yukiJune 22, 20121min1112
ဇူလိုင်လ ၉ ရက်နေ့ကနေစတင်ပြီး အသက်ဝင်ကျင့်သုံးတော့မယ့် နိုင်ငံခြားများကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်တော့မယ့် Zairyu Card(သို့မဟုတ်)I.C Card ဂျပန်ရောက်မြန်မာများလဲ ရင်ခုန်စွာနဲ့စောင့်နေကြပါတယ်။ ဒီဥပဒေပြဌာန်းဖို့ကို ၂ဝဝ၉ ခုနှစ် လဆန်းပိုင်းကတည်းက လစ်ဘရယ်ဒီမိုကရက်တစ်ပါတီLDP (အဆိုပါအချိန်တုန်းက အာဏာရ အစိုးရဖြစ်ပြီး ယခုအတိုက်အခံပါတီ)က အထက်လွှတ်တော်ကို တင် သွင်းခဲ့တာဖြစ်ပါတယ်။ တင်သွင်းရတဲ့အကြောင်းအချက်တွေကတော့-   ပြည်တွင်းအုပ်ချုပ်ရေးကို ပိုမိုအထောက်အပံ့ပေးနိုင်မယ့် ဝန်ဆောင်မှု မျိုးနှင့် အကြမ်းဖက်လုပ်ဆောင်မည့် နိုင်ငံခြားသားများ၏ရန်မှ ကာကွယ် နိုင်ရန်အတွက်လို့ ဆိုပါတယ်။ ဒါ့အပြင် အခြေချနေထိုင်ခွင့်ရရှိထားသူ နိုင်ငံခြားသားများ၏အခြေအနေကိုလည်း ဗဟိုအစိုးရမှ တိုက်ရိုက်ထိန်းချုပ် ပြီး ဘာတွေလုပ်နေတယ်၊ ဘယ်သူနဲ့ဘယ်မှာနေထိုင်နေတယ် (ဟန် ဆောင်လက်ထပ်ထားခြင်းကိုဆိုလိုခြင်းဖြစ်သည်) ချမှတ်ပြဌာန်းထားတဲ့ ဥပဒေနှင့်ညီလျော်စွာ နေ-မနေ(ရာဇဝတ်မှုကျုးလွန်ခြင်းရှိ-မရှိ)ပေးဆောင် ရမည့် ဝင်ငွေခွန်(အခွန်ဆောင်-မဆောင်)နဲ့ အစိုးရအပေါ် လိမ်လည်ပြီး နေထိုင်လုပ်ကိုင်ခြင်းရှိ-မရှို(ဗီဇာအတုပြုလုပ်ခြင်း၊ လိမ်လည်ပြီး နေထိုင်ခွင့်ရ ယူထားခြင်း၊ […]


yukiDecember 20, 20111min1242
yuki ဒီဆိုဒ်လေးမှာ စာမရေးဖြစ်ပေမယ့် အမြဲဝင်ရောက်ဖတ်နေတဲ့ ပရ်ိသတ်တဦးပါ။ဒီရက်ပိုင်းဖတ်ဖြစ်တဲ့ Post ကြောင့်မရေးမနေနိုင်တော့ဘူး။yuki နိုုင်ငံရေးလဲနားမလည်ပါဘူး။အခုရေးမယ့် အကြောင်းတွေက နိုင်ငံရေးကို ကိုယ်ကျိုးစွန့်ဆောင်ရွက်နေတဲ့ သူတွေကို လုံးဝ(လုံးဝ)မရည်ရွယ်ပါ။နိုင်ငံရေးလုပ်စားနေတဲ့လူအားလုံးကိုလည်း မရည်ရွယ်ပါဘူး။သစ်ကိုင်းလွတ်မှာမို့ သွေးကြောင်နေတဲ့လူတွေကိုသာ ရည်ရွယ်ပါတယ်။ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ကိုထောက်င်္ခလို့ ထမင်းဝတာမရှိဘူး။ထောက်ခံလို့ ထမင်းခတ်တာပဲရှိတယ်ဆိုတဲ့ အသုံးအနှုန်းကိုပြောချင်တယ်။ ထမင်းငတ်တဲ့လူရှိတယ် မရှိဘူးမသိဘူး။ထမင်းဝရုံမက တခြားနိုင်ငံမှာ လူနေမှုအဆင့်မြင့်မြင့်နဲ့နေ နေတဲ့လူတွေကတော့ မနည်းဘူး။  ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ အင်္ကျီလေးဝတ်၊အန်တီပုံလေးရင်ဘတ်မှာကိုင်နဲ့ သံရုံးရှေ့မှာ ဆန္ဒပြ၊ ပြီးရင်ဓာတ်ပုံလေးရိုက် သူတို့ကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်တဲ့အတွက် မြန်မာပြည်ပြန်ရင်အဖမ်းခံရတော့ပါမယ်။အန်တီကို နေအိမ်အကျယ်ချူပ်ချထားတာအကြောင်းပြ၊နောက်  NLD ပါတီဝင်ထားတဲ့အတွက် မတရားအသင်းဝင်ဖြစ်နေပါတယ်…..အကြောင်းအမျိုးမျိုးပြ သူများနို်င်ငံရဲ့ Immigration မှာ refugee visa တင်ပြီးနေ နေတာ။ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပြီးထမင်းဝရုံမကပါဘူး …..။နောက် ဒီပဲယင်းအရေးအခင်းဆိုတာတကယ်ခံရတဲ့လူတွေကသာ ခွင့်လွတ်ပြီးမေ့သွားမယ်နော် သူတို့တွေကတော့ လတိုင်းလတိုင်းရဲ့ ၃၁ရက်ဆို သံရုံးရှေ […]


yukiAugust 3, 20111min43831
ပြီးခဲ့တဲ့လ၂၃ရက်နေ့က တရုတ်နိုင်ငံဝမ်ကျိုးမြို ့ပြင်မှာ မြန်နှုန်းမြင့်ကျည်ဆန်ရထားတိုက်တဲ့သတင်းတော့ သိကြမယ်ထင်ပါတယ်။မိုးကြိုးပြစ်ခံရလို ့ ေ့ရှကသွားတဲ့ရထားက ရပ်နေတဲ့အချိန် နောက်ကရထားကဝင်တိုက်မိတဲ့အတွက် ရထားတွဲ ၂တွဲ တံတားပေါ်က ပြုတ်ကျခဲ့တယ်။ပထမပိုင်းတော့ မိုးကြိုးပြစ်တာကိုပဲ တရားခံလုပ်နေတဲ့ တရုတ်အစိုးရ နောက်ပိုင်းမှာတော့ ေ့ရှရထားရပ်နေတာတောင် မီးအနီမပြပဲ အစိမ်းသာပြနေတဲ့ system ချို့ယွင်းနေတာကို သိခဲ့တယ်။ပြီးတော့ ရထားတတွဲမှာတောင် လူပေါင်း၃၅ယောက်မကတာကို သေဆုံးသူကို ၃၅ယောက်ပဲရှိတယ်လို့ကြေငြာခဲ့တယ်။အဲဒီ၃၅ယောက်ဆိုတဲ့အရေအတွက်ကို တရုတ်အစိုးရက ၁၉၉၃ကနေ အခုထိဖြစ်ခဲ့တဲ့ မတော်မဆမှုတွေမှာသုံးခဲ့တဲ့ လူအရေအတွက်ပါ။ 死者35人ဆိုပြီးရှာရင် အထောက်အထားတွေ့ပါလိမ့်မယ်။အဆိုးရွားဆုံးလုပ်ရပ်ကတော့ တံတားပေါ်က အောက်ပြုတ်ကျတဲ့အတွဲကို အထဲကလူတွေကို ရှာဖွေကယ်ဆယ်တာမလုပ်ဘဲနဲ့ မြေကြီးထဲမြုပ်ပစ်လိုက်တာပါ။တန်းလန်းဖြစ်နေတဲ့အတွဲကိုတော့ ကရိန်းနဲ့ မပြီး ကားပေါ်တင်တာတွေ့လိုက်ရတယ်။တကယ်ဆို မသေဘဲဒဏ်ရာရနေတဲ့လူတွေလဲ ရှိနိုင်တာပဲလေ။တော်တော်လဲ ရက်စက်နိုင်တယ်။သေတဲ့လူတွေလဲ အလောင်းတောင်ပြန်မရဘူး။ဒါပေမယ့် သူတို့ အစိုးရကလဲ ပြည်သူတွေကို ထိန်းတတ်ပါတယ်။ပထမတော့ တရုတ်တွေလဲ ဆန္ဒပြကြတာပေါ့.။အဲဒါတရုတ်ငွေသောင်း၅ဝကို လျော်ကြေးပေးမယ်ကြေငြာတယ်။နောက်ပိုင်းတော့ ၉၆သောင်းပေးမယ်လို့ ပြင်လိုက်တယ်။ပထမပိုင်း […]


yukiJune 22, 20111min50734
ဟိုတလောက မနွယ်ပင်ရေးတဲ့ ကားစီးရတဲ့ဒုက္ခဆိုတာဖတ်ပြီး ဂျပန်မှာရထားစီးပုံအကြောင်း မျှဝေချင်လို့ရေးလိုက်တာပါ။မြန်မာပြည်မှာနေတုန်းက လိုင်းကစီးရတာ တော်တော်ဒုက္ခရောက်တယ်။ကားကရပ်တဲ့နေရာကလဲ ပုံမှန်မရှိ၊ရပ်ပြီးရင်လဲ လုတက်ကြလို့မတိုးတက်နိုင်တဲ့လူတွေကကျန်ခဲ့…ဒါတွေကမြန်မာပြည်မှာကားစီးရတဲ့ ဒုက္ခတွေပါ။ ဂျပန်မှာတော့ ရထားဘူတာရဲ ့ပလက်ဖောင်းမှာ ဘယ်ဘူတာသွားချင်ရင် အချိန်ဘယ်လောက်ကျမယ်။နောက်ရထားပြောင်းစီးပြီးသွားမယ့်သူတွေအတွက် ဘယ်အတွဲ ကစီးရင် ဘူတာရဲ ့ထွက်ပေါက်နဲ့အနီးင်္ဆုးဆိုတာ။လှေကားရှိတဲ့နေရာ၊ ဓာတ်လှေကား၊စက်လှေကားရှိတဲ့နေရာတွေကို စနစ်တကျပြထားတာမို့လို့တော်တော်ကို အဆင်ပြေပါတယ်။အဲတော့ သွားနေကျနေရာမဟုတ်ရင် ပလက်ဖောင်းပေါ်ရောက်တာနဲ့ အဲဒီရေးထားတဲ့ဇယားလေးကြည့်ပြီး။ထွက်ပေါက်နဲ့အနီးဆုံးရှိမယ့် အတွဲမှာ တန်းစီးလိုက်ရုံပဲလေ။တန်းစီတဲ့နေရာမှာ နှစ်ယောက်တတွဲပုံစံမျိုး တန်းစီးကြတယ်။ရထားရပ်တာနဲ့ တံခါးပေါက်ရဲ ့တဖက်စီကပ်လိုက်ကြတော့ ရထားပေါ်ကဆင်းတဲ့လူတွေလဲ လွတ်လွတ်လပ်လပ် ဆင်းလို့ရတာလေ။ဆင်းတဲ့လူကုန်သွားပြီဆိုမှ ့တက်ကြတယ်။တန်းစီထားတာဆိုတော့ လုတက်ဖို့မလိုဘူးလေ။လုပြီးတက်ရမယ်ဆိုမလွယ်ဘူး။ ဂျပန်မှာ ရထားကျပ်တာကတော့ မြန်မာပြည်ထပ်သာတယ်။မနက်ကျောင်းတက်ရင် ရထားပေါ်ရောက်ဖို့ နောက်ပြန်တက်ရတယ်။ ဒါတောင်ခြေတဖျားကျဖို့မနဲဘူး..။ရှေ့ဘူတာရောက်ရင် တံခါးပေါက်ရှေ့ကလူတွေက အရင်ဆင်းပြီး လမ်းဖယ်ပေးရတယ်။ပြီးမှပြန်တက်….တက်လို်က်ဆင်းလိုက်နဲ့ ပဲ ကိုယ့်ဆင်းမယ့်ဘူတာရောက်ပေါ့။ရထားကအချိန်မှန်မှန်လာတာရယ်၊ရပ်တဲ့နေရာပုံသေရှိတာရယ်၊စနစ်တကျတန်းစီစောင့်ကြတာရယ်ကြောင့်…တော်တော်ကို အဆင်ပြေတယ်။နောက်ဂျပန်မှာ ရထားစီးရင် ဖုံးပြောတယ်လူမရှိဘူး။ဖုံးအသံမြည်တာနဲ့ ရထားတတွဲလုံးက ဝိုင်းကြည့်ကြတယ်။တချို့ လူတွေဆို နားမလည်ဘူးလား ဆိုပြီးပြောကြတယ်။ကြည့်လို်က်ရင် […]