True FaithJune 23, 20104min1256
တစ်ခါတစ်ရံတွင် ပြင်ပကမာ္ဘမှ အဖြစ်အပျက်များသည် စိတ်ကူးယဉ် ဇတ်လမ်းများထက်ပင် ဆန်းကျယ်တတ်ကြလေသည်။ အသက် ၂၆ နှစ်အရွယ် တရုတ်အမျိုးသား Zhuang Huagui သည် သူ၏ မင်္ဂလာပွဲမတိုင်မီ ၈ ရက်အလိုတွင် အသတ်ခံရပြီး သေဆုံးသွားသော အသက် ၂၁ နှစ်အရွယ် သူ့၏ ချစ်သူ သတို့သမီး Hu Zhao နှင့်ပင် ဝမ်းနည်းဖွယ်ကောင်းသော လက်ထပ်ပွဲကို မူလစီစဉ်ထားသော ရက်မှာပင် ကျင်းပဲခဲ့သည်ဟု သိရသည်။ အဆိုပါ စုံတွဲသည် မူလက ယခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွက် လက်ထပ်ရန် စီစဉ်ထားပြီးဖြစ်သည်။ သို့သော် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် သတို့သမီးလောင်း၏ အိမ်သို့ ဖောက်ထွင်း ဝင်ရောက်လာသော သူခိုးနှစ်ဦးကြောင့် သတို့သမီးလောင်းသည် ဓါးဖြင့်ထိုးပြီး အသတ်ခံခဲ့ရသည်။ […]


True FaithJune 23, 20101min14111
ယခုနှစ် ကမာ္ဘ့အဆိုးတကာ့ အဆိုးသွမ်းဆုံး အာဏာရှင်စာရင်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တတိယချိတ်ဆွဲခဲ့ကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စု ဝါရှင်တန် အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက၂၀၁ဝ ပြည့်နှစ်အတွက် ကမာ္ဘပေါ်ရှိ ဆိုးရွား သော အာဏာရှင်များနှင့် နိုင်ငံခေါင်းဆောင် ၂၃ ဦးအနက် ပထမနေရာတွင် မြောက်ကိုရီးယားသမ္မတ ကင်မ်ဂျုံအီးလ်၊ ဒုတိယနေရာတွင် ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီတို့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သတ်မှတ်ထားခြင်း ဖြစ်သည်။ ရဲစွမ်း သတ္တိ ရှိကြောင်း ဆုတံဆိပ်ပေါင်းများကို ကိုယ်တိုင်ချီးမြှင့်ပြီး ရင်ဘတ်တွင် တပ်ဆင်ထား သော်လည်း ဗိုလ်ချုပ် မှူးကြီးသည် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲ လုပ်ပေးရန် သတိ္တမရှိသူ ဟုလည်း ဖော်ပြ ထားသည်။ အာဏာရှင်တိုင်း ဆိုးသွမ်းကြ သော်လည်း […]


True FaithJune 23, 20101min1003
နာခံခြင်း ဆင်စုရွာနဲ့ နဝင်းရွာကန်ကြတဲ့ ဘောလုံးပွဲမှာ ဆင်စုရွာအသင်းနည်းပြက သူ့အသင်းက နောက်တန်းကစားသမား ဖိုးချွဲကို လူကပ်ဖို့ မှာနေတယ်။ “ဟေ့ကောင် ဖိုးချွဲ” “ဘာလဲကွ” “ဟိုဘက် အသင်းက နံပါတ် ၁ဝ က သိပ်တော်တယ်နော်။ မင်း အဲဒီကောင်ကို အသေကပ်ထား။ လုံးဝ မလွတ်စေနဲ့။ ကြားလား” “စိတ်ချ။ လုံးဝမလွတ်စေရဘူး” ဒီလိုနဲ့ ပွဲပထမပိုင်းကစားတယ်။ ဖိုးချွဲက နံပါတ် ၁ဝ ကို ကောင်းကောင်းလူကပ်ထားတော့ နဝင်းရွာအသင်း ဂိုးမသွင်းနိုင်ခဲ့ဘူး။ ပထမပိုင်းပြီးလို့ အားလုံးနားကြတဲ့အချိန် နည်းပြက အနားယူနေတဲ့ သူတို့အသင်း လူစုထဲမှာ ဖိုးချွဲကို မတွေ့လို့ လိုက်ရှာတော့ နဝင်းရွာအသင်းရဲ့ နံပါတ် ၁ဝ ဘေးမှာ ပူးကပ်ပြီးထိုင်နေတာ တွေ့လိုက်ရတယ်။ “ဟေ့ကောင် ဖိုးချွဲ။ မင်း ဒီမှာ […]


True FaithJune 10, 20101min2028
ညဝတ် အချစ်အင်္ကျ ီ အသက်အတော်ကြီးပြီဖြစ်တဲ့ အဘွားအိုတယောက်ဟာ သူ့ရဲ့ တဦးတည်းသောသားကို အိမ်ထောင်ချပေးပြီးတဲ့နောက် တလလောက်ကြာတော့ အိမ်ခွဲနေတဲ့ သားဖြစ်သူရဲ့အိမ်ကို သွားလည်တယ်။ အဘွားအိုဟာ အိမ်တံခါးကို ခေါက်လိုက်တယ်။ “ဒေါက်” “ဒေါက်” “ဒေါက်” မကြာခင် ချွေးမဖြစ်သူက တံခါးလာဖွင့်တယ်။  သူ့ချွေးမကို ကြည့်လိုက်တော့ အဘွားအို အံ့ဩသွားတယ်။ “ဟဲ့ နင်က ဘာမှလည်း ဝတ်မထားပါလား” “ဒါက ယောက်ျားတွေ သိပ်နှစ်သက်တဲ့ ညဝတ်အချစ်အင်္ကျ ီလို့ ခေါ်တယ် အမေရဲ့” ချွေးမစကားကိုကြားတော့ အဘွားအိုက သိပ်သဘောကျသွားပြီး အိမ်ထဲ မဝင်တော့ဘဲ ပြန်သွားတယ်။ အိမ်ရောက်တော့ ရေမိုးချိုး၊ အမွှေးနံ့သာတွေ လိမ်းပြိး ညဝတ် အချစ်အင်္ကျ ီနဲ့ သူ့ယောက်ျားအဘိုးကြီး ပြန်အလာကို စောင့်နေတယ်။ မကြာခင်မှာပဲ တံခါးခေါက်သံကြားလို့ တံခါ်းသွားဖွင့်တော့ […]


True FaithJune 10, 20101min2302
ရေးသူ – မင်းဟန် အပိုင်း (၁) ကို ဒိနေရာတွင် ဖတ်ရှုနိုင်ပါသည်။ အခန်း (၄) ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရှင်သန် နေထိုင်ခဲ့ရသည့်ကာလက …. တိုတိုကျဉ်းကျဉ်းလေးသာဖြစ်သည်။တိတိပပ တွက်စစ်ပါမူ ….. စုစုပေါင်း ၂၅ လမျှသာ….။ ဤမျှတိုတောင်းသော အချိန်လေးများကိုပင် ပြည့်ပြည့်ဝဝ အတူနေခဲ့ကြရခြင်း မဟုတ်ခဲ့…။ ဗမာ့တပ်မတော်အား အသစ် ပြန်လည်ဖွဲ့စည်းရန်အတွက် ဗိုလ်ချုပ်ကြီးမောင့်ဘတ်တန်နှင့် ဆွေးနွေးရန် ဗိုလ်ချုပ်သည် သီရီလင်္ကာနိုင်ငံသို့ သွားရ၏။ ရန်ကုန်မှ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ထွက်၏။ ဗိုလ်ချုပ်၏ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော်မှ ဗိုလ်လကျာ်၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော ပါကြ၏။ နိုင်ငံရေးခေါင်းဆောင်များမှ သခင်သန်းထွန်း၊ ဦးဘဘေ၊ ဦးညိုထွန်းနှင့် စောဘဦးကြီး […]


True FaithJune 9, 20101min1685
ဖနိဒါ | အင်္ဂါနေ့၊ ဇွန်လ ဝ၈ ရက် ၂၀၁ဝ ခုနှစ် ၂ဝ နာရီ ၁၆ မိနစ် ချင်းမိုင် (မဇိ္ဈမ)။      ။ စစ်အစိုးရအနေဖြင့် နျူကလီးယားလက်နက် စီမံကိန်းအစား ပြည်သူများ လက်တွေ့ ခံစားနေရသည့် ဒုက္ခများကို ဖြည့်ဆည်းပေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဌ ဦးတင်ဦးက ပြောသည်။ “အမှန်ကတော့ လူတွေ ငတ်ပျက်နေတာ။ မီးရေမလာတာတွေ ဖြည့်ဆည်းပေးစမ်းပါဗျာ။ အဲဒါတွေ လုပ်ပေးရင် သူတို့ကို လေးစားဂုဏ်ယူမှာပါ” ဟု ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံသည့် ဖွ့ွံဖြိုးတိုးတက်သည့် နိုင်ငံမဟုတ်ခြင်း၊ ကျွမ်းကျင်သည့် သိပ္ပံပညာရှင်များ မရှိ သေးခြင်းတို့ကြောင့် အန္တရာယ်ရှိလာနိုင်သည်ဟု ဆိုသည်။ “အိမ်နီးချင်းနိုင်ငံတွေ […]


True FaithJune 9, 20101min1407
ဇွန်လ ပထမပတ်ထုတ်ဝေတဲ့ သစ္စာဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာမောင်ဝံသရဲ့ နိုင်ငံရေးသမားဋီကာ ဆိုတဲ့ဆောင်းပါးလေးကို ဖတ်လိုက်ရတော့ ကျနော့်ခေါင်းထဲမှာ နိုင်ငံရေး သမားဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သွားတော့တယ်။ ယခုကာလဟာ ၂၀၁ဝ ရွေးကောက်ပွဲ ကျင်းပတော့မယ့်ကာလဆိုတော့ ဒီဆောင်းပါးဟာ စာဖတ်ပရိသတ်တွေ အတွက် အလွန်ကို အသုံးဝင်တဲ့၊ မှတ်သားဖွယ်ရာကောင်းတဲ့ ဆောင်းပါးလေးတပုဒ် ဖြစ်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် ဂျာနယ်မှာ ရေးထားတဲ့စာတွေကို တကူးတက အချိန်ယူ ပြန်ရိုက်ပြီး တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ………………………………………………………………………………………………………………… နိုင်ငံရေးသမားဋီကာ မောင်ဝံသ နိုင်ငံရေးသမား (Politician) နဲ့ နိုင်ငံပြုခေါင်းဆောင် (Statesman) ကို ခွဲခြားရှင်းပြတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ဖတ်ရှုလေ့လာကြပြီး နိုင်ငံရေးသမားတွေကို ကိုယ်ကျိုးရှာ သမားတွေလို့ ထင်မြင်ယူဆသူတွေ အတော်များနေတယ်ဗျ။ နိုင်ငံရေးဆောင်ရွက်သူ အားလုံးကို လွှမ်းခြုံပြီး နိုင်ငံရေးသမား (Politician) […]


True FaithJune 8, 20101min660
ရေးသူ – မင်းဟန် အခန်း (၁) ၁၉၄၅ ခုနှစ် နှစ်ဦးမှစ၍ ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်တော်လှန်ရေး လုပ်ငန်းတာဝန်များနှင့် ပိလျှက်ရှိသည်။ တပ်မတော်အတွင်းရှိ ပြည်သူ့အရေးတော်ပုံပါတီ (နောင်တွင်ဆိုရှယ်လစ်ပါတီဝင်)မှ ဗိုလ်အောင်ကြီး ၊ ဗိုလ်မောင်မောင်တို့အစု၏ ဂျပန် ဖက်ဆစ်တို့အား လက်နက်ကိုင်ထကြွမည့်အစီအစဉ်အား အချိန်မှီ တားရ၊ဆီးရသေး၏။ ဖက်ဆစ်တော်လှန်ရေးက တစုတဖွဲ့လေးနှင့် ထ၍၊တော်လှန်၍မရ…..။ လူထုအားစည်းရုံးရမည်။ ပြင်ဆင်ရမည်။ကျယ်ပြန့်သောအင်အားစုကြီးပါဝင်ရန်လိုသည်။ ပြီးလျှင် ….. အချိန်နှင့်အခြေအနေ…။ ပကတိဘဝက ရင့်မှည့်ဖို့လိုသည်။ ဤအတွက်ပင် ဗိုလ်ချုပ်က ဗိုလ်အောင်ကြီးတို့အားခေါ်၍ တားဆီးခဲ့ရခြင်းဖြစ်သည်။ တဖက်တွင်လည်း ကျယ်ပြန့်သည့်ဖက်ဆစ်တော်လှန်ရေး တပ်ပေါင်းစုကြီးပေါ်ပေါက်ရေးအတွက် ပြင်ဆင် လုပ်ကိုင်နေရ၏။ ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ပဲခူးစံပြတပ်ရင်း၌ သခင်စိုး၊ ကိုဗဟိန်း၊ သခင်သန်းထွန်းတို့နှင့် ဗိုလ်ချုပ်တွေ့ခဲ့ပြီး “ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်” အား ဖွဲ့စည်းရန် ဆွေးနွေးခဲ့ကြသည်။ ထိုစဉ်က …..သခင်စိုးသည် […]


True FaithJune 8, 20102min991
မြန်မာစစ်အစိုးရက နျူကလီးယားဗုံး ထုတ်လုပ်ရန် ကြံရွယ်နေဟု ကျွမ်းကျင်သူပြောကြား ဒီဗွီဘီ သတင်းဌာန (Democratic Voice of Burma) ရဲ့ (၅) နှစ်ကြာ စုံစမ်း ထောက်လှမ်း မှုများက မြန်မာနိုင်ငံရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေး စီမံချက်များကို ဖော်ထုတ်နိုင်ပါပြီ။ စုံစမ်းထောက်လှမ်းတွေ့ရှိမှုများအတွက် အရေးပါသူတဦးကတော့ ဒုံးလက်နက်နှင့် နျူကလီးယား စီမံကိန်းအတွက် လိုအပ်သော စက်ပစ္စည်း အစိတ်အပိုင်း နမူနာများကို ထုတ်လုပ်ရာမှာ တာဝန်ယူခဲ့သော၊ ဒုံးလက်နက် ကျွမ်းကျင်သူ မြန်မာ စစ်အင်ဂျင်နီယာ ဗိုလ်မှူးစိုင်းသိန်းဝင်းပဲ ဖြစ်ပါတယ်။ ဒီဗွီဘီရဲ့ မြန်မာစစ်ရေး စီမံကိန်းများကို ထောက်လှမ်း စုံစမ်းနေမှုများကို သိရှိပြီးနောက်မှာ၊ ဗိုလ်မှူးစိုင်းသိန်းဝင်းဟာ ဒီဗွီဘီကို ဆက်သွယ်လာပြီး အထောက်ထားစာရွက်စာတမ်းများ၊ ရောင်စုံဓာတ်ပုံများကို ပေးအပ်ခဲ့ပါတယ်။ ထိုအချက်အလက်များသည် မြန်မာစစ်တပ်ရဲ့ ဒုံးလက်နက် စီမံကိန်းများ […]


True FaithJune 4, 20102min1592
(ပန်းချီ-ဦးရဲသောင်း သရုပ်ဖော် ရေးဆွဲသည်။) ရန်ဝင်း (တောင်တံခါး) ဇွန် ၂ ၊ ၂၀၁၀ “တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး” အချုပ်တန်းရပ်ကို အစွဲပြုပြီး အချုပ်တန်းမောင်ဖေ၊ နောက်တော့ အချုပ်တန်းဆရာဖေ ရယ်လို့ နာမည်ကျော်ကြားခဲ့တဲ့ မျိုးချစ်စာဆိုတော်ကြီးက ကိုယ့်အမျိုးသားတွေကို စည်းကမ်း ရှိစေချင်လွန်းလို့၊ ညီညွတ်ကြစေချင်လွန်းလို့ အားမလို အားမရဖြစ်ပြီး ရေးခဲ့တဲ့ တေးထပ် တပုဒ်ကို သတိရမိကြဦးမှာပါ။ အချုပ်တန်းဆရာဖေ က မြန်မာသက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်ဖွား အင်းဝဇာတိပါ။ ဆရာဖေ ရဲ့မိခင်က သဘင်သည်မျိုးရိုး ဖြစ်ပါတယ်။ ပုဂံမင်းလက်ထက်မှာ အသုံးတော်ခံစာရေးအဖြစ် အမှုထမ်းတဲ့ ဖခင် ဦးရောက်နဲ့အတူတူ အမရပူရမြို့ကို မိသားစု လိုက်ပါခဲ့ကြတယ်။ ပုဂံမင်း နန်းကျပြီး မင်းတုန်းမင်း နန်းတက်တော့ ပုဂံမင်း လက်ထက်က […]


True FaithJune 4, 20102min20211
ဧည့်သည်အတွက် ချက်ပြုတ်၊ စကားလက်ဆုံကြရင်း နံရံမှာ ချိတ်ဆွဲထားတဲ့ နန်းဆန်ဆန် ဝတ်စုံတွေနဲ့ အဘိုးအဘွား မိသားစုပုံတွေကနေ သူမရဲ့ နောက်ခံ ဘဝတွေ၊ သူမ အဖေအကြောင်းတွေကို စိတ်ပါ လက်ပါ ပြောပြနေတဲ့ ရတနာနတ်မယ်ဟာ သူမ အတွက် အိမ်မက်ဆိုး ဖြစ်ခဲ့တဲ့ ဦးနေဝင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုတော့ သိပ်အများကြီး ပြောချင်ပုံ မရဘူးလို့ ဆိုထားတယ်။ အဲဒီ အချက်တွေထဲမှာမှ သူမ ရဲ့ အမေထိပ်တင်မလတ်ဟာ ဖခင် ဖြစ်သူ လင်းပင် မင်းသားကြီး ပြည်ပြေးဘဝနဲ့ အိန္ဒိယမှာ နေထိုင်ခဲ့ကြတဲ့အခိုက် အထက်တန်းလွှာ အသိုင်းအဝိုင်းနဲ့ ဝင်ဆံ့ခဲ့ပြီး  (အရှေ့တိုင်း တိဗက် တောင်တန်း နိုင်ငံ တခုဆီက) အိမ်ရှေ့ မင်းသားတပါးနဲ့ စေ့စပ် ကြောင်းလမ်းတဲ့ အထိ ဖြစ်ခဲ့တယ်လို့ […]


True FaithJune 4, 20101min720
ဆလိုင်း ဟံသာစန်း | ကြာသပတေးနေ့၊ ဇွန်လ ဝ၃ ရက် ၂၀၁ဝ ခုနှစ် ၁၉ နာရီ ၅၄ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။      ။ စီးပွားရေး ဦးပိုင်လီမိတက် လက်အောက်သို့ ရောက်ရှိသွားသော ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ ထက်ဝက်နီးပါးမျှဖြစ်သော သင်္ဘောသား ၅၅ဝ ခန့်သည် ယခုလ ၁ ရက်နေ့မှစတင်၍ အလုပ်ထွက်သွားကြပြီး လစာပိုမိုကောင်းမွန်သော နိုင်ငံခြားသင်္ဘောလိုင်းများတွင် အလုပ်ရှာကြမည်ဖြစ်သည်။ တပ်မတော် ဘဏ္ဍာရေးရှာဖွေမှုအတွက် ထူထောင်ထားသော ဦးပိုင်က ပြည်တွင်း၊ ပြည်ပ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသော ကြယ်ငါးပွင့်သင်္ဘောလိုင်းကို လွှဲယူအပြီး နှစ်လအကြာ သင်္ဘောသား ၁၂၂ရ ဦးအနက် အနည်းဆုံး ၅၅ဝ ဦး နုတ်ထွက်သွားကြသည်။ […]


True FaithJune 1, 20101min1144
မန်ယူအသင်းက ရာသီသစ်အတွက် ပြင်ဆင်မှု တရပ်အဖြစ်  ခေါ်ယူခဲ့သည့် မက္ကဆီကိုအသင်းမှ လူငယ်တိုက်စစ်မှူး ဂျားဗီးယား ဟာနန်ဒက်စ် (Javier Hernandez) သည် အင်္ဂလန်နိုင်ငံတွင် အလုပ်ပါမစ် ရရှိခဲ့ပြီဖြစ်သဖြင့် အသင်းပြောင်းရွေ့မှု  ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့် မေလ ၂ရ ရက်နေ့တွင် အလုပ်ပါမစ်ရရှိခဲ့သဖြင့် အသင်းသို့ လာရောက် ကစားပေး နိုင်တော့မည်ဖြစ်ပြီး ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် မန်ယူအသင်းသားအဖြစ်သို့ တရားဝင် ရောက်ရှိမည်ဖြစ်သည်။ ယင်းမှာ မက္ကဆီကို ကစားသမားတဦးကို မန်ယူအသင်းက ပထမဦးဆုံး ခေါ်ယူခြင်း ဖြစ်သည်။ ခေါင်းတိုက်စွမ်းရည်၊ ပြေးအား၊ နေရာယူမှု၊ ဘောလုံးအထိမ်းအသိမ်းနှင့် ကန်ချက်များ တိကျသေချာသည့် အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးကို ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့တွင် […]