အလုပ်သမား အခွင့်အရေး

ဆူးOctober 12, 20101min17518

ရန် ကုန် မြို့ မှာ နာမည်ရ တံဆိပ် တခု ဖြစ်တဲ့ ဗဟန်းဘက်က သင်္ကန်း ချုပ်စက်ရုံ တခုမှာ ဝက်သား အမဲသား မစားရပါဘူး ထမင်းစားချိန်ဆို ထမင်ချိုင့်တွေ လိုက်စစ်တဲ့ လူ သတ်သတ် တယောက် တာဝန်ပေးပြီး ထမင်းချိုင့်ထဲမှာ ဝက်သား အမဲသားပါရင် ဒဏ်ငွေ ၅၀ဝ ဆိုလား ကောက်တယ် ပြောတယ်.. ဟင်းတန်ဖိုးတောင် ၅၀ဝ တန်အောင် မစားနိုင်တဲ့ အထည်ချုပ် အလုပ်သမ လေးတွေ .. နှစ်ရှည်လများ.. လုပ်တော့ ဝက်သား အမဲ သား စားရကောင်းမှန်းတောင် မသိတော့ဘူး.. အဲဒီ လုပ်ငန်းရှင်က ကုလားမဟုတ်ဘူးနော်.. မင်ကြီးမင်းလေး ဆိုရင်တော့ မပြောတတ်ဘူး.. အလုပ်သမား အခွင့်အရေးနဲ့ သူဠေး တားမြစ်ပိုင်ခွင့်အပေါ် ဘယ်လိုမြင်လဲဟင်.. မတရားဘူးလို့ မြင်တာဘဲ.. သူ့ပါးစပ်နဲ့ သူစားတာဘဲ.. သူလည်း ဘာမှ ထိခိုက်အောင် လုပ်တာမှ မဟုတ်တာ.. ပြောတော့လည်း အစားတလုပ်အတွက်.. ရေးကြီးခွင်ကျယ်လုပ်တယ် ဖြစ်မယ်နော်.. စစ်တဲ့ လူက စစ်.. ဒဏ်ကြေးပါ ကောက်လိုက်သေးတယ် ဆိုတော့.. ကြားရတာ လောက ကြီး ဇောက်ထိုးဖြစ်နေသလိုဘဲ.. သင်္ကန်းဆိုတာ ထေရဝါဒ ဘုန်းကြီးတွေ အမြဲ ကိုယ်နဲ့ မကွာ ဝတ်ရုံထားကြတာ.. ဘာသာရေးကို ကြည်ညို ကိုးကွယ်လို့ သင်္ကန်းရောင်းတာ ဆို.. ဒီ စပ်ကြား အယူဝါဒတွေ လုံးဝ လိုက်မတင်းကျပ်သင့်ဘူး.. ကိုယ်တိုင် မစားတာ လက်ခံတယ်.. ကျန်းမာရေးကြောင့် စသဖြင့်ပေါ့လေ.. လူတွေလည်း တခုမဟုတ် တခုနဲ့ ရူးနေကြတာတော့ အမှန်ဘဲ.. ပြောရင်လည်း လောကကြီးနဲ့ ဆန့်ကျင့်တဲ့ လူဖြစ်တော့မယ်.. ဒီတင်ဘဲ ရပ်တော့မယ်..

18 comments

  • intro

    October 12, 2010 at 1:13 pm

    အလုပ်မဝင်ခင်ကတည်းက ဒီအလုပ်မှာ အမဲသား၊ ဝက်သား စားခွင့်မရှိဘူးလို့ ဒီအလုပ်အတွက် requirement တစ်ခုလို့ သဘောထားပြီး စည်းကမ်းတစ်ခုအနေနဲ့ သတ်မှတ်ထားရင်တော့ သူ့ဘက်က မလွန်ပါဘူး၊ ဒါပေမယ့် အဆန်းပဲ၊ တစ်ခါမှ မကြားဖူးဘူး။

    • ဆူး

      October 13, 2010 at 2:13 am

      မြန်မာပြည်မှ ဘယ်အလုပ်သမားမှ အလုပ်မဝင်ခင် စည်းမျဉ်းမဖတ်ရပါဘူး.. အလုပ်သမားက အလုပ်လိုနေတာဆိုတော့.. လုပ်ချင်တယ်.. အင်ဒါဗျူးမယ်.. အေး လုပ်ပေါ့… ဒါနဲ့ အလုပ်ရသွားကြတာဘဲ.. သူ့စည်းကမ်းအရင်ဖတ်ပြီးကြိုက်မှ လုပ်မယ်ဆိုတဲ့ အလုပ်သမား ရှိကောင်းရှိမယ်.. သာမန်အလုပ်သမား လူတန်းစား လုံးဝ မရှိပါဘူး။

  • Gong Zhu

    October 12, 2010 at 3:12 pm

    ပိုင်ရှင်က ကုလားလူမျိုး မလို့လားမသိဘူးနော် …

    • ဆူး

      October 13, 2010 at 2:10 am

      ဆူးမြင်ဘူးတယ် ကုလားမဟုတ်ဘူး.. ဗမာ စစ်စစ်ဘဲ.. မင်းကြီး မင်းလေး ကိုးကွယ်ရင်ောတ့ မပြောတတ်ဘူး..

  • unclegyi1974

    October 12, 2010 at 3:34 pm

    အလုပ်သမား ဘာမစားရဘူးညာမစားရဘူး ကန့်သတ်တာ ပထမဆုံး
    ကြားဖူးတာပါ ဘာကြောင့်လဲမသိရဘူးလား

  • april

    October 12, 2010 at 3:44 pm

    ဘယ်လိုပဲဖြစ်ဖြစ်ပါ သူများစားတဲ့ အစားအစာကို ပိတ်ပင်တယ်ဆိုကတည်းက စစ်တဲ့လူကတော့ နောက်ဘဝ ပိသ၁ာဖြစ်မှာပဲ။
    မစားစေချင်ရင် သူတို့ကျွေးပါလား…..

  • michaelaungpu

    October 12, 2010 at 4:17 pm

    အကောင်ကြီးနဲ ့အကောင်ကလေးက နာ့ကိုကိုင်လို ့ယားကျိယားကျိဖစ်ရင် နင်တို ့တာဝန်ယူမလား
    ( အခုမှကြုံလို ့ပြောလိုက်ဦးမယ်ဗျို ့ကံ ကံ၏ အကျိုးကို နားမလည်နိုင်တာလည်း အ ဝိဇ္ဇာအငယ်စားလေးပါဗျ)

  • bigcat

    October 13, 2010 at 12:00 am

    တခါတုန်းက ဒီမန်းလေးဂေဇက်မှာပဲထင်တယ်၊ အထည်ချုပ်စက်ရုံသစ်ဖွင့်ပွဲမှာ အလုပ်သမကို သရဲလား နတ်လား တခုခုပဲ ဝင်စီးလို့ ပွဲကိုရပ်ပြီး အားလုံးကို အိမ်ပြန်လွှတ်လိုက်ရတယ်လို့ ဖတ်ဖူးတယ်။ အဲဒီစက်ရုံများ ဖြစ်လေမလားမသိ။

  • ဆူး

    October 13, 2010 at 2:09 am

    သရဲဝင်ပူးတဲ့ အလုပ်သမ စက်ရုံ မဟုတ်တာ သေချာတယ်.. အဲဒီ သရဲပူးတဲ့ စက်ရုံ အကြောင်း တင်တဲ့ လူက ဆူးမဟုတ်သလို အဲဒီ သရဲပူးတဲ့ စက်ရုံက ရွှေသံလွင် စက်မှုဇုံ လိုလို တခု ကြားမိသလို.. နယ်စပ်ဘက်ကလည်း ကြားမိတယ်..

  • kohtoo

    October 13, 2010 at 3:00 am

    ခံ ရ တာ ချည်း ပါ ဘဲ လား ……သည်း ခံ………..ခံ………ခံ။

  • MandalayThar

    October 13, 2010 at 6:40 am

    ထူးထူးဆန်းဆန်း ပါလား။ ကျွန်တော်တွေ့ဘူးတယ် ညီမလေးတယောက် သူ့အလုပ်ရှင်က ဟိန်ဒူ (စာလုံးပေါင်းသည်းခံပါ) အဲတော့ ကောင်မလေးက အမဲသား ယူမသွားရဘူး သူ့ ရုံးကို ဟို စစ်လားဆေးလားတော့ မလုပ်ဘူးပေါ့။ ဒီညီမလေးလဲ တခြားဝန်ထမ်းတွေလို အသိစိတ်ဓါတ်နဲ့ မယူကြတာပေါ့။ တနည်းပြောရရင် တခြားဘာသာတွေကို လေးစားသမှု့ပေါ့။

    သင်္ကန်း ချုပ်စက်ရုံ ဆိုတော့ ဘာသာခြားတော့ မဟုတ်တာ သေချာတယ်။ တချို့ကို တွေ့ဘူးတယ် ဝက်သားဆို မစားတာနဲ့ အမဲသားစားရင် အလုပ်လုပ်ရင် အဆင်မပြေဘူး ဘေးတွေ့တယ် ဘာတယ်နဲ့ အယူတွေ။ တချို့ မြန်မာလူမျိုးတော်တော်များများ အမဲသားမစားကြတာ ဘာလို့လဲ မသိဘူးနော်။ ပြောသေးတယ် ကျေးဇူးရှင်မို့တဲ့။ အဲဒါကိုတော့ လက်မခံပါ။ (အဲလိုရေးလိုက်လို့ ကွန်မန့်တွေ ပြန်ကြမှာ သိပြီးသား welcome ပါ ဆွေးနွေးကြည့်ကြတာပေါ့) အခုခေတ် နွားတွေ လယ်မလုပ်တော့ဘူး တုံတုံထော်လာဂျီတွေနဲ့ လယ်ထွန်နေတာ။ ထေရဝါဒ ကိုးကွယ်တဲ့ လယ်လုပ်တဲ့ ထိုင်းမှာဆို အမဲသားများ စားပါ့ဗျာ။ ထိုင်းတွေ ကျေးဇူမသိတတ်လို့လား။ ကိုယ့်ကျေးဇူးရှင်ကို စားတာ း) း)

    အသုဘတွေရဲ့ အစွဲလမ်းတွေ အယူတွေကို ကိုကျော်သူတော့ တိုက်ဖျက်နေတယ်။ ဒီ အစားအသောက်အယူ တွေတော့ ဘယ်သူ တိုက်ဖျက်ပေးမလဲ မသိဘူး။ ဆွေးနွေးကြည့်တာပေါ့..

  • ဆူး

    October 13, 2010 at 6:51 am

    မန်းသားရေး. အစားအသောက်တော့ တိုက်ဖျက်ဖို့ မစဉ်းစားပါနဲ့.. ဒီလိုလေးဘဲ ကောင်းပါတယ်.. တော်ကြာ လူသေ မသဂြိုလ်ရဘဲ တုံးတစ်ပြီး ဈေးထဲ ရောက်လာအုန်းမယ်.. အမဲသား အကြောင်းကတော့ ကြားဖူးတာတော့ ရှိတယ်.. မသေချာဘူးနော်.. လယ်တီ ဆရာတော် ဘုရားကြီးက ပုလိပ်ရောဂါတွေ ဖြစ်လို့ ကမ္မဝါ လိုက်ရွတ်ပေးဘူးတယ်.. တချိန်က.. အဲဒီ အတွက် နာမည်တော်တော် ကြီးသွားတယ်.. နောက်ပြီး.. မူစလင်တွေရဲ့ အယူနဲ့ နွားတွေ သတ်နေတာ ကို မကြည့်ရက်လို့ ဗမာတွေ နွားသား အမဲသား မစားဖို့ တိုက်တွန်းမှုတွေ ပြုခဲ့တယ် ဆိုလား.. ကျေးဇူးရှင်လို သဘောထား.. လယ်ယာထွန်ယက်ပေးနေတာ.. မစားကြနဲ့.. အဲဒီလိုမျိုး ကိစ္စတွေ ရှိမရှိတော့ မသိဘူး.. စာအုပ်ဟောင်းတွေ ရှာဖတ်မှဘဲ သိမယ်.. မှားရင်တော့ သိတဲ့ လူထောက်ပြပေးပေါ့..

  • search123

    October 13, 2010 at 7:35 am

    ကိုယ်တိုင်လည်း ဝက်သား၊အမဲသား မစားပါဘူး။
    ဘာကြောင့်မှ မဟုတ်ပါ..မစားချင်လို့ကို မစားတာပါ။

  • etone

    October 13, 2010 at 8:33 am

    ကိုယ့်ဘာသာကိုယ်ဘာစားစားဘာဖြစ်လဲ ။ လူ့အခွင့်ရေးကိုပိတ်ပင်တာပဲ ။
    အလုပ်လုပ်တာ အလုပ်ပေါ်မှာတာဝန်ကျေပြီး သစ္စာစောင့်သိရင်ပြီးတာပဲ ။ ထမင်းချိုင့်တွေထိလိုက်စစ်စရာမလိုပါဘူး အလကားအပိုတွေလုပ်နေတယ်။

  • kai

    October 13, 2010 at 8:48 am

    ယူအက်စ်မှာဆိုရင်တော့ အဲဒီင်္လိုသာလုပ်လာရင် … အလုပ်သမားတွေတော်တော်ဝမ်းသာမှာပဲ..။
    အလုပ်ရှင်ဆီက လျှော်ကြေးတွေရတော့မှာကိုး..။
    မြန်မာပြည်မှာတော့ သိပ်အဆန်းတကြယ်ကိစ္စလို့မထင်ရပေမဲ့ .. ဒီလိုကနေ အလုပ်ရှင်တွေဟာ အလုပ်သမားတွေရဲ့နေ့စဉ်ဘဝတွေကို လွမ်းမိုးချုပ်ကိုင်လာပြီး အစွန်းရောက်လာတတ်ပါတယ်။
    ခေါင်းငုံမခံနေပဲ.. သက်ဆိုင်ရာကို တိုင်ပြီး ဥပဒေကြောင်းအရလုပ်သင့်ကြတယ်ထင်ပါကြောင်း…။
    သက်ဆိုင်ရာကိုတိုင်လို့ အလုပ်ရှင်ကဒုက္ခပေးမှာကြောက်ရရင်လည်း ..မီဒီယာကိုလက်တို့လိုက်တာ မှန်တယ်ထင်ပါကြောင်း..။


    မြန်မာတွေ နွားသားမစားတာ လယ်တီဆရာတော်ကြီးအလှူခံလို့ဖြစ်ပါလိမ့်မယ်။
    အဲဒီခေတ်လောက်ကနေစပြီး မစားသူတွေများလာလို့ပါ။ အဲဒီခေတ်ကတော့ နွားက စပါးဖြစ်ဖို့လုပ်ပေးရတဲ့အဓိကဇတ်ကောင်ကိုး..။
    အခုခေတ်တော့ … လယ်လုပ်တာစက်တွေနဲ့ဖြစ်နေပြီဖြစ်တဲ့အပြင်… ခိုင်းနွားလည်း မစားသလောက်ဖြစ်သွားပြီလို့ ထင်ပါတယ်..။
    နောက်… နွားသားဟာ .. ကလေးတွေအတွက်လည်း ဦးနှောက်ဖွံ ့ဖြိုးမှုတွေပေးရာမှာ ထိထိရောက်ရောက် ဖြစ်စေတဲ့အသားမို ့.. စားကောင်းလောက်တယ်ထင်ပါတယ်။ တကောင်သတ်ပြီး ..လူတွေအများကြီးလောက်လာက်ငှငှစားရတာကိုး..အသက်တချောင်းနဲ့..အသက်အများကြီးကို ဖွံ ့ဖြိုးစေတယ်ပေါ့နော..။

    အမှတ်တရ … ဆရာတော်ကြီးရဲ့ နွားမေတ္တာစာ..ရှာတင်ပေးလိုက်ပါတယ်..။

    နွားမေတ္တာစာ ..

    စက်လေးစုံလွင်သာ မင်္ဂလာသမိုက် ၊
    အလုံမြို ့အောက်တိုက်ဝယ် ၊
    သိုက်မြိုက်သည် ့ဌာန ၊
    မုံရွာမြို ့ ဒေသဟု၊
    ပါကဋကြငြာသော
    ရွာမဟေရပ်ကြီးက
    နတ်တီးသည် ့စည်မုရိုး ကဲ ့သို့
    ရှည်အကျိုးဖြစ်ပွားရန်
    တရားရင်းသုတ္တန်ကို
    ထုတ်ပြန်ကာ လင်းလိုက်မည်
    နားသွင်း၍ထောင်ကြပါ — (အစချီပြီး)

    (ဝိဋဋူပထုံး ခေါင်းစဉ်အောက်မှာ)
    သာကီနွယ် သိန်းခြောက်သောင်းကို
    ဝိဋဋူပဘေးရန်ကြောင်း
    ကျွမ်းပြန်အောင် ပျက်ပြား ကိုယ်တော်တိုင်တားသော်လဲ
    မရ သည့် ဝဋ်ကြွေး ကြမ္မာ
    မိဘ ဆရာ ညာတကာအစု ၊
    ကျေးဇူးပြုု စီးပွားဘက် ၊
    ခြောက်ဦးသား အနက်ဝယ် ၊
    တစ်သက်နှင့်တစ်ကိုယ် မပျက်ဘူးအလို နှင့်
    ဗြဟ္မစို တရား လက်မကွာ ထားနိုင်မှ
    စီးပွားဟောင်းမပျက် စီးပွားသစ်တက်ပြီး ချမ်းသာ သက်ရှည်ကြရာအကြောင်း ။

    (ကမ္ဘစောင် ့တရား ခေါင်းစဉ်အောက်မှာ)
    ကမ္ဘာ နှင် ့ အမျှ မြန်မာတို ့ဒေသ
    ဇင်္ဂလပြီပြီ နွားကျွဲကို အားမှီလျက်
    ဘိုးဘေးဘီအစဉ် အသက်မွေးခဲ့ ကြရ သော်လည်း
    လူဒုသီပြိတ္တာတို ့ မာန်မိစ္ဆာ ယှတ်ပူးသဖြင် ့
    မိတ်ရင်းစစ်မှန် တိရစ္ဆာန် ကျွဲနွားကို
    သားမယားမွေးမှု နှင် ့ ကရုဏာ မကပ်ဘဲ
    သတ်ဖြတ်ရောင်းကြ ၊ ဝယ်ကြ၊ စားကြရာတွေင်
    သတ်ဖြတ်သူ သည် ကာယကံရှင် အဖြစ်လည်းကောင်း ၊
    ရောင်းချသူသည် ဝမ်းမြောက်သူ အဖြစ်လည်းကောင်း ၊
    စားသုံးသူ အား ချီးမွမ်းသူ အနေနှင် ့လည်းကောင်း ရည်ညွှန်းလျက်

    (ဒိဌမျက်မြင် ခေါင်းစဉ်အောက်တွင်)
    – ကာယကံရှင် တစ်ခန်း
    – ချီးမွမ်းသူ တစ်ယောက်
    – ဝမ်းမြောက်သူ တစ်ဖက်
    – သုံးဦးသား အနက် အကျိုးဆက်မတူကြ
    – ကာယကံရှင်ဗာလမှာ နိရယတာလမ်း
    – ချီးမွမ်းသူ ပြိတ္တာရောက်
    – ဝမ်းမြောက်သူ အနေမှာ တိရစ္ဆာန် ဖြစ်စေဟု ဖော်ပြကာ

    ဝယ်သူမှာ မူလ
    ရောင်းသူအမှာ ဘူတ
    ဝယ်သူပေါမှ ရောင်းသူရွင်
    ရောင်းသူရွှင်မှ တွင်တွင်သတ်
    နဘေထပ် လွန်းပေါင်းတင်
    သည်အတိုင်းမြင်ကြလျက်
    ဇွတ်ငင်သည် ့ တဏှာကြောင် ့
    ဟင်းလျာသည် ဆိုပင်လျှင်
    ခိုပြိုသည် ့အတိုင်း

    -ဝိုင်းကြသည် ကြွက်ကြွက်ဆူ
    -သူမရ ငါမရ
    -ငွေစကို တပြင်ပြင်
    -ချိန်ခွင်ကို တစ်ခါခါ
    -နက်ဖြန်လည်း လာပါနော်
    -သဘက်ခါလဲ မျှော်ပါမည်
    -ခေါ်လိုက်သူ အချို ့
    -လက်တို ့၍ မှာသူမှာ
    -ဟင်းလျာသည် လာခဲဟု စိတ်ထဲက တ သူ တ
    – သို ့ဖြစ်နေကြလျက်
    -ပါးစပ်က ပရိယာယ် ရောင်းလာလို ့ဝယ်ပါသည်
    -ဘယ်အပြစ် မရှိပေါင် ယောင်လို ့များ မဟနှင့်
    -ဝမ်းထဲက သဘောကို မပြောဘဲကုန်စင်အောင် မြင်ရင်းစွဲ ဖြစ်ကြသည်။
    ပစ္စည်းရှင် ဝယ်သူတို ့ကူပံ ့သည် ့အလား
    ပေးလိုက်သည် ့ဒင်္ဂါးလည်း နွားရှာ၍ သွင်းသူနှင့်
    စီးပွားတူ လုပ်ဖက် ငွေမြင်သည် ့အတွက်ကြောင့်
    သွက်သွက်လည် အတွင်ခိုး လှည်းတောင်သူ တစ်ရိုးမှာ
    နွားမျိုးများ ပြတ်မတတ် သားမယားအငတ်တွင်
    မတ်တပ်မှိုင် ကြံမရ ဓားပြသို ့ ဝင်သူဝင်
    သို ့ဖြစ်အင် မူလမှာ ဝယ်သူက အခြေရင်း
    ဟုတ်မဟုတ် အငြင်းနှင့် ထင်အလင်း ဒိဌ မျက်မြင်ပင်ဖြစ်ကြသည်။

    ရသာမွဲသူအတင့်ရဲတိုင်းကို
    အကဲမသန် ့ဇါတ်လှဲ၍ခဲကြလျှင်
    ပါယ်လေးတန်ဒုက္ခမှာ
    မြုပ်ကြမည် စင်းစင်း
    သည်တဏှာ ကင်းလျှင်ပင်
    တတောလင်းအမိုက် သည်လောဘစရိုက်ကို
    အမြိုက်သီး အလား အလိုက်ကြီးမှားကြလျှင်
    ပါယ်လေးပါး ယမ ဘုံတွင် အိမ်ထောင်စုံ ဆေးတော်ထိုးရိုး
    အမျိုးစာရင်းမှန် ရွှေတိုက်တော်လက်ခံနှင့်
    မပြန်တမ်းအဟုတ် ကမ္ဘာနှင့် စာချုပ်၍
    စုန်းစုန်းကြီး မြုပ်ကြမည် မဟုတ်ဘူးမထင်နှင့်
    မယုံလျှင်ကိုယ်တွေ ့မှ ဆိုသရွေ ့မကဟု လှလှကြီးသိလိမ့်မည်။
    ဇာတ်နိပါတ်သက်သေကို ရှာဖွေကာ ထုတ်ဆိုလျှင်
    ပို အမိုများမည်ကြောင့် တရားသက်သက် စကားသွားညက်ညက်နှင့် နားမျက်စိ မခိုသာအောင် လိုရာတွင်ဖြောင့်လိုက်သည်။
    ရောင့်တက်သည် ့လောဘ မနောကံ ဇောကြွ၍
    ဂေါမံသ ဟင်းလျာကို မြိန်ရှက်စွာ စားရမှ
    ဆီအသားဖွံ ့ဖြိုး ဉာဏ်ပညာတိုးသည်ဟု
    နှလုံးဆိုးစကားတတ် ကပ်လျင်သာကပ်ရမည်
    သုတ်နိပါတ် ကျမ်းဂန်တွင် နာဖျားရန်အကြောင်းဟု
    ထုံးဟောင်းကို တွေ ့ရသည်။
    အလေ့ဆိုးဝသီဉာဉ် သည်တဏှာသူငင်၍
    လူအရှင်ငုတ်တုတ်နှင့်ပြိတ္တာရုပ် ဇာတ်ပေါ်၍
    တအော်အော်နေရကြောင်း
    ၎င်းအပြင် အပါယ်ကျ
    ဇာတ်ဝတ္ထုသာဓကမှာ
    ကျောင်းတကာ့ကျောင်းတိုင်းတွင်
    ကိုးကြာင်းရေး ဆယ်ကြောင်းရေး စာတိုက်ချင်း ရှက်ထွေး၍
    မကွေးသာ မဆန့်သာ ပေါများလှပါတော့သည်။
    သည်တဏှာစရိုက်ကို အလိုလိုက်မှားကြလျှင်
    နွားသတ်တို ့သွားရာ နောက်တော်ကလိုက်ပါပြီးလျှင်
    နွားရုပ်သွင်အထူးနှင့် တဘူးဘူး တဘဲဘဲ မစဲအောင်တွန်မြည်၍ နှစ်အရှည်မောကြမည်။
    သို့ သဘောတန္တိ အမှန်ကိုသိကြ
    ပကတိအရိုး ဟင်းသီးမျိုုး ဟင်းရွက်မျိုး
    ကောင်းနိုးရာရှာကြံ၍ ဆီအတန်ဆားအထိုက် မွမ်းမံဖွယ်အလိုက်နှင့် သိုက်မြိုက်အောင်စီရင်၍ သူတော်စင်အနှုန်း
    စိတ်သတ် ၍ သုံးပါလျှင် အဆုံးတိုင် မြိန်ရှက် ဘေးရောဂါမဖက် ဆီအသားပွားတက်၍ အသက်လည်းရှည်ပါသည်။
    သန္တုဌီ အချက်မှာ စက္ကဝါ ငှက်မင်း
    အလောင်းတော်ကျေးသင်းတို ့
    ခင်းခဲ့သည် ့စံထုံးနှင့် လုံးလုံးကြီး မထပ်ငြားသော်လည်း တတတ်အားသမျှခြိုးခြံလျှင်ပင် အကျိုးတန်ပေးပါသည်။
    ကျေးသူတော်ထုံးဟောင်းကို ကောင်းကောင်းကြီး အားပြု၍
    သည်ဝတ္တု အသားထူးကို မစားဘူး႓ကန်ဟု ဓိဌာန်၍ ပြီပြီ သည်အတိုင်းညီပါလျှင် ပါရမီဆယ်ဖြာလည်း အလွယ်သာရမှု အကုန်လုံးစုပါသည်။
    ယခုခေတ်အတွင်းမှာ နွားသားဟင်း ကျွဲသားဟင်း အသန့်ပင်လွတ်ကင်းအောင် ရှင်းရှင်းကြီး စင်ပြောင် ကျွန်ုပ်တို ့ရှောင်ပါသည်
    နောင်လာရန်အဖို ့ ကြားသမျှကရို ့ရယ်
    ကျွန်ုပ်တို ့ ထပ်တူ သဘောထားဖြူကြပါ။

    လူတို ့လို တီတီတာတာ မပြောတတ်ရှာကြလို ့
    ငုတ်တုတ်သာမပြန်လှန် ပြုသမျှခံရသည်၊
    ဌာန်ကရိုဏ်းပြတ်သား နှုတ်လျှာများတတ်အားလျှင်
    နွားတို ့ကဆိုရန် ခွင့်ရှိသည်အမှန်မှာ
    မြန်မာနှင့်ကုလား နှစ်ပြည်ထောင်တိုင်းသားတို ့ ဖြစ်ပွားသည် ့တွက်တာသည်
    ငါတို ့မှာ သေတ္တု အကုန်လုံးစုချေသည်။

    – သူတို ့ဘေး သူတို့ဘိုး သူတို့နွယ်တစ်ရိုး တစ်မျိုးလုံးတစ်ဆွေလုံး သူတို့တိုင်မဆုံး၊
    – တို့တစ်တွေ ပခုန်းမှာ မီးဟုန်းဟုန်း ထမတတ်၊
    – တို့လုံ့လ တို ့စွမ်းအန် တို ့အပမ်းခံနိုင်လို့၊
    – ဆန်စပါး ပြောင်းနှမ်း ဗူးခရမ်းပဲအမျိုး ၊
    – မြေပြင်လုံးမောက်ဖြိုးအောင် တိုးတက်သည့်ဘဏ္ဍာနှင့်
    – လိုရာတိုင်းပြည့်စုံ ကုံလုံကြအသီးသီး၊
    – ကျောင်းကြီးဆောက် ဘုရားတည်
    – တစ်တိုင်းလုံးကြွယ်သည်မှာ
    – ဘယ်သူကအရင်း ဟု စဉ်းစားဖွယ် ထင်အလင်းသိပါလျက်
    – သတိပင်မပေါ် ကျေးဇူးကို မမျှော် စိတ်အချော်တိမ်းပါး
    – မိတ်မတော်စိမ်းကားလျက်
    – တို ့အသား တို ့အသဲ တို ့အဆီရွှဲရွှဲကို
    – ထမင်းပွဲအလယ် အနင့်သားတည်ပြီးလျှင်
    – ရယ်ကာနှင့် ပြုံးကာ အရသာခံစား၍

    – လင်မယားတစ်တွေ မြုံ ့ကြသည့်အနေမှာ
    – မြိန်နိုင်ပေ့ သူတို့ကိုယ် မျိုရက်ပေ့ သူ့ခံတွင်း
    – တို့လုပ်သည့်ထမင်းကို တို့ဟင်းလျာအသားနှင့်
    – စားကြသည့် ဖြစ်နဲကို တို ့အသဲနာလိုက်ကဲ့
    – ကမ္ဘာဦးစတင် ထက်ကာရီ ယခင်က ချေ-သမင် တောသား အများတို ့ထုံးစံ
    – တိရစ္ဆာန်စရိုက် တို့ဘာသာတစ်သိုက် အလိုက်များနေခဲ့ကြလျှင် မသေမီစပ်ကြား
    – အိပ်ချင်အိပ် စားချင်စား ၊ သွားချင်သွား လာချင်လာ အပုံကြီးချမ်းသာမည်။

    – ယခုမှာ လားလား အဓမ္မ လူသားနှင့်
    – စီးပွားဖက်ချမ်းသာ ခိုမိသည့်အတွက်ကြောင့်
    – တက်တက်ကြီး အကုန်မှား
    – ငါးပါးမှောက် ၊ ခြောက်ပါးမှောက်
    – မှားသလောက် မပြောသာ ၊
    – သက်ခန္ဓာရှိစဉ်လည်း မချိအောင်စေစား ၊
    – တို့ကိုယ်ကောင့်အသားကို ဟင်းတစ်ပါးသတ်၍ လုပ်
    – ဘယ်သင်းက ဟုတ်သေးတုန်း ယုတ်မာသည့်အဖြစ်လား
    – သည်လောက်တောင်ရိုင်းငြားသည့် လူသားတို ့လက်ထဲတွင်
    – ဖွဲ ပြောင်းရိုး မြက် ရေ စားသုံး၍နေရသည်ထက်
    – တောကျားတွေပါးစပ်မှာ ခေါင်းပြတ်၍ သေရခြင်းသည်
    – လွန်အမင်း မြတ်သေး၏

    ရှေးအထက်ကာရီ ပဝေဏီအခြေက ရေလိုက်ကြီးမှောက်မှား၍ တို ့နောက်သားတစ်စုမှာ
    – လူ ့ဘီလူးအစာ ဟင်းလျာဖို့အပြီး၊
    – ဗူးသီး နှင် ့ကြုံလိုကြုံ ဖရုံနှင့် ငြားလိုငြား၊
    – သခွား နှင့်တွဲလိုတွဲ ချိုတနဲ ချဉ်တထွေ၊
    – တို့ဖြစ်ပုံ အနေနှယ် ၊
    – သေလျှင်လည်း လတ်တလော၊ ရှင်စဉ်လည်း ဖတ်ဖတ်မော၊
    – အဟောဒုက္ခ ဘယ်အခါတွင်မှ၊
    – သက်သာရာမရအောင် တို့ကြမ္မာပြုုနဲကို၊
    – အသဲထိနာလိုက်ပါဘိ၊
    – ညာတကာတစ်သင်း မိတ်ဆွေရင်းတို ့ —– ဟု နွားအချင်းချင်း ဆိုကြရန် ခွင့်ရှိသည်အမှန်ပင်၊
    – သနားရန်တာလမ်း ရှိသမျှစခန်းကို ဆုံးကမ်းရောက်မျှော်ခေါ်၍
    – မသူတော်စရိုက် ထွန်းကားသည့် အခိုက်ကို
    – အလိုက်သင့် အရှောင်ကောင်းနိုင်မှ နောင်နှောင်းကို ချမ်းသာ၍
    – နတ်ရွာမှာ အတူတွေ ့ကြရအောင် အလေ့ကောင်းရှင်းရှင်း
    – ဇောသဒ္ဓါ စင်းစင်းနှင့် သတင်းစာ ပါးလိုက်ပါသည်
    – ကြားကြားသမျှ မိတ်ဆွေအပေါင်း သူတော်ကောင်းပညာရှိတို ့။
    (လယ်တီဆရာတော်)

  • nwl

    October 13, 2010 at 8:55 am

    အလုပ်တွေမှာ ဝက်သားမစားရဘူးတို့ အမဲသားမစားရဘူးတို့ရှိတယ်ဆိုတာ တကယ်ပါ.. (N တို့ အလုပ်မှာတောင် စည်းကမ်းထုတ်ထားသေးတယ်)
    အခုလိုတော့ ထမင်းချိုင့်တွေထိတော့ လိုက်မစစ်ဆေးပင်မဲ့ မစားရဘူးဆိုပြီး စည်းကမ်းထုတ်ထားတာပါ ဘာကြောင့်လဲတော့မသိပင်မဲ့ ဝန်ထမ်းတော်တော်များက ကိုယ့်အသိစိတ်နဲ့ကိုယ်ယူမလာကြပါဘူး . ယူလာတဲ့ သူတွေရှိရင်လဲ ဘယ်သူကမှအထွေအထူးလိုက်ပြောမနေပါဘူး . ကိုယ့်ဘာကိုယ် စားလိုက်ကြတာပါပဲ ..အခုကြတော့ ထမင်းချိုင့်တွေပါလိုက်စစ်ဆေးတယ်ဆိုတော့ နည်းနည်းတော့ လွန်တယ်ထင်တာပဲ …

  • ဆူး

    October 13, 2010 at 9:01 am

    တော်လိုက်တဲ့ ကိုkai တခါတည်း ရအောင် ရှာထုတ်လာတယ်.. ချီးကျူးလေးစားမိပါတယ်။

  • naywoonni

    October 20, 2010 at 3:09 pm

    ဘယ်လိုသဘောလဲ
    ကိုယ်လည်းစားချင်စားမစားချင်နေပေါ့
    သူများစားမှာကိုလည်းမပိတ်ပင်သင့်ပါဘူး
    နောက်ဘဝပြိတ္တာဖြစ်မှာမကြောက်ဘူးနဲ့တူတယ်…။
    ဝက်သားမစားဖို့တားမြစ်တာကတော့နပ်ကိုးလို့နေမှာပေါ့…
    ပထွေးတောင်ဒီလောက်ကြောက်မှာမဟုတ်ဘူး

Leave a Reply