zaylayJune 22, 20101min1415
>> >> မြန်မာ့အလှမယ်ရွေးချယ်ပွဲ ၂၀၁၀ >> >> က) အခုုအစီအစဉ်ကတော့ ၂၀၁ဝ မြန်မာ့ အလှမယ်ရွေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အလှမယ်လေးများကိုု ဉာဏ်စမ်းမေးခွန်းများ မေးမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ အခုုဖြေဆိုုမယ့် အလှည့်ကျသူကတော့ ရှားရှားပါးပါး တယောက်တည်း ဝင်ပြိုင်ပြီး ပြိုင်ဘက်မရှိ နံပါတ် ၁ ပြေးနေတဲ့ အလှမယ်လေး ဆည်းဆာဝါဝါ ဖြစ်ပါတယ်၊ ညီမလေးက စိတ်အရမ်းကိုု လှုပ်ရှားနေတယ် ထင်တယ်….မျက်နှာက ငိုုမလိုု ရယ်မလိုုနဲ့။ >> >> ခ) စိတ်လှုပ်ရှားတာပေါ့ရှင်.. ပြိုင်ဘက်မရှိတဲ့ ပွဲတွေမှာတောင် ရှုုံုးသွားရင် မရှိတဲ့အရှက် ကွဲရချည်ရဲ့။ >> >> က) ကဲ.. ညီမလေးရေ ပထမမေးမယ့် မေးခွန်းလေးကတော့ မြန်မာနိုု်င်ငံမှာ အမြဲတမ်း စိမ်းလန်းနေတဲ့ အရာပာာ ဘာလဲ၊ […]


zaylayJune 22, 20101min901
ဆေးဖက်ဝင်အသီးအနှံများအနက် ထောပတ်သီးအကြောင်း PDF Print E-mail ထောပတ်သီး (က) သရုပ်ဖော်ခြင်း ထောပတ်သီးသည် ကြီးမားသော အသားပြည့်သည့် ပဲပုံသဏ္ဍာန် ဘယ်ရီသီးမျိုးဖြစ်သည်။ ၎င်းအပြင် တစ်ခုတည်းသော ကြီးမားသည့် အစေ့ပါရှိကာ ယင်းအစေ့ကို ထောပတ်လို သဏ္ဍာန်တူသော အသားနှင့် မာသော အခွံများက ဝန်းရံထားသည်။ အသီးသည် စိမ်းဝါရောင်မှ နီညိုရောင်၊ ခရမ်းရောင်ရှိသည်။ ထောပတ်သီးပင်သည် အမြဲစိမ်းသစ်တောတွင် ပေါက်ရောက်သောအပင်ဖြစ်သည်။ အမြစ်မှာ ခပ်နက်နက်တွင် မရှိပဲ၊ မြင်သာသော အမွှေးအမှင်လည်း မရှိကြပေ။ (ခ) မူးရင်းဇာတိနှင့် ပြန့်နှံ့မှု ထောပတ်သီးပင်သည် ဗဟို အမေရိကတိုက်တွင် စတင်ပေါက်ဖွားသည်။ ရှေးဦး စပိန်စူးစမ်းရှာဖွေသူများက ၎င်းအပင်များ စိုက်ပျိုးမှုကို မက္ကဆီကိုမှ ပီရူးအထိကြောင်း မှတ်တမ်းတင်ခဲ့သည်။ ၁၆၁၀ ခုနှစ်တွင် ထောပတ်သီးကို တောင်ပိုင်းစပိန်သို့ […]


zaylayJune 22, 20101min781
ရယ်ချင်ရယ်ပေ့ါ * ဟာသ ဆွေးနွေးမှုမှာ ဇွန်လ 21, 2010 ၊ အချိန် 12:07pm မှာ ကောင်းမြတ် မှ တင်ထားပါတယ်။ * ဆွေးနွေးချက်များကိုကြည့်မည်။ မယားဓါတ်ပုံ မယား – ရှင် ကျွန်မဓါတ်ပုံ ကို နေ.တိုင်း ရုံးတက်တဲ.အိတ်ထဲထည်.ထည်.ထားတယ် ။ ဘာလို.လဲ။ လင် – ဪ ဘယ်လောက် ကြီးမားတဲ. အခက်ခဲ ကြုံရ ပါစေ မင်းဓါတ်ပုံကိုကြည်.လိုက်တာနဲ. အားလုံးကို ကျော်လွားနိုင်ခဲ.တယ်။ မယား – ကြည်.စမ်း၊ ကျွန်မ ဟာ ရှင်.အတွက် ဘယ်လောက်တောင် တန်ဖိုးရှိသလဲ နော်။ လင် – ဟုတ်ပါ.၊ မင်းဓါတ်ပုံကို ကြည်.ပြီး ငါ.ကိုယ်ငါ ပြန်မေးကြည်.တယ် “ဒီထက်ဆိုးတဲ. အခက်အခဲ […]


zaylayJune 22, 20101min932
မိန်းမယူရင်သိထားရမယ့်အဓိကစဉ်းစားစရာသုံးချက်ရှိတယ်..ကိုယ်တစ်ကယ့်တစ်ကယ်ယူတော့မယ်။ ကိုယ်အသက်အရွယ်နဲ့ဆိုအတော်ပဲ ယူသင့်နေပြီဆိုရင်တော့ စဉ်းစားရမယ့်အချက်အလက်တွေပါပဲ။ဒါတွေကိုမှ မစဉ်းစားမိပဲယူမယ်ဆိုရင်တော့ အိမ်ထောင်ရေးအတွက် သိပ်အခြေမလှတတ်ပါဘူး။ (၁) ကိုယ်မိန်းမမယူခင်မိဘကိုကိုယ်ဘာတွေလုပ်ကျွေးပြီးပြီလဲ လူ့လောကကြီးမှာအဓိကကိုယ့်အပေါ်ကျေးဇူးရှိတာကဘယ်သူလဲ..မလွှဲမသွေမိဘနှစ်ပါးပါပဲ။ ကိုယ့်မိဘနှစ်ပါးမသေခင်ကိုယ်ဘာတွေလုပ်ကျွေးပြီးပြီလဲ။ မိဘနှစ်ပါးကိုကိုယ်ဘာတွေစိတ်ချမ်းသာအောင်ထားပြီးပြီလဲ။ အင်းမိဘနှစ်ပါးလုံးကွယ်လွန်သွားမှတော့ငိုနေလည်းအလကားပဲ။ မိဘနှစ်ပါးသေရင်ကိုယ်ဝမ်းနည်းစရာမလိုလောက်အောင်ကိုအတတ်နိုင်ဆုံးလုပ်ပေးထားပါ။ ကိုယ်မလုပ်ကျွေးနိုင်ပဲထားအုံးတော့စိတ်ချမ်းသာအောင်ထားခြင်းဟာလည်း ကျေးဇူးဆပ်ချင်းတစ်မျိုးပဲဆိုတာမိတ်ဆွေတို့သိမှာပါ။မိဘကျေးဇူးတွေဘယ်လောက်ကြီး တယ်ဆိုတာကိုအကျယ်မဖွင့်တော့ပါဘူး။အဓိကပြောပြချင်တာလေးတစ်ခုရှိတယ်။အဲ့ဒါက ‘ကိုယ့်ကိုမွေးကြီးပြင်းလာအောင်လုပ်ကျွေးပခုံးထမ်းပေးခဲ့တဲ့အမေကို လုပ်မကျွေးနိုင်သေးပဲနဲ့သူများကမွေးတဲ့ သမီးကိုလုပ်မကျွေးချင်ပါနဲ့ဗျာ’ (၂) ကိုယ်ဘာတွေပြင်ဆင်ပြီးပြီလဲ ? ဘဝလက်တွဲဖော်ဆိုတာကို ကိုယ်ရွေးချယ်မယ့်အရွယ်ရောက်လာရင်လည်း စဉ်းစားစရာတွေရှိပြန်ရော။ကိုယ်နဲ့ကောင်မလေး ဘက်ကမိဘတွေဘယ်လိုအဆင်ပြေအောင်နေမလဲ။ကိုယ်ကရောသည်းခံနိုင်တဲ့သူလား။ သည်းမခံနိုင်တဲ့သူလား။ကိုယ့်ဘာသာပြန်မေးကြည့်ခုကိုယ်ကတစ်ယောက်ထဲသမား။ ကဲလက်ထက်ရတော့မယ်ဟေ့ဆိုရင်ပါးစပ်ပေါက်ကနှစ်ပေါက်ဖြစ်လာပြီ။အဲ့ပါးစပ်ပေါက်နှစ်ပေါက်ကို ဘယ်လိုရှာကျွေးမလဲ။ကိုယ့်လစာလေးနဲ့ရောအဆင်ပြေမလား။ အင်းပြေတယ်ထားအုံးတော့မွေးလာတဲ့ကိုယ့်ရဲ့ခလေးတွေကိုဘယ်လိုဝအောင်ရှာ ကျွေးမလဲ။ကျနော်ထင်ပါတယ်ဘယ်ယောကျင်္ားလေးမှ ကိုယ်ယူတဲ့မိန်းခလေးကိုတော့ အလုပ်လုပ်ခိုင်းမယ်လို့တော့မထင်ဘူး။အိမ်ဦးနတ်ဆို တာအလကားထားတာမဟုတ်ဘူးလေ။မွေးလာတဲ့ခလေးတွေကို ရောအဆင့်အတန်းမှီအောင်မျက်နှာမငယ်အောင်ကိုယ်ဘယ်လိုတွေလုပ်ပေးရမလဲ။ (၃) ကျားနှစ်ကောင်ပြိုင်ပြီ.. တစ်ကယ်လို့လင်နဲ့မယားနှစ်ယောက်လုံးကအလုပ်အကိုင်ရှိတယ်ထားအုံးတော့။ ယောကျင်္ားကသူ့ရဲ့အလုပ်မှာကျားတစ်ကောင်လိုအစွမ်းအစရှိတယ်။ အဲ့လိုပဲမိန်းခလေးလုပ်သူကလည်းသူ့အလုပ်မှာအစွမ်းအစရှိတယ်။ ပြောရင်ထက်မြတ်တာပေါ့ဗျာ။ သူတို့ကအလုပ်ထဲမှာကျားတစ်ကောင်လိုပဲထက်မြတ်တယ်။တော်ကြတယ်ပေါ့။ အင်းအလုပ်တွေပြီးလို့အိမ်ပြန်လာတဲ့အခါကျရင်တော့ အဲ့ကျားဆိုတဲ့ဂုဏ်ပုဒ်ကြီးကိုယူလာကြရင် အိမ်ထောင်ရေးဆိုတာမတည်မြဲတော့ဘူး။ကျနော်ထင်ပါတယ်ဘယ်ယောကျင်္ားလေးကမှကိုယ့် အရှေ့မှာမယားလုပ်သူက မော်ကြွားမော်ကြွားနဲ့ပြောတာကိုတော့ သည်းခံနိုင်မှာမဟုတ်ဘူး။ငါကဘယ်လောက်တော်တာငါ့လောက်ဘယ် သူမှမလုပ်နိုင်ဘူး။နင်ရောလုပ်နိုင်လားဆိုရင် ကဲဘယ်လိုဖြေမလဲ။အဲ့ဒါကြောင့်အိမ်ပြန်လာရင်ကျားဆိုတဲ့ဂုဏ်ပုဒ်ကြီးဆိုတာကိုခွာချလာပါ နမူနာတွေတစ်ကယ့်အဖြစ်အပျက်တွေအများကြီးပဲ။ ကျနော်ကြားဖူးတာပြောပြချင်တယ်။နေရာကမန်းမြို့တော်လေးမှာ။အဖြစ်ကတော်တော်လေးကြာပါပြီ။ လင်မယားနှစ်ယောက်လုံးခွဲစိတ်ဆရာဝန်တွေ။နာမည်တော့မပြောတော့ပါဘူး။ တစ်အားကိုနာမည်ကြီးတာပေါ့။ […]


zaylayJune 22, 20101min1024
တရုတ်ပြည် တောနက်ထဲမှာ တွေ့ရတဲ့ ၅၅ ပေရှည်တဲ့မြွေကြီးဟာ ယနေ့အချိန်မှာ ခေတ်အစားဆုံး သတင်း တပုဒ်ဖြစ်လို့လာခဲ့ပါပြီ ။ ဒီသတင်းကို မူရင်းစတင်ခဲ့တာကတော့ တရုတ်နိုင်ငံ Official Communist Party သတင်းစာဖြစ်တဲ့ People’s Daily ရဲ့ သတင်း website မှာ ဖော်ပြထားခဲ့ပါတယ် ။ ဒီသတင်းကပြောဆိုထားတာကတော့ Jiangxi စီရင်စု မှ Guping မြို့တော်အပြင်ဖက်မှာရှိတဲ့ သစ်တောကို လမ်း အသစ်ဖောက်လုပ်ဖို့အတွက် အလုပ်သမားတွေ သစ်တောရှင်းလင်းစဉ်းမှာ ဒီ ဧရာမကြီးမားတဲ့ မြွေကြီး ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ် ။ ဒီမြွေကြီးဟာ အလွန်ကြီးမားတဲ့ မြွေကြီး ၂ ကောင်အနက်က တကောင်ဖြစ်ပြီး ဖြစ်စဉ်ကတော့ အလုပ်သမားတွေက မြေကြီးတွေကို ညှိဖို့ မြေတူးစက်နဲ့ ဆောင်ရွက်နေစဉ်မှာ မြေကြီးထဲမှာ […]


zaylayJune 18, 20101min1314
၁။ စက္ကန့်တိုင်းလျှင် အမေရိကန် ၂၅ဝ ဒေါ်လာဝင်ငွေရှိပြီး တစ်ရက်တာကာလအတွက် ဒေါ်လာသန်း ၂ဝ ဝင်ငွေရှိ၍ တစ်နှစ်ဝင်ငွေ ၇.၈ ဘီလီယံရှိသည်။ ၂။ အကယ်၍ သူသည် ဒေါ်လာတစ်ထောင်ပြုတ်ကျသွားခဲ့သည်ဆိုပါလျှင် ဘယ်တော့မှပြန်ကောက်လိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အဆိုပါပြန်လည်ကောက်ယူမည့်အချိန် ၄ စက္ကန့်တွင်ပင် သူသည် ဒေါ်လာတစ်ထောင် ပြန်လည်ရရှိခဲ့ပြီးဖြစ်သောကြောင့်တည်း။ ၃။ အမေရိကန် ဖက်ဒရယ် အစိုးရ၏ ပြင်ပကြွေးမြီသည် ၅.၆၂ ထရီလီယံမျှရှိသည်။ အကယ်၍ ဘီလ်ဂိတ်သာ အဆိုပါ အကြွေးကို ပေးဆပ်ရမည်ဆိုပါက ၁၀ နှစ်မပြည့်မီကာလတွင်ပင် အကြွေးကျေသွားလိမ့်မည်။ ၄။ ကမ္ဘာပေါ်ရှိလူတိုင်းကို ၁၅ ဒေါ်လာစီ အလှူဒါနပြုခဲ့သည်ဆိုသော် ၎င်းအိတ်ကပ်ထဲတွင် ဒေါ်လာ ၅ သန်းခန့် ကျန်ရှိနေဦးမည် ဖြစ်သည်။ ၅။ အမေရိကန်အားကစားလောကတွင် အချမ်းသာဆုံးစာရင်းဝင်ဖြစ်သော မိုက်ကယ်ဂျော်ဒန် ၂၂ရ […]


zaylayJune 18, 20101min690
အမေရိကန် Texas မှာနေထိုင်သူ သာမာန်ပိုက်ပြင်သမားတစ်ယောက်ဖြစ်တဲ့ Barney Smith ဆိုသူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကတည်းက သူရဲ့ ကြီးကျယ်ခမ်းနား တဲ့ အိမ်သာ ထိုင်ခွက်ပေါ်မှာ အလှဆင်တဲ့ ပြတိုက်ကြီးကို စတင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ လောက်တုန်းကတော့ သမင်ချို ချိတ်ဖို့ အောက်ခံ အပြားလိုက်ရှာရကနေ သစ်သားနဲ့ လုပ်ထားတဲ့ အိမ်သာ ထိုင်ပြား ကိုတွေ့ရှိခဲ့တာကနေ ပြီးတော့ အိုင်ဒီယာ ရသွားပြီး ပြုလုပ်ခဲ့လိုက်တာ အခုဆိုရင် ၇ဝဝ ကျော်ရှိတဲ့ အိမ်သာ ထိုင်ခွက်အဖုံးပြားတွေမှာ အလှဆင်ထားသော အနုပညာ ပြတိုက်တစ်ခုရဲ့ ပိုင်ရှင်ကြီးဖြစ်နေပါပြီး။ ဒီလိုအိမ်သားပြားတွေကို အိမ်ပေါ်ယူလာပြီး လုပ်လို့ လားတော့မသိဘူး မိန်းမက အိမ်ပေါ်မှာမနေဖို့ မောင်းချတဲ့ နောက်ပိုင်း ကားဂိုထောင်တစ်ခုမှာ […]


zaylayJune 17, 20101min921
မေမေ ဒီနေ့ကျောင်းမှာ သမီးကိုယ့်နာမည်ကို ပေါင်းတတ်သွားပြီ ဆရာမက မေမေ့နာမည်ရေးပါတဲ့ စာရွက်ဗလာကို ငေးကြည့်ရင်း မျက်ရည်ကျလာတယ် မေမေ့နာမည်မှ သမီးမသိဘဲ မေမေရယ် ဖေဖေ လမ်းထိပ်က သူငယ်ချင်းကို သူ့အဖေက စက်ဘီးစီးသင်ပေးနေတယ် သမီးလေ အရမ်းစီးချင်လို့ သူငယ်ချင်းကို ပူဆာမိပါတယ် သူကနင့်အဖေကို ဝယ်ခိုင်းပါလားတဲ့ သမီးလည်း ဘယ်ရမလည်း ပြန်ပြောခဲ့တာပေါ့ သမီးဖေဖေက အဝေးကြီးမှာ အလုပ်သွားလုပ်တာလို့ ပြန်လာရင် ကားကြီးပါလာမှာ နင့်ကိုပေးမစီးဘူးလို့ ဖေဖေ လာခေါ်မယ်မှတ်လားဟင် မြန်မြန်လာပါနော် ဖေဖေနော် မေမေ ဒီနေ့ကျောင်းမှာ သမီးကို လူရည်ချွန်ရွေးတယ် ဒါပေမဲ့ အုပ်ထိန်းသူပါမှ ခရီးထွက်ရမယ်တဲ့ သူငယ်ချင်းတွေနဲ့ထွက်သွားတဲ့ ကျောင်းကားကြီးကိုကြည့်ပြီး သမီးပြုံးလိုက်တယ် သမီးမငိုပါဘူး မေမေရယ် မေမေမပါဘဲလည်း သမီးမသွားချင်ပါဘူး သမီးကို မေမေပြန်လာခေါ်တဲ့အခါကြမှ တူတူခရီးသွားကြမယ်နော် ဖေဖေ ဒီနေ့ဆရာမက […]


zaylayJune 17, 20101min1041
သာဓု – “အိမ်ထောင်ဆိုတာဘာလဲ” ပါပု – “အိမ်ထောင်ဆိုတာ အဝိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့ လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့ အားခဲနေကြတယ်” သာဓု – “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဉာဏ် ပိုလာသလား” ပါပု – “ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး” သာဓု – “လူပျိုနဲ့ လူအို ဘာကွာသလဲ” ပါပု – “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်” သာဓု – “မိန်းမဆိုတာဘာလဲ” ပါပု – “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်” သာဓု […]


zaylayJune 17, 20101min811
အချစ်ဦး — တစ်သက်တစ်ခါ တစ်လွှာတစ်ရွက် တစ်ခက်တစ်ပွင့် ငုံအဆင့်မို့ ရင့်လို့ပဲဝါဝါ ညှာတံပဲပြုတ်ပြုတ် ဖြုတ်ခနဲပဲကြွေကြွေ မြေမှာပဲရောက်ရောက် ဖွဖွကလေးကောက်လို့ ပန်းခြောက်လေးပဲမြတ်နိုးမယ်။ ………………………………………………….


zaylayJune 17, 20101min700
(၁) ဖက်ထုပ်လေးနှစ်ထုပ် မင်္ဂလာဆောင်တယ်။ သတို့သားဖက်ထုပ်က ဧည့်သည်တွေကို ပြန်ပို့ပြီးနောက် အိပ်ခန်းထဲဝင်လာတယ်။ ကုတင်ပေါ်မှာ အသားတုံးတစ်တုံးတွေ့တော့ ကြောက်အားလန့်အား ထအော်တယ်။ “ငါ့ သတိုးသမီး ဘယ်ရောက်သွားလဲ?” အဲဒီအခါ အသားတုံးက ရှက်ရှက်နဲ့ပြန်ပြောတယ်။ “ဟင့်… သူများ အင်္ကျီချွတ်လိုက်တာနဲ့ သူများကို မမှတ်မိတော့ဘူးလားတဲ့!” (၂) သခွါးသီး အသဲကွဲပြီး ငိုနေတယ်။ ခရမ်းသီးက ဘေးကနေပြီး နှစ်သိမ့်နေတယ်။ “အချစ်က လှပရုံတင်မကဘူး မူးယစ်စေတယ်၊ ကြေကွဲစေတယ်၊ မျက်ရည်ကျစေတယ်၊ ဟင်း! မင်းကွာ… ကြက်သွန်နီကိုမှ သွားချစ်မိတယ်လို့!” (၃) ငိုပြီးပြန်လာတဲ့ ခြင်ကလေးကို ခြင်မေမေက ဘာဖြစ်တာလဲလို့ မေးတယ်။ ခြင်ကလေး “အီး..ဟီး.. ဖေဖေသေသွားပြီ!” ခြင်မေမေ “ဟင်း… ဖေဖေက သားနဲ့အတူ စတိတ်ရှိုးသွားကြည့်တာ မဟုတ်လား!” ခြင်ကလေး “ဟုတ်တယ်.. […]


zaylayJune 17, 20101min911
တစ်ခါတုန်းက..တိုင်းပြည်တစ်ပြည်မှာ..ပန်းနုရောင်အရိုင်းနှလုံးသားနဲ့ဒွန်းစဏ္ဍားလေးတစ်ယောက်ရှိခဲ့ဖူးတယ်.။(သူက. ဘုရားကျွန်မျိုးနွယ်ပါ…မလုပ်ချင်..မကိုင်ချင်လို့ တောင်းစားတာမဟုတ်ဘူး.) သူ့ ဘဝက..နိမ့်ကျနုံချာလွန်းပါတယ်..။ အိမ်ရှိပေမယ့်..အိမ်နဲ့မနေရဘူး..။အရပ်တကာလှည့်လို့ တောင်းရမ်းစားသောက်ခဲ့ရတဲ့အတွက်..သူ့ ခြေဖဝါးတွေ.. ကြမ်းတမ်းခက်ရော်နေပေမယ့်.. သူ့နှလုံးသားကတော့..ပန်းတစ်ပွင့်ပေါက်လာနိုင်လောက်အောင်ကို…နူးညံ့သိမ်မွေ့ တယ်.။ကျောက်သားခုတင်ပေါ်မှာအိပ်ပြီးလမင်းအိပ်မက်တွေ..မက်ခဲ့ရတဲ့..ကောင်လေးပေါ့..။ တစ်နေ့ မှာ..သူတို့ တိုင်းပြည်က..ကြေငြာချက်တစ်ခုထုတ်တယ်..။ဘုရင့်သမီးတော်လေးရဲ့ မွေးနေ့ ပွဲအတွက်.အလှူပွဲ ကြီးတစ်ခု..လုပ်မယ်တဲ့..။.သူတို့ ဘဝမှာ..ကြုံတောင့်ကြုံခဲ..အခွင့်အရေး.တစ်ခုက..မင်းသမီးလေးကို.ဖူးမြော်ခွင့်ရကြမှာ ပေါ့..။..ကောင်လေးဟာလည်း..သူများနည်းတူခွက်ဆွဲလို့ လာခဲ့တယ်..။ကံကြမ္မာကသူ့ ဘဝကို..အရုဏ်ကျင်းပေးခဲ့တာ လား..။မိုးမှောင်ကြီး..ချပစ်ခဲ့တာလား..။ဘယ်သူမှ..မသိပါဘူး…။..ဝေါယာဉ်ပေါ်က..ရွှေလိုက်ကာလေး..တဖြတ်ဖြတ်ကွာ သွားတဲ့အခါ..သူ့ ရင်တွေ..တဆတ်ဆတ်.ခါသွားတယ်..။ဘယ်သူမမြင်..ဘယ်သူမသိပေမယ့်..သူ့ ရင်ကိုသူဖိခဲ့ရတယ်..။ “.အို..မင်းသမီးလေး..ငါ့.ဝိညာဉ်ရဲ့ ဝိညာဉ်.. မင်းသမီးလေး..”……အသံမထွက်ပဲနဲ့ ရေရွတ်ရှာတယ်…။..အဲဒီနေ့ က..သူပြန်လာခဲ့တယ်…။..ခွက်ဗလာနဲ့ ပြန်ခဲ့ရတဲ့..သူ့ ရဲ့ ညနေဟာ…ဘယ်တုန်းကမှ..ဒီလို..မလှပခဲ့ဖူးဘူး.။ စကားဝါပွင့်တွေကို ဘယ်သူရနံ့ ထည့်ပေးခဲ့တာလဲ…။..သူ…………..ချစ်တတ်ခဲ့ပြီ….။ အဲ့ဒီနေ့ ကစလို့ သူဟာ..မတောင်းရမ်းတော့ဘူး.။(သူကတောင်းမှ..စားရမယ့်လူလည်း..မဟုတ်ဘူးလေ.။)အချိန်ရှိသရွေ့ ကောင်းကင်နဲ့ လမင်းကိုပဲ..ငေးကြည့်..နေတတ်တယ်..။..တစ်ချို့ က မေးငေါ့…။..တစ်ချို့ ကခေါင်းရမ်း..။..တစ်ချို့ စုပ်သပ်….။ဘယ်သူတွေ..နားလည်ခဲ့..ကြပါသလဲ..။.ဘယ်သူတွေ..ခံစားပေးတတ်ခဲ့ကြပါသလဲ..။အသိတရားဆိုတာ.. နှလုံးသားကြွေချိန်ကို..ဘယ်တုန်းကများ…လိုက်မှီဖူးလို့ လဲ…။..ကောင်လေးဟာ…သူ့ လျှာကို..သူကိုက်လို့ ..လူမိုက် လို့ ခေါ်သမျှ..ခေါင်းငုံ့ နေခဲ့တယ.်..။အင်းလေ…ထူးလှတယ်တော့လည်း..မဟုတ်ပါဘူး..။အချစ်ဆိုတာဆင်…လူဆို တာ.မျက်မမြင်ပဲ..မဟုတ်လား….။ တစ်နေ့မှာတော့..ကောင်လေးရဲ့ နားကို..မိုးကြိုးလို…ထစ်ချုံး.စေမယ့်..သတင်းတစ်ရပ်..ကြားလိုက်ရတယ်…။.. […]