Yin Nyine NwayAugust 19, 20105min1711
စကား ကျွန်မတို့တွေဟာ နေ့တစ်ဓူဝ စကားတွေပြောဆိုကြရတယ်..။ မိသားစုအချင်းချင်းပြောကြတယ်..။ မိတ်ဆွေတွေနဲ့ပြောကြတယ်..။ လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အချင်းချင်းနဲ့ပြောကြတယ်..။ ချစ်သူခင်သူတွေနဲ့လည်းအပြန်အလှန်ပြောကြတယ်..။ စကားတွေပြောရင်းနဲ့ဘဲ….ရင်းနှီးခွင့်တွေရတယ်..သိလိုတာတွေသိခွင့်ရတယ်..။ မိတ်ဆွေတွေတိုးပွားကြရတယ်..။ ချစ်သူတွေလည်းဆုံတွေ့ခွင့်ရခဲ့ကြတယ်..။ စကားတွေပြောရင်းနဲ့ဘဲ….ငြင်းခုံခွင့်တွေရကြတယ်..။ အယူအဆတွေဖလှယ်ခွင့်ရတယ်..။ စကားတွေပြောရင်းနဲ့ဘဲ…အမုန်းတွေပွားရတယ်…။ အရင်းနှီးဆုံးမိတ်ဆွေတွေကနေ..အမုန်းဆုံးသူတွေလည်းဖြစ်ကြရတယ်..။ စကားတွေကတော့ပြောနေကြတာဘဲ… စကားတစ်ခွန်းကြောင့်ဘဲ… စိတ်ချမ်းမြေ့မှုတွေရရှိသွားတယ်.. စိတ်ဓာတ်ခွန်အားတွေလည်းတိုးလာရတယ်.. ထောင်မတ်သွားတဲ့ ဘဝတွေလည်းရှိခဲ့တယ်..။ လက်လွတ်စပယ်ပြောလိုက်တဲ့..စကားတခွန်းကြောင့်.. တဘက်သားထိခိုက်နစ်နာရတယ်.. ဘဝတွေပျက်ကြရတယ်..။ စကားတစ်ခွန်းကြောင့်ဘဲ..စစ်မက်တွေဖြစ်ပွားရတယ်..။ စကားတွေပြောကြရင်းနဲ့ဘဲ..ငြိမ်းချမ်းရေးတွေတည်ဆောက်ခွင့်ရကြတယ်..။ စကားတွေပြောရင်းနဲ့ဘဲ.. နှုုတ်ဖျားလေးဟလိုက်ယုံနဲ့… အူဘယ်နှစ်ခွေရှိတယ် ဆိုတာသိနိုင်သလို… လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတယ်… စကား..စကားပြောဖန်များ..စကားထဲကဇာတိပြ နှုတ်တစ်ရာ စာတစ်လုံး..ဆိုတာတွေကလည်း.. စကားတွေပြောရင်းရလာတဲ့ စကားပုံတွေဘဲလေ…။ စကားတွေကို… အပျင်းပြေပြောနေသင့်လား..။ စကားဆိုတာ… လိုအပ်မှရောမပြောသင့်ဘူးလား..။ စကားတွေကို.. ချင့်ချိန်ပြီးမပြောသင့်ဘူးလား..။ စကားတစ်ခွန်းမပြောခင်..ပြောသင့်ရဲ့လား.. ပြောခွင့်ရှိရဲ့လား... ပြောဘို့ရောလိုလို့လား....ဆိုတာ..စဉ်းစားမိကြလား..။ ကိုယ်ပြောလိုက်တဲ့စကားတွေကြောင့်…. ရလာတဲ့ရလာဒ်တွေကိုရော..ခံယူဘို့အသင့်ဖြစ်ကြပြီလား..? ကိုယ်ပြောလိုက်တဲ့ စကားကိုရော..တာဝန်ယူရဲကြရဲ့လား..? အပြောနဲ့အလုပ်ရောညီကြရဲ့လား..? ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ရလာတဲ့ […]


Yin Nyine NwayAugust 19, 20101min3134
၁။ ကံ့ကော်ပန်း – မပြောင်းလဲတဲ့ထာဝရအချစ်ပါ ၂။ ကြာပန်း – မိတ်ဆွေတွေရဲ့ဖြူစင်မှုမျိုးနဲ့ ခင်မင်ကြရအောင် ၃။ ခရေပန်း – မေ့မသွားပါနဲ့ကွယ် ၄။ ခတ္တာပန်း – အားငယ်ရတဲ့သူမို့ ညှာတာပါ ၅။ ချယ်ရီပန်း – တနေ့နေ့တော့ဝေးရဦးမယ် ၆။ ခေါင်းလောင်းပန်း – အမြန်ဆုံးနီးခွင့်ရချင်တယ် ၇။ဂန္ဒမာအဖြူ – ငြိမ်းချမ်းပါစေ ၈။ ဂန္ဒမာအဝါ – သတိရနေမယ် ၉။ ဂမုန်းပန်း – မျှော်လင့်ခြင်းကြီးစွာနဲ့စောင် ့နေရတဲ့ချစ်သူပါ ၁၀။ စပယ်ပန်း – မင်းရဲ့အချစ်ကိုလက်ခံလိုက်တယ် ၁၁။ ဆပ်သွားဖူးပန်း – သစ္စာမရှိတဲ့သူအတွက်ဝမ်းနည်းရတယ် ၁၂။ ဆောင်တော်ကူးပန်း – မင်းကြောင့်ကိုယ့်မှာရူးရပြီ ၁၃။ ဆယ့်နှစ်ရာသီပန်း – ရိုးသားဖြူစင်ခြင်း ၁၄။ […]


Yin Nyine NwayAugust 19, 20101min1291
“ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊ ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊ ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊ အချို့က ဗုဒ္ဓဘာသာဆိုတာ – (၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊ (၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊ (၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် – လို့ အမိန့်ရှိပါတယ်။” “အချို့က ‘ဗုဒ္ဓဘာသာ’ ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။” “အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ […]


Yin Nyine NwayAugust 19, 20103min2075
ကလေး ရှစ်မွှာပူးမိခင် ကလေး ရှစ်မွှာပူးမိခင် အမေရိကန်နိုင်ငံ – ကယ်လဖိုးနီးယားပြည်နယ်မှာ ရှိတဲ့  Nadya Suleman ဆိုတဲ့ အမျိူးသမီးဟာ … သူမယောင်္ကျားနဲ ့ 1999 ခုနှစ်မှာ ကွာရှင်းပြီးတဲ့နောက်ပိုင်း ကလေးလိုချင်လာပါတယ် … အဲဒီနောက် David Solomon ဆိုတဲ့ သုတ်ပိုးလှူတဲ့ အမျိူးသားဆီမှ သုတ်ပိုးရယူပြီး ကိုယ်ဝန်ဆောင်ခဲ့ရာကနေ.. မထင်မှတ်ပဲ ၈ မွှာပူးကိုယ်ဝန်ဆောင်နိုင်ခဲ့ပါတယ် …. သူမဟာ 2009 ခုနှစ် ဇန်နဝါရီလမှာ ရှစ်မွှာပူးကို မွှေးခဲ့ပါတယ်… သူမဟာ ကမ္ဘာမှာဒုတိယမြောက် ရှစ်မွှာပူးကိုယ်ဝန်ဆောင်ခဲ့သူဖြစ်ပါတယ် .. ခု ရှစ်မွှာပူးကလေးတွေကိုတော့ sulemom octuplets လို ့ခေါ်ပါတယ် … ( ပုံထဲ က ဗိုက်ကြီးက အကြီးကြီးနော် 😛 […]


Yin Nyine NwayAugust 19, 20101min1060
ရန်ကုန်နှင့် မန္တလေးမြို့အတွင်း အသုံးပြု၍ရသည့် ကျပ် (၅) သိန်းတန် 800 MHz ဝိုင်ယာလက်စ် ဖုန်းများကို စစ်အစိုးရက ကျယ်ကျယ်ပြန့်ပြန့် ချပေးနေသော်လည်း ကျပ် (၅) သိန်း မသုံးစွဲနိုင်သူများအတွက် ဖုန်းအငှားဈေးကွက် ပေါ်ပေါက်နေသည်။ အလုံမြို့နယ်မှ ဖုန်းငှားစားသူတဦးက “အခု အစိုးရက (၅) သိန်းတန် ဖုန်းတွေကို လွယ်လွယ်ကူကူ ချပေးနေတယ်။ ဒါပေမယ့် ဖုန်းလည်း လိုအပ်နေပြီး ကျပ် (၅) သိန်းလည်း မတတ်နိုင်တဲ့သူတွေက အများကြီး ရှိနေသေးတယ်။ ဒါကြောင့် ဖုန်းဝယ်ပြီး ငှားစားတဲ့သူတွေ၊ ဖုန်းကို ငှားပြီး သုံးတဲ့သူတွေ ပေါ်လာတယ်။ လက်ရှိ ပေါက်ဈေးက အဲဒီဖုန်းကို ငှားရင် စဘော်ငွေ ကျပ် (၁) သိန်း ပေးထားရမယ်။ လစဉ်ကြေးက (၁) […]


Yin Nyine NwayAugust 19, 20101min1431
တက္ကသိုလ်စာမေးပွဲများကို ရွေးကောက်ပွဲကျင်းပရက် မတိုင်ခင် အပြီးသတ်စစ်ဆေးသွားရန် ယခုနှစ်စာမေးပွဲများကို စော၍ပြုလုပ်မည်ဟု သိရသည်။ တက္ကသိုလ် ဌာနမှူးတဦးက “စက်တင်ဘာ (၁၅) ရက်နေ့မတိုင်ခင် တက္ကသိုလ်ကျောင်းတိုင်း စဖြေရမယ်။ ဒါမှ အဖြေလွှာစစ်တာတို့ ပြီးရင် အဝေးသင် စာမေးပွဲ စနိုင်အောင် ပြင်ဆင်ရဦးမယ်။ နိုဝင်ဘာ (၇) ရက် မတိုင်ခင် အားလုံး ပြီးနေရမယ်လို့ ညွှန်ကြားထားတာ ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။ ထိုသို့ သတ်မှတ်ရက်အတွင်း အပြီးသတ်စစ်ဆေးရန် အချိန်တိုတောင်းသောကြောင့် ဆရာ ဆရာမများအတွက် အခက်အခဲဖြစ်နိုင်သည်ဟု အဆိုပါဌာနမှူးက ပြောသည်။ ၎င်းက “ဒေးကျောင်းသားတွေရဲ့ အဖြေလွှာစစ်ဖို့ ဆရာတွေမှာ တပတ်ပဲ အချိန်ရတယ်လေ။ စက်တင်ဘာ နောက်ဆုံးအပတ်မှာ အပြီး စစ်ပေးရမယ်။ ပြီးတာနဲ့ အောက်တိုဘာ လဆန်းပိုင်းမှာ အဝေးသင်တွေအတွက် […]


Yin Nyine NwayAugust 19, 20101min1160
ဂျပန်နိုင်ငံမှ ပထမဆုံးခေါ်ယူသည့် မြန်မာဒုက္ခသည် (၂၇) ဦးသည် ယခုလ (၂၇) ရက်တွင် မယ်လ မြန်မာဒုက္ခသည်စခန်းမှ စတင်ထွက်ခွာမည်ဟု စခန်းဥက္ကဋ္ဌ မန်းထွန်းထွန်းက ပြောကြားသည်။ ၎င်းက “ဒီလူတွေ ဒီလမှာထွက်ဖို့ သေချာသွားပြီ။ ဂျပန်အစိုးရနဲ့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်ေ ရးအဖွဲ့ (IOM) တို့အားလုံး စီစဉ်ပြီးသွားပြီ။ ဒီအစီအစဉ်ကတော့ အာရှတိုက်ရဲ့ ပထမဆုံးပဲဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။ ဂျပန်နိုင်ငံအစိုးရမှ (၃) နှစ်စီမံကိန်းဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၉၀) ကို ယခုနှစ်မှစတင်ကာ တနှစ်လျှင် (၃၀) နှုန်းဖြင့် ခေါ်ယူသည့် အစီအစဉ်ဖြစ်သည်ဟုလည်း ပြောသည်။ ပထမဆုံး ဂျပန်ခရီးစဉ်အတွက် မယ်လစခန်းမှ မြန်မာဒုက္ခသည်မိသားစု (၆) စုအတွက် လူ (၃၂) ဦးရွေးချယ်ထားသော်လည်း (၅) ဦးပါ […]


Yin Nyine NwayAugust 19, 20101min3336
နှစ်စဉ် ၈လပိုင်းမှာ စင်္ကာပူတရုတ်လူမျိုးတွေ ထုံးတမ်းစဉ်လာအရပြုလုပ်ကြတဲ့ တစ္ဆေကြီးပွဲတော်ဆိုတာကို လုပ်တတ်ကြပါတယ် ။ ထိုပွဲတော်မှာ သူတို့တွေ ဘာတွေလုပ်ကြတာလဲ၊ အဓိကရည်ရွယ်ချက်ကဘာလဲ ၊၊၊ ထိုပွဲတော်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားကြလိမ့်မယ်လို ့ထင်လို ့ စုဆည်းရသမျှလေးတွေကို ဝေမျှလိုက်တယ်နော်- တစေ ္ဆကြီးပွဲတော်ကို တစေ ္ဆကြီးကန်တော့ပွဲလို့လည်း ခေါ်ကြပါတယ်။ တရုတ်လ ရလပိုင်း(အင်္ဂလိပ်လ ၈လပိုင်း) ရောက်ရင် ငရဲမင်းဟာ ငရဲကျနေတဲ့ တစေ ္ဆတွေကို လွတ်လပ်ခွင့်အနေနဲ့ လူ ့ပြည်ကို ပြန်ခွင့် တစ်လသတ်မှတ်ပေးပြီး ငရဲတံခါးကို ဖွင့်ပေးလိုက်တယ်တဲ့။ တစေ ္ဆတွေဟာ တစ်နှစ်ပတ်လုံး ငရဲပြည်မှာ ငရဲခံကြလို ့ ထို လွတ်လပ်ခွင့် အချိန်ရောက်ပြီဆိုတာနဲ့ လူ ့ပြည်မှာရှိတဲ့ သူတို့ဆိုင်ရာ ဆွေမျိုးများဆီကို အပြေးအလွှားလာရောက်ကြသတဲ့။ လူ ့ပြည်က […]


Yin Nyine NwayAugust 18, 20101min2506
မိုးတွင်းကာလ ရောက်လာတာနဲ့ အညီ ခြင်တွေလည်းပေါလာပါတယ်။ ခြင်နဲ့အတူဖြစ်တဲ့ ရောဂါတွေလည်း အတူပါလာပါတယ်။ ခြင်ဆေးဖျန်းတာတွေ ၊ ခြင်ဆေးခွေထွန်းတာတွေ စတဲ့ ခြင်နိမ်နင်းရေးတွေလည်း လုပ်ရပါတယ်။ အင်တာနက်ထဲမှာ ရှာကြည့်ရင်းနဲ့ Software လေးတစ်ခု သတိထားမိပါတယ်။ အဲဒါကတော့ Anti Mosquito ဆိုတဲ့ Software လေးပါ။ ခြင်နိမ်နင်းရေး Software ပါ။ ဖြစ်နိုင် မဖြစ်နိုင်တော့ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမယ့် သူတို့ ရှင်းပြထားသလိုဆိုရင် အဲဒီ Software က အသံ တစ်မျိုး ထုတ်ပေးပါတယ်။ 16000Hz to 20000Hz ကြားက အသံကို ထုတ်ပေးပါတယ်။ အဲဒီ Frequency ဆိုရင် လူ့နားက မကြားနိုင်ပါဘူး။ ဒါပေမယ့် ခြင် အပါအဝင် အင်းဆက် […]


Yin Nyine NwayAugust 18, 20101min1491
၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။ ၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။ ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။ ၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။ မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။ ၄။ အကျႌမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။ မရိုက်ပါနဲ့ဗျာ။ အဲဒီအကျႌကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။ အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။ ၅။ အစ်ကိုတို့ရဲ့ ရှပ်အကျႌအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။ အကျႌ ကို […]


Yin Nyine NwayAugust 18, 20101min47719
source:(မူရင်းက ဒီမှာ) http://solomonn.0fees.net/wordpress/?page_id=42 ****************************** ********************* မေး ။ ။ Wanna —ကျွန်တော်မေးခွန်းလေး နည်းနည်းလောက်မေးချင်ပါတယ်…အခြားဘာသာဝင်များ အနေဖြင့် ဘုရား၊ တရား၊ သံဃာ တွင်ယုံကြည်ခြင်းမရှိနိုင်သောကြောင့် အပယ်သွားနိုင်ပါသလား။ သို့မဟုတ်.. အခြားဘာသာဝင်များသည် နဂိုကတည်းက ဘုရား၊ တရား၊ သံဃာ ကို ယုံကြည်ခြင်းမရှိသဖြင့် … မယုံကြည်ခြင်းကြောင်ဖြစ်ပေါ်သော အကျိုးကို ခံစားရခြင်း မရှိနိုင် ပါသလား။ ဖြေ ။ ။ ဗုဒ္ဓဘာသာကို ကမ္ဘာက Religion လို့ သတ်မှတ်ထားတဲ့ ဘာသာတွေနဲ့ မရောထွေးလိုက်ပါနဲ့ ။ Religion ဆိုတာက ယုံကြည်ကိုးကွယ်ခြင်းနဲ့ ဆုတောင်းခြင်းကို အခြေခံပါတယ်။ ဗုဒ္ဓဘာသာမှာက ကျင့်စဉ်ဆိုတာပါနေတယ်။ ဘယ်သူကျင့်ကျင့် ကျင့်တာနဲ့ ထူးခြားစေတဲ့ ဓမ္မတရားတွေ ဖြစ်ပါတယ်။ ဒါကြောင့် […]


Yin Nyine NwayAugust 18, 20101min1994
တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။ ဆိုကရေးတီးက “ ခဏနေဦး….အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား” ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။ ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်…ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား” “မှန်မမှန် ကျွန်တော်လဲ မသိဘူး….လူတွေပြောတာ ကြားလိုက်လို့” “မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်…. ငါ့ကိုပြောမယ့် သတင်းက အကောင်းလား” “မဟုတ်ဘူး” “ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်… ငါ့ကို အရမ်းပြောပြချင်နေတဲ့ […]


Yin Nyine NwayAugust 18, 20101min1130
တောင်ကြီးကွင်းတွင် ဒေသခံ ပရိသတ်များ၏ ယဉ်ကျေး သိမ်မွေ့စွာ အားပေးသည့် အပြုအမူများကို သွားရောက် ကြည့်ရှု ခဲ့သည့် တာဝန်ရှိသူ များနှင့် မီဒီယာ များက ချီးကျုးခဲ့ ကြကြောင်း သိရသည်။ “အရမ်း ချစ်စရာ ကောင်းတဲ့ ပရိသတ် တွေပါပဲ။ သူများ အသင်းကိုလည်း မတိုက်ခိုက်ဘူး။ ဆဲတာဆိုတာ ရိုင်းပြတာ မျိုးလည်း မရှိဘူး။ ကိုယ့်အသင်းကို ကိုယ်ပဲ အားတက် သရော အားပေးကြတဲ့ ဓလေ့လေးက လေးစားဖို့ ကောင်းပါတယ်။ အိမ်ရှင်လုပ်တဲ့ ကွင်းတိုင်း မှာသာ ဒီလိုပုံစံမျိုး အားပေး နိုင်ကြမယ် ဆိုရင် မြန်မာ နေရှင်နယ်လိဂ် ပွဲတွေ အခုထက် ပိုပြီး ကောင်းလာမှာ သေချာပါတယ်။ ကစားသမား တွေလည်း စိတ်ချမ်းချမ်း သာသာ […]