စားပွဲပေါ်တင်ထားတဲ့ လူများကို ပြန်ဖတ်ကြည့်တော့ စာအုပ်နံ့ထွက်နေတယ်။ ဘေလီကိုလင်နဲ့ ကျွန်တော်က လက်ဖက်ရည်ဆိုင်မှာ စကားများနေတုန်း နတ်သျှင်နောင်ရဲ့ ရတုက တိုးတိုးလေးနဲ့ ဆူညံလွန်းခဲ့တာတော့ မမေ့ဘူး။ ဝေးသွားပြန်ပြီ။ ဘာလို့လဲဆိုတော့ မနီးစပ်တော့လို့ပေါ့။ ရန်ကုန်-မန္တလေး ကားလမ်းအသစ်ကြီးဘေးမှာ ခင်ဗျား မစင်စွန့်ဖူးပါသလား။ ဟစ်တလာက ဘာလို့ နယူကလီးယားကို မရသွားတာလဲ။ ကျွန်တော်ချစ်သူက ကျွန်တော့်ကို တောက်တစ်ချက်ခေါက်ပြီး မိုးရွာတယ်။ ကျွန်တော့်လမ်းတွေ ဗွက်ထကုန်တာပေါ့။ ဂရေဟမ်ဘဲလ် ကို ခေါ်ပေးပါ။ ဆက်သွယ်မှု ဧရိယာကို သူမသိသေးရင် သင်ပေးရအောင်။ ရယ်လီဘလတီ သီအိုရီကို ပန်းကန်ထဲထည့် မြန်မြန်စား။ တော်ကြာ အိုင်းစတိုင်းလာတော့မယ်ဗျ။ ကျန်တာကတော့ ခင်ဗျားသဘော။ အေမွန်ရဲ့ အရှေ့ဘက်က မနက်ခင်းတွေ မိုးမလင်းတော့ဘူး။ ကဲပါ။ ပြန်ရအောင်ပါဗျာ။ ခြင်ကိုက်တယ်လေ။ မျက်နှာများတိုင်း မကောင်းဘူးတော့ […]


၁။ အချစ်ဆိုသော ပန်းချီကားကို ဘယ်လိုအရောင်တွေနဲ့ သူမခြယ်ထားသလဲ ကျွန်တော်မသိခဲ့ပါ။ အခုတော့ဖြင့် မိုးတွေရွာနေပါသည်။ တံစက်မြိတ်အောက်ကို ကျလာသော မိုးရေတွေကိုကြည့်ရင်း သူမကို ကျွန်တော် လွမ်းလိုက်ပါသည်။ လွမ်းလိုက်ရသည် ဆိုသည်က တာဝန်အရ လွမ်းခြင်းမဟုတ်ပါ။ လွမ်းသင့်သည်ထင်၍ လွမ်းလိုက်ခြင်းလည်း မဟုတ်ပါ။ လွမ်းချင်လို့ လွမ်းလိုက်ခြင်းလည်း မဟုတ်ပါ။ ဘာကြောင့်မှန်းမသိဘဲ လွမ်းလိုက်ခြင်းပင်ဖြစ်သည်။     ၂။   မိုးတိတ်သွားပြီ။ မိုးတိတ်သွားသည့်အခါ နေထွက်လာမည်ဟု အတိအကျပြောလို့ မရသော်လည်း ကျွန်တော် သူမကို ချစ်တယ်လို့ ဖွင့်ပြောခဲ့သည့်နေ့ကစ၍ သူမသည် တိကျစွာ ကျွန်တော့်ကို အဆက်အသွယ်ဖြတ်ပစ်ခဲ့ပါသည်။ ထိုနေ့က ဒိုင်ယာရီရေးနေကျ ကျွန်တော့် ဘောလ်ပင်ကလေး မှင်ကုန်သွားခဲ့ပါသည်။ ထိုနေ့က အလုပ်မပြီးသဖြင့် မန်နေဂျာက ဆူညံဆူညံလုပ်သွားခဲ့ပါသည်။ ထို်နေ့က သူငယ်ချင်းတစ်ယောက်က ကျွန်တော် စာမေးပွဲကျကြောင်း ဖုန်းဆက်ပြောပြခဲ့ပါသည်။ […]


(က) တစ် နဲ့ နှစ် ရန်ဖြစ်ကြတယ်။ တစ်ကအာကျယ်ကျယ်နဲ့ ပြောတယ်။ “ငါကအဆင့် တစ်ကွ မင်းထက်သာတယ်၊ ဘာမှတ်လဲ …” နှစ်ကဘာမှ ပြန်မပြောဘူး။ စာရွက်ပေါ်မှာတစ်ခုချရေးပြတယ်။ “၂ > ၁” တဲ့။ နောက်တော့ ဘာတွေဆက်ဖြစ်ကြလဲမသိပါဘူး။ ကျွန်တော်လှည့်ထွက်လာလိုက်တယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော် သုညဖြစ်သွားတယ်။ (ခ) အဘိုးအိုကထရီဇာကိုတစ်ချက်ကြည့်ပြီခေါင်းကိုခါရမ်းလိုက်တယ်။ ဘာဖြစ်လို့လဲလို့ မေးကြည့်တော့လည်းသူကဘာမှ ပြန်မပြောဘူး။ ဒီလူဘယ်လိုလူလဲလို့ တွေးပြီး ကျွန်တော်လည်းခေါင်းကိုခါရမ်းလိုက်တယ်။   (ဂ) “မင်းကရင်နင့်အောင်လား” “အင်းလေ” “ငါ့နာမည်လဲရင်နင့်အောင်ဆိုရင် ရင်နင့်အောင် ဘယ်နှစ်ယောက်ဖြစ်သွားမလဲ” “နှစ်ယောက်ပေါ့ဗျာ” “ဒါဆိုဘယ်သူကရင်နင့်အောင် အစစ်လဲ” “ဟ .. ကျွန်တော်ကအစစ်ပေါ့ဗျ” “ဘာလို့လဲ … ငါနာမည်လဲရင်နင့်အောင် ပဲလေ” “ဟာ .. နာမည်နဲ့တော့ အစစ်အတုခွဲလို့ ရမလား” […]


  (၁)   ကျွန်တော်ဟာ ငယ်ငယ်က ကျားကစားခြင်းကို ဝါသနာကြီးခဲ့ဖူးသည်။ ကျားကစားခြင်းအလေ့အထကို ကျွန်တော့် အဘိုးဆီက ရခဲ့ခြင်းဖြစ်သည်။ အဘိုးသည် ကျွန်တော့်ကို ကျားကစားနည်းသင်ပေးပါသည်။ ကျွန်တော် ခြောက်နှစ်သားလောက်ကတည်းက ကျားကစားရသည်ကို ဝါသနာပါခဲ့ပါသည်။ အဘိုးကို အနိုင်ရဖို့ ကျွန်တော် အပြင်းအထန် လေ့ကျင့်ခဲ့သည်။ သို့သော် မနိုင်ခဲ့ပါ။ အဘိုးက ကျား သုံးကောင်ကျ အသာစီးပေးကစားသည်ကိုပင် ကျွန်တော် မနိုင်ခဲ့ပါ။ ရှုံးခဲ့ပါသည်။ ထို အရှုံးကို ကျွန်တော် လက်မခံချင်ခဲ့ပါ။ ထို့ကြောင့် ကျွန်တော်ရှုံးခါနီးတိုင်းတွင် ကျားကုန်ပြောင်းဆော့ပါသည်။ (ကျားကုန်ဆိုသည်မှာ အရင်ကုန်တဲ့သူ နိုင်ပါသည်။) တစ်ခါ တစ်ခါကျတော့လည်း အဘိုးဘက်က ကျားကို ကျွန်တော် ခိုးပါသည်။ အဘိုးက မျက်စိမကောင်းပါ။ မြင်သည့်အခါ မြင်သော်လည်း မမြင်သည်က များပါသည်။ ထိုသို့ဖြင့် […]


  “ထီပေါက်ဖို့ဘာလုပ်ရမလဲ” “ထီပေါက်ဖို့ ထီအရင်ထိုးပါ” ရှင်းလိုက်တာဗျာ။ ထီပေါက်ဖို့ ထီအရင်ထိုးတဲ့။ ဟုတ်တော့လည်း ဟုတ်နေတာပဲ။ အဲလိုပါပဲ။ လောကကြီးက ဟုတ်တော့လည်း ဟုတ်နေတာများနဲ့ သဘာဝကျကျ ဖြစ်တည်ပျက်ဆီးနေလေရဲ့။ တစ်နေ့မှာပေါ့။ ကျွန်တော့် ကောင်မလေးက ကျွန်တော့်ကို သဘာဝကျကျ နမ်းပြီး ချစ်ခဲ့ဖူးပါရဲ့။ ကျွန်တော်ကလည်း သဘာဝကျကျကြီး ဘဝင်မြင့်သွားတယ်။ ပြီးတော့ သဘာဝကျကျပဲ သူ့ကို ကျွန်တော် ပြန်နမ်းပစ်လိုက်တယ်။ သူ့ဘာသာနေတဲ့ ပါးကို သူ့ဘာသာနေတဲ့ နှုတ်ခမ်းတစ်စုံက တစ်စုံတစ်ရာ အားစိုက်ထုတ်မှုတစ်ခုနဲ့ ထိတွေ့တာကို အနမ်းလို့ ဘယ်သူက သဘာဝကျစေခဲ့ပါသလဲ…။ ကျွန်တော် မသိပါ။ နောက်တော့လည်း ကျွန်တော်တို့ရဲ့ အနမ်းတွေက သဘာဝမကျတော့ဘူး။ နမ်းတဲ့ အရာဝတ္ထုတွေနဲ့ အနမ်းခံအရာဝတ္ထုတွေက ပြောင်းလာတော့ သဘာဝမကျတဲ့ အနမ်းတွေ ဖြစ်လာတယ်။ တိမ်မတောက်တဲ့ ညနေခင်းတစ်ခုမှာ […]


  ဘာမှ မဟုတ်တော့တဲ့ နေ့ရက်တွေထဲမှာ ဘာမှ မဟုတ်တော့တဲ့ အကြောင်းတွေ ပြောရင်း ကျွန်တော်က ထူးခြားလာတယ်။  သေးသိမ်လာတဲ့ ပုလင်းအဝတွေကို ချဲ့လိုက်ပါ။ အတ္တဟာ ခင်ဗျားတို့ပြောသလောက် အသံမကျယ်ဘူး။ အစွန်းရောက်ခြင်းရဲ့ နောက်ဆုံးမှာ ပီမိုနင်းစာအုပ်တွေ ဈေးပေါနေတာကို အပြစ်တင်နေလိုက်တယ်။ လူဖြစ်ခြင်းမှာ ငါတို့ဟာ လေးညှင်းတစ်ခုရဲ့ အနတ္တ။ လှန်ရင်း လန်းလာတာ လမ်းတွေက လှမ်းကြည့်နေကြတယ်။ ရူပါနဲ့ ဇရာ။ ဖြစ်ချင်တော့ အိပ်မက်တွေက ထပြီး ဈေးဝယ်တယ်၊ ထမင်းချက်တယ်၊ အဝတ်လျှော်နေကြတယ်။ ငါဟာ ပျူလူမျိုးမှ မဟုတ်ဘဲကွယ်။ သမိုင်းကို ငါငြင်းဆန်လိုက်တယ်။ သူစိမ်းတွေကို မသတ်ကြပါနဲ့။ အချင်းချင်းသာ သတ်ကြပါ။ အမျိုးရင်းတွေက သစ္စာတကယ် ဖောက်ကြသလား ကိုလေးဖြူ။ အရှင်းကြီးပဲ .. ခင်ဗျားပြောသလိုဆို အဓိက တရားခံဟာ […]


  အနောက်ဘက် မိုးကုတ်စက်ဝိုင်းတွင် သက်တန့်တစ်ခုက အလွမ်းဟု ကြေငြာစာတမ်းထိုးလိုက်ပါပြီ။ ဟုတ်ပါသည်။ ကျွန်တော် သူ့ကို လွမ်းပါသည်။ ထိုအလွမ်းကို နေဝင်ချိန်များက အသိအမှတ်ပြုကြသည်။ အိပ်တန်းတက်ငှက်တို့က အသိအမှတ်ပြုကြသည်။ လေတိုက်ရာ ယိမ်းထိုးနေသော သစ်အိုပင်ကြီးများက အသိအမှတ်ပြုကြသည်။ ကုန်ကုန်ပြောရပါလျှင် ရေကန်များ၊ အင်းအိုင်များ၊ တောင်တန်းများ အားလုံးက အသိအမှတ်ပြုလိုက်ကြသည်။ ထို့ကြောင့် ကျွန်တော်က သူ့ကို လွမ်းပါသည်။ ကောင်းကင်နှင့် မလွတ်သော ကြယ်များက ခေါင်းငြိမ့်ထောက်ခံကြသည်။ နာရီလက်တံများက နောက်ပြန်ဆုတ်ရင်း အရည်ပျော်ကျသွားကြသည်။ သို့သော် သူကတော့ ကျွန်တော်ဆီ ရောက်မလာ။ ကျွန်တော် ထပ်ဆင့် လွမ်းရပြန်သည်။ ကျွန်တော်က အလွမ်းတွင် အက္ခရာမပါဘဲဖြင့် ဘဝဟူသော ဝါကျကို တည်ဆောက်ခဲ့သည်။ ပင်လယ်များက ကျွန်တော့်အတွက် ငိုကြသည်။ ကမာ္ဘက ကျွန်တော့်အတွက် မိုးချုပ်ပေးသည်။ […]


  (က) “ဘာကွ မင်းက ဘာကို အပေါင်ထားမယ် ပြန်ပြောစမ်းပါဦး” “ဟုတ်. ကျွန်တော် မနက်ဖြန်ကို အပေါင်ထားချင်ပါတယ်” “မနက်ဖြန်က ဘယ်လောက်တန်လို့လဲကွ” “တန်ပါတယ်… ခင်ဗျား လုပ်ရပ်အတိုင်း အတိုင်းအဆမဲ့ တန်ပါလိမ့်မယ်” “အေး.. ငါက အိပ်နေရင်ရောကွာ” “ခင်ဗျားအိပ်နေရင်တော့ ခင်ဗျားအိပ်ယာလောက်ပဲ တန်ပါလိမ့်မယ်” “ဟေ.. တော်ကွာ.. အလုပ်ရှုပ်တယ် အပေါင်မခံနိုင်ဘူး… ရွှေပဲ အပေါင်ခံတယ် ဒါပဲ .. သွားတော့” ကျွန်တော် ဘာမှ ပြန်မပြောတော့ဘဲ ထွက်ခဲ့လိုက်ပါတယ်။   (ခ) “အနေအထိုင်သင်ချင်လို့ပါ ဆရာ” ဗေဒင်ဆရာကြီးက မျက်မှန်ကနေ ပြူးပြတယ်။ “နေပါဦး .. မင်းက အနေအထိုင် မတတ်လို့လားဟ” “ဟုတ်ပါတယ်” “ဆိုပါဦး .. ဘယ်လို အနေအထိုင်မတတ်တာလဲ” “ဟုတ်ကဲ့… […]


  (ခ) ဇာတ်လမ်းနဲ့ ဇာတ်ကွက်ဆိုတာ ရှိတယ်။ ဇာတ်လမ်းက Story။ ဇာတ်ကွက်က Plot ။ What Happen ဆိုတာ ဇာတ်လမ်း (Story)၊ How Happen ဆိုတာ ဇာတ်ကွက် (Plot) တဲ့။ ဘုရင်ကြီး နတ်ရွာစံသည်။ ဘုရင်မကြီး နတ်ရွာစံသည်။ (ဇာတ်လမ်း) ဘုရင်ကြီး  နတ်ရွာစံပြီးနောက် ဘုရင်မကြီးလည်း ရင်ကွဲနာကျကာ နတ်ရွာစံရှာသည်။ (ဇာတ်ကွက်) ကျွန်တော့်အိမ်မှာ ကြောင်တစ်ကောင်ရောက်နေတယ်။ ကြောင်က အဝါရောင် ဝင်းဝင်းမို့ အများခေါ်ဝေါ်သလို မိရွှေဝါလို့ ကျွန်တော်က ခေါ်လိုက်တယ်။ “မိရွှေဝါ .. မိရွှေဝါ ..” “ညောင်” ဟု သူထူးတယ်။ မိရွှေဝါဟာ ကျွန်တော့်ကြောင်ကလေး။   (လ) ကြောင်ကလေးက အမလေး။ အထီးမဟုတ်ပါ။ […]


မိုးဇက် … “အလင်းတန်းတစ်ခု ကျွန်တော်အရှေ့မှာ ရုတ်တရက်ကြီး ပေါ်လာတော့ လှန့်တော့သွားတာပေါ့ဗျာ… ဒါပေမယ့် စပ်စုချင်တဲ့ စိတ်နဲ့ အဲဒီအလင်းတန်းကြီးထဲ ဝင်ကြည့်မိလိုက်တယ် ….” xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ညနေမိုး …. “မနေ့ညက အိပ်မက်မက်နေတယ်လို့ ကျွန်မ အိပ်မက်မက်ခဲ့တယ်ရှင့် … ရှင်တို့သိလား … အိပ်မက်က ထူးဆန်းလိုက်တာ … အိပ်မက်ရဲ့ အိပ်မက်ထဲမှာ ကျွန်မအနားကို … အလင်းတန်းကြီး ကျလာတာလေ … ကျွန်မဖြင့် လန့်လိုက်တာ.. နောက်ကို ဆုတ်လိုက်မိတာပေါ့ … မကြာပါဘူး …. အဲဒီအလင်းတန်းထဲက ကောင်လေးတစ်ယောက်ထွက်လာတယ် … သူက …” xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx မိုးဇက်… ကျွန်တော် သူမဆီကို တစ်လှမ်းချင်းလျှောက်သွားလိုက်တယ်။ သူမဆိုတာ အရမ်းလှတဲ့ မြောက်ကျွန်းသူလေးပေါ့။ သူမက အပင်တစ်ပင်ဆီက […]


၁။ ပါမောက္ခကြီး ဂါနီအိမ်ရှေ့သို့ သူရောက်တော့ ညနေ ခြောက်နာရီထိုးနေပြီ။ ပိတ်ထားသော တံခါးမကြီးရှေ့မှာ သူရပ်ပြီး ဝင်ရင်ကောင်းမလား၊ မဝင်ရင် ကောင်းမလား သူတွေဝေနေပြန်သည်။ ညနေခင်းကား ဆောင်းရာသီရဲ့ လိမ္မော်ဝါရနံများနှင့်အတူ သင်းပျံ့လို့နေပြီ။ မှုန်ရီဝေပြနေသော ဆောင်းညနေခင်းကား လူခြေတိတ်လွန်းလှပါသည်။ အထူးသဖြင့် ယခုလို ဆင်ခြေဖုံး ရပ်ကွက်ငယ်လေးတစ်ခုမှာ ဒီလိုညနေဆို တိတ်ဆိတ်ခြောက်ကပ်လွန်းလှသည်ဟု သူက တွေးလိုက်သေးသည်။ သူအကြာကြီး ရပ်နေသည့်တိုင်အောင် အိမ်ထဲမှ ဘာအသံမှ မကြားရသည်အထိ တိတ်ဆိတ်လွန်းလှသည်။ မြောက်ပြန်လေက ညှင်းသွဲ့သွဲ့တိုက်လာတော့ သူ အတော်အတန် ချမ်းလာပြီး ကိုင်ထားသည့် ကုတ်အင်္ကျီကို ဝတ်လိုက်ပြီး တံခါးကို အသာအယာ သုံးချက်ခေါက်လိုက်သည်။ “ဒေါက် … ဒေါက် …. ဒေါက်” ခဏနေတော့ တံခါးက ပွင့်လာသည်။ ဖွင့်ပေးသည့် လူက […]


“အစကတည်းက ပန်းတိုင်မပါတဲ့ မာရသွန်ပါ ခင်ဗျားဘာသာ လိပ်လုပ်လုပ်၊ ယုန်လုပ်လုပ်၊ ကြိုက်တာသာလုပ် ကျုပ်ကတော့ သစ်ပင်အောက်ရောက်တာနဲ့ အိပ်နေမယ့်ကောင်”   ×××   အသက်ကို ပြင်းပြစွာ ရှူနေတုန်းက ရေထဲမှာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတာက ဘယ်တော့မှ သန်းခေါင်းယံမကျော်တဲ့သူလို့။ သီတင်းကျွတ်တုန်းက ဖတ်ရတဲ့ သတင်းစာကို သိတာကစပြောရင် သက်တံ့တွေလိုမျိုး သူတစ်ယောက်က သက်တောင့်သက်သာလုပ်ဖို့ သန်းတစ်ကောင်လို ပုန်းကွယ်နေတာ မသက်သာလှဖူးဆိုတာ သိကြလား။ တကယ်တော့ ကိုယ်ဟာ ဖယောင်းတိုင်မီးလိုပါ။ အမြဲ အညွန့်တလူလူနဲ့ကောင်။ မငြိမ်းမချင်းပေါ့။ လက်သီးကို လက်ဖက်ရည်သောက်ရင်း ညစ်နေတာ လိုအပ်လို့လား၊ မလို့အပ်လို့လား၊ လာပြီးမေးရင် လူဆိုတာ အလင်းရောင်လို လင်းလက်နေရုံမဟုတ်၊ လောင်မြိုက်နေတယ်ဆိုတာလည်း နားလည်ဖို့ သိပ်ကို လိုမှာပေါ့။ တကယ်တော့ ကိုယ်ဟာ တစ်ခါတစ်ခါ […]


၁။ ထိုနေ့မနက်က ကျွန်တော် ပါးစပ်ပျောက်သွားတယ်။ “ဟာ … ငါပါးစပ် ဘယ်ရောက်သွားလဲ .. နေဦး ဘယ်သူခိုးသွားတာလဲ … နေပါဦးဟ ဟုတ်ကော ဟုတ်ရဲ့လား .. အိပ်ရင်းနဲ့အိပ်ယာထဲများ ထွက်ကျသွားခဲ့တာလား …” အဲလိုနဲ့ ကျွန်တော် အိပ်ယာထဲ၊ အိပ်ခန်းထဲ၊ ဘီဒိုထဲ …၊ တစ်အိမ်လုံးအနှံ့ လိုက်ရှာရပါတယ်။ မတွေ့ဘူးဗျ။ ပြဿနာတော့ အကြီးအကျယ်တတ်ပြီ။ ဟုတ်တယ်လေဗျာ။ ပါးစပ်မရှိလို့ ဘယ်ဖြစ်မလဲ။ ကိုယ်တတ်ကြောင်း ပြောရတာလည်း ဒီပါးစပ်၊ ကိုယ်မှန်ကြောင်း ပြောရတာလဲ ဒီပါးစပ်၊ ကိုယ် မလုပ်တတ်ကြောင်း ရှင်းရတာလည်း ဒီပါးစပ်၊ ကိုယ် မှားကြောင်းဝန်ခံရမှာလဲ ဒီပါးစပ်။ နောက်ဆုံး။ ကိုယ်မှားလည်း မှန်တယ်လို့ လိမ်ရမှာလဲ ဒီပါးစပ်။ ကဲ ။ ဘယ်လောက်တန်ဖိုးရှိတဲ့ ပါးစပ်လဲ။ […]