zaylayJune 12, 20101min1280
မှန်သလားလို့ပါ သားငယ်သည် အမေဖြစ်သူအား ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက် ဘေးတိုက်ကြည့်လိုက်နှင့် အပြန်ပြန် အလှန်လှန် ကြည့်သည်။ကြာသော် အမေဖြစ်သူ စိတ်မရှည်တော့သည်နှင့် ဒေါသသံဖြင့် ပြောသည်။ “ဟဲ့ ကောင်လေး ဘာဖြစ်လို့ ငါ့ကို ဒီလောက်ကြည့်နေတာလဲ။´´ “ဖေဖေ ပြောတာမှန် မ မှန်သိချင်လို့ပါ။မေမေ၊ဖေဖေက အိမ်က အစေခံ မကျော့ကိုပြောတယ်၊ `ငါတို့ နှစ်ယောက် နေတာထိုင်တာ သတိထားရမယ်၊ငါ့မိန်းမရဲ့ နောက်စေ့မှာလည်း မျက်စိပါတယ်` တဲ့။ မြိုမကျဘူး စစ်ဆေးရေးအဖွဲ့ ဆေးရုံသို့ရောက်ရှိလာပြီး လူနာတစ်ယောက်ကိုမေးသည်။ “ဘာရောဂါနဲ့တက်ရောက်ကုသနေတာလဲ ခင်ဗျာ။´´ “လိပ်ခေါင်းရောဂါပါ။´´ “အခု မိတ်ဆွေကို ဘယ်လို ကုသနေပါသလဲ။´´ “စအိုထဲကို ပိုက်သွင်းပြီး ဆေးတွေ လောင်းချပါတယ်။´´ “မကျေနပ်တာ ရှိလား။´´ “မရှိပါဘူး၊အားလုံးကောင်းပါတယ်။´´ ဘေးကုတင်က လူနာကို စစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက မေးပြန်သည်။ “မိတ်ဆွေကကေရာ […]


zaylayJune 12, 20101min1793
လူတစ်ယောက် ဘုရားသခင်ထံသို့ သူဧ။်အပြစ်ကို ဝန်ချတောင်းပန်သည်။ ဘုရားသခင်။ ။ မင်းမှာဘာအပြစ်ရှိလို့လဲ။ လူ။ ။ ကျွန်တော်အရင်တစ်ပတ်က ကျွန်တော့်သူငယ်ချင်းအိမ်ကို သွားလည်တယ်။ သူ့အိမ်ရောက်တော့ သူကမရှိဘူး။ အိမ်မှာသူ့မိန်းမပဲရှိတယ်။ အဲဒါနဲ့ကျွန်တော်ပြန်မယ် လုပ်တော့ .. မိုးက ဝုန်းကနဲဆို ရွာချရော။ ထီးကလည်းမပါဘူး။ ဒါနဲ့ပဲ သူငယ်ချင်းမိန်းမက မိုးခိုရင်းကော်ဖီသောက်လိုက်ဆို ပြီး ကော်ဖီဖျော်တိုက်တယ်။ အဲ … မိုးကလည်းတော်တော်နဲ့ မဆဲဘူး။ အဲဒါနဲ့ပဲ မထိန်းနိုင်ဖြစ်ပြီး သူငယ်ချင်းမိန်းမ နဲ့မှားသွားမိတယ်။ အဲဒါကြောင့် ခွင့်လွှတ်ပါ။ ဘုရားသခင်။ ။ ရပါတယ်။ ဒါကလူတိုင်းဖြစ်နိုင်တာပဲ။ ခွင့်လွှတ်ပါတယ်။ လူ။ ။ မပြီးသေးဘူး။ လွန်ခဲ့တဲ့သုံးရက်လောက် ကကျွန်တော် ယောက္ခမအိမ်ကို သွားလည်တယ်။ မိန်းမကလည်း မအားလို့မလိုက်တော့ဘူးတဲ့။ ယောက္ခမ အိမ်ရောက်တော့ သူမရှိဘူး။ Party […]


zaylayJune 12, 20101min1360
ရှင်ဘုရင်ရဲ့လျှို့ဝှက်ချက် > > > တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။ > > နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။ > “အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ” > > “မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်” > > “ဘာကျေးဇူးများလဲ” > > “မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ […]


zaylayJune 12, 20101min1863
မိမိချစ်သူဘာလုပ်နေတယ်ဆိုတာ satellite ကနေ ကြည့် ဒီနေ့ ခေတ်အား IT ခေတ်ဆိုတဲ ့အတိုင်း အရမ်းတိုးတက်တာ အံ့ဩသင့်စရာပါပဲ ….. အခုပဲ satellite ကနေ မိမိချစ်သူဘာလုပ်နေတယ်ဆိုတာ အလွယ်တကူကြည့်လို့ ရပါတယ် .. ဘာမှမလိုအပ်ပါဘူး .. မိမိချစ်သူရဲ့ GSM ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးယုံပါပဲ .. satellite ကနေ GSM Network နဲ့ ချိတ်ဆက်ပြီး ရှာဖွေပေးတာပါ .. ကော်နက်ရှင် အရမ်းကောင်းစရာလဲ မလိုပါဘူး .. ကျနော်ရှာတာတော့ သေချာတွေ့ ရပါတယ် …. မြန်မာမိသားစုဝင်အချင်းချင်း လက်တို့ ပေးလိုက်ပြီးနော် .. အောက်ကလင့်ကို ပြေးပေတော့ .. လုပ်နည်းကတော့ Countery ကိုရွေး ၊ ပြီးရင် မိမိချစ်သူ […]


zaylayJune 12, 20101min1370
*အကယ်ဒမီ ယတြာ ရန်ကုန်သားတာတေ* ဦးရုက္ခစိုး တယောက် အကယ်ဒမီပွဲ တက်ဖို့ နေပြည်တော် ရောက်နေသည်။ ယခုခရီးစဉ်သည် သူ၏ ပထမဆုံး အကြိမ် နေပြည်တော် ခရီးစဉ်ဖြစ်သည်။ သူ့လက်ထဲမှာ ကင်မရာ၊ ကက်ဆက်၊ မှတ်စုစာအုပ်၊ ဘောပင်တို့နှင့် ရှုပ်နေရသည့်အထဲ ဖိုးရှုပ်က မိုးဟေကို လက်မှတ် အရယူခဲ့ဖို့ဆိုပြီး အော်တိုတအုပ် အတင်းထည့် ပေးလိုက်သေးသည်။ ဆုပေးပွဲပြုလုပ်မည့် မြို့တော်ခန်းမ အဝင်အဝမှ အပေါက်စောင့်က သူ့ကိုအသေအချာရှာသည်။ အပေါက်စောင့်။ ။ ခင်ဗျားက အချွန်အတက်တွေနဲ့ ဘာလဲဗျ။ ဦးရုက္ခစိုး။ ။ ကျုပ်က ချင်းမိုင်ရုက္ခစိုးလေ။ အကယ်ဒမီပေးပွဲ သတင်းယူဖို့လာတာ။ အပေါက်စောင့်။ ။ ဒါဆိုဂျာနယ်လစ်လား။ ဦးရုက္ခစိုး။ ။ အဲလိုပြောလည်းရပါတယ်။ ကဲ ဝင်မယ်နော်။ အပေါက်စောင့်။ ။ မရဘူး […]


zaylayJune 12, 20101min1762
အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ် ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ် သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ် အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်း ဝယ်ဖို့ လိုအပ် ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။ သူမကလဲ သဘောရိုးနဲ့ လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ် ပြန်တက်လို့ မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီ ယောက်ျားဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွား ခဲ့တယ်။ ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ […]


zaylayJune 12, 20102min1994
Subject: Fwd: တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစည်းကြိုး Hair Bands များ အကြောင်း။ To: ——– ဈေးကွက်တွေမှာ ဈေးပေါပေါနဲ ့ ရောင်းချနေတဲ့ တရုတ်နိုင်ငံထုတ် စားသောက်ကုန်များ၊ ဆေးဝါးများသာမက လူသုံးကုန် အသုံးအဆောင်ပစ္စည်းတွေကိုပါ သတိထား သုံးစွဲရမယ့် အခြေအနေတွေ ရှိပါတယ်။ ဈေးပေါတယ်၊ သက်သာတယ်၊ သုံးရတာ လွယ်ကူ အဆင်ပြေတယ် ဆိုတာလောက်ကို ကြည့်ပြီး ဘေးအန္တရယ် ကျရောက်နိုင်တာ၊ သုံးစွဲရ သင့်တော် မသင့်တော် ကိုပါ ထည့်တွက် စဉ်းစားပြီးမှ ဝယ်ယူသုံးစွဲ သင့်ပါတယ်။ ဘေးဒုက္ခ ရောက်မှသာ မရှူနိုင် မကယ်နိုင်ဖြစ်ပြီး အချိန်လွန် ဆုံးရှုံးရတာတွေ မဖြစ်စေချင်ပါ။ ယခုဖေါ်ပြတဲ့ ဆံပင် ခေါင်းစည်းကြိုးက တရုတ်ပြည်ကနေ ထုတ်လုပ်တာပါ။ ဒီ […]


zaylayJune 12, 20101min1291
မြန်မာပြည်မှာခုတလောနာမည်ကြီးနေတဲ့PRIVATE SCHOOL ရဲ့လိမ်ညာမှုုုုုုုုုု *private school တွေဖွင့်တော့ M.Sc M.A ရထားတဲ့မိန်းကလေးတော်တော်များများဝမ်းသာကြပါတယ်။ private school တွေကM.Sc M.A ရထားတဲ့သူတွေကိုဆရာမအဖြစိ study guide အဖြစ်ခန့်မယ်လို့ seven days news ဂျာနယ်မှာ အတိအလင်းပြောထားတာကိုဖတ်ခဲ့ရလို့ပါ။ အဲဒီထဲမှာကျွန်မလဲတစ်ယောက်အပါအဝငိဖြစ်ခဲ့ပါတယ်။ ကျွန်မကM.Sc ရထားတဲံသူကိုး။ မဟာမြကျွန်းသာ(MMAC)ဆိုတဲ့ကျောင်းကM.Sc M.Aတွေကိုဆရာမအဖြစ် study guide အဖြစ်ခေါ်ပါတယ်။ကျွန်မလဲဝင်လျှောက်ဖြစ်ပါတယ်။ ဆရာမအဖြစ်အရွေးခံရပါတယ်။ အရမ်းနာမည်ကြီးနေတဲ့ကျောင်းမို့အရမ်းအထင်ကြီးပြီးလျှောက်ခဲ့တာပါ။နေစရာစားစရာပေးပြီးလစာကို45000မှ80000ထိပေးမယ်လို့ပြောခဲ့ပါတယ်။ ကျွန်မတို့လိုပညာသာတတ်ပြီးကိုယ့်ဝမ်းစာကိုကိုယ့်ဘာသာရှာစားနေရတဲ့မိန်းကလေးတွေအတွက်တော့မဟာ့မဟာအခွင့်အရေးပါပဲ။ ဒါပေမယ့်ဒါတွေကအိမ်မက်ပဲဖြစ်ခဲ့တာ။ အလုပ်လျှောက်လွှာကိုလက်ခံတဲ့နေရာက ၆မိုင်ခွဲမှာရှိတဲ့မူကြို တစ်ခုမှာပါ။ မူကြိုကလဲစင်ကာပူသင်ရိုးအတိုင်းသင်တဲ့မူကြိုမို့အထင်ကြီးစရာအင်မတန်ကောင်းပါတယ်။ မူကြိုတောင်ဒီလောက်အဆင့်မြင့်ရင် private school ကပိုတောင်သားနားမယ်လို့ထင်ခဲ့ပါတယ်။ ဒါနဲ့ပဲကျွန်မအရွေးခံရပါတယ်။ အလုပ်အတွက်စာချုပ်ချုပ်ရမယ်လို့ပြောပါတယ်။ တလကို45000နဲ့၃နှစ်စာချူပ်ရပါတယ်။စာချူပ်ထဲမှာလဲကျောင်းသားတွေနဲ့ပတ်သက်တဲ့အချက်တွေသာပါပြီးသင်ကြားရေးတာဝန်ခံဆရာမ ဆိုတဲ့ရာထူးနဲ့ချူပ်တာပါ။စာချူပ်ချူပိပြီးတာနဲ့မြရိပ်မာလာဆိုတဲ့အဆောင်ကိုခေါ်သွားပါတယ်။ အဲဒီမှာစပြီးတွေ့တာပါပဲ။ ေ၁၀ဝပတ်လည်တောင်မရှိတဲ့ခြံဝင်းထဲမှာနှစ်ထပ်တိုက်၂လုံး ၊ဂိုထောင်လိုလိုအခန်း၂ခန်း၊စာသင်ဆောင်၂ခုနဲ့ရေကန်၁ကန်တွေ့ရပါတယ်။ နှစ်ထပ်တိုက်၂လုံးကတော့ကျောင်းသူတွေနေတဲ့အဆောင်ပါ။ဂိုထောင်လိုလိုအခန်းကတော့ဆရာမများအတွက်ဖြစ်ပါတယ်။ ဂိုထောင်တခုမှာဆရာမ၄ယောက်နေရပါတယ်။မိုးတွင်းရောက်ရင်ခုတင်ခြေထောက်ထိရေမြှုပ်တဲ့အခန်းတွေပါ။ ကျွန်မတွေ့ခဲ့ရတဲ့ဖိနှိုပ်မှုနဲ့ချူပ်ချယ်ခံရမှုများကိုအောက်မှာဆက်ရေးထားပါတယ်။ (၁)တိုးတတ်နေတဲ့ခေတ်ထဲမှာသတင်းစာမဖတ်ရဘူးတဲ့။ (၂)ရေဒီယိုနားမထောင်ရဘူးတဲ့။ (၃)MP3 […]


zaylayJune 12, 20101min1221
Good Teaching ! ကြောင်ကလေး တစ်ကောင်ဟာ တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာခဲ့တယ်။ တစ်နေ့မှာ ကြောင်မေမေက ကြောင်ကလေးကို ခေါ်ပြီး “သား ကြီးပြင်းလာပြီနော်.. နောက် ၃ ရက်ကြာရင် မေမေရဲ့နို့ကို သားမစို့ရတော့ဘူး။ ကိုယ်တိုင် အစာသွားရှာရမယ်” လို့ မှာတယ်။ ကြောင်မေမေ စကားကြားတော့ ကြောင်ကလေးက အထိတ်တလန့် ” မေမေ ဘယ်လိုအစာမျိုးကို သားရှာရမလဲ?” လို့ မေးတယ်။ “ဘယ်လိုအစာမျိုးကို စားရမလဲဆိုတာ ချက်ချင်းကြီး မေမေလည်း ပြောမပြတတ်ဘူး။ မေမေတို့ ဘိုးဘေးတွေ ထားခဲ့တဲ့နည်းကိုပဲ အရင်အသုံးပြုကြတာပေါ့။ ပထမဦးဆုံး ညရောက်ရင် လူနေအိမ် ခေါင်မိုးပေါ်မှာ သားသွားပုန်းနေပါ။ နောက် ထပ်ခိုးပေါ်မှာ၊ သေတ္တာဘေးမှာ၊ အိုးဘေးတွေမှာ သားသွားပုန်းနေပြီး လူတွေပြောတဲ့ စကားကို သေချာနားထောင်ပါ။ သားအလိုလိုနေရင်း […]


zaylayJune 12, 20101min1371
(၁) ပြင်ဆင်မှု “သမီး…..မီးဖိုချောင်ထဲက ပန်းကန်ပြား ငါးချပ်ယူခဲ့စမ်း” “ဘာလုပ်ဖို့လဲ မေမေ” “သမီးဖေဖေနဲ့ စကားပြောစရာရှိလို့” (၂) ဒီလိုလားးးး အမေရိကရှိ ဂျွန်၊ ဂျော့၊ မိုက် ဟူသော ခွဲစိတ်ဆရာဝန် သုံးဦးစကား လက်ဆုံကျနေသည်။ ဂျွန် – အမေရိကမှာ ငါက အတော်ဆုံး ခွဲစိတ်ဆရာဝန်ကွ။ ဂျော့နှင့်မိုက် – မင်းက ဘာတွေစွမ်း ဆောင်ခဲ့လို့လဲ ၊ လင်း စမ်းပါအုံး။ ဂျွန်- လက်ချောင်း (၇)ချောင်း ပြတ်သွားတဲ့ လူတစ်ယောက်ကို ငါလက်ချောင်းတွေ ပြန်ဆက်ပေးဘူးတယ်၊ ငါဆက်တာ ကောင်းမကောင်းတော့မသိဘူး အခုသူ ကမာ္ဘကျော် စန္ဒယား ပညာရှင်ဖြစ်နေပြီ။ ဂျော့-မင်းဟာက ဘာဟုတ်သေးလဲကွာ ။ ငါခြေနှစ်ဘက် ပြတ်သွားတဲ့ လူတစ်ယောက်ကို ခြေထောက် ပြန်ဆက်ပေးခဲ့တယ်၊ ၂နှစ်လောက်လဲကြာရော […]


zaylayJune 12, 20101min1200
တစ်ခါက လူတစ်ယောက်ရှိတယ်။ သူကသူ့ကိုယ်သူ ပညာရှိလို့ အထင်ကြီးနေတဲ့သူပေါ့။ သူ့ တပည့် အခြွေအရံတွေကလည်း သူ့နားမှာဝိုင်း မြှောက်ပင့်စားနေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူ့တပည့်တွေထမ်းလာတဲ့ ဝေါယာဉ်ပေါ်မှာ မိန့်မိန့်ကြီးထိုင်လို့ မြို့ထဲကိုထွက်လာရော လမ်းတစ်နေရာလည်းရောက်ရော လူတွေက သူ့ကို ” ငတုံးကြီး ” ဆို လက်ညိုးဝိုင်းထိုးပြီး အော်လှောင်ကြပါလေရော။ ဒီတော့ ပညာရှိဆိုသူက သူ့တပည့်ကို ” လူတွေက ငါ့ကို ငတုံးကြီးလို့ ခေါ်နေပြီ..သွားစမ်းကွာ မင်း ငတုံးသုံးယောက် ရအောင်အမြန်သွားရှာ ဖမ်းခေါ်လာခဲ့။ သူတို့ရှိမှ ငါခံသာမှာ။ မြန်မြန်သာသွားရှာချေ” လို့အမိန့်ပေးလိုက်တယ်။ ဒါနဲ့ တပည့်လုပ်သူလည်း ငတုံးရှာပုံတော် ဖွင့်တော့တာပေါ့။ မြို့တစ်နေရာရောက်တော့ လူတစ်ယောက်က ခေါင်းပေါ်မှာ လေးပင်တဲ့အထုပ် တစ်ထုပ်ရွက်လို့ မသက်မသာပုံစံနဲ့ မြင်းစီးလာတာ တွေ့လိုက်ရတယ်။ ဒါနဲ့ ” […]


zaylayJune 12, 20101min1060
www.myathwayyni.mylovecafe မှ ဆရာမမြသွေးနီရဲ့ ပို့စ်လေးတစ်ခုကောင်းလို့ ကူးယူပြီးသူငယ်ချင်းများအတွက်ပို့ပေးလိုက်ပါတယ်နော်… ပန်းလိုလှတဲ့စိတ် WP Greet Box icon Hello there! If you are new here, you might want to subscribe to the RSS feed for updates on this topic. Powered by WP Greet Box WordPress Plugin တစ်နေ့မှာ ကောင်းပေ့ဆိုတဲ့ ပန်းတွေမှရောင်းတဲ့ ပန်းအရောင်းဆိုင်ကြီး တစ်ဆိုင်က အခုလို ကြော်ငြာလိုက်တယ်။ ” ကျွမ်းကျင် အရောင်းဈေးသည် တစ်ဦး အမြန်အလိုရှိသည်။ လစာငွေ ကောင်းကောင်းပေးမည်။ “ ..ဆိုပြီး ကြော်ငြာ […]


zaylayJune 12, 20101min1100
*”မင်းကို ချစ်တဲ့သူတစ်ယောက်ရှိနေတယ်”* တခုသော မိုးသည်းညမှာ အသက် ၅ဝ ပတ်ဝန်းကျင်လောက်ရှိပြီဖြစ်တဲ့ မာခ့် ဆိုတဲ့ လူတစ်ယောက်ဟာ သူ့ဘဝသူ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်တယ် ။ သူ့မှာ ဘာတွယ်တာစရာရှိလို့လဲ ။ အခုအချိန်ထိ တစ်ယောက်တည်းဖြစ်ခဲ့တဲ့ သူဟာ မိသားစုဘဝပျော်ရွှင်မှုဆိုတာလဲ ဘယ်တုံးကမှ မပိုင်ဆိုင်ဖူးခဲ့။ သူ့မိဘတွေဆုံးသွားတာ ရနှစ်လောက်ရှိပြီ။ ညီမတစ်ယောက်ရှိပေမဲ့ အဆက်အသွယ်ပြတ် နေတာကြာလှပြီ ။ ရှိတဲ့ အလုပ်ကလေးတစ်ခုကလဲ သန့်ရှင်းရေးအလုပ်သမားအဆင့် ။ ဘာမှမက်လောက်စရာမရှိ။ အဲ့ဒီတော့ သူ သေသေရှင်ရှင် သူ့ကို ဂရုစိုက်မဲ့သူ တစ်ယောက်မှမရှိတာ သေချာတယ်။ အဲ့ဒီညမှာပဲ တခုသော အခန်းငယ်ကလေးမှာ ၆နှစ်သား ကလေးတစ်ယောက်က Star Wars Action ဇာတ်ကောင်ရုပ်တွေနဲ့ အလုပ်ရှုပ်နေတယ် ။ သူ့ခမျာ အဲ့ဒါတွေဝယ်ဖို့ မုန့်ဖိုးရအောင် […]