zaylayJune 14, 20101min620
အလွန်မိုက်ရိုင်းတဲ့ ကိစ္စတစ်ခု ဒီနေ့ ကြားသိခဲ့ရပါတယ်။ ကျွန်တော့် ဆီ ရန်ကုန် က သူငယ်ချင်းတစ်ယောက် mail ပို ့လာလို ့။ ကျွန်တော့် သူငယ်ချင်း က သူ ့အစ်မ ရင်ဆိုင် ကြုံတွေ ့ခဲ့တာတွေကို ကျွန်တော့ ကိုပြောပြတယ် ဘလောက်မှာတင်ပြီး အသိပေးပေးဖို ့ကိုလည်း ကျွန်တော့်ကို တောင်းဆိုတယ်လေ။ ဖြစ်ပုံက ဒီလို……..တဲ့ ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့ ကျွန်တော်က ဘာဖြစ်လာတာလဲလို့မေးတော့ ဒီလိုပြောပါတယ် သူ့သူငယ်ချင်း ပလာဇာမှာ အကျင်္ ီသွားဝယ်တုန်းက အဝတ်လဲခန်းမှာ အဝတ်လဲတဲ့ ပုံတွေ အင်တာနက်မှာရော ဖုန်းတွေမှာပါ ရှိတယ်တဲ့။ အဲလို ပလာဇာမှာ မိန်းကလေးတွေ အဝတ်လဲခန်းမှာ camera တွေ တပ်ပြီး ဓာတ်ပုံတွေ ခိုးရိုက် […]


zaylayJune 14, 20101min530
ဘယ်သူပြိုင်၍လှပါတော့နိုင် ဇာတ်ကားမှာ ဦးအံ့ကျော်အကယ်ဒမီရတယ် ။ စာတတ်မြောက်ရေး လှုပ်ရှားမှုရဲ့ရောင်ပြန် လူ့စိတ်အညွန့်အဖူ့းတို့ကိုသိမ်းကျုံးယူငင်နိုင်ခဲ့တယ် ။ မြန်မာနိုင်ငံမှာ ကခဂဃင သက်ကြီးစာတတ်မြောက်ရေးလှုပ်ရှား မှုလို့လည်း အမှတ်သိညာပြုခဲ့ကြတယ် ။ နားဝင်ပီယံအရှိဆုံးကတော့ အားလုံးအတွက်စာတတ်မြောက်ရေး Literacy for all ဆိုတဲ့ကြွေးကြော်သံ အခြေခံအရေးအဖတ်အတွက်အချက်ပညာရဲ့အရေးပါပုံပေါ့ ။ နောင်မျိုးဆက်နှစ်ခုကျော်လွန်တဲ ့အခါသမယ ဒီမြင်ကွင်းဟာအတိတ်ပုံပြင်ပမာပြောင်းလဲသွားရတယ် ။ ထောင်စုနှစ်ဖွားများအတွက်ကြွေးကြော်သံအသစ်ကတော့ ဂလိုဘယ်စာတတ်မြောက်ရေး Global literacy ဟူသတတ် ။ မိတ်ဆွေဟာ အင်တာနက် ၊ အင်္ဂံလိပ်စာနဲ့နည်းပညာကို ဘယ်လောက်ယဉ်ပါးသလဲလို့ဆိုလိုပါသတဲ့ ။ ထိုသုံးခုချက်မပိုင်လျှင်နောင်ပြင်ရန် ခက်တဲ့အမျိုးလို့တောင်ဆိုကြလေရဲ့ ။ ကောင်းပါပြီ ။ အဘိုးအဖွားခေတ်မှာအခြေခံပညာဆိုင်ရာပြဿနာတစ်ချို့ရှိခဲ့တယ်။ အဖေအမေများလက်ထက်မှာတော့ အင်တာနက် ၊ နည်းပညာတစ်ချို့နဲ့အတန်ငယ်ဝေးကွာပုံတွေ့ရတယ် ခေတ်ကာလသားသမီးများကျပြန်တော့ i pod ၊ blog ၊ chatting […]


zaylayJune 14, 20101min610
အသိ နှင့် အကျင့် လူအများဟာ အတော်ကိုခက်ပါသည်။ ထိုအထဲမှာ ကျွန်မလည်းအပါအဝင် ဖြစ်ပါသည်။ ထစ်ခနဲဆို စိတ်တိုရ၊ ဒေါသဖြစ် ရတာနဲ့ ကိုယ့်စိတ်ကကိုယ့်ကို ပင်ပန်းစေပါတယ်။ “ငါကတော့ မဟုတ်မခံပဲ။ နည်းနည်းမှ လာမကျောနဲ့။ သူများကိုလည်း မဟုတ်တာမလုပ်ဘူး။ ကိုယ့်ကိုလည်း လာမလုပ်နဲ့။ နည်းနည်းလေးမှ အထိမခံနိုင်ဘူး´´ ဆိုတဲ့ စိတ်တွေက နှလုံးသားမှာ စွဲလျက်ရှိကြပါတယ်။ ကျွန်မကတော့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်ပြီး စိတ်ကြီးဝင်မိပါတယ်။ တကယ်တော့ ဒါတွေဟာ အတ္တမာန်တွေပါပဲ။ လူငယ်ပီပီ အတ္တစိတ်ထားပြီး မာန်တက်နေခြင်းပင်ဖြစ်ပါသည်။ ကျွန်မတို့ရဲ့ မြတ်စွာဘုရား ဟောကြားထားတဲ့ `ခန္တီ´ဆိုတဲ့ သည်းခံခြင်းဂုဏ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေပါသည်။ ထို့ကြောင့် ရှေးလူကြီးသူမများက `ငါသာငါထက်မာန်မတက်နဲ့´ဟု ဆုံးမခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ အချင်းချင်း ချစ်သောမျက်စိနဲ့ ကြည့်ကြပြီး အကောင်းမြင် တတ်သူသည် စိတ်ချမ်းမြေ့ဖွယ်ရာများကို […]


zaylayJune 14, 20101min600
အရပ်အခေါ် garlic လို့ခေါ်တဲ့ ကြက်သွန်ဖြူရဲ ့ ရုက္ခဗေဒ အမည်က Allium sativum ဖြစ်ပါတယ်။ ကြက်သွန်နီ onion ရဲ့ မိသားစု Alliaceae ထဲမှာ ပါဝင်တဲ့ မျိုးစိတ် တစ်ခုပဲဖြစ်ပါတယ်။ အစိမ်းစားလျှင် ပူစပ်စပ် အရသာရှိတဲ့ ကြက်သွန်ဖြူဟာ ချက်ပြုတ်လိုက်တဲ့အခါမှာတော့ ချိုသော အရသာရှိပါတယ်။ကြက်သွန်ဖြူရဲ့ အရွက်ဖြစ်တဲ့ ကြက်သွန်မိတ် နဲ့ အဖူး အပွင့်များကိုလည်း စားသုံးလို့ရပါတယ်။ ကြက်သွန်ဖြူ အမွှာများကို အစိမ်းသော်လည်းကောင်း ၊ ချက်ပြုတ်စားသော်လည်းကောင်း ဆေးဘက်ဝင်ပါတယ်။ မချက်ပြုတ်ထားသော ကြက်သွန်ဖြူ အစိမ်းကိုစားသုံးခြင်းဖြင့် သွေးကြောများ အတွင်း သွေးခဲခြင်း နဲ့ သာမန်ထက် ပိုတဲ့ သွေးပေါင်ချိန်ကို လျော့ကျစေပေမယ့်လည်း များသောအားဖြင့်တော့ ကြက်သွန်ဖြူကို ချက်ပြုတ်ပြီးမှသာ စားသုံးကြပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အာဂျင်တီးနား […]


zaylayJune 14, 20101min710
ညစ်ပတ်တာ ရိုင်းစိုင်းတာမပါပါဘူး။ ဟာသအနေနဲ့ရေးထားတာပါ။ အဆုံးထိဖတ်ပြီးမှဝေဖန်သွားပါခင်ဗျာ။ တစ်ရံရောအခါကပေါ့။သူငယ်ချင်းသုံးယောက်ရှိသတဲ့။ တစ်ယောက်က တင်ပါးက ချွန်နေလို့နာမည်ကို ထွေထွေထူးထူးမှဲ့မနေဘူး။ ဖင်ချွန်တဲ့။ တစ်ယောက်ကတော့ နှပ်ချေးကအမြဲထွက်နေတော့ သူ့ကိုလဲနာမည် ပေးထားတာကနှပ်ချေးထွက် နောက်တစ်ယောက်ကတော့ငတ်လွန်းအားကြီးလို့ အငတ်တဲ့။ တနေ့သူတို့သုံးယောက်ဟာ အပန်းဖြေထွက်ရင်းနဲ့လှေစီးဖို့တိုင်ပင်ကြသတဲ့။ ဒီလိုနဲ့ပဲ လှေစီးဖို့သဘောတူပြီး စိးကြပါလေရော။ ဇာတ်လမ်းကအခုမှစတာ….။လှေစီးဖို့ကို ဖင်ချွန်ကလှေပေါ်ထိုင်ချလိုက်တယ်ဆိုရင်ပဲ သူ့ရဲ့ တင်ပါးကချွန်နေလေတဲ့အတွက် လှေကပေါက်သွားပါလေရော။ သူတို့ကလဲ လှေကိုအရမ်းစီးချင်နေတော့ လှေဖာဖို့နည်းလမ်းရှာရတာပေါ့။ ဒီမှာတင် နှပ်ချေးထွက်က သူ့ရဲ့ အမြဲတမ်းထွက်နေတဲ့နှပ်ချေးကိုညှစ်ပြီး လှေကိုဖာပေးလိုက်သတဲ့။ လှေအတွက်ကတော့ အဆင်ပြေသွားပါပြီ။ အဆင်မပြေတာက နှပ်ချေးထွက်က နှပ်ချေးနဲ့ဖာလိုက်တာကို အငတ်က မနေနိုင်ပဲကောက်စားလိုက်တော့တာ ပေါ့။ ဒီမှာတင်သူတို့ရဲ့လှေဆက်စီးမယ့်ဇာတ်လမ်းပြတ်သွားတာပါပဲ။


zaylayJune 14, 20101min740
နားလည်မှာလား အချစ်တစ်ခု ၊ ဆက်ဆံရေး တစ်ခုမှာ နားလည်မှုတွေက အရေးကြီးဆုံးလို့ ပြောကြပေမယ့် ကြင်သူကို ဘယ်လို နားလည်ပေးရမလဲ …သူ့စိတ်ထဲမှာ ဘာတွေရှိနေတယ် ဆိုတာကို ကိုယ်က ဘယ်လို သိနိုင်မှာလဲ ဆိုတဲ့ မေးခွန်းတွေ မကြာခဏ ကြားနေရမှာပါပဲ။သူတစ်ပါးဟာ ကိုယ်မဟုတ်တဲ့အတွက် သူတစ်ပါးကို အပြည့်အဝ နားလည်ပေးဖို့ ၊ နားလည်နိုင်ဖို့ ဆိုတာရယ်၊ နားလည်ပေးနိုင်တယ်ပဲ ထားဦးတော့ ကိုယ့်စိတ်ကရော ဘယ်လောက်ထိ သည်းခံနိုင်မှာလဲ ဆိုတာရယ် တွေကရှိလာပြန်ပါတယ်။ မိန်းမသားတွေ နဲ့ ယောက်ျားတွေရဲ ့ အတွင်းစိတ်မတူညီမှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားမလည်နိုင်မှုတွေက ကြီးထွားလာပါတယ်။ မိန်းမသားတွေက ဘယ်လောက်ပဲ ပွင့်လင်းပါတယ် ဆိုဦးတော့ ဘယ်တော့မှ တိုက်ရိုက် မပြောတတ်ပါဘူး။မျက်နှာစူပုပ်နေပြီး ရှောင်ဖယ်ဖယ် လုပ်နေတဲ့ မိန်းမတစ်ယောက်ကို သူ့ချစ်သူက […]


zaylayJune 14, 20101min711
Be Happy ! link လေးတစ်ခုပို့လိုက်ပါတယ်။ ပေါ်လာတဲ့ link ထဲက Massage ဆိုတဲ့ box လေးထဲမှာ ကိုယ့်ချစ်သူရဲ့နာမည်ကို ရိုက်ထည့်လိုက်ပါ ပြီးရင် submit လုပ်လိုက်ပေါ့။ ဒါဆိုရပါပြီ။ မှတ်ချက်။ space ခြားချင် ခြားလို့ရပါတယ်။ ဒါပေမယ့် အင်္ဂလိပ်လိုတော့ ရိုက်ဖို့လိုပါတယ်။ အဲ………တစ်ခုပြောဖို့မေ့နေေ သးတယ်။ Head Phone လေးတပ်ပြီးနားထောင်ရင်တော့ ပိုကောင်းတယ် ။ ဒီlink လေးကို click လိုက်နော်[?][?][?][? http://www.star28.net/snow.html


zaylayJune 14, 20101min690
ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင် 1. ရေများများသောက်ပါ 2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့ သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်) 3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊ 4. ဘဝမှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy တို့ဖြစ်ပါတယ်။ 5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။ 6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။ 7. သင် 2009 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။ […]


zaylayJune 14, 20101min380
သူငယ်ချင်း……….မင်းအားငယ်နေလား………. အားတင်းထားပါ.. ဆုံးရှုံးမှုဆိုတဲ့နတ်ဆိုးကို မင်းမျိုုးဖြုတ်ပစ်နိုင်ပါတယ် ။ သူငယ်ချင်း……….အရမ်းဝမ်းနည်းနေလား…… မင်းမျက်ရည်တွေသုတ်ပစ်လိုက်! သူတို့ကမင်းရဲ့စိတ်ဓါတ်ကို ပျော့ညံ့ညံ့ ဖြစ်စေတယ်။ သူငယ်ချင်း……….စိတ်ပျက်နေပြီလား………. ကိုယ့်ဘဝကိုယ် အမှန်အတိုင်းကြည့် မင်းမြင်ရတဲ့ အရာကို လှေကားထစ်လို နင်းတက်စမ်း။ သူငယ်ချင်း……….ရင်ဖွင့်ချင်လား…….. မျိုသိပ်မထားပါနဲ့ အဲဒါကိုအစ က စပြော ငါတို့..နားထောင်နေတယ်။ သူငယ်ချင်း……….အသည်း ကွဲ နေလား….. ဒါဆို…မင်းကံကောင်းပြီ! အဲဒီ့ တစ်ယောက် က မင်းအချစ်နဲ့ မတန်သေးဘူး။ သူငယ်ချင်း……….အထီးကျန်နေလား………. တစ်ယောက်တည်း မနေနဲ့ ငါတို့နဲ့ အတူ ခံစားမှုဆိုတဲ့ ..စနက်တံကိုမီးဝိုင်း ရှို့မယ်။ သူငယ်ချင်း……….မင်းကို သူတို့ အထင်သေးနေလား…. ဒေါသမဖြစ်နဲ့! မင်းရဲ့ မြှုပ်နေတဲ့အရည်အသွေးတွေ သူတို့ မမြင်နိုင်သေးလို့ပါ။ သူငယ်ချင်း……….မင်း…..ပန်းတိုင်ရောက်ပြီလား……. တက်…..မထောင်နဲ့ဦး ငါနောက်လှေကြည့်လိုက်ဦးမယ်။ သူငယ်ချင်း……….မင်းဘဝအောင်မြင်ပြီလား……. ဂုဏ်ယူပါတယ် မင်းရဲ့နောက်မှာ(မင်းရဲ့ရှေ့မှာ) မင်းသူငယ်ချင်းတွေ….လက်ခုပ်တီးနေကြတယ်……။


zaylayJune 14, 20101min780
အလုပ်ထဲမှာ သူများ တွေထက် ပို ကြိုးစား ကြောင်း လုပ်ယူတဲ့ နည်းလမ်း လေးတွေပါ၊ အီးမေးလ် ကနေ ကောက်နုတ် ထားပါတယ်။ တချို့ အချက်တွေ မှန်သင့် သလောက် မှန်ပါတယ်၊ ကျနော် လက်ခံ နိုင်ဆုံးသော အချက် ကတော့ နံပါတ် ၆ ပါ၊ ဒီလို ခေတ်ကြီးမှာ အလွန် အရာ ရောက်ပါတယ်၊ နံပါတ် ၂ လိုလုပ်နည်း ကတော့ သူဌေးတွေ အံတို နေလောက် ပါပြီ၊ ဝန်ထမ်းတွေရဲ့ ကွန်ပြူတာ လုပ်သမျှကို နောက်ကနေ မော်နီတာ လုပ်နေတာ ထုံးစံ ပါပဲ။ ၅ နဲ့ ရ ကျတော့ သူဌေး ပေါ်မူတည် ပါတယ်၊ ကျနော့ […]


zaylayJune 14, 20102min560
> ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ > > ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် > > ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ > > သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို > > အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။ > > > > *ရေသောက်သုံးသင့်သော အချိန်များ* > > > > > > – နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား > […]


zaylayJune 14, 20101min681
အွန်လိုင်းကနေ အဓမ္မ ခြိမ်းခြောက် ငွေတောင်းမှုများ အကြောင်း အင်တာနက် သုံးစွဲသောအမျိုး သမီး များအား အဓိက ပစ်မှတ်ထား ပြီး အင်တာနက်မှ တစ်ဆင့် ခြိမ်း ခြောက် ငွေတောင်း မှုများဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။ အသက်၁၉နှစ်အရွယ်ကျောင်း သူအမျိုးသမီးအား အမျိုးသားတစ် ဦးက ငွေကျပ်သုံးသိန်းကို သူ့ထံသို့ ပေးပို့ရမည်၊ မပေးပါက အင်တာနက် မှတစ်ဆင့် သူမ၏ဓာတ်ပုံများဖြန့် မည်ဟုခြိမ်းခြောက်မှုဖြစ်ပွားခဲ့သောကြောင့် မြောက်ဥက္ကလာပရဲစခန်း တွင် အမှုဖွင့်တိုင်ကြားခဲ့ရကြောင်း သူမကပြောသည်။ “သူနဲ့တွေ့ကြတာကလည်းအွန် လိုင်းပေါ်မှာပဲ တွေ့တာပါ။ သူက ကျွန်မရဲ့ဂျီမေးလ်ထဲကို အင်ဗိုက်လုပ် ပြီး ဝင်လာတော့ လက်ခံလိုက်တာ၊ သူနဲ့ဂျီတော့ထဲမှာ စကားပြောဖြစ် တယ်။ နောက်တော့ သူ့ရုပ်လည်း မြင်ရအောင် ကိုယ့်ရုပ်လည်းမြင်ရ အောင်ဆိုပြီး ဗီဇက်အိုမှာ ပြောဖြစ် […]


zaylayJune 14, 20101min510
မနေ ့က ဒီက မြန်မာဆိုင်မှာ စာအုပ်သစ်တွေသွားရှာရင်း ဘုန်းဘုန်းရဝေနွယ်စာအုပ် အသစ်တွေ ့တာနှင့် ဝယ်လာလိုက်တယ်။ စာအုပ်နာမည်ကြည့်လိုက်တော့ ရယ်လိုက်မိတယ်။ ဘုန်းဘုန်းကတော့ လုပ်ချလိုက်ပြီလို ့တွေးရင်းနှင့်။ စိတ်ညစ်ရင် ရေချိုးပါ တဲ့။ ဒီနေ ့မနက်တော့ အလုပ်သွားရင်းနှင့် ရထားပေါ်မှာ စဖတ်ဖြစ်တယ်။ စာအုပ်ကို စဖတ်ဖတ်လိုက်ချင်းပဲ ဇင်ပုံပြင်နှင့် စထားတာတွေ ့လိုက်တယ်။ ဘုန်းဘုန်းက ဒီပုံပြင်ကို တော်တော်လေး သဘောကျပုုံရတယ်။ တရားပွဲတွေမှာ တရားဟောရင်လည်း ထည့်ပြီး ဟောတတ်တယ်။ အခုလည်း ဒါနှင့်ပဲ စဖွင့်ထားတာဆိုတော့။ စာအုပ်ကို ဖတ်ရင်းနှင့် စိတ်ထဲမှာ ကြည်နူးမှုဖြစ်ရပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်ကဖြစ်မယ်ထင်ပါတယ်။ ဦးဇင်းလေးတစ်ပါးက ဇင်ပုံပြင်တွေဖတ်ချင်တယ်။ လက်လှမ်းမီရာ ရှာပေးဖို ့ အကူအညီတောင်းတာနှင့် ကျွန်တော်လည်း ကမ္ဘာတခွင်ပြဲပြဲစင်အောင် မော်နီတာဖန်သားပြင်ထဲကနေ ဟိုရှာဒီရှာ လုပ်ပေးပြီး […]