True FaithJuly 8, 20101min2034
ရေးသူ – ဆလိုင်းထွန်း နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်းရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် အသေးစား စက်မှုလုပ်ငန်းများ အားလုံး ၂ နှစ်စာ ကြိုတင်အခွန်ပေးဆောင်မှသာ လုပ်ငန်းလိုင်စင် သက်တမ်း တိုးပေးမည်ဟု မြို့တော် စည်ပင်နှင့် အခွန်ဦးစီးဌာနက ညွန်ကြားထားသည်။ ယခင်က ၃ လ တကြိမ် ပေးဆောင်ရသော်လည်း ယခုအခါ ၂ဝ၁၁ နှင့် ၂ဝ၁၂ ဘဏ္ဍာရေးနှစ်များအတွက် ၂ နှစ်စာ ကြိုတင်၍ အခွန်ပေးဆောင်ရန် ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်ဌာနက ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ စတိုးဆိုင်၊ အလှပြင်ဆိုင်၊ မိတ္တူဆိုင်၊ ဓာတ်ပုံဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ဆေးဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ဈေးဆိုင်များအပြင် တွင်ခုံ၊ ဝပ်ရှော့၊ ပုံနှိပ်စက် စသည့် […]


True FaithJuly 8, 20101min1813
ရေးသူ – ညိမ်းသူ ရန်ကုန် (မဇ္ဈိမ)။ ။ မြို့တော်ဟောင်း ရန်ကုန်၏ စည်ပင်သာယာ နယ်နမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်လုံးတွင် ယနေ့မှ စတင်၍ လမ်းဘေးဈေးသည်များ ရောင်းချခွင့် မပြုရန် စည်ပင်သာယာက ပိတ်ပင်လိုက်သည်။ ဇူလိုင်လ ၂ ရက်နေ့ကတည်းက မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူး ရုံးများမှတဆင့် မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ တားမြစ်ချက်ကို ကြေညာခဲ့ပြီး ယနေ့မှ စတင်ပြီး ရောင်းချခြင်း မပြုရန်နှင့် တားမြစ်ချက်ကို မလိုက်နာသူသည် ဖမ်းဆီးကာ ထောင်ချအရေးယူခံရမည်ဟု ဆိုသည်။ ”ဒီလမ်းပေါ်မှာ လမ်းဘေးဈေးရောင်းသူတွေကို ကြွက်တကောင် ကြောင်တမြီး မမြင်စေရ၊ ယင်း သတိပေးခြင်းကို ဆန့်ကျင်ပြီး ရောင်းချရင် ဖမ်းဆီးမယ်၊ လူကို ထောင်ချသည်ထိ အရေးယူမယ်နဲ့ နောက်ဆုံးမှာ ဆိုင်ကို ရိုက်ချိုးမယ်လို့ […]


True FaithJuly 7, 20101min2883
ကြုံတောင့်ကြုံခဲ ဗိုလ်လုသည့် တိုက်ပွဲအဖြစ် ခြောက်ပေရှည်သော မိကျောင်းတစ်ကောင်နှင့် ၁၃ ပေ ရှည်သည့် စပါးအုံးမြွေကြီးတစ်ကောင်တို့၏ သူနိုင်ကိုယ်နိုင် အပြိုင်ကျဲမှုမှာ နှစ်ကောင် စလုံး ဘဝဆုံးရသည့် အဖြစ်ဖြင့် အဆုံးသတ်ရသည်ကို အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်၏ နွံတောများအတွင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။ စပါးအုံး မြွေကြီးမှာ မြန်မာ စပါးအုံး မြွေ ကြီးမျိုး ဖြစ်ပြီး ကြောက်စရာ ကောင်းလှသော သူ၏ ပြိုင်ဖက်ကို တစ်ကိုယ်လုံး မြိုရန် ကြိုးစား ရင်း ဝမ်းဗိုက် ကွဲထွက် သွားခဲ့ခြင်း ဖြစ်သည်။ ဧရာမ တွားသွား သတ္တဝါကြီး နှစ်ကောင် ၏ ဘဝ နိဂုံးကို ဖလော်ရီဒါ ပြည်နယ်၊ အဲဗားဂလိတ် အမျိုးသား ဥယျာဉ်အတွင်း သစ်တောစောင့် အမှု […]


True FaithJuly 7, 20101min1631
ရေးသူ – မြင့်မောင် နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံရေး အကျဉ်းသား ၆ဝရ ဦး၏ မိသားစုများအား ထောက်ပံ့ရန်အတွက် ကျပ်ငွေ ၂၅ သိန်းခွဲခန့်ကို အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုက တိုင်း/ပြည်နယ် အဖွဲ့ဝင်များထံ ယမန်နေ့က လွှဲပြောင်းပေးအပ်လိုက်သည်။ မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၁၀ဝ ကျော်ရှိသည့်အနက်မှ ဆင်းရဲနွမ်းပါးသော မိသားစုဝင်များအား ကူညီထောက်ပံ့သည့် အဆိုပါ အစီအစဉ်ကို အန်အယ်ဒီ၏ လူမှုအထောက်အကူပြု လုပ်ငန်းမှတဆင့် ပေးအပ်ခြင်းဖြစ်ပြီး ပြည်သူများက လှူတန်းသောငွေဖြစ်သည်ဟု ပါတီဒုဥက္ကဌ ဦးတင်ဦးက ပြောသည်။ “ နယ်က လူဦးရေ ၂၀ဝ ကျော် ရှိတယ်။ ကျန်တာက ရန်ကုန်တိုင်းက သက်ဆိုင်ရာ မြို့နယ်တွေကနေ […]


True FaithJuly 7, 20101min1480
ရေးသူ – ဆလိုင်း ဟံသာစန်း နယူးဒေလီ (မဇ္ဈိမ) ။ ။ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား AFC President’s Cup 2010 အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဟု သိရသည်။ အာရှဘောလုံးအဖွဲ့ချုပ်က ဆီမီးနှင့် ဗိုလ်လုပွဲများ ကျင်းပခွင့်ပြုကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ထံ ယခုလ ၂ ရက်နေ့တွင် ဦးစွာအကြောင်းကြားလာကာ ခွင့်ပြုသည့် စာကိုမူ ၄ ရက်နေ့တွင် လက်ခံရရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုုပ်ထံမှ စုံစမ်းသိရှိရခြင်း ဖြစ်သည်။ “ကုန်ကျစရိတ်ကို အဖွဲ့ချုပ်က အဓိကကျခံမှာပါ။ ဘယ်လောက်ကုန်မလဲ မသိသေးပါဘူး။ အာရှဘောလုံးအဖွဲ့ချုပ်ကလည်း ကူညီထောက်ပံ့ပါတယ်။ Main Sponsor ကတော့ Blue Mountain ကုမ္ပဏီပါ” […]


True FaithJuly 6, 20101min1360
ဖနိဒါ | တနင်္လာနေ့၊ ဂျူလိုင်လ ဝ၅ ရက် ၂၀၁ဝ ခုနှစ် ၂၁ နာရီ ဝဝ မိနစ် ချင်းမိုင် (မဇိ္ဈမ)။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဘက်ပြောင်းလာသော ကချင်တိုင်းရင်းသားများက ကချင်ပါတီ အသစ်တခု ဖွဲ့စည်း၍ ယခုလ ၂ ရက်နေ့က နေပြည်တော်၌ ပါတီတည်ထောင်ခွင့် လျှောက်ထားလိုက်ပြီ ဖြစ်သည်။ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်-စဒက (Unity and Democracy Party of Kachin State – UDPKS) ကို စစ်အစိုးရ၏ ပါတီဖြစ်သော ကြံ့ဖွံ့ပါတီမှ အမတ်လောင်းအဖြစ် ဝင်ပြိုင်ရန် လျာထားသူ ဒူဝါ ခက်ထိန်နန်က ဥက္ကဌ တာဝန်ယူမည်ဖြစ်ကြောင်း သူနှင့် နီးစပ်သူများထံမှ စုံစမ်းသိရသည်။ ခက်ထိန်နန်သည် […]


True FaithJuly 4, 20101min1905
ရေးသူ – ကျော်ခ ချင်းမိုင် (မဇ္ဈိမ)။ ။ “စစ်တပ်ကြီး စစ်တိုက်ဖို့ ချီတက်လာတဲ့အတိုင်းပဲ။ တလှုပ်လှုပ်နဲ့ အတန်းလိုက်တန်းစီပြီး လာနေကြတာ။ တွေ့လိုက် တာနဲ့ အူယားစရာကြီး။ အုပ်စုလိုက် မရေမတွက်နိုင်လောက်အောင်ပဲ သူတို့အဖွဲ့ကို တွေ့လိုက်ရင် ဘယ်သူမှ ဘာမှ မလုပ်ရဲဘူး။ ကြောက်လို့” လို့ ဒိုက်ဦးမြို့ခံ မသီတာက ပြောပါတယ်။ လွန်ခဲ့တဲ့တပတ်က ဒိုက်ဦးမြို့နားက ၁၆ မိုင်လောက်ဝေးတဲ့နေရာကို သွားကြည့်ခဲ့တဲ့ မသီတာလိုပဲ နေပြည်တော်-ရန်ကုန်လမ်းကားမောင်းခဲ့သူတွေကလည်း ကြွက်တွေကို တက်ကြိတ်မိလို့ လမ်းတွေ ကြွက်သွေးတွေနဲ့ ရဲရဲနီနေပြီး “တဖျိဖျိ” အသံတွေကို နားထဲကြားတုံးဆိုတာလည်း ပြန်ပြောကြလေရဲ့။ ဒိုက်ဦးမြို့နဲ့ ပဲခူးရိုးမအကြား ဘုရားတောင်နားမှာ ဗိုက်ဖြူကြွက်တွေဟာ အုံလိုက်ကျင်းလိုက်နဲ့ လယ်ကွင်းထဲမှာ အုပ်စုဖွဲ့ သွားလာနေကြပါတယ်။ တောကြွက်အုပ်စုကြီးဟာ ဘုရားတောင်နဲ့ ယှဉ်လျက်တည်ထားတဲ့ ကောလိယဆည်ဘက်ကနေ […]


True FaithJuly 2, 20101min1752
ရေးသူ – မင်းဟန် အခန်း (၉) ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဦးနုက ပြည်ထောင်စုပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်သည်။ “ဆွေ၊ ငြိမ်း” တို့ကမူ ဖဆပလအနေနှင့်ပင် ရွေးကောက်ပွဲ ဝင်ကြ၏။ “ဆွေ၊ ငြိမ်း” တို့၏ ကြွေးကြော်သံက ….“ရှုံးရင်လည်း နိုင်ရမည်” ဟူ၍ ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် ရွေးကောက်ပွဲကား ….. မသမာမှုများ၊ ဘက်လိုက်မှုများ၊ အကြမ်းဖက် ခြိမ်းခြောက်မှုများ …. လုပ်ကြံသတ်ဖြတ်မှုများ အတွင်းမှာပင် ကျင်းပပြီးစီးခဲ့သည်။ ရွေးကောက်ပွဲပြီးသည့်နောက် အာဏာရရှိခဲ့သည့် ဦးနု၏ ပထစ အစိုးရက ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်၏။ ဒေါ်အောင်ဆန်းစုကြည် သည်လည်း မိခင်နှင့်အတူပင် အိန္ဒိယသို့ လိုက်ပါသွားမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစု အိန္ဒိယသို့ […]


True FaithJuly 2, 20101min2143
“ဆင်ဖြူမရှင် ကြွက်ပြေး နေပြည်တော် မင်းတြားကြီး ” ရေးသူ – ရန်ကုန်သား တာတေ “မင်းကြီးများ …” “ဘုရား …” “မင်းလေးများ” “…..” “သိုက်နန်းရှင် … ဘိုးတော် … ကိုကြီးကျော်၊ မနှဲလေး၊ ဗျတ်ဝိ၊ ဗျတ္တ … ရှိရှိသမျှကို ငါကိုယ် တော်မြတ် မေးတော်မူမယ်” “ဟိုဒင်း … အရှင်မင်းမြတ် … မှားတော်မူမယ်လေ … ဒီမှာ ထိုင်နေကြတာ နတ်မပါဘူး။ လူတွေ ချည်းပဲဘုရာ့” “လျှာမရှည်နဲ့ … ငါကိုယ်တော်မြတ် ယောင်သွားလို့။ မောင်မင်း သိန်းဂိန် … ဖြေတော်မူစမ်းကွဲ့” “မှန်လှပါ ဘုန်းတော်ကြောင့် ဘာဖြေရမှန်း မသိကြောင်းပါ” စစ်ဝတ်စစ်စား အပြည့်အစုံနှင့် ခေါင်းတွင် စက္ကူနှင့် […]


True FaithJune 30, 20101min2174
Monday, 28 June 2010 20:03 သျှမ်းသံတော်ဆင့် မြန်မာစစ်တပ်အတွက် တာဝေးပစ်ခတ်နိုင်သော ၁၅၅ မီလီမီတာ အမြောက်ကြီးများကို တရုတ်နိုင်ငံမှ မေလတတိယပတ် အတွင်းဝယ်ယူခဲ့ကြောင်း စစ်ဘက်သတင်း ရပ်ကွက်များ အဆိုအရ သိရသည်။ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ဂျွန်လ ၂ ရက်နေ့ မြန်မာပြည်ခရီးစဉ် မတိုင်မီ မြန်မာစစ်တပ်မှ လက်နက်ရေးရာ ကျွမ်းကျင်သည့် အဖွဲ့တစ်ဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ကာ အကြီးစားတရုတ်လက်နက်ကုမ္ပဏီ တစ်ခုဖြစ်သည့် China North Industries Corporation ခေါ် (Norinco ) ကုမ္ပဏီထံမှ ၎င်းလက်နက်များ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာစစ်တပ်သို့ လက်နက်ရောင်းချခဲ့သည့် တရုတ် Norinco ကုမ္ပဏီသည် တရုတ်ဝန်ကြီးချုပ်နှင့်အတူ မြန်မာပြည်သို့ သွားရောက်ပြီး မုံရွာကြေးနီသတ္တုတွင်း စီမံကိန်း ဆောင်ရွက်ရေးကိစ္စ […]


True FaithJune 29, 20101min1952
“စိမ်း … သရဖူစိမ်း” ရေးသူ – ရန်ကုန်သား တာတေ “ပန်း ….. နွယ် …. က ….. စိမ်း … အိမ်အိန်း … စိမ်း … အိန်းအိန်း … စိမ်း” သွားလေသူ နာမည်ကျော် မြန်မာသံ အဆိုရှင်ကြီး တွံတေး သိန်းတန်၏ အလွန် ဆွတ်ပျံ့ လွမ်းမောဖွယ်ရာ သီချင်းသံနှင့် အတူ အသံချဲ့စက် ၂ လုံး ချိတ်ဆွဲ ထားသော ထီလှည်း တလှည်း တရွေ့ရွေ့ဖြင့် လှမ်းလာနေသည်။ မြန်မာပြည်သို့ ဗီဇာလျှောက်စရာ မလိုဘဲ ဝင်ချင်သလိုဝင် … ထွက်ချင်သလို ထွက်နေနိုင်သော ချင်းမိုင်က ဦးရုက္ခစိုး၊ ရူးချင်ယောင်ဆောင်ကာ အပေါ်လမ်းမှ တမျိုး … […]


True FaithJune 29, 20101min1763
ဒီကာတွန်းကို ကြည့်ပြီးတော့ ကာတွန်းဆိုတာ ရယ်စရာအပြင် တွေးစရာလေးတွေကိုပါ ပေးတတ်တတ်ပါလားဆိုတဲ့အသိလေးတခု ရလိုက်ပါတယ်။ ကာတွန်းဆရာက မြန်မာ့အလှ အင်းလေးရဲ့ ဆိုးဝါးတဲ့အခြေအနေကို ကာတွန်းတကွက်ထဲနဲ့ အထိရောက်ဆုံး တင်ပြထားတာပါ။ အင်းလေးကန်နဲ့ ပက်သက်လို့ ကျနော်ခံစားချက်ကတော့ အင်းလေးဟာ မြန်မာတို့ရဲ့ ဂုဏ်ယူစရာ သဘာဝအလှ၊ သဘာဝ အမွေအနှစ်တခုပါ။ ပျက်စီးဆုံးရုံးသွားခဲ့ရင် ဘာနဲ့မှ ပြန်အစားထိုးလို့ မရတော့ပါဘူး။ ဒီလောက်အထိ ကန်ရေမျက်နှာပြင် နိမ့်ကျလာခဲ့တာ၊ အခြေအနေဆိုးဝါးလာခဲ့တာဟာ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်မှု ညံ့ဖျင်းလို့ပါ။ မြန်မာစစ်အစိုးရဟာ သဘာဝ သယံဇာတတွေ ထုတ်ရောင်းတဲ့နေရာမှာ လက်သွက်သလောက် သဘာဝ အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ကျတော့ လက်တွန့်တတ်တဲ့ အစိုးရပါ။ အခု အင်းလေးကို ပြုပြင်ဖို့ ဒေါ်လာသန်းနဲ့ချီတဲ့ ငွေတွေလိုအပ်နေပါတယ်။ အစိုးရလက်ထဲမှာ သဘာဝဓာတ်ငွေ့ ရောင်းထားတဲ့ငွေတွေ ဘီလီယံနဲ့ချီပြီး ရှိနေပါတယ်။ ဒါပေမယ့် […]


True FaithJune 29, 20101min1290
ရေးသူ – ဆလိုင်း ဟံသာစန်း နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရသည် အမျိုးသမီးများအပေါ် လူသားချင်းစာနာမှု ကင်းမဲ့စွာ ရာဇဝတ်မှု ကျူးလွန်နေသည်မှာ ထင်ရှားသဖြင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC သို့ တင်သင့်ကြောင်း ဂျပန်နိုင်ငံရှိ ပြည်သူ့ခုံရုံးက ယမန်နေ့တွင် ဆုံးဖြတ်ခဲ့သည်။ ဂျပန်နိုင်ငံ တိုကျိုမြို့ Aoyama တက္ကသိုလ်တွင် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနှင့် သဏ္ဍာန်တူ ပြုလုပ်ထားသော ပြည်သူ့ခုံရုံးတွင် ကိုယ်တိုင်ကျူးလွန်ခြင်း ခံခဲ့ရသူ ကာယကံရှင် မြန်မာနိုင်ငံသူ ၄ ဦး၏ ထွက်ဆိုချက်များ၊ နှစ်ဘက်ရှေ့နေ လျှောက်လဲချက်များ ကြားနာပြီးနောက် အဖွဲ့ဝင် ၅ ဦးပါ တရားသူကြီးအဖွဲ့က ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ “တရားသူကြီးတွေက ဆုံးဖြတ်ချက် ၈ ချက် ချမှတ်ခဲ့တယ်။ […]