yiwaiNovember 24, 20131min2354
“မိစ္ဆာစီးနင်းခံ ည” (ဝါ) “အမှောင်ငတ်သူ….” ———————————–   အရောင်တွေ မည်းနက်နေသည်လား။ အမည်းရောင်တွေလေပဲလား။ အမြင်အာရုံတစ်ခုလုံးသည် အမည်းရောင်၏ ဖုံးအုပ်ထားမှုအောက် ကျရောက်နေသည်။   “အရောင်တွေဆာလိုက်တာ”   ရေဆာသည်ဆိုသည့် ခံစားချက်လိုပင် သူယခု အရောင်တွေ ဆာနေသည်။ ကြည့်လေရာမြင်လေရာတိုင်းသည် အမည်းရောင်။ ပိန်းပိတ်အောင် ထူထပ်နေသည့်အမှောင်မဟုတ်။ အမှောင်အုပ်ဆောင်းအောက် ကျရောက်နေသည့် ကြက်တစ်ကောင်ပမာ ခံစားနေရသည်။ အောက်အီးအီးအွတ်ဟု ကြက်ကအော်လျှင် လူအများက ကြားနိုင်သေးသည်။ သူသည်ကော။ ဒီအမည်းရောင်အုပ်ဆောင်းအောက်က လွတ်ဖို့ ဘယ်လိုအော်ရမလဲ ဟု အပြင်းအထန်စဉ်းစားနေမိသည်။ ငှက်ဆိုသည်မှာ ပျံရင်းသေ၊လူဆိုသည်မှာ ကြံရင်းသေသတဲ့။ ရှေးခေတ်စာပေမှာ ဖတ်ခဲ့ဖူးသည်။ ယခု သူ အမည်းရောင်အုပ်ဆောင်းအောက် မနေချင်သည့်အတွက် ကြံစည်ရပေတော့မည်။ သူက လူကိုး။ …………….. “အရောင်တွေ ဆာလိုက်တာ”   […]


yiwaiNovember 21, 20131min2372
“ရုပ်သေးရုပ်ပွဲတော်” ======================== တိတ်ဆိတ်မှောင်မိုက်နေသော လမ်းကျဉ်းလေးဝယ် ထိုင်နေသူအများအပြားရှိပါသည်။ သူတို့သည် မျှော်လင့်ခြင်းကြီးစွာဖြင့် ကောင်းကင်ဆီသို့မော့ကြည့်နေကြသည်။ ထိုတိတ်ဆိတ်မှောင်မိုက်နေသော လမ်းလေးမှာပင် လှုပ်ရွနေကြသူများလည်းရှိပါသည်။ “ဘယ်တော့လာမှာလဲ” “ဘယ်တော့လာမှာလဲ” တိုးသဲ့သဲ့မေးသံများသည် တိတ်ဆိတ်ခြင်းကို ရံဖန်ရံခါ ဖေါက်ထွက်လာကြ၏။ သို့သော် ထိုမေးခွန်းသည် မေးခွန်းသာဖြစ်လျှက် အဖြေမရှိ။ အဖြေမရှိခဲ့။ လမ်းကျဉ်းလေးဝယ် အလင်းတချို့ စိုက်ခနဲ စိုက်ခနဲ ကျလာသည်။ ထိုအလင်းတို့အား လိုက်ဖမ်းနေကြ၏။ ကိုယ့်ဘေးနားသို့ အလင်းကျလာပါလျှက် မမြင်ကြသူတွေကလည်း အများအပြား။ “မလာသေးဘူးလား” “ခုထိ မလာသေးဘူးလား” “မျှော်ရတာ ပင်ပန်းလှပြီ” လူတချို့၏ တီးတိုးရွတ်ဆိုသံသည် သိပ်မကျယ်လောင်တော့။ အလင်းဖမ်းသူအများအပြား၏ လှုပ်ရွသံသည်သာ ဖုံးလွှမ်းသွား၏။ “ဟော ဟိုနားမှာ ဟေ့” “ဒီမှာဟ ဒီမှာ” ……………………………..။  “အလင်းရှင်သည် အမှောင်ကို ခွင်းဖို့ကြိုးစားသော်ငြား လူသားတို့၏ စာနာမှုမရှိခြင်းကို […]


yiwaiNovember 21, 20131min51125
“ဝက်ကလေး ပျော်ပါစေ” ဝက်ကလေးကို ချစ်မိတာ ဘယ်က စခဲ့လဲ မသိဘူး။ ဒါပေမယ့် ချစ်မိတာကတော့ သေချာနေပါပြီ။ ဝက်ကလေးက နားရွက်ဖါးဖါးလေးရှိတယ်။ နောက် အရပ်မြင့်တယ်။ ထူးခြားတာကတော့ ကိုယ့်ခန္ဓာကိုယ်ထက် သုံးဆလောက်ဝနေတဲ့ ခန္ဓာကိုယ်ပါပဲ။ ဟုတ်တယ်။ ဝက်ကလေးဆိုတာ ကိုယ်ချစ်စနိုးခေါ်တဲ့ နာမည်လေး။ သူက ကိုယ့်လို လူသားလေးတစ်ယောက်ပေါ့။ ခရေပင်အောက်မှာ ကစားတဲ့ အရွယ်တွေ ကျော်လွန်လာခဲ့ပြီ။ အိုးပုတ်လည်းမကစားတော့ဘူး။ သူလူဆိုးလုပ်၊ ကိုယ်စစ်သားလုပ်တဲ့ အခန်းကဏ္ဍတွေလည်း ကျော်လွန်လာခဲ့ပြီ။ တစ်ယောက်လက်ကို တစ်ယောက်တွဲထားကြတာဟာ ခုမှ ဘာ့ကြောင့် ရင်ခုန်ကြည်နူးဖို့ကောင်းနေတာလဲမသိဘူး။ သေချာတာကတော့ ဝက်ကလေးနဲ့ကိုယ်ဟာ ငယ်ကတည်းက လက်တွဲပြီး ကျောင်းတက်ခဲ့တာပဲ မဟုတ်လား။ ခု ကျောင်းပြီးလို့ အလုပ်ခွင်တောင် ကိုယ်စီဝင်နေကြပြီ။ ဒီချိန်ထိ ဝက်ကလေးနဲ့ ကိုယ်ဟာ တစ်နေရာရာသွားရင် လက်တွဲတတ်တုန်း။ ကိုယ့်အတွက်တော့ […]