ယနေ့ကမ္ဘာတွင် ကွန်ပြူတာသည် လူသုံးများသော ပစ္စည်းတစ်ခု ဖြစ်လာသကဲ့သို့ ကွန်ပြူတာကြောင့် မျက်စိထိခိုက်မှု များကိုလည်း သုံးစွဲသူများ ရင်ဆိုင်နေရပါသည်။ ကွန်ပြူတာအသုံးများခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများသည် တစ်နေ့လျှင် အနည်းဆုံး ၆ နာရီနှင့်အထက် ကွန်ပြူတာသုံးစွဲသောသူများတွင် ဖြစ်ပေါ်နိုင်သည်။ ရောဂါလက္ခဏာများမှာ – ၁။ မျက်စိအောင့်ခြင်း ၂။ ကွန်ပြူတာဖန်သားပြင်ကို အာရုံစိုက်ရန် ခက်ခဲခြင်း ၃။ မျက်စိ ခြောက်သွေ့ခြင်း ၄။ ခေါင်းကိုက်ခြင်း ၅။ ကွန်ပြူတာ ဖန်သားပြင်မှ အနီးအနားရှိ အခြားနေရာများသို့ အမြင်ပြောင်းရွှေ့ရာတွင် အခက်အခဲရှိခြင်း ၆။ အမြင်အာရုံ ပျောက်ဆုံးခြင်း ရ။ အလင်းရောင်ကို အထိမခံနိုင်ခြင်း တို့ဖြစ်သည်။ ၎င်းရောဂါလက္ခဏာများမှာ ကွန်ပြူတာဖန်သားပြင်ကို ကြည့်ရာ၌ မျက်စိအား အနားမပေးပဲ အချိန်ကြာမြင့်စွာ ကြည့်ရှုခြင်းကြောင့် ဖြစ်ပေါ်နိုင်ပါသည်။ ပုံမှန်အားဖြင့် […]