zaylayJune 16, 20101min520
အလှူ၏ ကြီးကျယ်မြင့်မြတ်ပုံ မြတ်စွာဘုရား ဟောကြားတော်မူသော ဝေလာမပုဏ္ဏားကြီးအလှူနှင့် စပ်လျဉ်း၍ အလှူတစ်ခုထက် တစ်ခု ကြီးကျယ်မြင့်မြတ်ပုံကို အောက်ပါအတိုင်း နှိုင်းယှဉ်ခဲ့ပါသည်။ -ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ စားဖွယ်ပစ္စည်း ၈၄၀၀ဝ စီ လှူသော အလှူထက် သောတာပန်တစ်ဦးကို လှူပါက ကြီးမြတ်ကြောင်း။ -သောတာပန် ၁၀ဝ ကို လှူသည်ထက် သကဒါဂါမ်တစ်ဦးကို လှူပါက ပိုမြတ်ကြောင်း။ -သကဒါဂါမ် ၁၀ဝ ကို လှူသည်ထက် အနာဂါမ်တစ်ဦးကို လှူပါက ပိုမြတ်ကြောင်း။ -အနာဂါမ် ၁၀ဝ ကို လှူသည်ထက် ရဟနာ္တတစ်ပါးကို လှူသူက ပိုမြတ်ကြောင်း။ -ရဟနာ္တ ၁၀ဝ ကို လှူသည်ထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို လှူသူက ပိုမြတ်ကြောင်း။ -ပစ္စေကဗုဒ္ဓါ ၁၀ဝကို လှူသည်ထက် သမ္မာသံဗုဒ္ဓ […]


zaylayJune 16, 20101min711
Password နဲ့ ပတ်သက်တဲ့ သတိပေးချက် တွေကို မကြာခဏ ကြားဖူးကြမှာပါ။ အင်္ဂလိပ်စာလုံး အကြီးနဲ့ အသေးတွဲသုံးဖို့၊ နံပါတ်နဲ့ အက္ခရာ တွဲသုံးဖို့၊ #%&! အစရှိတဲ့ Special Character တွေ ထည့်သုံးဖို့၊ အဘိဓာန် ထဲက စကားလုံးတွေ မသုံးဖို့၊ စာလုံး အရေအတွက် များများ သုံးဖို့၊ QWERTY လိုမျိုး အစဉ်လိုက် စာလုံးတွေ မသုံးဖို့ ဆိုတဲ့ သတိပေးချက်မျိုး တွေကို ကြားရတတ် ပါတယ်။ဒါပေမယ့် ကွန်ပြူတာ အသုံးပြုသူ အများစုကတော့ ဘာအကြောင်းကြောင့် ဒီလို သတိပေးတယ် ဆိုတာကို သဘောမပေါက် ကြပါဘူး။ အလွယ်တကူ မှတ်လို့ မရအောင် အဲဒီလို လုပ်ခိုင်းတယ် လို့ပဲ ထင်တတ်ပါတယ်။ တကယ့် အကြောင်းရင်းမှန်ကတော့ […]


zaylayJune 16, 20101min730
ီစာလေးကတော့ ကိုယ့်ကိုယ်ကို ရုပ်ဆိုးတယ်..သူများလိုကြည့်ကော င်းတဲ့ရုပ်ရည်မျိုးမရှိပါဘူး…ငါတတ်တာဘာမှမရှိပါဘူးလို့ အားငယ်စိတ်မွေးတတ်တဲ့ယောကျင်္ားများ..ကိုယ့်ကိုယ်ကိုသိမ်ငယ်နေတတ်တဲ့ယောကျင်္ားများ..ဖတ်ကြည့်ကြဖို့ပါ….သင့်ကိုယ်သင် Smart မဖြစ်ဘူးလို့ထင်နေခဲ့ရင် ဘယ်လိုနည်းအားဖြင့်ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုတည်ဆောက်နိုင်တယ်ဆိုတာ လေ့လာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ… ရုပ်မချောလည်း ရုပ်ထွက်အောင် လုပ်လို့ရတယ် ဒီခေါင်းစဉ်ကိုလူတိုင်းစိတ်ဝင်စားမယ်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ရုပ်ချောသူဟာ နေရာတိုင်းမှာ လူ့အခွင့်အရေးပိုရတတ်ပြီး မိန်းမတွေရဲ့ချင်ခင်မှု၊လူတွေရဲ့နှစ်လိုမှုကို ပိုမိုရရှိတဲ့ လူအမျိုးအစားဖြစ်လို့ပါပဲ။ ဒါပေမဲ့ လူတော်တော်များများဟာ ရုပ်ရည်ရူပကာချောမောပြေပြစ်ခြင်းမရှိကြပါဘူး။ ဒီအတွက်ထိုင်စိတ်ဓာတ်ကျနေစရာမလိုပါဘူး။ ယောက်ျားတွေရဲ့ အဓိကအရည်အချင်းက ရုပ်ပေါ်မှာမူမတည်ပါဘူး။ အရည်အချင်းပေါ်မှာပဲမူတည်တာပါ။ ဒါပေမဲ့ရုပ်ချောခြင်းကို ယောက်ျားတိုင်းအလိုရှိကြပါတယ်။ ကိုယ်အလိုရှိတဲ့အရာက ကိုယ့်ဆီမှာ မရှိခဲ့ဘူးဆိုရင် ဒီဆောင်းပါးက အထောက်အကူပြုပါလိမ့်မယ်။ အဝတ်အစား ရုပ်ထွက်တယ်၊ ရုပ်မထွက်ဘူးဆိုတာက အဝတ်အစားပေါ်မှာလည်း အများကြီးမူတည်တယ်။ အကယ်၍ကိုယ်ဝတ်ပုံစားပုံကို လူတွေကကြိုက်ကြတယ်ဆိုရင် ကိုယ်ရုပ်ဆိုးနေတာကို လူတွေကမြင်တော့မှာ မဟုတ်ဘူး။ အကယ်၍ကိုယ့်မှာ ဘာစတိုင်လ်မှမရှိဘူးဆိုရင် စတိုင်လ်ရှိဖို့အရင်ဆုံးအဝတ်အစားတချို့ဝယ်ရပါလိမ့်မယ်။ ဘယ်လိုအဝတ်အစားဝယ်ရမလဲဆိုတာ မသိရင် စတိုင်လ်ကျကျဝတ်စားတတ်တဲ့ သူငယ်ချင်းအပေါင်းအသင်းတစ်ယောက်ယောက်ကို အဖော်ခေါ်ပြီးသွားဝယ်ပါ။ မိန်းမတွေဟာ […]


zaylayJune 14, 20101min760
မင်းတော့….သေပြီသာမှတ်ပေတော့ ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။ “ဟေ့ကောင်ကြီး….အိမ်မှာဘယ်လို အခြေအနေရှိလဲ.. အေးဆေးပဲလား” “ဟာ….မအေးဆေးဘူးဆရာ….ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ” “ဟေ…မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်…” “ကျွေးပါတယ်ဆရာရယ်…” “အေး…ကျွေးရင်ပြီးရော….သေတာကသေသွားပြီ..ရှိစေတော့…ရှိစေတော့ ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ…အအေးမိတာလား” “မဟုတ်ဘူးဆရာ….အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ” “ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက” “ဆ..ဆရာ…စိတ်မဆိုးရဘူးနော်.. ပြီးတော့…ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်…..” “အေးပါ…မြန်မြန်ပြောစမ်းပါ…” “ဟိုလေ….ဆရာမြင်းကြီး….အဲလေ…ဆရာ့မြင်းကြီးအသားအပုပ်တွေ…..” “ဘာ….ငါ့မြင်းကြီး…ဟုတ်လား..” “ဟုတ်…ဟုတ်…သေသွားပြီဆရာ..” “ဟေ!!!!….” “သူကတော့ပင်ပန်းပြီးသေတာဆရာ” “ဘာကွ…မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား..” “မဟုတ်ဘူးဆရာ…ရေ…ရေသယ်ရလို့ပါ…” “ဘာ!!!!…ရေ………ဟုတ်လား….????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ” “ဟို..ဟိုလေ….မီးလောင်လို့…” “ဘာ!!!!!! မီးလောင်လို့ဟုတ်လား….ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်..” “ဆရာ.အိမ်ပေါ့ဆရာရယ်” “ဘာကွ…ဟေ့ကောင်….ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်” “ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က” “…အ..အ…အသုဘ…ဘယ်..ဘယ်သူလဲဟင်” “ဆရာ့အမေ….” “ဘာကွ..ငါ့အမေသေပြီ…ဟုတ်လား…အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ” “ဒီလိုပါဆရာရယ်…အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ…လူရိပ်တစ်ရိပ်…ဖျတ်ခနဲမြင်တာနဲံ့.. ဟ..သူခိုးဟ..ဆိုပြီး…အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ် တခါတည်းပွဲချင်းပြီးသွားတယ်…ဆရာ..” “ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ.. ..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း…မင်း..သေပြီသာမှတ်.” ရဲစခန်းသို့ ဖုန်းဆက်လိုက် “ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ […]


zaylayJune 14, 20101min600
မှန်မှန်ဖြေရင် အဖြေမှန်ကိုပြောမယ်… (အောက်ကအဖြေကိုကြိုမကြည့်ဘာနဲ့) မလိမ်နဲ့ ။မှန်မှန်ဖြေ။ အမှန်တရားကိုပြောလိမ့်မယ်။ စာရွက် ပေါ်မှာအဖြေကိုရေးပါ။မလိမ်ပါနဲ့။ အဖြေကိုအောက်မှာပေးထားတယ် မေခွန်း ၁။ မင်းရဲ့ အကြိုက်ဆုံးအရောင် က အနီ၊အနက်၊အပြာ၊အစိမ်း၊အဝါ ? (တခုရွေးပါ ) ၂။မင်းနာမည်ရဲ အစစာလုံးကဘာလဲ? ၃။မင်းမွေးတဲ့လ? ၄၊ မင်း အဖြူရောင် ။အနက်ရောင် ဘယ်အရောင်ကိုပိုကြိုက်သလဲ? ၅၊ မင်းအချစ်ဆုံးလူရဲ့နာမည် (မိမိနှင့်အမျိုုးတူသောသူ တွက်သူသည်မိန်ကလေးဖြစ်ရင်မိန်းကလေးနာမည်ဖြစ်ရမည် တွက်သူသည်ယောကျင်္ားလေးဖြစ်ရင ်ယောကျင်္ားလေးနာမည်ဖြစ်ရမည်) ၆၊မင်းအကြိုက်နှစ်သက်ဆုံး NO ? ၇။ မင်းလေယာဉ်မောင်းရတာကိုကြိုက်လား ။ကားမောင်းရတာကိုကြိုက်လား? ၈။မင်း ရေကန် ကိုကြိုက်လား ။ ပင်လယ်ကိုကြိုက်လား? ၉၊ မင်းဖြစ်ချင်တဲ့ဆန္ဒကိုရေးပါ? အဖြေ ၁ နံပါတ်၁ မှာရွေးသောမေးခွန်းများ၏အဖြေ အနီ – မင်းဟာတက်ကြွတယ် ။ မင်းရဲ့ဘဝဟာ အချစ်တွေနဲ့ပြည့်နေမယ် […]


zaylayJune 14, 20101min720
မြန်မာကားများကြည့်ပြီး ရရှိလာသော ဗဟုသုတ (၁၀၀) ၁။ မြန်မာလူမျိုးများသည် ခဏခဏ အတိတ်ကို ပြန်သတိရလေ့ရှိသူများဖြစ်ကြပြီး များသောအားဖြင့် အတိတ်ကို အဖြူအမည်းဖြင့်သာ သတိရလေ့ရှိသည်။ ၂။ သီချင်းနားထောင်လေ့ရှိသူများဖြစ်ပြီး သီချင်းနားထောင်နေရင်း အတိတ်အကြောင်းများ ပြန်တွေးလေ့ရှိသူများဖြစ်ကြသည်။ ၃။ စားသောက်ဆိုင်တွင် စကားစမြည်ပြောမည်ဆိုပါက .. အစာလုံးဝမစားရ။ (သိပ်စားချင်လျှင် အရည်တခုခု သို့မဟုတ် အနည်းငယ်မျှ စားခွင့်ရှိသည်။ ) ၄။ မိန်းကလေးများ ကားပျက်လျှင် အနီးအနားတွင် ကူညီပေးချင်သော ယောက်ျားလေးများ အများအပြားရှိသည်။ ၅။ ထိုယောက်ျားလေးများအားလုံးသည် ကားပြင်တတ်သူများသာဖြစ်ကြသည်။ ၆။ ထိုမိန်းကလေးသည် Handphone ရှိသော်လည်း များသောအားဖြင့် လမ်းသွားလမ်းလာများကိုသာ အကူအညီတောင်းလေ့ရှိသည်။ ၇။ Professional Graphic Designer တစ်ယောက်သည် Laptop ဖြင့် Touch pad […]


zaylayJune 14, 20101min610
မင်း ရဲ. ဘဲကိုစိတ်ဆိုးရင် ဒါလေး ပဲဖွင့်ပြီး စိတ်ရှိသလို ဆော်ပစ်…If u angry ur boyfriend..Do it like that http://www.counterfeitmini.com/main.swf


zaylayJune 14, 20101min721
စိတ်ရိုင်းဝင်စ ညီအစ်မများသို့ အကြောင်းအမျိုးမျိုးကြောင့် လူတိုင်းစိတ်ရိုင်းကလေးများ ဝင်တတ်ကြပါသည်။ အချို့မိန်းကလေးများ သည် စီးပွားရေးအကြပ်အတည်းများကြောင့် လည်းကောင်း၊ ပေါ့တန်သောစိတ်ရင်းခံတို့ကြောင့် လည်းကောင်း၊ ရန်ကြွေးရန်စများကို လက်စားချေလိုသောကြောင့် လည်းကောင်း၊ မော်ချင်ကြွားချင်သော စိတ်ရိုင်းလေး များကြောင့် လည်းကောင်း လူချမ်းသာ အိမ်ထောင်သည်များကို မြှူဆွယ်ဆက်ဆံမိ တတ်ကြသည်ကို ယခုဆယ်စုနှစ်ပိုင်းတွင် ပိုမိုတွေ့လာ ရလေသည်။ တကယ်တမ်းတော့ လွန်ခဲ့သော နှစ်၂၀၊ ၃ဝခန့်က သည်လို မိန်းကလေးမျိုး လူတစ်သိန်း တွင် တစ်ယောက်ခန့်သာရှိတတ်ခဲ့သော်လည်း စာရေးသူမှာ ခရီးသွား လုပ်ငန်းကို လုပ်ကိုင်လာရင်း လူပေါင်းစုံနှင့် ဆက်ဆံလာရသောအခါ ဒါမျိုးချည့်ဟု မပြောလိုသော်လည်း မိန်းမငယ်လေးများ အကျင့် စာရိတ္တလက်တစ်လုံးခြား ပျက်ပြားမှုများကို တော် တော်များများ တွေ့ကြုံရသဖြင့် သတိပေးသင့်သော အနေအထားတစ်ရပ်သို့ ရောက်လာပြီဖြစ်သော ကြောင့်သာ မျက်စိရှက်လှသည်ကို သည်းမခံနိုင် […]


zaylayJune 14, 20103min953
> (၁) ဘာသာရေးအမြင်နှင့်သုံးသပ်ခြင်း > > ———————————————————————— > (က) > ငွေကြေးပေါများသောသူတော်တော်များများမှာတွေ့ရပါတယ်၊၊ > ငွေ ၃-၄-၅သိန်းစသဖြင့်အကုန်ခံပြီး ချောင်းသာ၊ ငပလီ၊မောင်းမကန် တို့ကိုသွားပြီး > ရေငံငံတွေရှီတဲ့ပင်လယ်ကိုသွားကြည့်ပါတယ်၊၊ဇိမ်ခံကြပါတယ်၊၊ > ငါတော့မသေခင်ငါတို့ကိုးကွယ်တဲ့ဗုဒဘုရားရှင်ပွင့်တော်မူခဲ့သောဗုဒ္ဓဂါယာကို > သွားဖြစ်အောင်သွားပြီးတော့ကိုဖူးလိုက်ဦးမယ်ဟေ့ဆိုတာဒီနေ့အထိမတွေဘူးသေးပါဘူး၊၊ > > (ခ) > ခုခေတ် ဗုဒ္ဓဘာသာဝင်မိန်းကလေးများ ဖြစ်ပါတယ်၊၊ > ခေတ်တွေတိုးတက်နေပါပြီဆိုပြီးကလပ်တွေတက်ပါတယ်၊အရက်-ဘီယာသောက်ပါတယ်၊ > ဝိုင်သောက်ပါတယ်၊ပန်းခြံတွေမှာရည်းစားသညာတွေနဲ့ချိန်းတွေ့ပြီး အကုန်ပေးပါတယ်၊၊ > ကိုယ့်ကိုကိုယ်မိန်းမဆိုတာကိုသတိမရကြပါဘူး၊၊သူတို့တွေရဲ့မြင်ကွင်းတွေဟာ > INTERNET မှာVIDEOများ၊ဓါတ်ပုံများအဖြစ်နဲ့ပျံ့နှံ့နေပါတယ်၊၊ > > စင်င်္ကပူ၊ဒူဘိုင်း၊အမေရိကား > စတဲ့နိုင်ငံတွေကိုပညာသင်ကြားဖို့အတွက်ဖြစ်စေ၊အလုပ်လုပ်ဖို့ဖြစ်စေ > သွားရောက်နေသောမြန်မာအမျိုးသမီးများ(မှတ်ချက်-ပျက်စီးနေသော မိန်းမဆိုးများကိုသာ > ဆိုလိုပါသည်-သိက္ခာတရားနဲ့မိန်းမဂုဏ်ကို အသက်မကတန်ဖိုးထားစောင့်ထိန်းပြီး > စာကိုပဲတစိုက်မတ်မတ်ကြိုးစားနေသည့် လေးစားဖွယ် မြင့်မြတ်သောမိန်းကလေးများ၊ > […]


zaylayJune 14, 20101min580
၉လတော့ စောင့်ရမယ် ..(ဟာသ) ( အင်မတန်သဘောကျစရာကောင်းလှပါ၍ မဖတ်ရသေးသူများအတွက် သူငယ်ချင်းပေးပို့သော အီးမေးမှ ပြန်တင်ခြင်းဖြစ်ပါသည်.. ကျေးဇူးပါ.. ဒေါက်တာခိုင်မျိုး ) အမျိုးသား တစ်ဦးသည် အလုပ်တွင် အဆင်မပြေဖြစ်တိုင်း မိမိမှာတော့ မိသားစုအတွက် နေ့စဉ်နေ့တိုင်းအလုပ်တွင် အနည်းဆုံး ၈ နာရီ အလုပ်လုပ်ရချိန်၌ ဇနီးဖြစ်သူ မှာ အိမ်တွင် အေးအေးဆေးဆေး နေနိုင်နေကြောင်းကို တွေးမိကာ ဇနီးသည် ကို မနာလိုဖြစ်နေတက်သည်။ မိန်းမအား မနာလိုမူတို့ အားကြီးလာသာအခါ တစ်ည ညအိပ်ရာ ဝင်ချိန်တွင် ဘုရားသခင်ကို တိုင်တည်ဆုတောင်းသည်ဟူ၏။ “အဖ ဘုရားသခင်….. ကျွန်တော်သည် နေ့စဉ်အနည်းဆုံး ၈နာရီအလုပ်လုပ်ရချိန်တွင် ဇနီးဖြစ်သူမှာ အိမ်၌ ကောင်းစွာ နားနေနိုင်ပါသည်။ ဘဝမှာ မမျှတပါ… သို့ဖြစ်ပါ၍ မိန်းမတို.၏ အေးဆေးသက်သာရှိသောဘဝ ကို […]


zaylayJune 14, 20101min600
ထူးဆန်းသည့် ကမ္ဘာ့သမိုင်း၏ကိန်းဂဏာန်းများ ဒီသမိုင်းဝင်ဖြစ်ရပ်ကိုရှင်းပြနိုင်ပါသလား အေဗရာဟင်လင်ကွန်း ( Abraham Lincoln) ကို ၁၈၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။ ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) ကို ၁၉၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။ အေဗရာဟင်လင်ကွန်း ကို အမေရိကန်သမ္မတအဖြစ် ၁၈၆ဝ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ ဂျွန်အက်ဖ် ကနေဒီ ကို အမေရိကန်သမ္မတအဖြစ် ၁၉၆ဝ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ သူတို့နှစ်ဦးလုံးသည် ပြည်သူ အခွင့်ရေးကို ဦးစားပေးသည်။ သူတို့နှစ်ဦးလုံးသည် အိမ်ဖြူတော်မှာနေစဉ် ခလေး ဆုံးရှုံးခဲ့ရသည်။ သူတို့နှစ်ဦးလုံးသည် ဦးခေါင်းကိုသေနတ်ဖြင့်ပစ်ခံရပြီး လုပ်ကြံခံခဲ့ရပါသည်။ သူတို့နှစ်ဦးလုံးသည် သောကြာနေ့တွင် လုပ်ကြံခံခဲ့ရပါသည်။ ပို ၍ ထူးခြားတာက.. လင်ကွန်းအတွင်းရေးမှုး၏နံမည်သည် ကနေဒီ Kennedy ဖြစ်ပြီး ကနေဒီအတွင်းရေးမှုး၏နံမည်သည် လင်ကွန်း Lincoln ဖြစ်သည်။ သူတို့နှစ်ဦးလုံးကို တောင်ပိုင်းသားတွေက […]


zaylayJune 14, 20101min1023
ကွှန်တော်တို့မြန်မာနိုင်ငံက လူငယ်တော်တော်များများက လက်ကိုင်ဖုန်းတွေကို communication လုပ်ဖို့ဆိုတာထက် Fashion သဘောအဖြစ်ကိုင်ကြတာကပိုများတယ်ခင်ဗျ။ လက်ကိုင်ဖုန်းတစ်လုံးရဲ့အသုံးဝင်မှုများကို အတော်များများက Camera , FM Radio, Alarm, MP3 music အတွက် လောက်ပဲ သိထားကြတယ်။ အခုတစ်ခါ လက်ကိုင်ဖုန်းတစ်လုံးရဲ့လျို ့ဝှက်ချက်များ၊ အသိနည်းတဲ့အသုံးဝင်မှုများကို ကျွန်တော် ဖတ်ဖူးတာစုပေါင်းပြီးပြန်လည်တင်ပြလိုက်ပါတယ်။ (၁) အရေးပေါ် အတွက် သုံးလို့ရတယ်ဗျ keypad ကို locked လုပ်ထားရင်တောင် လက်ကိုင်ဖုန်းတွေဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့လက်ကိုင်ဖုန်းဟာ အနီးဆုံး […]


zaylayJune 14, 20101min631
မြန်မာနိုင်ငံ အပါအဝင် ကမာ္ဘတလွှားက အင်တာနက် သုံးစွဲသူတွေဆီကို Forward Mailအနေနဲ့ ပျံနှံ့ရောက်ရှိနေခဲ့တဲ့ မေးခွန်းကတော “၂၀၁၂ခုနှစ်မှာ ကမာ္ဘပျက်မှာလား”ဆိုတဲ့ မေးခွန်းပါ။ နီဘီရူယှဉ်တွဲမှုဖြစ်ရပ် (Nibiru Collision)လို့ ခေါ်ကြတဲ့ အဲဒီကိစ္စဟာ တကယ်ဖြစ်လာမှာ မဟုတ်ပါဘူးလို့ NASA (အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ)က ပညာရှင် တစ်ဦးက ပြောသွားခဲ့ပါတယ်။ နီဘီရူကိစ္စဟာ ကြီးမားလှတဲ့ ဂြိုဟ်အပိုင်းအစကြီးတစ်ခု ကမာ္ဘမြေကို (၂၁)ရာစု အစောပိုင်းမှာ တိုက်ရိုက်ထိမှန်မယ် (ဒါမှမဟုတ်) ကမာ္ဘနားက ကပ်ပြီးဖြတ်သွားမယ်ဆိုတဲ့ အယူအဆကို အခြေခံပြီး လူပြောများလာတာပါ။ ဒီအကြောင်းကို (၁၉၉၅)ခုနှစ်က zetatalkဝက်ဘ်ဆိုက် တည်ထောင်သူ အမျိုးသမီး နန်စီလေဒါက စပြီးတော့ ဖော်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ နန်စီဟာ သူ့ကိုယ်သူ စိတ်ဝိဉာဉ် ပေါင်းကူးနိုင်စွမ်းရှိတယ်လို့ ကြေညာထားပြီး Zeta […]