ဆူးJanuary 23, 20111min1446
တစ်ခါသော် ကျွန်ုပ်သည် ဒုလ္လဘရဟန်းဝတ်ခိုက် ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီးအား အလွန်တရာ ဖူးလိုသည့်ဆန္ဒကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့သို့ ရထားဖြင့် ခရီးထွက်ခဲ့လေသည်။ အခါကာလကား ဘုရားဖူးရာသီဖြစ်သဖြင့် ဘုရားပေါ်တွင် ရှိရှိသမျှ တည်းခိုဆောင်၊ ကျောင်း၊ ဇရပ်တန်ဆောင်း မှန်သမျှတို့တွင် လူများကား တိုးမပေါက်အောင်ပင် စည်ကားလျက်ရှိသည်။ သို့ဖြင့် ကျွန်ုပ်လည်း ကျွန်ုပ်၏ အသိ မိတ်ဆွေဘုန်းကြီးတစ်ပါး လမ်းညွှန်လိုက်သော တန်ဆောင်းကြီးတစ်ခု၏ အပေါ်ထပ်တွင် သံဃာတော်များ တည်းခိုရာ အခန်းတစ်ခုတွင် တည်းခိုခွင့်ရရှိလိုက်လေသည်။ တန်ဆောင်ကြီးမှာ ၂ ထပ် ဆောင်ဖြစ်၍ အပေါ်ပိုင်းတွင် သံဃာတော်များ တည်းခိုရန်အတွက် တစ်ယောက်စာအခန်းငယ်လေးများ ၅ ခန်းခန့်ရှိပြီး အရှေ့ပိုင်း ဘုရားခန်းနှင့် ဧည့်ခန်းတွင် သီလရှင်ဆရာလေးများ လူပုဂ္ဂိုလ်များ တည်းခိုနေထိုင်ကြရလေသည်။ အောက်ထပ်တွင်တော့ ကွပ်ပျစ်များဆက်ကာခင်းထားပြီး လာရောက်တည်းခိုသမျှ ဧည့်သည်အပေါင်းတို့မှာ တန်းစီ၍ […]


ဆူးJanuary 21, 20111min21515
မှော်ဘီ ဘက်က ဘုန်းကြီး ကျောင်းတခုကို ဝါတွင်း ဥပုတ်နေ့တိုင်း ချိုင့်ဆွဲပြီး ဆွမ်းသွားကပ်လေ့ ရှိတယ်။ ကားအတွက်ကတော့ အဆင်ပြေသလိုပေါ့။ ငှားနေကျ အငှားကား ဦးလေးကြီးနဲ့ကလည်း ရင်းနှီးနေတော့ စိတ်ချ လက်ချ သွားလို့ လည်း ရတယ် ကားဆရာကြီးက သဘောကလည်းကောင်းတယ် ဘာသာရေးလည်း ကိုင်းရှိုင်းသူ ဆိုတော့ သွားရင်းလာရင်း လေပေးတော့ ဖြောင့်တယ်။ သူကားကို ငှားစီးရင်းနဲ့ သူ့တူမ လိုတောင် ဖြစ်နေပြီ။ သဘောကောင်း မနောကောင်း ကားဆရာ ဦးလေးကြီးက ဘုန်းကြီးကျောင်း ရောက်ရင် မီးဖိုဆောင်ထဲ ဝင်ပြီးတော့ လှီးစရာ ဖြတ်စရာတွေ ရှိရင် ဝင်ကူပေးတယ်။ အိမ်သာတွေ ညစ်ပတ်နေရင်က အစ ဆေးကြောတယ် သန့်ရှင်းအောင် လုပ်ပေးတယ်။ ဆွမ်းကပ်တော့လည်း သူလည်း ဝင်ကပ်တာပေါ့။ ဘုန်းကြီးကျောင်းမှာ […]


ဆူးJanuary 20, 20111min660
ဗီယမ်နာမ် နှင့် အမေရိကန် စစ်ဖြစ်စဉ်က အသုံးရန် ဖောက်လုပ်ထားသော လှိုင်ဂူ ဖြစ်ပါသည်။ စစ်တွင်း ပုန်းခိုရာ နေရာလည်း ဖြစ်ခဲ့ပါတယ်။ ဗီယမ်နာမ် နိုင်ငံ ဟိုချီမင်း မြို့တော်ရဲ့ ကီလိုမီတာ ၇ဝ အကွာမှာ တည်ရှိပါတယ်။ စစ်အတွင်းမှာတော့ အတော်ကို နာမည်ကြီးနဲ့ ခံတပ် ဖြစ်ခဲ့ပါတယ်။ အထပ်အားဖြင့် ၃ထပ် ဖြစ်ပြီးတော့ မိုင်အားဖြင့် ၁၂ဝ (ကီလိုမီတာ ၂၀၀) ကျယ်လျားပါတယ်။ မြေကြီးအောက်မှာ တနေရာနဲ့ တနေရာ ဆက်စပ်နေပါတယ်။ အတွင်းမှာတော့ ဆေးရုံ၊ ခံတပ်၊ အစားအသောက် ချက်ပြုတ်တဲ့ အဆောင်၊ ကျန်းမာရေး ပြုစု စောင့်ရှောက်တဲ့ အဆောင် သားဖွားမီးယပ်ဆောင် စသဖြင့် မြေအောက် မြို့တော် ကဲ့သို့ ပြုလုပ်ဖန်တီး ထားတာ ဖြစ်ပါတယ်။ […]


ဆူးJanuary 20, 20111min740
အရှေ့တည့်တည့်မှ ဝင်ပေါက်.. အထဲမှာ ဘုရင်ညီလာခံ ဝင်တဲ့ အချိန် အခန်းအနားပါတီ လုပ်တဲ့ အချိန်မှာ ဖိတ်ကြားတဲ့ ပရိတ်သတ်များ ဧည့်ခံတဲ့ နေရာဖြစ်ပါတယ်။ နန်းတော် ပွဲသဘင် ညီလာခံ စတာတွေ လုပ်ပါတယ်။ အထဲကိုတော့ ဓါတ်ပုံ ရိုက်ယူလို့ မရပါဘူး။


ဆူးJanuary 18, 20111min35729
တနေ့က မုန့်ဝယ်စားရင်းနဲ့ အတွေးတခု ဝင်မိတယ်။ J Donut က မုန့်က တခု ၄၀ဝကျပ် ဈေးကတော့ မတက်ဘူး မုန့်က ၃ချိုး၁ချိုးလောက် သေးသွားတယ်။ မုန့်သားသားလေး လို့ ပြောရအောင်ကို သေးသွားတာ။ ဘန်ကောက်မှာ ဒိုးနပ် ဘာဆိုလည်း မသိတော့ဘူး မုန့်ဝယ်စားတယ်။ ၁၂ဘတ် ကျတယ် မြန်မာ ပေါက်ဈေး ၃ဝ နဲ့ မြှောက်တော့ ၃၆ဝကျပ်ပေါ့.. မုန့် အရွယ်ကလည်း ဂျေဒိုးနပ်ထက် အများကြီး ပိုကြီးတယ် အရသာလည်း ပိုဆွဲဆောင်မှု ရှိတယ်။ မုန့်တွေ ဘာလို့ ဈေးကွာရတာလဲ.. မြန်မာပြည်မှ အရင်းအမြစ် ဖြစ်တဲ့ ဂျုံလည်း ထွက်တာဘဲ လုပ်အားခလည်း ဈေးသက်သာတယ်။ အခွန်အတုတ်များ ကြီးမားနေ သလား။ စားသုံးသူတွေ နည်းလို့ […]


ဆူးJanuary 17, 20111min15615
ယမန်နေ့မြန်မာစံတော်ချိန် .. ည ၁၁ ဝန်းကျင် .. နေရာ … ဗန်းမော်မြို့ .. မိုးသက်လေပြင်းများကျရောက်ပြီး .. နာဂစ်အလားမွှေနှောက်သွားပါသည် .. ၁၅ မိနစ်ခန့်သည်းထန်စွာ အိမ်အမိုးသွပ်များ ဗလန်းဗလန်း အုန်းအုန်းဗြုန်းဗြုန်းပြီးသကာလ .. ရပ်တန့်သွားသဖြင့် .. ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြည့်ရာ .. ဂေါ်လီလုံးခန်ရှိသော မိုးသီးများအား တွေ့ရှိရသဖြင့် မှတ်တမ်းထားရှိပါသည်


ဆူးJanuary 16, 20111min43438
ရွာထဲက ကြောင်ကြီး ကျန်းမာရေး လေ့ကျင့်ခန်း လုပ်နေတာ ဖြစ်ပါတယ်။ ကိုပေါက် မန်းကတော့ စာမရေးခင် စာရေးမဲ့ အကြောင်းအရာတွေကို မှန်ထဲမှာ ကြည့်ပြီး အရင်စာစီ နေပုံကို မသိသာ ခိုးယူ ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ ဘကြီးပုတော့ ချစ်သူ အသစ် ရသွားရှာပြီ။ သဂျီးကလည်း သူက နယ်နယ်ရရ မဟုတ်ဘူး ဆိုပြီး ပါးစပ် ဖြဲပြတယ်။


ဆူးJanuary 16, 20111min25216
အကိုက်ခံရပြီး ၅ရက်အကြာမှာ ဖြစ်ပါတယ်။ ၆ရက် အကြာမှာ ဖြစ်ပါတယ်။ ၉ရက် အကြာမှာ ဖြစ်ပါတယ်။ ၁ဝရက် အကြာမှာ ဖြစ်ပါတယ်။ မှတ်မှတ် ရရ သတိ ထားပြီး ဆင်ခြင် ပါ။ တကယ် ဟုတ်မဟုတ်တော့ မသိပါဘူး.. အနီး အနားမှာ အဲလို အကောင်တွေ တွေ့ရင်တော့ သတိထားပေါ့.. အကိုက်ခံရစေနဲ့..