ဆူးOctober 17, 20101min62829
မြန်မာ တွေ နတ်ကိုးကွယ်မှုတွေ ရှိနေကြတာတွေတော့ သိကြမှာပါ။ ရိုးရာ အစဉ် အဆက် ကြောက်ရွံ့မှုတွေ ကြောင့် ကိုးကွယ်နေကြပါတယ်။ အဘွားအိမ်မှာ ဖြစ်ခဲ့တဲ့ ဟာသလေး တခုပါ။ အဘွားက ဗမာစစ်စစ် မိရိုးဖလာ ကိုးကွယ်မှုတွေ ရှိနေတယ် အဲဒီထဲမှာ မနှဲလေး လည်းပါသပေါ့.. မနှဲလေးက ကလေးနတ် ဆိုတာ လူတိုင်းသိကြမှာပေါ့။ မနှဲလေး ကိုးကွယ်တဲ့ အိမ်ကို ဧည့်သည်အဖြစ် ယောကျားလေး ငယ်ငယ်လေး တွေ အိမ်ကိုလာကြရင် မနှဲလေးက အသည်းယားလို့ ဆိုလား ဘာလား လိုက်ဆိတ်တယ်လို့ ပြောတယ်။ ဘယ်ကို ဆိတ်လဲတော့ မသိဘူး ကလေး ဆိုတာ ငိုတာဘဲ တတ်တဲ့ အရွယ်လေးတွေ ဆိုတော့.. ဘယ်နား နာတယ် မပြောဘူး။ ဆိတ်တယ်လို့ ပြောတာက […]


ဆူးOctober 17, 20101min24310
အနောက်တိုင်း ရုပ်ရှင်တွေမှာ ဆင်ဆာ ဆိုတာ ရှိသလားဟင်.. မြန်မာပြည်မှာ လို အဖော် အချွှတ်တွေ ဆင်ဆာ လုပ်တာမျိုး… ဘာညာကွိကွ ဆင်ဆာ လုပ်တာမျိုး ကော ရှိလား အဲဒါလေး သိချင်တယ်.. အဖော်အချှတ်ကတော့ ဆင်ဆာ မရှိဘူးထင်ပါတယ် ရုပ်ရှင်တွေမှာ ပါနေတာ အထူးအလေးပေးထားတာတွေ ရှိနေတာဘဲ ဆိုတော့.. ပထမ ပြောတာ ဥပမာ ကိုပြောတာပါ ကိုယ်နဲ့ လက်လှမ်းမှီတဲ့ ဥပမာ ကို ဆွဲထုတ်ပြောတာ.. သိချင်တာကတော့ ဆင်ဆာရှိလား သို့တည်းမဟုတ်.. ကန့်သတ်ချက် တားမြစ်တဲ့ဟာမျိုး ရှိသလား သိချင်ပါတယ်။ တရုတ်ပြည်မှာတော့ ဆင်ဆာ ရှိတယ်လို့ ထင်တယ် avatar ရုပ်ရှင်တောင် ပိတ်တယ်လို့ သတင်းကြားတော့.. သူ့နည်း သူ့ဟန်နဲ့ တားမြစ် ကန့်သတ်ချက် ရှိမယ်ထင်တယ်။ […]


ဆူးOctober 16, 20101min26614
ချယ်ရီတို့ မိသားစုကတော့ ၃ယောက်ပါ။ ကွမ်းခြံကုန်းမှာ နေကြတာ စီးပွားရေး အဆင်မပြေတော့ ၈တန်းမှာဘဲ ကျောင်းနားလိုက်တယ်။ သူငယ်ချင်းတွေက မေးတော့ ငါတို့ အိမ်ကျပ်နေလို့ မပြောဘဲ ကျန်းမာရေးမကောင်းလို့ ပါဆိုပြီး ညာပြောခဲ့တယ်။ အဖေ နဲ့ အမေ ကတော့ သူများတွေလို လယ်တွေ ယာတွေ လုပ်ငန်းတွေ မရှိတော့ ရှိတဲ့ အိမ်လေးကို ရောင်းပြီး မြို့မှာ စီးပွားသွားလုပ်မယ် ဆိုပြီး အိမ်ရောင်းလိုက်တယ်။ ချယ်ရီကတော့ နယ်မှာဘဲ ဦးလေး အဒေါ်အိမ်မှာ ကပ်နေတယ် အဒေါ်က အကျီချုပ်တော့ လက်ချုပ်လိုက်တာတို့ ကူပြီး စက်နင်းပေးတာတို့ လုပ်ပေးတော့ အနေလည်း ချောင်တယ် အလုပ်တွေ သိပ်များရင် အဒေါ်က မုန့်ဖိုးပေးသေးတယ် အဆင်တော့ ပြေတာပေါ့။ အဖေ နဲ့ အမေကတော့ […]


ဆူးOctober 16, 20101min1647
ဩ ​စ​တြေး​လျ​နိုင်ငံ​မှ​ အ​မျိုး​သ​မီး​ ​တစ်ဦး​သည်​ ခင်​ပွန်း​သည်​၏​ ​လိင်​အ​င်္ဂါ​ကို​ မီးတင်​ရှို့​ခဲ့​ကြောင်း​ တ​ရား​ရုံး​တွင်​ ​ဝန်​ခံ​ထွက်​ဆို​ခဲ့​သည်​။​ အ​သက်​ ​၄၆​ ​နှစ်​ရှိ​ ရာ​ဂျီ​နီ​ ​နာ​ရာ​ရန်း​က​ ဩ​စ​တြေး​လျ​တောင်​ပိုင်း​ ဗ​ဟို​တ​ရား​ရုံး​တွင်​ ကြား​နာ​သော​ ​အ​မှု​အ​တွင်း​ သူ​မ​သည်​ ​ခင်​ပွန်း​သည်​က​ ဖောက်​ပြန်​နေ​သည်​ဟု​ ယုံ​ကြည်​သ​ဖြင့်​ ​ယ​ခု​ကဲ့​သို့​ ရက်​စက်​သော​ ​ပြစ်​ဒဏ်​ဖြင့်​ တုန့်​ပြန်​ရန်​ ​ဆုံး​ဖြတ်​ခဲ့​ကြောင်း​ ပြော​ကြား​ခဲ့​သည်​။ ​ ၂၀၀၈​ ​ခု​နှစ်​အ​တွင်း​က​ ဖြစ်​ပွား​ခဲ့​သော​ ​ကိ​စ္စ​တွင်​ အ​သက်​ ​၄၇​ ​နှစ်​ရှိ​ ဆာ​တစ်​ ​နာ​ရာ​ရန်း​သည်​ ခ​န္ဓာ​ကိုယ်​၏​ ​၇၅​ ရာ​ခိုင်​နှုန်း​မျှ​ကို​ မီး​လောင်​ကျွမ်း​ခံ​ရ​ခြင်း​ကြောင့်​ ရ​ရှိ​လာ​သော​ ​ဒဏ်​ရာ​များ​ဖြင့်​ ကွယ်​လွန်​ခဲ့​သည်​။​ ရာ​ဂျီ​နီ​သည်​ ​ပြစ်​မှု​ထင်​ရှား​ပါ​က​ ထောင်​ဒဏ်​ ​နှစ်​ပေါင်း​ ၂၀​ ​ထိ​ ​ချ​မှတ်​ခံ​ရ​ဖွယ်​ ရှိ​နေ​သည်​။​ ​သူ​မ​က​ ခင်​ပွန်း​သည်​အား​ […]


ဆူးOctober 16, 201021min872
*ကင်ဆာ နှင့် ဒူးရင်းဩဇာ* ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်းဝေးအတွက် နိုင်ငံအသီးသီးကတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တစ်ယောက်ကျွန်မတွေ့တော့ တော်တော်အံ့အားသင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ်တဲ့အခါ ကင်ဆာလို့အဖြေထွက်ပီးကျွန်မတို့တစ်တွေစိတ်မကောင်းဖြစ်နေခဲ့တာပါ။ အခုပြန်တွေ့တော့ လန်းဆန်းကျမ်းမာတက်ကြွနေတော့ စကားစမြည်ပြောရင်းနဲ့ ဆေးနည်းလေးတစ်ခုရလာတာကို ဝေမျှခြင်လို့ပါ။ အခုတစ်လော ကင်ဆာ ဆိုတာနဲ့ လူတွေကလန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေစိတ်ပင်ပန်းကြတာနဲ့ ရုတ်တရက် သေဆုံးသွားတာ နဲ့ ဒါကြောင့် ကျွန်မတို့ရုံးက အန်တီဆိုရင် သူ့ကင်ဆာဖြစ်တာသူများကိုမသိစေချင်ဘူး၊ သူများတွေသူ့ကိုသေလူလို့ ကြည့်နေတဲ့အကြည့်တွေမခံနိုင်ဘူးဆိုပီးရင်ဖွင့်ရှာပါတယ်။ ကျွန်မ ရဲ့ အချစ်ဆုံး ကြီးကြီး လဲ ကင်ဆာနဲ့ဆုံးသွားသလို အမလိုခင်မင်ပီးချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ ကင်ဆာနဲ့ ဘဝဆုံးသွားရရှာပါတယ်။ အထူးသဖြင့် ကျွန်မတို့မိသားစုနဲ့ နှစ်အိမ်တစ်အိမ်လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ ကင်ဆာနဲ့ဘဲဆုံးပါးသွားကြတယ်။ အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။ ပန်းပင်အခြောက်လေးတွေကိုရေနွေးကြမ်းလိုလုပ်သောက်ရတာပါ၊ အရမ်းကိုခါးတော့ […]


ဆူးOctober 14, 20103min36231
စင်ပေါ်မှာ အဆိုတော်တွေ မင်္ဂလာပါ လုပ်သလိုဘဲ.. ဓါတ်ပုံရိုက်တဲ့ လူကနေ တဆင့် ကြည့် နေတဲ့ လူတွေ အားလုံးကို မင်္ဂလာပါ လုပ်နေတယ်။ မိဘ မေတ္တာနဲ့ လွမ်းခြုံလို့ အနွေးဓါတ်တွေ ပေးထားတာ.. ဗိုက်ဆာနေတဲ့ ကလေးအတွက် မိဘရဲ့ မပျက်ကွက်တဲ့ မေတ္တာနဲ့ ကျွေးမွေးနေတယ်။ သူလည်း ကလေးတွေ အတွက်ဘဲလား.. အောက်က ငါးကလေးကတော့ တုန်လှုပ်ခြောက်ခြားနေတယ် လို့ ခံစားမိတယ်။ ဒီအကောင်လေး ကြည့်တော့လည်း ငယ်ငယ်က ဒီနေရာ ငါနေရာ ဆိုပြီး ရွယ်တူတွေ အချင်းချင်း နေရာဦးတာကို သတိရမိတယ်။ သေမှာကို မသိရှာဘဲ ခပ်တည်တည် နေနိုင်တာ.. ငှက်ကလေးရဲ့ သေမင်းက အနောက်မှာ တင် ရှိနေတာ.. လူသားတွေလည်း ဒီလိုဘဲ.. ပုံပြင်တွေ ထဲကလို […]


ဆူးOctober 14, 20101min22112
လိမ်တယ် ညာတယ်ဆိုတာကတော့ မကောင်းတဲ့ အလုပ်ပါ. တခါတရံ လိမ်မှ ရတဲ့ အခါတွေ ရှိတယ်.. လိမ်တယ်ဆိုမှတော့ သီလ ကျိုးပြိပေါ့နော်.. ရှိတာမှ ၅ပါးတည်း.. လိမ်လိုက်တော့ ၁ပါးကျိုးသွားကော.. မုသားမပါ လင်္ကာမချော ဆိုတဲ့ စကားတွေ လူတွေ အသည်းထဲ ရင်ထဲ စွဲနေတော့ လိမ်ရတာ လွယ်နေကြတာပေါ့.. ဒီတော့.. ငရဲလည်း မကြီးအောင်.. အကုသိုလ်လည်း မဖြစ်.. လိုရင်းလည်းရောက်အောင် လိမ်မယ်.. စဉ်းစားမိတာလေး ကောက်ရေးလိုက်မယ်.. မဟာမြိုင်တောကြီးထဲမှာ တပါးတည်း သတင်းသုံးနေတဲ့ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး (ဘွဲ့နာမည် စာလုံးပေါင်းမေ့) အဲဒီ ဆရာတော် ကြီးကို သွားဖူးတဲ့ လူတွေကို ဆုံးမ ဩဝါဒ ပေးတာလေး တင်ပြပေးမယ်။ တခါက အရှင်မဟာ ကဿဖ ကိုယ်တော် […]


ဆူးOctober 12, 20101min35322
အင်လား အစစ်လားတော့ မသိဘူး.. အစစ်ဆိုရင်တော့ တွေးတောင် မတွေးမိဘူး အသက် ၁၆နှစ်က ၅၁ နှစ်ဖြစ်နေသတဲ့.. ကြည့်လိုက်ကြပေါ့နော်.. ဒီက လိုင်းက ဆန့်ကင်ဆန့်ကင်နဲ့ မနည်း ကြည့်ထားတာ.. အင်ကြီး ဖြစ်နေရင်တော့ ဖျက်ပေးမယ်နော်..


ဆူးOctober 12, 20101min17918
ရန် ကုန် မြို့ မှာ နာမည်ရ တံဆိပ် တခု ဖြစ်တဲ့ ဗဟန်းဘက်က သင်္ကန်း ချုပ်စက်ရုံ တခုမှာ ဝက်သား အမဲသား မစားရပါဘူး ထမင်းစားချိန်ဆို ထမင်ချိုင့်တွေ လိုက်စစ်တဲ့ လူ သတ်သတ် တယောက် တာဝန်ပေးပြီး ထမင်းချိုင့်ထဲမှာ ဝက်သား အမဲသားပါရင် ဒဏ်ငွေ ၅၀ဝ ဆိုလား ကောက်တယ် ပြောတယ်.. ဟင်းတန်ဖိုးတောင် ၅၀ဝ တန်အောင် မစားနိုင်တဲ့ အထည်ချုပ် အလုပ်သမ လေးတွေ .. နှစ်ရှည်လများ.. လုပ်တော့ ဝက်သား အမဲ သား စားရကောင်းမှန်းတောင် မသိတော့ဘူး.. အဲဒီ လုပ်ငန်းရှင်က ကုလားမဟုတ်ဘူးနော်.. မင်ကြီးမင်းလေး ဆိုရင်တော့ မပြောတတ်ဘူး.. အလုပ်သမား အခွင့်အရေးနဲ့ သူဠေး တားမြစ်ပိုင်ခွင့်အပေါ် […]


ဆူးOctober 12, 20101min530
An EDP’s Special Lecture on SOCIAL PHILOSOPHY OF BUDDHISM Topic (အကြောင်းအရာ) Development as if People Mattered: A Buddhist Prespective (အများနှင့် သက်ဆိုင်သော ဖွံဖြိုးတိုးတက်မှု– ဗုဒ္ဓဝါဒ ရှုထောင့်) Oraganizer (စီစဉ်သူ) EHIPASSIKO DHAMMADUTA PROJECT (EDP) VENUE (နေရာ) Wisdon Park’s Education Centre– ပညာ့ပန်းခြံ ပညာရေးဠာ 15 (2nd FL) Park Street, Near Myenigone Junction, Sanchaung Tsp. Date (နေ့စွဲ့) 16-10-10 (Saturday) Time (အချိန်) 4:00 […]


ဆူးOctober 12, 20101min23316
ကော်ပီ လုပ်ပြီး မတင်ချင်လို့.. အဲဒီ လင့်ကနေဘဲ သွားကြည့်ပြိး ဒီမှာ ကွန်မန့်ရေးပေါ့.. ဒီသတင်းလေး ဖတ်ရတာ တမျိုးလေး ဖြစ်နေလို့.. http://www.facebook.com/note.php?note_id=153091411395591&id=100001638115166#!/note.php?note_id=153740404664025 ရပ်ဆိုင်းထားသော အစ္စလမ်ဗလီ ဝတ်ပြုကျောင်း ဆောက်လုပ်မှုကို မြို့တော်ဝန် ဦးအောင်သိန်းလင်းက မဲဆွယ်စည်းရုံးသည့် အနေနှင့် ပြန်လည် ခွင့်ပြုလိုက်သည့်အတွက် ဒေသခံ ဗုဒ္ဓဘာသာဝင်များက မကျေမနပ်ဖြစ်ကာ ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်လာ နိုင်သည်အထိ အခြေအနေ တင်းမာနေကြောင်း သတင်းရရှိသည်။ တောင်ဥက္ကလာပမြို့နယ် ရ ရပ်ကွက်၊ သီရိဇေယျာလမ်းရှိ ဆောက်လက်စ အစ္စလမ် ဗလီဝတ်ပြုကျောင်းကို ရပ်ကွက်နေ ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ၂၀၀၃ ခုနှစ်ကတည်းက ဆောက်လုပ်ခွင့် ရပ်ဆိုင်းထားခဲ့ရာမှ မြို့တော်ဝန် ဦးအောင်သိန်းလင်းက ၂၀၁ဝ ပြည့်နှစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် ပြန်လည်တည်ဆောက်ခွင့် […]


ဆူးOctober 10, 20104min1743
ဆူးတို့ တက်ခဲ့တဲ့ အထက်တန်းကျောင်းမှာ အများချစ်တဲ့ ဆရာမ တယောက် ရှိတယ်.. ကျောင်းသူဟောင်းတွေတော့ သိကြမှာပါ.. ဒေါ်ပြုံးပြုံးဆိုရင်.. မြန်မာစာသင်တယ်.. မမှန်ရင် ခေါင်းငုံ မခံ.. ခေါင်းမာတတ်တဲ့ ဆူးနဲ့တော့ ဆရာမနဲ့ ကြောင်နဲ့ ကြွက်လို ဖြစ်နေတာ.. ကြောင်နဲ့ ကြွက် တအိမ်တည်းနေ သလို ဆူးနဲ့ အဲဒီ ဆရာမနဲ့ ကျောင်းကား တူတူ စီးကြတာလေ.. ကျောင်းကား တူမှာပေါ့.. နေတဲ့ မြို့နယ်ချင်းတူနေတာကိုး.. ကျောင်းကားဆွဲချင်တဲ့ ကားတွေက ဆွဲချင်တဲ့ မြို့နယ်တွေမှာ ရှိတဲ့ ဆရာမတွေနဲ့ ပိုင်အောင် ပေါင်းရတယ်။ ဆရာမ ဒေါ်နီနီခင် ဆိုတာ ၄တန်းကတည်းက သူအတန်းမှာ တက်ဘူးတော့ သိနေတယ်။ သူယောကျားက ကျောင်းကားဆွဲတယ်ဆိုတော့. သူကားကို လိုက်စီးပေးတယ်.. အဲဒီမှာ ဖြစ်ချင်တော့ […]