yanayeAugust 14, 20121min812
ဖားဥစွဲခြင်း ငါ့တစ်ကိုယ်လုံး ဖားဥစွဲနေတယ် အသွေးအသားထဲ အကြောအချဉ်ထဲ လုံးသားထဲ ဦးနှောက်ထဲ အိပ်မက်ထဲ အတွေးတွေထဲ အရာအားလုံးမှာပါ……………………………….. ငရဲကိုဖက်တွယ်ထားတဲ့ တက်ကြွမှုအားမာန်နဲ့ ပျက်စီးနေတဲ့ဘဝ တစိမ့်စိမ့်သွေးထွက်ဆဲ နှလုံးသားဒဏ်ရာ ငါ မိုး ရွာထဲ ရောက်ခဲ့တာလား မိုး ငါ့ကိုခလုပ်တိုက်လိုက်လား ထန်းသီးကြွေခိုက် ကျီးနင်းလိုက်လား တွးကြည့်ဖို့ စိတ်ကူးမိမှ စဉ်းစားဉာဏ်ပါ ဖားဥစွဲနေတယ်။ ။


yanayeJuly 29, 20121min560
သို့ ဦးသိန်းစိန်(သမ္မတကြီး) ပြည်ထောင်စုမြန်မာနိုင်ငံသမ္မတရုံး နေပြည်တော် နေ့စွဲ။ ၂၀၁၂ခုနှစ်၊ ဇူလှိုင်လ ၁ဝ ရက် အကြောင်းအရာ။ ။သိမ်းဆည်းသွားသော လယ်ယာမြေများပေါ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းမှ သကြားစက်ရုံနှင့် အရက်ချက်စက်ရုံ တည်ဆောက်ခဲ့ပြီးလစ်လစ်၍ ကျန်ရှိနေသော လယ်ယာမြေများအား ပြန်လည်ရရှိရေးအတွက် တိုင်ကြားခြင်း။ ၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု ထန်းတပင်ကျေးရွာ၊ ပုပ်္ပါးကျေးရွာအုပ်စု၊ ပုပ်္ပါးကျေးရွာ၊ ပျဉ်းတော်ကျေးရွာ၊ ချောင်းကန်ကျေးရွာအုပ်စု၊ ချောင်းကန်ကျေးရွာ၊ သလဲဦးကျေးရွာ အုပ်စု၊ သလဲဦးကျေးရွာ၊ ထနောင်းကိုင်းကျေးရွာအုပ်စု၊ ထနောင်းကိုင်းကျေးရွာနှင့် ဂွေးကုန်းကျေးရွာများရှိ ကွင်းအမှတ် (၉၄၄/၉၄၅- ၉၄၆/၉၇၁)ကွင်းအတွင်းရှိ လယ်ယာမြေဧက (၁၀၀၀)ကျော်အား ဘိုးဘွားစဉ်ဆက်မှစ၍ လယ်ယာမြေ များကို မိသားစုဘဝရပ်တည်နိုင်ရေးအတွက် စိုက်ပျိုးလုပ်ကိုင်စားသောက်ခဲ့ကြပါသည်။ ကျွန်တော်တို့ လယ်သမားများမှ မိမိတို့ပိုင် လယ်ယာမြေများကို […]


yanayeJuly 29, 20121min1536
အပူသွေးပျက် မေရင်ခွင်မှာ ရွာသားတစ်ယောက် ရေတစ်ဖလားကြောင့် နေပူထဲကအပြန် ပူလှချည်ရဲ့ ကယောင်ကတမ်းညည်းနေတော့ အားလုံးက ဖာသိဖာသာပဲ အသက်တော့ဆုံးသွားတယ်။ ။ ဘဝလွင်တီးခေါင် နေပူပူဖြတ်နေသူ ရုတ်တရက် ခလုပ်တိုက်မိရင်း မစို့မပို့ရွာချခဲ့တဲ့မေတ္တာမိုး အငြိုးတွေမရှိပေမယ့် ငါ့အနာဂတ်တွေသေဆုံးသွားတာ မိုးဘယ်သိမှာလဲ “အပူသွေးပျက်”ဆိုတဲ့ ကန္တာရရောဂါဆိုး မိုးမှ မကြားဘူးတာ။ ။


yanayeMarch 13, 20121min1153
စိုးရွံ့သူမေတ္တာကျပျောက်မှုဒိုင်ယာရီ ရပ်ကြည့်လို့ အမြတ်မရှိမှန်းလည်းသိတယ် အများကြီးလည်းနိုင်ချင်ပေမယ့်               ပြားကပ်ကပ် ပိုက်ဆံတရွက်တော့           အရဲစွန့်လို့ အလောင်းစားမလုပ်ဘူး        ရှိပြီးဆုံးရှုံးမှာ ပိုကြောက်တယ်———– အခုတော့လည်းချစ်သူ —-                  ခံစားချက်တွေနှုတ်ဆိတ်                      တိုးတိတ်စွာ မျိုသိပ်ခဲ့လည်း                       သူငယ်ချင်းအရိပ်တောင်                            မင်းရှောင်သွားတော့                               ငါ–ရင်ကျိုးပြီ——————————-                                                                            မောင်ပြုံးရွှေ  


yanayeSeptember 7, 20111min1313
ဗိုုလ်တမာ တမာများ ခါးတယ်လို့အပြစ်ဆို သည်မျှနဲ့ မသေဘူး ကိုင်းကြွတ်ကြွတ် ချိုင်သူချိုင် ပင်စည် ပိုင်းသူပိုင်း အမြစ်ကျန် တူးလှန်ကြ သည်တော့မှ မျိုးပြုတ်မှာ တို့ပြည်ရွာ စည်သာဖို့ ကြိုးထုတ်ကြစို့။   ။                         Mr LIS ( ဒီကဗျာလေးကို ရေးခဲ့ဖြစ်ခဲ့တဲံအချိန်ကတော့ ၂၀၀ရ ခုနှစ် စက်တင်္ဘာလ (၂၀) ရက် ဝန်းကျင်က ဖြစ်ပါတယ်။ ရင်ထဲက လှုပ်ရှားပြီး ခံစားဖြစ်ပေါ်လာတာလေးကို ချရေးမိခဲ့တာပါ။ ဆရာ/ဆရာမတို့ အစဉ်ပြေသလို ခံစားနိုင်ကြပါတယ်)  


yanayeJuly 13, 20111min617
ရေနည်းငါးနဲ့ခါးတမာ အညာသား-ဒို့ ခါးတမာ အပြစ်မဆို မတ်(၂၇)ရှိပြီးသား ။ ။ အခါးကိုမနှစ်သက် ဆေးတခွက်မဟုတ်လည်း ခေါင်းကို ငုံ့ ကိုယ်လည်းကျုံ့ရင်း သည်အရသာ သည်လောင်းရိပ်ပင် `သင်း`မသတ် နိုင်သေး။ ။ ဉာဏ်ပညာ၊ ခွန်အား၊ ရဲရင့်မှု စည်းလုံးမှု၊ စည်းရုံးမှု၊ ခေါင်းဆောင်မှု ဘယ်အမှုတွေ အားနည်းလို့လည်း……….. ပလ္လင်အောက် မျောက်တွေတရားပိုအားထုတ်ရင်း ကွိကွိကွကွ သံပြိုင်ဟစ် မင်းမူခဲ့……………… ရေနည်းငါးများ……… ရေနည်းငါးဖြစ်ဆဲ။ ။ Mr. Lis