ဆူးOctober 10, 20101min22813
(၁၉၉၆-၉၇) ရတန်းနှစ် အသက်အားဖြင့် ၁၃နှစ် နီးပါးပေါ့.. သမိုင်းဆရာမ ဒေါ်*** ပြောရရင်တော့ တော်တော်အေးတဲ့ ဆရာမ အတန်းထဲကို လာတယ် စာအုပ် တစ်အုပ် ကိုင်လာတယ် ဖွင့်တယ် စာခေါ်တယ် ကျောင်းသူတွေ အားလုံးလိုက်ရေး အပိုစကားမပြောဘူး ပြီးတော့ ပြန်ထွက်သွားတယ်။ နေ့တိုင်း ဒီလိုဘဲ လုပ်တာ.. ဖတ်စာအုပ်မကိုင်ဘူး.. တခါတလေ ဖတ်စာအုပ်ဖွင့်ဖို့ ပြောတယ် ဒီခေါင်းစဉ်.. ဘာညာပြောပြီး စာခေါ် လိုက်ရေး.. ဒါနဲ့ စာသင်နှစ်ကို ဖြတ်ကျော်.. တနေ့ ဖြစ်ချင်တော့ ဆူး က အရှေ့ဆုံးတန်းမှာ ထိုင်ရတဲ့ အလှည့် သုံးယောက်ခုံတန်းမှာ ဘေးနှစ်ယောက်က ကျောင်းပျက်တော့ အရှေ့ဆုံးတန်း သုံးယောက်ခုံ မှာ တယောက်တည်းထိုင်နေတယ်။ ဆရာမ မပွင့်တပွင့်နဲ့ လေလုံးမကွဲတဲ့ အသံလေးနဲ့ ပြောတယ်.. […]


ဆူးOctober 9, 20101min1176
နောက်48Hours အတွင်းရခိုင် မန်းတလေး ရှမ်းပြည် ရန်ကုန်၊ နေပြည်တော်ကို Bijli မုန်တိုင်းoင်ရောက်ပါမည်….. .ဆက်လက်Forwardလုပ်ပေးပါ ဘင်္ဂလားပင်လယ်အော် မှ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ ကို ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်လိမ့်မည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရှိ ကုန်တွင်းပိုင်းကို ဝင်ရောက်တိုက်ခိုက် လျှင် ပြင်အား တနာရီ ၇၅ မိုင်နှုန်းဖြင့် စနေနေ့ မှာ ဝင်ရောက်လာမှာဖြစ်ပြီး၊ တနင်္ဂနွေနေ့ထိ ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခိုက် လိမ့်မယ် လို့ ခန့်မှန်းပြောဆိုနေကြပါသည်။ ပင်လယ်လှိုင်းလုံးဟာ ၁၄ ပေထိ မြင့်တက်လာဖွယ်ရှိနေတယ်လို့ ခန့်မှန်းပြောဆိုနေကြတယ်။ ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ ဘင်္ဂလားပင်လယ်အော် မှ […]


ဆူးOctober 9, 20101min21912
ဆူးတယောက် နေ့လည် နေ့ခင်း ပျင်းပျင်းရှိလို့.. တနေကုန် အွန်လိုင်းတက်.. ချက်တင်းလည်း ဘယ်သူနဲ့မှ စကားမပြောချင် ဖတ်စရာ ရတနာပုံ နေပြည်တော် သတင်းစာကို ဝင်ဖတ်နေပါသည်။ ထို့နောက်တွင် သူများရေးထားသော ပိုစ်များအား လိုက်၍ ကွန်မန့်ပေးပါသည်။ အရေမရ အဖတ်မရ စကားလည်း ပြောသလို အနှစ်ပါတဲ့ စကား (တခါတလေ) ပြောပါသည်။ ဘယ်ဘက်ခြမ်းမှာ Comments By Post ဆိုတဲ့ အောက်မှာ ရှိတဲ့ ပိုစ်နာမည်လေးတွေနဲ့ ကွန်မန့်ပေးထားတဲ့ နာမည်တွေ ကြည့်လိုက်ရင် ဆူး ဆိုတာကြီးဘဲ မြင်နေလို့.. မန်းလေးဂေဇတ်အား အားနာမိပါသည်။ ပိုစ်တွေ များတော့ ပွိုင့်၁ဝ တွေ အကြိမ်ရေ များများ တောင်း မိသလို ဖြစ်တဲ့ အတွက်.. တော်သေးတာက ကွန်မန့် […]


ဆူးOctober 9, 20101min1264
အင်တာနက်တွေ ခေတ်စားလာတာနဲ့ အမျှ မင်းသမီးတွေ ပုံစံ မျိုးစုံ ဝတ်စားပြီး ဖက်ရှင်ကျအောင်နေတာတွေ တွေ့မိလာတယ်။ သရုပ်ဆောင်တွေ လည်း လန်းကြတယ်။ မော်ဒယ်တွေလည်း လန်းကြတယ်။ အဲဒါနဲ့ ပတ်သတ်ပြီး မနေ့က ဆရာတော် ဥူးသုမင်္ဂလ တရား တခုကို နားထောင်မိလို့ သတိတရ ရေးချလိုက်သည်။ ဘုန်းကြီးကတော့.. ဒီခေတ်များ အဝတ်အစား သိပ်ရှားပါးကြတယ်။ ဒီခေတ်ကလေးတွေ အဝတ်အစား ရှားပါးပုံများ သနားဖို့တောင် ကောင်းတယ် သူတို့ကို ကြည့်ရင်းနဲ့.. တချို့များ ဘုန်းကြီးကျောင်းလာပြီး ဘုန်းကြီး ကန်တော့ဖို့အရေး ဟိုက ဖိရ ဒီက ဖုံးရလုပ်နေတာ.. အဲဒီလို လုပ်ရမယ်ဆို အစောကြီးတည်းက မလာပါနဲ့လား။ ဘုန်းကြီးဆိုတာ အောင့်ထားရတာ များတယ်။ ဒီက ဘုန်းကြီးကလည်း ရဲ့ရဲ့နော်.. ပြသနာ လာမရှာနဲ့။ […]


ဆူးOctober 9, 20101min1094
ရင်နှင့်ဖွယ် ဖြစ်ရပ်ကလေးတစ်ခု ။ ။ ၇.၁၀.၂၀၁ဝ (ကြာသပတေးနေ့) နံနက် (၉း၃၀) နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်နေကွယ်လွန်သူဒေါ်အုုံးရီအသက် (၆၇)နှစ် နှင့် သားဖြစ်သူဦးခင်ဦးအသက်(၄၈) နှစ်တို့၏ ရုပ်အလောင်းများကိုနာရေးကူညီမှုအသင်း(ရန်ကုန်)က အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အသင်းသားများ၊ ဝန်ထမ်းများမှ နိဗ္ဗာန်ယာဉ် (၂) စီးဖြင့် သွားရောက် သယ်ဆောင်ကာကျီစုသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုလ်ပေးခဲ့သည်။ သားဖြစ်သူဦးခင်ဦးသည် TB ရောဂါဝေဒနာရှင် တစ်ဦးဖြစ်သည်။ ဦးခင်ဦးသည် နာတာရှည် ရောဂါဝေဒနာကို ခံစားနေခဲ့ရာမှ လွန်ခဲ့သော (၅) ရက်ခန့်က သတိမေ့မျောနေကာမိခင်ကြီးဒေါ်အုံးရီ မှ အနီးကပ်ပြုစုစောင့်ရှောက်လျှက်ရှိသည်။ ဇနီးဖြစ်သူသည် ကလေးငယ် (၂) ဦးနှင့် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား၍ ရှာဖွေပေးနေသူတစ်ဦးဖြစ်သည်။ မိခင်ကြီးဒေါ်အုံးရီသည် ၆.၁၀.၂၀၁ဝ ရက်နေ့က သားဖြစ်သူအား ရက်ရှည်ပြုစုစောင့်ရှောက်ပေးခဲ့ရသော်လည်း သားဖြစ်သူဦးခင်ဦးသည် သတိပြန်လည်ရရှိခြင်းမရှိသဖြင့် မိခင်မေတ္တာ၊ […]


ဆူးOctober 8, 20102min42030
Eastman Kodak Company ဆိုလျှင် တကမာ္ဘလုံးသိကြပါတယ်။ ထို ကုမ္ပဏီ ပိုင်ရှင်ကြီးမှာ George Eastman ဂျော့အီးစမင်း ဆိုသူဖြစ်ပြီး လူတိုင်း လွယ်ကူစွာ ဓါတ်ပုံရိုက်ကူးနိုင်သည့် ဖလင်လိပ် နှင့် ရုပ်ရှင် ဖလင်များကိုလည်း ဦးစွာ ထုတ်လုပခဲ့သူ ဖြစ်၍ သိန်းပေါင်းများစွာ ကြွယ်ဝ ချမ်းသာသော သူဠေးကြီး ဖြစ်လာခဲ့သည်။ ကိုဒက် ကင်မရာများ စတင် တည်ထွင်ခဲ့သူလည်း ဖြစ်ပါသည်။ George Eastman ရဲ့ နေအိမ်ဖြစ်ပါတယ်။ ဂျော့အီးစမင်း သည် ဒုတိယ ကမာ္ဘစစ်ကြီး မဖြစ်ပွားမီ ၁၉၂၉ ခုနစ်လောက်တွက် ကမာ္ဘစိန်ပြာကြီး သို့မဟုတ် ဟုပ် စိန်ပြာကြီး ကို အမေရိကန်ကျောက်မျက် ရတနာ ဈေးကွက်မှ အမြင့်ဆုံးဈေးပေးပြီး ဝယ်ယူလိုက်သည်။ ထိုစိန်ပြာကြီးကို ဝယ်ယူပြီးနောက် […]


ဆူးOctober 8, 20101min1166
အစအန ပျောက်နေခဲ့သော စိန်ပြာကြီးမှာ ဂရိရတနာ ကုန်သည်ကြီး တစ်ဦးက တူရကီ ဘုရင် စူလတန် အက်ဗဒူဟာမစ်ကို ရောင်းချခဲ့ရာ စိန်ပြာကြီး ကျိန်စာသတင်းများ ပြန်လည် ထွက်ပေါ်လာခဲ့သည်။ ထိုစိန်ပြာကြီးကို ရောင်းချခဲ့သည့် ကုန်သည် လင်မယား နှစ်ယောက်သည် မြင်းရထား မှောက်၍ သေဆုံးသွားသလို ဘုရင် စူလတန်မှာလည်း သွက်သွက် ခါရူးသွားခဲ့ကြောင်း သိခဲ့ရလေသည်။ စူလတန်၏ သား တော်နီမေးဆစ်က စိန်ပြာကြီး ကို ဆက်လက် ထိန်းသိမ်းကာ နန်းတက်လာခဲ့သည်။ သို့ရာတွက် ပုန်ကန်မှု ဖြစ်ပွားပြီး အသတ်ခံခဲ့ရပေသည်။ ၁၉၁၁ခုနှစ် အမေရိကန် စိန်ကုန်သည်ကြီး တစ်ဦးထံမှ ဂုဏ်သရေရှိ မစ္စစ်ကလင်း က စိန်ပြာကြီးကို ပထမဆုံး အကြိမ် ဝယ်ယူ ဝတ်ဆင်ခဲ့သည်။ သူမဝယ်ခဲ့သော စိန်ပြာကြီးမှာ စတာလင်ပေါင် […]


ဆူးOctober 8, 20101min1273
စိန်ကုန်သည် ကိုလော့ဆိုသူက ရုရှားဘုရင်မျိုးနွယ်ဝင်မင်းသားကြီး ကနီတော့စကီးအား စိန်ပြာကြီး သို့မဟုတ် ဟုပ်စိန်ကြိးကို ရောင်းချခဲ့သည်။သို့ရာတွင် မင်းသားကြီးထံတွင် ကျောက်တန်ဖိုး အပြည့်အဝ မရရှိခဲ့သည့် အပြင် သူကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့လေသည်။ မင်းသားကြီး ကနီတော့စကီး က သူချစ်ကြိုက်နေသော ကချေသည်မ လော်ဒီကို လက်ဆောင်ပေးခဲ့သည်။ ကချေသည် မလေး ကလော်နီမှာ ပြင်သစ်မှာ နာမည်ကျော် အနုပညာရှင်တစ်ဦး ဖြစ်သည်။ သို့သော် ကချေသည်မလေးသည် မင်းသားကြီး၏ ချစ်သက်လက်ဆောင် စိန်ပြာရင်ထိုးကို လက်ခံရရှိပြီး မကြာမီပင် သူမသည် ဇတ်ခုံပေါ်၌ ခြောက်လုံးပြူး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရရှာပေသည်။ ကံတူ အကျိူးပေးလို့ ဆိုရမလား ကချေသည်မလေး သေဆုံးပြီး ၂ရက် အကြာတွင် စိန်ပြာကြီးကို ဝယ်ပေးခဲ့သူ မင်းသားကြီး ကနီလော့စကီး မှာ ပဲရစ်လမ်းတစ်လမ်းပေါ်ဝယ် […]


ဆူးOctober 8, 20101min1093
ပြင်သစ်နိုင်ငံ ပြတိုက်တွက် ပျောက်သွားသည့် စိန်ပြာကြီးသည် အင်္ဂလန်နိုင်ငံ စိန်ကုန်သည် `ဖောက်´ ဆိုသူက ဝယ်ယူခဲ့ရာ သူ၏ သားက ခိုးယူ၍ မကြာမီ၌ပင် သားဖြစ်သူ မိမိကိုယ်မိမိ သတ်သေသွားသည်။ `ဖောက်´၏ သားမသေခင် ဖရန်စစ်ဆိုသူအား ငွေအနည်းငယ်နှင့် ရောင်းခဲ့လေသည် ဖရန်စစ်က တဆင့် ဒယ်နီယယ်အယ်လ်ဆင်အား ပြန်ရောင်းခဲ့ရာ နောက်တစ်ကြိမ် ဒင်နီယယ်က ဖရန်စစ်ကို သွားတွေ့ရာ အိပ်ယာထဲတွက် သေဆုံးနေကြောင်း မြင်လိုက်ရပေသည်။ ဒင်နီယယ်သည် ၁၈၃ဝပြည့်နှစ်ထိ စိန်ကြီးကို သိမ်းဆည်းထားပြီး မစ္စတာ ဆာဟင်နရီသောမတ်စ် ဟုပ်ကို စတာလင်ပေါင် ၁၈၀၀ဝ နှင့် ရောင်းလိုက်၏။ သန်းကြွယ် သူဠေး မစ္စတာဟုပ် (Hope)က စိန်ပြာကြီးကို ဇနီးဖြစ်သူအတွက် လည်ဆွဲလုပ်၍ မွေးနေ့ လက်ဆောင်ပေးခဲ့သည်။ မစ္စတာဟုပ်သည် ကျိန်စာသင့်သည်ကို အယူအစွဲကို […]


ဆူးOctober 8, 20101min1946
ပြင်သစ် ကျောက်ကုန်သည် ပုဂံဘုရားမှ ခိုးယူလာသော စိန်ပြာကြီးကို ပြင်သစ်နိုင်ငံ၌ ရောင်းချရန် ကြိုးစားသော်လည်း ဝယ်ယူနိုင်သာ ပေါ်မလာ.. ထိုအခါ Antwerp မြို့သို့ သွားပြီး ပန်းတိမ်ဆရာ တစ်ဦးမှ တဆင့် အရောင်းအဝယ်ပြုလုပ်ရန်ကြိုးစားပြန်ရာ ပန်းတိမ်ဆရာက `စိန်ပြာကြီးမှာ ရတီ တစ်ရာကျော် (တစ်အောင်စနီးပါး) ရှိပြီး အရောင်အသွေးမှာလည်း ပြိုင်ဘက် ကင်းအောင် တောက်ပြောင်ပါသည်။ သို့ရာတွင် တစ်နေရာ၌ အနာကလေး ပါနေ၍ ထိုအပိုင်းကို ဖဲ့ထုတ်ပြီး ပြန်သွေးလိုက်လျှင် ပို၍ အရောင်လက်လာမည့် အပြင် ဈေးလည်း ပို၌ ကောင်းကောင်းရမည် ဖြစ်ကြောင်း´ အကြံပေးသဖြင့် ပန်းတိမ်ဆရာကြီးထံ အပ်နှံထားခဲ့ပြီး အိန္ဒိယပြည်သို့ တခေါက်ပြန်သွားရာ လမ်းခရီးတွက် ကျားကိုက်ခံရ၍ ကျောက်ကုန်သည်ကြီး ဇတ်သိမ်းသွားခဲ့သည်။ စိန်ပြာကြီးမှာမှု ဇတ်မသိမ်းနိုင်သေးဘဲ ပန်းတိမ်ဆရာကြီး အနာပါသော […]


ဆူးOctober 8, 20101min16614
ဂျိုးဇက်တဗားနီးယားသည် ပြင်သစ်ကျောက်ကုန်သည်ကြီး တစ်ဦးဖြစ်ပြီး အိန္ဒိယနိုင်ငံသို့ မကြာခဏ ရောက်ရှိကာ မိုင်ဆိုးမဟာရာဇာ စော်ဘွားကြီး၏ အကူအညီဖြင့် ကျောက်မျက်ရတနာ အရောင်းအဝယ် ပြုလုပ်နေသူဖြစ်သည်။ မိုင်းဆိုး မဟာရာဇာစော်ဘွားကြီးမှာ အလွန်ချမ်းသာ ကြွယ်ဝသူဖြစ်သည်။ ကမာ္ဘပေါ်ရှိ အကောင်းဆုံး အဖိုးအထိုက်တန်ဆုံး ကျောက်မျက်ရတနာများကို စုဆောင်းသူ အဖြစ် နာမည်ကျော်ကြားလေသည်။ ပုံမှာ ပါတဲ့ စိန်ပြာကတော့ မြန်မာနိုင်ငံက ကျိန်စာသင့် စိန်ပြာကြီးပါ။ တနေ့သောအခါ ဂျိုးဇက်တဗားနီးယားသည် မိုင်းဆိုးမဟာရာဇာ စော်ဘွားကြီးနှင့် တွေ့ဆုံရာ စော်ဘွားကြီး၏ ဘဏ္ဏာတိုက်မှ အရည်အသွေးအလွန်ကောင်းသော နန်းစဉ် စိန်ကြီးကိုတွေ့ရလျှင် ပြင်သစ်ကုန်သည် ဂျိုးဇက်တဗားနီးယားသည် တအံတဩဖြစ်ခဲ့သည်။ ထိုစိန်ပြာကြီးသည် ကမာ္ဘပေါ်တွင် တစ်လုံးမျှသာ ရှိမည်ထင်ကြောင်း ချီးကျူးရာ စော်ဘွားကြီးက မိမိ၏ စိန်ပြာကြီးသည် ကဗျာ မဖွဲ့ လောက်သေးပါ မြန်မာပြည် ပုဂံပြည် […]


ဆူးOctober 8, 20101min1263
စိန်သည် ကမာ္ဘပေါ်တွင် အမာကျော်ဆုံး ကျောက်မျက်ရတနာ တစ်မျိုး ဖြစ်ပါသည်။ ဥရောပါတိုက်၌ အလယ်ခေတ်က စိန်ကို ယေရှူခရစ်တော်၏ နိမိတ်ပုံအဖြစ် သတ်မှတ်ခဲ့ကြပေသည်။ မြန်မာနိုင်ငံတွင်လည်း ရှေးခေတ်ဟောင်းကာလကပင် စိန်ကို နှစ်သက်မြတ်နိုး တန်ဖိုးထားခဲ့ ကြကြောင်း စေတီဘုရားများတွင် ထီးတော်တင်သော အခါ ထိပ်ဆုံး၌ စိန်ဖူးတော်ကို ကိန်းဝပ်စေပါသည်။ မြန်မာနိုင်ငံ၏ အထွဋ်အအမြတ် တန်ခိုးကြီး ဘုရားဖြစ်သော ရွှေတိဂုံ စေတီတော်ကြီး၏ စိန်ဖူးတော်မှာ အမြင့် ၁ပေ ၁ဝလက်မ အဝန်း ၃၁.၄လက်မ ရှိပြီး မြှုပ်နှံထားသော စိန်လုံးရေ ၄၃၅၁ရှိ၏။ ရတီပေါင်း ၂၀၀ဝ ရှိပါသည်။ အခြား ကျောက်မျက် ၉၃လုံး လည်း မြှုပ်နှံပူဇော် ထားသော်လည်း စိန်ဖူးတော်ဟူ၍သာ အမည် ပညတ်ခဲ့လေသည်။ စိန်ဖူးတော်၏ ထိပ်တွင် စိန်ကြီး […]