆေးပြီး ကျောက်ကောင်းဖြစ် မဖြစ်သိရအောင် ကျောက်ဖြတ်စက် တင်၍ ခွဲပြလိုက်ပါပြီ….။ ဟော… အဖေအားမကိုးပေမယ့် သားဆိုတော့မဟုတ်ပါ http://shwelanngwelan.blogspot.com/2009/11/blog-post.html အထက်က ဘလော့မှာရှာဖတ်နိုင်ပါသည်။ ဆိုတဲ့အေးရွှေ(ကေတုမတီ)ရဲ့ ဤစာအုပ်ကို (ပထမအကြိမ်) ထုတ်ဝေ ဖြန့်ချိလိုက်ပါတယ်..။ ရေမဆေးကျောက် ကို ရေဆေးပြီး အရဲစွန့် ဖြတ်ခွဲလိုုက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်စိမ်းရတနာကြီးအဖြစ် အောင်သွားသလို ဤစာအုပ်သည်လည်း…တန်ဖိုးမဖြတ်နိုင်ကြောင်း စာဖတ်သူများအား သတင်းပေးလိုက်ပါရစေခင်ဗျား..။ ၂၀၁ဝ ခု၊ စက်တင်ဘာလ (ပထမ အကြိမ်) ထွက်ပါပြီ ။ (ကြိုတင်အမှာစာများ ပေးပို့နိုင်ပါသည်။) ဖြန့်ချိရေး ( ရန်ကုန်) မျိုးဆက်သစ်စာပေ မဟာဗန္ဒုလပန်းခြံလမ်း(အထက်ဘလောက်) […]


winkyawaungOctober 12, 20101min2791
မန္တလေးမြို့၊ စာပေလောကမှ စာတည်းချုပ် တက္ကသိုလ်တေဇာလင်း ၏ DHAMMA DIGEST ဓမ္မဒိုင်ဂျက် မဂ္ဂဇင်း အတွဲ(၁) အမှတ်(၂) ကို ၁၃၇၂ ခု၊ သီတင်းကျွတ်လ၊ ၂၀၁ဝ ခု၊ အောက်တိုဘာလ မှာ ထွက်လာကြောင်း သတင်းရရှိခဲ့ပါတယ်။ မဂ္ဂဇင်းနှင့် ပါတ်သက်သော ကဏ္ဍများကို စာဖတ်သူများ၊ စာရေးသူများမှ ဝေဖန်အကြံဉာဏ်ပြုပေးစေလိုကြောင်း ဖိတ်ခေါ်ထားပါတယ်..။ လစဉ်လတိုင်း ဆက်လက်ထုတ်ဝေ ဖြန့်ချိသွားမှာဖြစ်၍ ကြိုတင်အမှာစာများနှင့် စာမူများကိုလည်း အောက်ပါလိပ်စာသို့ ပေးပို့နိုင်ပါကြောင်း သတင်းရရှိပါသည်။ အယ်ဒီတာချုပ် တက္ကသိုလ်တေဇာလင်း စီမံအုပ်ချုပ်ရေးမှူး ဦးစိန်မြင့် (ရွက်လှ) ဓမ္မဒိုင်ဂျက် မဂ္ဂဇင်း အမှတ်(၁၀၁)၊ ၂ရလမ်း နှင့် ၇ရ လမ်းထောင့် ဟေမာဇလရပ်၊ ချမ်းအေးသာဇံမြို့နယ် မန္တလေးမြို့ ။ ဖုန်း ဝ၂-၇၄၁၄၅ E-mail […]


winkyawaungOctober 11, 20101min50811
ဒီအမှုက တရားခံတွေကို စီရင်ချက်ချပြီးသွားပြီဆိုတော့ စိတ်ဝင်စားကြတဲ့ အများပြည်သူတွေသိရအောင် ဆက်ပြီးရေးလိုက်ရပါအုံးမည်…။ မကွေးမြို့နယ် တရားရုံး ပြစ်မှုကြီးအမှတ် ၄၄၀၄/ ၂၀၀၉ နံပါတ်နဲ့စီရင်ချက်များကို အသီးသီးချ မှတ်ပြီးကြောင်း သတင်းရရှိခဲ့ပါတယ်။ (၂၉/၃/၂၀၁၀) နေ့က တရားခံ စိုင်းလေး(ခ)တင်ဝင်း အသက်(၄၅)နှစ် အား ပြစ်မှုပုဒ်မ၊ ပပက ၆ (၁)အရ အလုပ်နှင့် ထောင်ဒါဏ်(၅) နှစ်ကျခံစေကြောင်းသတင်းရရှိခဲ့ပါတယ်။ တရားစွဲဆိုခံထားရသော မနီနီသန်း(ခ)ချိုတီမာ နှင့် မလဲ့ယဉ်ဝင်း တို့အား ပြစ်မှုပုဒ်မ၂၅၃(၁) အရ တရားသေလွတ်စေကြောင်း သတင်းရရှိခဲ့ပါတယ်။ (၁၀/၈/၂၀၁၀) နေ့က တရားခံ စိုင်းလေး(ခ)တင်ဝင်းအသက်(၄၅)နှစ် ၊ တရားခံ ချစ်ဦး အသက်(၃၁)နှစ်၊ တရားခံ အူစမန် အသက်(၃၂)နှစ် တို့ သုံးဦးကို အမျိုးသားစီးပွားပုဒ်မ ၁၈ အရ အလုပ်နှင့်ထောင်ဒါဏ် (၇)နှစ် […]


winkyawaungOctober 10, 20101min45910
မကွေးမြို့တွင် မြွေဆိပ်ဖြေထိုးဆေးအတု ပြုလုပ်ဖြန့်ဖြူးရောင်းချသူများကို ဖော်ထုတ်ဖမ်းဆီးလိုက်ပြီ…. မကွေးတိုင်းရဲတပ်ဖွဲမှူးရုံး ဒ/န အဖွဲ့ခေါင်းဆောင် ရဲအုပ်စိုးမင်းနှင့် ရဲအုပ်သန်းဝင်းတို့သည် ၎င်းတို့၏ အမာခံသတင်းပေးသူ တစ်ဦးထံမှ အမျိုးသားရေးအမြင်ဖြင့် ပေးပို့လာသောသတင်းဖြစ်၏။ ယင်းသတင်းပေးချက်ရရှိသည်နှင့် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘကြည်ထံ လမ်းညွှန်ချက်တောင်းခံခဲ့ပါသည်။ တိုင်းရဲတပ်ဖွဲ့မှူးမှ ရရှိသည့် သတင်းအချက်အလက်များအပေါ် စီစစ်နိုင်ရန် ဒ/န အဖွဲ့ခေါင်းဆောင် ရဲအုပ်စိုးမင်းနှင့် ရဲအုပ်သန်းဝင်းတို့အား အဆိုပါသတင်းကို လျှိ့ဝှက်စုံစမ်းစေ၍ အချက်အလက်များ စုဆောင်းကာ ရရှိသည့်သတင်းကို အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ကြရန် တာဝန်ပေးခဲ့ပါသည်။ ရဲအုပ်စိုးဝင်းနှင့် ရဲအုပ်သန်းဝင်းတို့၏ စုံစမ်းတွေ့ရျိချက်များအရ ရရှိသည့်သတင်းပေးချက်အပေါ် အရေးယူ ဆောင်ရွက်နိုင်စေရန် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘကြည်ကိုယ်တိုင် ကြီးကြပ် ကွပ်ကဲကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကြူအင်း ဦးဆောင်သည့် တိုင်းမူးယစ်အထူးတာဝန်ခံ ဒုရဲမှူး မြင့်ဆွေ၊ တိုင်း ဒ/န […]


winkyawaungOctober 3, 20101min4107
မကွေးမြို့ ကောင်းမွန်စူပါမားကတ်ကြီး အား ဗုံးဖောက်ခွဲရန် ခြိမ်းခြောက်ပြီးငွေတောင်း တဲ့ လူမိုက် (၁) ၂၀-၅-၂၀၁ဝ နေ့၊ နေ့လည်(၁၁)နာရီ ထမင်းစားချိ်န်တွင် ကောင်းမွန်စူပါမားကတ်၏ ဒုတိယထပ်မှ ရှမ်းစတား စားသောက်ဆိုင်သို့ လူငယ်တစ်ယောက်တက်လာ၏။ လူငယ်သည် အသက်(၂၇)နှစ်ခန့် ၊ အရပ်အနည်းငယ်ရှည်သည်။ ဆံပင်တွေက ခပ်ပွပွ။ မျက်လုံးက ရီဝေပြီး မှုန်တေတေ ဖြစ်နေ သည်။ကြက်ဆီထမင်းကို စားရန်မှာပြီးစား၏။ ဤကဲ့သို့ ခန်းနားထည်ဝါ သော(၃)ထပ်ရှိတဲ့ ကောင်းမွန်စူပါ မားကတ်ကြီးကို မျက်လုံးကစား၍ လှည့်ပတ်ကြည့်နေ သည်။ သူထမင်းစားပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ကောင်းမွန်စူပါမားကတ်၏ အောက်ထပ် မြေညီထပ်မှ ကောင်းမွန် မှုန့်ထုပ်တစ်ထုပ် ဝယ်ပြီး ပြန်ထွက်လာခဲ့၏။ လူငယ်သည် သူ၏ ညီမဖြစ်သော မရွှေဇင်ဌေးတို့အိမ် အမှတ်(၂၆၈)၊ (၉)လမ်း၊ ရန်မျိုးနိုင်ရပ် ကွက်သို့ […]


winkyawaungSeptember 22, 20101min2704
ဒီ ဓမ္မဒိုင်ဂျက် စာအုပ်ထုတ်ဝေဖို့ ကြော်ငြာထားခဲ့တာ တစ်နှစ်ကျော်ခဲ့ပါသည်။ ယခုတော့ မန္တလေး စာပေလောက မှ အယ်ဒီတာချုပ် အဖြစ် တက္ကသိုလ်တေဇာလင်း ဦးဆောင်၍ အတွဲ(၁) အမှတ်(၁) ကို ၁၃၇၂ ခုနှစ်၊ တော်သလင်းလ။ (စက်တင်ဘာလ၊ ၂၀၁ဝ ခုနှစ်) မှာ စတင်ထွက်လာခဲ့ပါပြီ။ အနယ်နယ် အရပ်ရပ်မှ စာပေပညာရှင် များ၏ စာမူများကို တွေ့မြင်ရပါသည်။ အခြား ပြည်တွင်း၊ ပြည်ပမှ စာပေဝါသနာရှင်များ၊ ပညာရှင်များ၏ စာမူများကိုလည်း ထပ်မံတောင်းခံထားပါသည်။ ဖော်ပြပါ လိပ်စာများသို့ ပေးပို့ဆက်သွယ်နိုင်ကြောင်း သတင်းတိုလေးဖြင့် တင်ပြအပ်ပါသည်။ ကမ္ဘာ့ ထူးခြား သတင်းများ၊ ကာတွန်း၊ ကဗျာ အမျိုးမျိုး တို့ကိုလည်း ရေးသားပေးပို့နိုင်ကြကြောင်း သတင်းရရှိပါသည်။


winkyawaungSeptember 8, 20106min3395
23-4-2010 ကိုးလ်ကတ္တားမြို့ သို့ ရောက် ညအိပ် နံနက်(၈)နာရီမှာ ကိုးလ်ကတ္တားမြို့ ကိုရောက်ကြတယ်။ မြန်မာဗုဒ္ဓဘာသာကျောင်းမှာ တစ်ဝက်တည်း၍ ဗုဒ္ဓဘာသာလူမျိုးစုံတို့ တည်းခိုသောကျောင်မှာ ကျွန်တော်တို့အဖွဲ့ တည်းကြပါတယ်။ နံနက်ပိုင်း အနားယူပါတယ်။ နေ့လည်စာထမင်းစားပြီး နေ့(၃)နာရီမှာ ထွက်ခဲ့ကြရတယ်။ ပထမဆုံးသွားသောနေရာမှာ Seience City (သိပ္ပံကမ္ဘာ) သို့ ဝင်ရောက်လေ့လာကြပါတယ်။ 3D သိပ္ပံကမ္ဘာထဲမှာ ရုပ်ရှင် ခေတ္တကြည့်ကြပါတယ်။ အမှောင်ခန်းထဲမှာ လူစုကွဲသွားကြပါ တယ်။ အားလုံးကြောက်စိတ်ဝင်ကြပါတယ်။ သိပ္ပံပညာနှင့် မူဆလင်ဘာသာ၊ ဟိန္ဒူဘာသာများ ကို စည်းရုံးတဲ့ ရုပ်ရှင်ပြပွဲတစ်ခုပါ။ ကျွန်တော်တို့နဲ့ အဆင်မပြေတဲ့ ပွဲလို့ ဆိုရပါမည်။ အဲဒီကနေ ဈေးဝယ်ရန်(Shopping.) သို့သွားကြပါတယ်။ ဘာကိုမှ ကောင်းကောင်းမဝယ် ဖြစ်လိုက်ပါ။ ကားစုရပ်ကို ချိန်းတဲ့နာရီက ညနေ(၆)နာရီဆိုတော့ အမြန်ဝယ်ကြရ၍ ဈေးများ ဈေးကြီးပေးခဲ့ကြရပါတယ်။ […]


winkyawaungSeptember 7, 20104min3793
၂၁-၄-၂၀၁ဝ ခု၊ ရာဇဂြိဟ် မှ ဗုဒ္ဓဂယာ ညအိပ် နံနက်ပိုင်း ဂိဇ္ဇကုဋ်တောင်သို့တက်ကြပါတယ်.။ ဆရာတော် ဦးဧဒ္ဓိမာ က တောင်ငါးလုံးဝိုင်းရံခို ရာဇဂြိဟ်ပြည်၏ ဗုဒ္ဓဝင်ဇာတ်တော်ကို ရှင်းလင်းဟောကြားပါတယ်။ ဂျပန် ကောင်းကင် တောင်တက်စတီးကြိုးပြတ်၍ ခြေလျင်တက်ခဲ့ကြပါတယ်။ မြတ်စွာဘုရားရှင် ကျောင်းတော် နေရာမှာ ပရိတ်တော်များဖြင့်ရွတ်ဖတ်ပူဇော်ကြပါတယ်။ မြေပုံပါအတိုင်း ဆရာတော်က ရှင်းလင်းပြပါတယ်။ တောင်ငါးလုံးဝိုင်းရံခိုဆိုတာက (၁) ဝေဘာလတောင် (ပထမ သံဃာရတနာတင်သော နေရာ) (၂) ဝေပုလ္လတောင် (မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ကြီးအား ကျောင်းတော်စတင်လှူူဒါန်းသောနေရာ၊ ရေစက် စတင်ချပေးသောနေရာ သက္ကန်းစတင် လှူသောနေရာ များဟု ထူးခြားပါတယ်။ (၃) ဂိဇ္ဈကုဋ်တောင်၊ ဒေဝဒတ်က ဘုရားရှင်အား သွေးစိမ်းရှင်ရှင်ထွက်အောင် ပြုလုပ်သော နေရာ။ (၄) ပဏ္ဍဝတောင် (၅)က္ကသိဂိ လိတောင်များကို […]


winkyawaungSeptember 4, 20103min2441
19-4-2010 ကုသိနာရုံ မှာ (၂) ညအိပ် နံနက်(၇)နာရီမှာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံသော နေရာ စေတီတော်သို့သွားရောက် ဖူးမျှော်ကြတယ်။ နီလာအဖွဲ့မှ စုပေါင်းကြာသက္ကင်္န်းကပ်လှူကြတယ်။ မိုးယံ ရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင် ကိုယ်စားလှယ်များကလည်း စုပေါင်း ကြာသင်္က္ကန်းကို ဆက်ကပ်လှူဒါန်း ပူဇော်ကြပါတယ်။ ကုသိနာရုံ ဆရာတော်မှ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်၏ ပရိနိဗ္ဗာန်စံတော်မူခန်းအား လိုက်လံရှင်းလင်းဟောကြားပေးပါတယ်။ ဆရာတော်မှာ ရခိုင်လူမျိုး ဆရာတော်ဖြစ်၍ ဟောကြားသောတရားများမှာ မရှင်းလင်းကြပါ။ သို့သော် ဘုရားလာသော လူတိုင်းက ဗုဒ္ဓဝင်ဇာတ်တော်အား သိထားကြလို့ သဘောပေါက်ကြပါတယ်။ အဲဒီကနေ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံပြီး တေဇောဓာတ်လောင်ကြွမ်းသော စေတီနေရာ နှင့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်များအား ခုနှစ်ပြည်ထောင်မှ ရှင်ဘုရင်မင်းများ က ဓာတ်တော် များကို ခွဲဝေယူကြသောနေရာ၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် […]