from Nine Nine SaNay လက်ထပ်ပြီး သုံးနှစ်မြောက်မှာ သူမအကြည့် သူမဆုံးဖြတ်ချက်ကို သူမ စသံသယဝင်လာမိတယ်။ ဘာဖြစ်လို့ အစတည်းက ဒီလိုယောက်ျားမျိုးကိုမှ အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ခဲ့မိသလဲ? ထက်မြက်တဲ့၊ တော်တဲ့ယောက်ျားတွေ ဒီလောက်အများကြီးထဲမှာ ဘာဖြစ်လို့ ဆိုးကွက်တွေဗလပွနဲ့ ဒီလိုယောက်ျားကိုမှ သူမရွေးချယ်ခဲ့ရသလဲ? သူ မှတ်ဉာဏ်မကောင်းဘူး။ သူ့ကို မှာလိုက်တဲ့ကိစ္စတိုင်း မျက်စိတမှိတ်အတွင်းမှာ သူမေ့သွားတတ်တယ်။ သူ သန့်ရှင်းမှုကို ဦးစားမပေးဘူး။ သူမသာ တဗျစ်တောက်တောက် မရွတ်ရင် သူဟာ ဘယ်တော့မှ ကိုယ်တိုင် အဝတ်အစားလဲသူ မဟုတ်ဘူး။ ချစ်စရာစကားတွေကို တီတီတာတာ သူ မဆိုတတ်ဘူး။ သူဟာ ဘယ်တော့မှ သူမ မျက်နှာနီမြန်းသွားစေတဲ့၊ ရင်ခုန်သွားစေတဲ့စကားကို မပြောခဲ့ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကို သူမ အကြိမ်ကြိမ် အပြစ်တင်၊ ဝေဖန်ခဲ့ပေမယ့် […]