ဆူးOctober 21, 20103min3265
အဂျန်တာဟုဆိုလိုက်လျှင် ရှေးဟောင်းဗုဒ္ဓဘာသာ ပန်းချီ၊ ပန်းပု အနုပညာဝါသနာပါသူတိုင်း ရင်းရင်း နှီးနှီး သိရှိထားကြပြီးဖြစ်သည်။ အိန္ဒိယပြည်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ကမာ္ဘလှည့်ခရီးသည်တို့ အိနိ္ဒယ ပြည်ကို စိတ်ဝင်စားအောင်ဆွဲဆောင်လှုံ့ဆော်သောစကားတစ်ခုရှိသည်။ ထိုစကားမှာ “Incredible India” မယုံကြည်နိုင်လောက်အောင် ထူးဆန်းထွေလာ အံ့ဩဖွယ်ရာကောင်းသောအိနိ္ဒယဟု အမြဲတမ်းကြွေးကြော် လေ့ရှိပါသည်။ ဟုတ်လည်းဟုတ်လောက်ပါသည်။ လွန်လေပြီးသော နှစ်ပေါင်း (၂၁၀၀)ခန့်က ဗုဒ္ဓဘာသာ ကျောက်ဆစ်အနုပညာ၊ ပန်းချီ၊ ပန်းပု ပညာတို့ဖြင့်ပြည့်စုံကြွယ်ဝသည့် မြင်းခွာသဏ္ဍာန် သို့မဟုတ် အင်္ဂလိပ်အက္ခရာ (U) ပုံ၊ ဗမာအက္ခရာ (ပ) ပုံဟန်ရှိသော ဂူပေါင်း ၃ဝ တို့၏ တည်ရာ အဂျန်တာ သို့မဟုတ် အဇနာ္တ သို့မဟုတ် အဇ္ဇန ္တအမည်ရသော လှိုဏ်ဂူတန်းကြီးများမှာ အိနိ္ဒယ၏ သို့မဟုတ် ဗုဒ္ဓသာသနာသမိုင်း ၏ ပြည့်စုံကြွယ်ဝသော ဂုဏ်သိက္ခာအနုပညာဘဏ်တိုက်၊ […]


ဆူးOctober 21, 20101min31512
၂၀၀၈ ဖေဖော်ဝါရီ တုန်းက ဆူး တို့ မိသားစု အလှူ တခု အတွက် ပုဂံကို ရောက်ခဲ့တယ်။ အလှူကလည်း သီလရှင်ကြီး တပါးက ဦးဆောင်ပြီး လုပ်တာ ဆိုတော့ သူလုပ်ချင်တဲ့ အတိုင်း လိုက်လုပ်ပေးရတာ ဆိုပါတော့.. အလှူကတော့ ဘုန်းကြီးကျောင်းဟောင်းတွေ ပြုပြင်တယ် ဘုရားပျက်တွေ ပြုပြင်တယ်။ အဲဒီ အလှူအတွက် ရေစက်ချ အလှူလုပ်တာပါ။ မဏ္ဏပ်ကြီး လုပ်ပြီး ရဟန်းတွေကို သိမ်ဆင်း အလှူလည်း လုပ်တယ်။ နောက်ပြီး အရှင်အစ္စဂေါန ဘုရား မှာ ပုဂံမြို့က ဘုန်းကြိးကျောင်းတွေ လိုက်ပတ်ပြီး လျောက်ပြိး အာရုံ ဆွမ်းခံကြွဖို့.. အနီးအနား ရွာက လူတွေကိုလည်း အဲဒီ ဘုရားမှာတင် အဝတ်တွေနဲ့ ထမင်းထုတ်တွေ ဝေပါတယ်။ ဘုရားမှာ […]


ဆူးOctober 20, 20101min2647
အင်ဒိုနီးရှားနိုင်ငံမှ ဗုဒ္ဓဘားဆန့် ကျင်ရေးစည်းရုံးလှုံ့ ဆော်ရေးအဖွဲ့၏ အကြိမ်ကြိမ် တိုင်တန်း လျှောက်ထား ပန်ကြားခဲ့မှုများကြောင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ ဒိစတြိတ်၊ ဗဟိုတရားရုံးက မြို့တော်မှ ဗုဒ္ဓဘားအမည်ရှိ အရက်ဘားကလပ် ဆိုင်ကိုပိတ်ပစ်စေရန် အမိန့်ချမှတ်ခဲ့ ပါတယ်… “ထိုဘားကို စီမံခန့်ခွဲ အုပ်ချူပ်နေသူများဟာ ဗုဒ္ဓမြတ်စွာ၏ အထိမ်းအမှတ် အသွင်အပြင် လက္ခဏာများနှင့် အဆောင်အယောင် ပုံသဏ္ဍာန်များကို သုံးစွဲနေကြောင်း ပြစ်မှုထင်ရှားသဖြင့် ယခုဖွင့်လှစ် ရောင်းချနေသည့် အရက်ဘားကို အလျင်အမြန် ပိတ်ပစ်ရမည်ဖြစ်ကြောင်း” ထိုအမှုကို ကြားနာခဲ့သည့် တရားသူကြီးအဖွဲ့ ခေါင်းဆောင် ဂျီဝိုဆန်တိုဆိုက ပြောကြားခဲ့သည်ဟု အန်တာရာသတင်းဌာနမှ ဖော်ပြခဲ့ ပါတယ်… ဗုဒ္ဓဘားရဲ ့အသွင်အပြင်၊ အခင်းအကျင်း… အဆိုပါအရက်ဘားကိုစီမံခန့်ခွဲသည့် ကုမ္ပဏီဖြစ်သည့် ပီတီနီရီတာဗစ်စတာ ခရီအေးတစ် ကုမ္ပဏီ၊ ဂျကာတာ ခရီးသွားလုပ်ငန်းအေဂျင်စီနှင့်၊ ဂျကာတာမြို့တော် အုပ်ချူပ်ရေးမှူး […]


ဆူးOctober 20, 20101min2154
ကျွန်တော် ၄ နှစ်သားတုန်းက ငါ ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ် ။ ၅ နှစ် … ငါ ့ဖေဖေကြီး မသိတာ ဘာမှမရှိဘူး ။ ၆ နှစ် … ငါ ့အဖေက မင်းအဖေထက် တတ်တယ်ကွ။ ၈ နှစ် … တို ့အဖေက အကုန်လုံးတော ့လည်း အတိအကျ မသိဘူး။ ၁ဝ နှစ် … အဖေတို ့ ငယ်ငယ်တုန်းကနဲ ့ အခုနဲ ့က တခြားစီပဲ။ ၁၂ နှစ် … အင်း အဲဒါတော ့အဖေလည်းဘယ်သိပါ့မလဲသူက အသက်ကြီးပြီဆိုတော ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော ့ဘူး။ ၁၄ နှစ် […]


ဆူးOctober 20, 20101min2636
မျက်စိနားခြင်းသည် အလွန်ကူးစက်တက်သော ဝေဒနာဖြစ်သော်လည်း ဂရုတစိုက်ဖြင့်ကုသပါက အလျင်အမြန် ပြန်လည်ကောင်းမွန် စေနိုင်ကြောင်း သိရသည်။ မုတ်သုံရာသီ ရောက်လာသည်နှင့် မျက်စိနာဝေဒနာ ဖြစ်ပွားလေ့ရှိပြီး ကူးစက်မြန်သည့် ဝေဒနာလည်းဖြစ်သည်ဟု ဆိုသည်။ မျက်စိနာဝေဒနာခံစားရပါက နေကာမျက်မှန်တပ်ထားခြင်းဖြင့် လူနာအနေဖြင့် မျက်စိကို ပွတ်ခြင်းမှ ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။ မျက်စိနာဝေဒနာ စတင်ခံစားရပါက မျက်စိယားယံ၍ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ မျက်ရည်နှင့် မျက်ချေးထွက်ခြင်း၊ မျက်သားနီခြင်းနှင့် မျက်ခွံများ ရောင်ကိုင်းခြင်းတို့ကို ဖြစ်ပေါ်လာလေ့ရှိသည်။ ထို့ပြင် အလင်းရောင်ကို မကြည့်နိုင်ခြင်းကိုလည်း ဖြစ်ပွားတက်ပြီး ဗိုင်းရပ်စ်ကြောင့်ဖြစ်သော မျက်စိဝေဒနာခံစားရသူတို့သည် အမြင်မှုန်ဝါးခြင်းကိုလည်း ခံစားရစေနိုင်သည်ဟု သိရသည်။ မျက်စိနာခြင်းသည် အသက်အန္တရယ်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိသော်လည်း ကူးစက်မှုပျံနှံ့လွယ်တက်သည့် ဝေဒနာဖြစ်သည်။ မျက်စိနာ ဝေဒနာခံစားနေရသူများသည် သီးသန့်ကိုယ်ပိုင် အသုံးအဆောင် ပစ္စည်းများကိုသာ အသုံးပြုသင့်သည်။ လက်ကိုင်ပဝါ သို့မဟုတ် မျက်နှာသုတ်ပဝါဖြင့် မျက်စိကိုတို့ခြင်း […]


ဆူးOctober 20, 20101min3518
ကွမ်းနဲ့ကွမ်းယာဝါးတဲ့ဓလေ့ဟာ၊မြန်မာအပါအဝင်အရှေ့တောင်အာရှနဲ့တောင်ပစိဖိတ်ကျွန်းဒေသနိုင်ငံတွေမှာတွေ့ရတဲ့ဓလေ့ဖြစ်ပါတယ်။ဒါ့အပြင်ကမာ္ဘအနှံ့အပြားကအိန္ဒိယနွယ်ဖွားတွေမှာလည်းတွေ့ရပါတယ်။ တကယ်တော့ ဒီဓလေ့ဟာလွန်ခဲ့တဲ့ နှစ်၂၀၀ဝလောက်ကတည်းက အိန္ဒိယက နေပြန့်ပွားလာခဲ့တာလို့ မှတ်တမ်းတွေကဆိုပါတယ်။(မြန်မာ့ရိုးရာဓလေ့လို့ဆိုချင်သူများစဉ်းစားစရာပါ)ကွမ်းယာမှာ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ဆေးရွက်ကြီး(ဗမာဆေး) တို့အဓိကပါဝင်ပြီး နောက်ပိုင်းမှာ အိန္ဒိယကဝင်တဲ့ အာမွှေး၊နိုင်တီနိုင်း စတဲ့အမွှေးအကြိုင်မျိုးစုံ ထည့်သွင်းလာကြပါတယ်။ ကွမ်းယာကို အပြင်းပြေဝါးတဲ့သူက ဝါးတယ်။ ဆေးရွက်ကြီး အာနိသင်နဲ့ လန်းဆန်းပြီး မအိပ်ချင်အောင် ဆိုပြီးစားတဲ့သူက စားတယ်။ ဆေးလိပ်ဖြတ်ချင်လို့ ဆိုပြီး ကွမ်းယာ ပြောင်းဝါးတဲ့ သူတွေလည်း တွေ့ဖူးပါတယ်။ နယ်မှာတုန်းကဆိုရင် မနက်မိုးလင်းတာနဲ့ ကွမ်းယာနဲ့ စလိုက်တာ ညအိပ်ယာ ဝင်မှ ပါးစပ်ထဲက ကွမ်းယာကို ထွေးဖြစ်တယ်ဆိုတဲ့ လူတွေအများကြီး တွေ့ခဲ့ရပါတယ်။ လူတွေ ကြိုက်ပြီး ဝါးနေကြတဲ့ ကွမ်းယာဟာ၊ သွားနဲ့ခံတွင်း ပြဿနာကစလို့ အသက်အန္တရာယ် အထိဒုက္ခပေးနိုင်တယ် ဆိုတာကျွန်တော်တို့တွေ ရောက်လေရာ နေရာတိုင်းမှာ ကျန်းမာရေးပညာပေး ပြောပြလေ့ရှိပါတယ်။ […]


ဆူးOctober 20, 20101min2768
တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဇူပြည်နယ်ရှိ ငါးရှဉ့်မွေးမြူရေးကန်တစ်ခုတွင်အလုပ်လုပ်ကိုင်သူ လီချမ်း(၄၃)နှစ်သည် ဟင်းလျာအတွက်ရည်ရွယ်ပြီး မွေးမြူထားသော ငါးရှဉ့်များပြည့်နှက်နေသည့် ကန်အတွင်းသို့ ခြေချော်ကျသွားခဲ့ပြီး ငါးရှဉ့်တစ်ကောင်မှာ မရိုသေစကားဗျာ…အားလုံးကို တောင်းပန်ပါတယ်နော်…..စအိုမှ တဆင့် ဝမ်းဗိုက်အတွင်းသို့ ဝင်သွားခဲ့သည်။ ယင်းကန်အတွင်းမှ ပြန်တက်လာပြီးနောက် သူသည် ယင်းမွေးမြူရေးစခန်းတွင် အလုပ်ဆက်လုပ်နေသော်လည်း နာရီအနည်းငယ် အကြာတွင် ဝမ်းဗိုက်ထဲမှ လွန်စွာ နာကျင်မှုကြောင့် လဲကျသွားခဲ့သည်ဟု ဆိုသည်။ထို့နောက် လုပ်ဖော်ကိုင်ဖက်များက ဆေးရုံ အရေးပေါ်ဌာန သို့ အကြောင်းကြားခဲ့ ပြီးနောက် ဆရာဝန်များက ဗိုက်ထဲရောက်နေသောငါ့ရှဉ့်ကို ငါးနာရီကြာခွဲစိတ်ကုသမှု ပြုလုပ် ဖယ်ထုတ်ပေးခဲ့ရပြီး ဗိုက်ထဲတွင် ငါးရှဉ့်လူးလွန့်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ထိခိုင်ဒဏ်ရာ များကိုလဲ ကုသပေးခဲ့ရကြောင်း သိရသည်။ တကယ်လို့များ ဆေးရုံကို နောက်ကျမှ ရောက်ရှိလာပါက သေစေလောက်သည် အထိ အသက်အန္တရာယ်ရှိကြောင်း ဆေးရုံမှ ပြောရေးဆိုခွင့် ရှိသူက […]


ဆူးOctober 19, 20101min31911
ဒီအပင်ကိုအိမ်တွေ၊ရုံးတွေဟော်တယ်….နေရာတော်တော်များများမှာတွေ့ဖူးကြမှာပါ။နာမည်ဘယ်လိုခေါ်လဲလို့ကျွန်တော်လည်းအတိအကျနာမည် မသိဘူး (ကျွန်တော့်စိတ်ထင် ဂမုန်းထင်တယ်) တွေ့ဖူးတာတော့ တွေ့ဖူးတယ်။ တကယ်တော့ ဒီအပင်ဟာ အရမ်းကို အန္တရာယ် ရှိတဲ့အပင်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ခလေးတွေအတွက် စိုးရိမ်စရာပါ။ ၎င်းအပင်ရဲ့ အစေး ဟာ အလွန်အဆိပ်ပြင်းပြီး ခလေးများ ကို မိနစ်ပိုင်းအတွင်းမှာ သေဆုံးစေနိုင်သလို့ အရွယ်ရောက် လူကြီးဆိုရင်လည်း ၁၅ မိနစ်အတွင်းမှာ သေစေနိုင်လောက်အောင် အဆိပ်ပြင်းပါတယ်။ မျက်စိထဲဝင်လို့ကတော့လည်း ထာဝရ မျက်စိကွယ်သွားစေပါတယ်။ မသိသေးတဲ့ သင့်မိတ်ဆွေတွေကို တော့ လက်တို့အသိပေးစေလိုပါတယ်။ မေးထဲက နေရတာပါ။ ဘယ်သူမှ တင်တာမတွေ့သေးလို့ တင်လိုက်ပါတယ်။


ဆူးOctober 19, 20101min29616
ကင်ညာ နိုင်ငံမှ အသက် (၃ဝ)အရွယ် Stephen Kipkemoi Rono ဆိုသူဟာ မြည်းမ တစ်ကောင်နဲ့ ၃၇၈ ပုဒ်မအရ အမှု့မြောက်ပြီး ထောင်ဒါဏ် ၁၄ နှစ်ချမတ်ခြင်းခံခဲ့ရတယ်။ ပုဒ်မ ၃၇၈ ဆိုတာ ဘာပုဒ်မလဲ မသိပေမဲ့ ၃၇၆ ဆိုတာမိန်းမ တစ်ယောက်ကို ဗလက္ကာရ ပြုကျင့်တဲ့ အမှု့ကိုတော့ လူတိုင်းသိပါတယ်။အဲ့ဒီလို့ ဘဲ ၃၇ရ က ယောက်ျားအချင်းချင်း ပြုကျင့်တာ၊ ၃၇၈ ကြတော့ တိရိစာ္ဆန်ကိုပြုကျင့်တာ ဖြစ်ပါတယ်။ ဒီလောက်ဆို ၃၇၈ ဆိုတာ ဘာအမှု့လဲဆိုတာသိလောက်ပြီလို့ထင်ပါတယ်။ ဒါကြောင့် သဘာဝ ကြီးကို ဆန့်ကျင်မှုမြောက်လို့ဒီလိုအပြစ်ပေးခံရတာနဲ့ ပါတ်သက်ပြီးတော့ သက်ညှာပေးဖို့ ခလေးနှစ်ယောက်အဖေဖြစ်တဲ့ Rono ကတော့ အသနားခံစာ တင်ထားပါတယ်။ တရားရုံးမှာတော့သူဒီလို့ ဖြစ်ရတာ သူ့ကို […]


ဆူးOctober 19, 20101min32811
Lennart Nilsson သည် ဆွီဒင် နိုင်ငံသား ဓါတ်ပုံဆရာနှင့် သိပ္ပံပညာရှင် ဖြစ်သည်။ သူ၏ ရိုက်ကူးခဲ့သော ဓါတ်ပုံများတွင် တစ်ချိန်က ဓါတ်ပုံ ရိုက်ကူး၍ မရနိုင်ဟု ယူဆထားသော လူ၏ သန္ဓေသားလောင်း နှင့် အခြား ဆေးပညာဆိုင်ရာ ဓါတ်ပုံများများအပြင် သူ၏ အနုစိတ် ဓါတ်ပုံပညာမှာ အထူးထင်ရှားသည်။ ၁၉၆၅ ခုနှစ်တွင် Lennart Nilsson သည် သားအိမ်အတွင်း၌ လူ၏ သန္ဓေသားလောင်း ကြီးထွားလာပုံ အဆင့်အဆင့်ကို ဆက်တိုက် ရိုက်ကူးကာ Life မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့သည်။ ထိုအချိန်က ထုတ်ဝေသည့် ပထမ ၄ ရက်အတွင်းမှာပင် စာအုပ် ၈ သန်းခန့် ရောင်းချခဲ့ရသည်။ အဆိုပါ မှတ်တမ်းပြုဖွယ် ဓါတ်ပုံများကို “A Child […]


ဆူးOctober 19, 20101min2425
၂၇-၉-၂၀၁ဝ ညနေပိုင်း သီတဂူဆရာတော်ကြီး အမှူးရှိသော သီတဂူကပ္ပိယ (အောက်မြန်မာပြည်) အဖွဲ့တို့ လျပ်တပြက် အစည်းဝေးတစ်ရပ် ကျင်းပသည်။ သီးတဂူဆရာတော်ကြီးသည် အင်ဒိုနီးရှား ဘုရားထီးတင်ပွဲနှင့် သံဃာတစ်ထောင်ကျော် သံဃာ့အစည်းအရုံးကြီးအတွက် ထိုင်း လာအို ကမ္ဗောဒီယားနှင့် သီရိလင်္ကာနိုင်ငံစသော ဗုဒ္ဓဘာသာနိုင်ငံများမှ အထင်ကရဆရာတော်ကြီးများအား ပင့်ဖိတ်ရန် ကြွရောက်ခဲ့စဉ် အရေးပေါ်အကြောင်းတစ်ရပ် ပေါ်လာပါသည်၊ ထိုအရေးပေါ်နှင့်ပတ်သက်ပြီး အောက်မြန်မာရှိ ကပ္ပိယအဖွဲ့များအား ဆင့်ခေါ်ကာ နောက်လ ၁၆ ရက်နေ့ မန္တလေးမြို့ အကျဉ်းထောင်ရှိ လူပေါင်း ၆၀၀ဝ (ခြောင်ထောင်)ကျော်အား အင်းစိန်ထောင်မှာ အလှူအတန်းပြုသလို မေတ္တာကရုဏာတော်အလှူ လုပ်မည့်အကြောင်း၊ သီတဂူသာသနာပြုအဖွဲ့ကြီး သာသနာတော်အတွက် အလုပ်လုပ်ရာ အနှစ် ၃ဝ ခရီးပင်ရောက်ရှိကြောင်းနှင့် ယခုဆက်လက်ပြီး တိုးချဲ့မည့် လုပ်ငန်းစဉ်များနှင့် အရေးပေါ် ကယ်ဆယ်ရေးအကြောင်းများနှင့် ပတ်သက်ပြီး အစည်းဝေးတစ်ရပ် ကျင်းပသည်။ […]


ဆူးOctober 19, 20101min38514
လူကြီးများ ပြောတဲ့ စကားများကြား ကလေးပီပီ ထိုင်ပြီး နားထောင်နေတဲ့ အချိန်က ကြားမိတဲ့ အကြောင်းလေးပါ။ ဦးဟုတ် ဆိုတဲ့ အဘိုးကြီးက တရုတ်စစ်စစ် ကွန်မြူနစ် ဆန်တဲ့ ဝါဒ ကို လက်ခံယုံကြည်တယ်။ အဲဒီ အဘိုးကြီးမှာ သားနှစ်ယောက် သမီးတယောက်ရှိတယ်။ အဘိုးကြီး က ဘုရားတောင် ရှိခိုးတာ မဟုတ်တော့ နတ်တွေ ဘာတွေ ယုံဖို့ ကိုးကွယ်ဖို့ ဆိုတာ ဝေလာဝေးပေါ့။ အဘိုးကြီး က လက်ဖက်ရည်ဆိုင်ဖွင့်ထားတယ် မအူပင်မြို့မှာ.. တချိန်ကတော့ သူဆိုင်မသိတဲ့ လူမရှိဘူး… သူကြီးပွားတိုးတက်လာပုံကိုတော့ နောက်ပို့စ်တွေမှာ ရေးတော့မယ်.. အခုရေးချင်တဲ့ အကြောင်းလေး ပျောက်သွားမှာစိုးလို့.. လက်ဖက်ရည်ဆိုင်မှာ ဝင်လုပ်တဲ့ မောင်စိုး ဆိုတဲ့ ကောင်လေး က ဗမာတွေ ရှေးရိုးရာ မပျက် […]


ဆူးOctober 18, 20101min41716
သိလို့တော့ မဟုတ်ပေမဲ့ ကင်ချီနဲ့ ပတ်သတ်ပြီး ကြားဘူးနားဝ ချရေးပေးလိုက်တယ်။ ကင်ချီ အလွယ်လုပ်နည်း တင်တဲ့ သူက တင်တော့ ကင်ချီ ဘာလို့ ကိုရီးယားတွေ စားသလဲ ဆိုတာ သိသင့်တယ် ထင်လို့ပါ။ ကိုရီးယား သမိုင်းမှာ စစ်ဖြစ်နေတဲ့ အတိုင်းအတာ တော်တော် ရှည်လျားပါတယ်။ စစ်ကြောင့် လူတွေ စားနပ်ရိက္ခာ ရှားပါးမှုတွေ မဖူလုံမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ စစ်ရှိတဲ့ စစ်ဘေး စစ်ဒဏ် သင့်တဲ့ နေရာတိုင်းမှာ ဒီလို ခံစားခဲ့ရတာ ကြီးပါဘဲ။ တောင် ကိုရီးယား ရုပ်ရှင်တွေ ကြည့်တာ များတော့ အိုပါးတို့ ဘာတို့တွေတောင် စကားထဲပါလာကြတယ် လူငယ်တွေ အသုံးထဲမှာ ထိုနည်းတူပင် ရုပ်ရှင်ထဲမှာ အားရပါးရ စားပြတော့ ကြည့်တဲ့ လူတွေက စားချင်စိတ်ပေါက်လာကြပြီး […]