ညီမလေးအတွက်……… နှလုံးသားကပြောသောစကားလေးများ..(3) …………………………………………….. ညီမလေးရေ………….. ညီမလေးရဲ့ဘဝအကိုယ့်ရဲ့ဘဝတွေဟာ ပန်းခင်းလမ်းမှာလျှောက်နေရတဲ့သူတွေမဟုတ်ဘူးနော်။ စိမ်းလမ်းစိုပြေမှုမရှိသောတောကျေးရွာတစ်ခုမှာ ဖုန် ကျောက်ခဲ နင်းပြီးလျှောက်နေရတဲ့ဘဝတွေပါ။ အဆင်မပြေမှုဆိုထားမပြောနဲ့ ပျော်ရွှင်မှုဆိုတာမရှိခဲ့ဘူး။ ဒါပေမဲ့တခါတလေကြရင် ပျော်ရွှင်မှုတွေရယူနိုင်ကြတယ်နော်၊ ဒါဟာ`အနေတက်ခြင်း`တဲ့…..။ မိမိရရှိတဲ့ဘဝလေးတွေမှာပျော်တက်ကြတာဟာအနေတက်ခြင်းတစ်မျိုးစီပါပဲ။ ဘယ်လိုပဲဘဝကြမ်းတမ်းပါစေ ဘဝကိုတော့အရှုံးမပေးရဘူးတဲ့။ နေမှု ထိုင်မှု စိုပြေမှုမရှိရင် နေစေတော့ဘဝစိုပြေမှုရှိအောင်တော့နေပေးနော်။ ပြည့်စုံမှုရှိနေတဲ့အရပ်မှာနေပြီးပျော်ရွှင်မှုရတာထက် ကြမ်းတမ်းပြီးရုန်းကန်ရတဲ့အရပ်မှာနေရပြီးပျော်ရွှင်မှုရတာဟာ ပိုပြီးပျော်ရွှင်မှုရဲ့ရသကိုခံစားရတယ်။ အရသာရှိတယ်လို့ထင်မိတယ်ညီမလေး..။ မယုံမရှိနဲ့ တနေ့ကြုံတွေ့လာလိမ့်မယ်နော်။ ပျော်ရွှင်ခြင်းရသကိုအပြည့်အဝခံစားနိုင်ပါစေ………..။                                                               မေတ္တာဖြင့်                                                             ……………                                                                   ကိုကို ညီမလေးရေ………. စိတ်ညစ်တယ်ဆိုသောစကားဟာလူတိုင်းရဲ့ပါးစပ်ဖျားမှာရှိနေကြ တက်ပါတယ်။ ဒါဟာလည်းရှိနေသင့်တယ်လို့လည်းအကိုထင်တယ်၊ ရှိလည်းရှိကြပါတယ်။ အကိုလည်းရှိတယ်၊ညီမလေးလည်းရှိနေတယ် မရှိဘူးလို့ပြောတဲ့သူတွေဟာလောကမှာရေတွက်လို့ရတဲ့ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ အရိယာပုဂ္ဂိုလ်တွေလောက်ပါပဲ။ ကျန်တဲ့ပုထုဇဉ်တွေကတော့တနေ့မဟုတ် တနေ့ရှိနေကြပါတယ်။ စိတ်ညစ်တိုင်းတော့အားမငယ်ပါနဲ့ အားလုံးဟာအတူတူပါပဲ။ စိတ်ညစ်တိုင်းထင်ရာလုပ်နေမယ်ဆိုရင် အမြဲလိုလိုစိတ်ညစ်နေရမှာပဲ။ တနေ့(၂၄)နာရီ ရှိတဲ့အထဲကနာရီ(၂၀) လောက်ကစိတ်ညစ်နေပါလိမ့်မယ်လို့ယုံကြည်မိပါတယ်။ […]


ညီမလေးအတွက်……… နှလုံးသားကပြောသောစကားလေးများ..(2) …………………………………………….. ညီမလေးရေ……… `လူတွေရဲ့ပြောစကားတိုင်းနားမထောင်နဲ့`လိုအကိုပြောခဲ့တယ်နော် အဲဒီစကားဟာနေရာတိုင်းကိုပြောတာဆိုလိုတာမဟုတ်ဘူးနော်။ တဖက်သတ်ကြီးတော့မတွေးလိုက်ပါနဲ့၊မမှတ်သားလိုက်ပါနဲတချို့ နေတွေမှာတော့လူတွေပြောမှကိုယ့်ရဲ့အပြစ်တွေ အမှားတွေကိုမြင်တွေ့ရတယ်။ အဲဒီအခါတွေမှာ ညီမလေးရဲ့အပြစ်တွေကိုဆင်ခြင်လို့ရတာပေါ့။ မကောင်းမှန်းသိလျှက်နဲ့ဆက်လုပ်နေရင် လူမိုက်တဲ့ညီမလေး။ မကောင်းမှန်းသိမြင်ရင်ဆက်မလုပ်မိစေနဲ့နော်၊ ပြင်ဆင်သင့်တာတွေကိုပြင်ဆင်ပေးပါနော် `းအမှားကိုအမှန်းသိ၍ ပြင်ဆင်ခြင်းသည် လူလိမ္မာမည်၏`တဲ့ ညီမလေး။ ညီမလေးအမှာတွေကိုအမှန်ပြင်ဆင်နိုင်ပါစေ……။                                                           မေတ္တာဖြင့်                                                        ……………                                                                  ကိုက်ို ညီမလေးရေ…..   အကိုရဲ့စာတွေဖတ်လို့ပျင်းနေပြီလားညီမလေး။ မပျင်းပါနဲ့နော် ပျင်းရင်ဖျင်းတက်တယ်ညီမလေး။ အမြဲတမ်းသတိရပါတယ် အမြဲတမ်းလွမ်းတယ်` စကားတွေပြောချင်လိုက်တာ ဘာညာ ဘာညာစသည်မပြောချင်တော့လို့ပါ။ ဘာလို့လည်းဆိုတော့အဲဒီစကားတွေကထုတ်ရေးမှပေါ်မဲ့မေတ္တာတွေမဟုတ်ဘူးလေ အကိုတို့မောင်နှမရဲ့စိတ်ထဲမှာအစဉ်ထာဝရရှိနေတာပဲဒါကြောင့် တခါတွေ့လည်းဒီစကားတွေ ဒီစာတွေ ကြာတော့ ညီမလေးတို့ရိုးနေပြီလို့ထင်မိလို့အဆန်းလေးတွေတန်ဖိုးရှိမည့်စကားလေးတွေ အတွေးမြင်ဆန်းလေးတွေရးပေးနေတာနော်။ သတိရတယ် သတိမရဘူးဆိုတာတော့ပြောလို့လိုမယ်မထင်ပါဘူး။ ဘာလို့ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်သိနေကြပါပဲ။ ညီမလေးကလဲ အရင်လိုမဟုတ်ကြတော့သလို အကိုကလည်းအရင်လိုမဟုတ်တော့ဘူးဆိုတာ ညီမလေးတို့သိကြမှာပါ။ ဘာလို့လဲဆိုတော့ နေ့တွေ လတွေ နှစ်တွေ […]


ညီမလေးအတွက်.. နှလုံးသားကပြောသောစကားလေးများ..(1) ……………………………………………..…………………………………….     ညီမလေးရေ…….. အခုရေးမည့်စာတွေကိုညီမလေးမှတ်သားစေချင်ပါတယ်၊ `အမှတ်တရ`ပဲဆိုဆို`အမှတ်အသားပဲ`ပဲပြောပြောဘာပဲပြောပြော နားလည်စေလိုသောစိတ်သဘောအနေနဲ့ရေးသားလိုက်တာပါ၊ အခုလိုစာမရေးမိခဲ့တာလဲတော်တော်ကြာမြင့်လှပြီပေါ့။ `ညီမလေး`ဆိုသောစကားလေးဟာမောင်နှမတွေကြားမှာ အကိုနှင့်ညီမလေးအဖြစ်သံယောဇဉ်အမျှင်အတန်းလေးတစ်ခုသက်ရောက်မိအောင်ပေါ့။ အချို့အရာတွေမှာ ညီမလေးနားလည်မှုနည်းပါးလိမ့်မယ်၊ ဒါပေမဲ့တချိန်ချိန်မှာ ညီမလေးအတွက်`အကိုတစ်ယောက်ရဲ့နှလုံးသားကပြော သောစကားလေးတွေအဖြစ်`အမှတ်ရနေလိမ့်မယ်ဆိုတာယုံနော်။ နောက်တစ်ခုကညီမလေးအတွက်အားပေးဖော်အားပေးဖက် တစ်ယောက်အဖြစ်ရှိနေလိမ့်မယ်လို့အကိုပြောရဲတယ်ညီမလေး။ တခါတလေကြရင်စေတနာကနေ ဝေဒနာဖြစ်သွားတက်တာရှိတယ်နော်၊ တချို့စာတွေမှာစေတနာလွန်ကဲပြီးဝေဒနာဖြစ်သွားခဲ့ရင်တောင်ပန်ပါတယ်ညီမလေး။ ညီမလေးဟာလိမ္မာတယ်လိုလည်းမပြောလိုဘူး၊ရိုင်းစိုင်းနေတယ်လို့ လည်းမပြောပါဘူး။လူငယ်သဘာဝအလျောက်ဖြစ်လေ့ဖြစ်ထရှိမှာပါပဲ- အရာအားလုံးကိုနားလည်ပါတယ်။ လွတ်လက်ခြင်းဟာတိုးတက်စေမည့်အခွင့်ရေးဆိုပေမဲ့ လွတ်လက်လွန်းအားကြီးရင်ပျက်တက်တယ်နော်။ သတိရှိရှိတွေးတောဆင်ခြင်နေထိုင်သင့်တယ်လို့အကိုထင်တယ်ညီမလေး။ သတိဆိုတာပိုတယ်မရှိပါဘူးလိုတာပဲရှိပါတယ်။ အရာရာကိုသတိနဲ့သာဆင်ခြင်ပါညီမလေး….။ မေတ္တာဖြင့်… ကိုကို ညီမလေးရေ…… လူဆိုတာဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေအားလုံးကိုဝေဖန်ပြစ်တင်ပြော တက်ဆိုတက်ကြတာပဲ၊ကောင်းရင်ကောင်းသလိုဆိုးရင်ဆိုးသလိုပြောတက် ကြတယ်ညီမလေး။ ဒါဟာသဘာဝလို့ပြောကြတာပဲညီမလေး။ ညီမလေးကိုလူတွေကတချိ်န်ချိန်မှာပြောခဲ့ကြရင်ပေါ့။ ဒီပြောဆိုမှုကိိုသီးခံခွင့်လွတ်ပေးရမယ်နော် မယ်နော် အရင်ကလဲညီမလေးကို အကိုယ်ပြောခဲ့ပြီးသားပါ။ မှတ်မိမယ်လို့ထင်ပါတယ်`သီးခံခြင်း`ဆိုတဲ့ခန္တီဟာ ပါရမီတပါးဆို- တာကိုလေဘယ်လိုပဲပြောကြပါစေ၊ကိုယ့်ရဲ့တက်လမ်းကိုတော့ အဟန့်တားတစ်ခုအဖြစ်မဖြစ်ခံနဲ့နော် ညီမလေး။ အများကပြောလို့ဆိုကာအရွဲ့တိုက်ပြီးလည်းမလုပ်ရဘူး၊မပြုမူရဘူး၊ အရွဲ့တိုက်ပြီးညီမလေးမဆင်မခြင်လုပ်ရင်ညီမလေးရဲ့ဘဝပဲနစ်နာဆုံးရှုံးသွားမှာညီမလေးရ။   မည်သူတစ်ဦးတစ်ယောက်ကိုမျှအရွဲ့မတိုက်ရဘူးနော်။ ဘယ်လိုပဲပြောနေပြောနေမဟုတ်ရင်နားမထောင်နဲ့ဟုတ်ပြီနော်ညီမလေး။ ပတ်ဝန်းကျင်နှင့်လိုက်လျောညီစွာနေနိုင်ပါစေ…. မေတ္တာဖြင့် […]


အနိဌာရုံမြင်ကွင်းဆိုတာမကောင်းတဲ့အကြောင်းအရာတစ်ခုလို့ပြောချင်ပါတယ်၊ ဒီနေ့ မြင်တွေ့စရာမကောင်းသောအနိဌာရုံမြင်ကွင်းတစ်ခုတွေ့မြင်ခဲ့ရသည်။ မြင်တွေ့ပုံက ကျွန်တော်တို့နေသောနေရာနှင့်မနီးမဝေးမှာ လူတွေရုံးရုံးဖြစ်နေသည် “ကားနှင့် ဆိုင်ကယ် တိုက်မိလို့တဲ့”ဆိုသောစကားကပြန့်နေခဲ့သည်။ လိုင်းကားပေါ်မှာရော စပယ်ယာအချင်းချင်း ပြောနေကြတာတွေ ကြားတော့သိချင်လာတယ် ဒါနဲ့မေးကြည့်လိုက်တယ် ဘယ်နားမှာလဲလို့မေးလိုက်တော့ ဘုရားကြီးတောင်ဘက်မုခ် အသောကာရုံကျောင်းတိုက် မြောက်ပေါက်နားမှာ တိုက်တာတဲ့ “ဟ ဒါဆို ငါတို့နားမှာဘဲလို့” စိတ်ထဲကသိလိုက်တယ်လေ ကြည့်ချင်စိတ်ကအတော်လေးစိတ်ထိန်းထားရတယ် ဖြစ်ချင်တော့ ကားကလည်းအဲဒီလမ်းကြောဆိုတော့ မမြင်လို့ကိုမရဘူးလေ ကားရပ်လိုက်တာနဲ့ ပြေးကြည့်လိုက်တယ်..။   အလိုလေး ကြောက်ရမှာလား လန့်ရမှာလား ဘယ်လိုဖြစ်သွားမှန်းကိုမသိဘူးအစကတော့ဘယ်လိုဖြစ်သွားမှန်းမသိတာ ဖြစ်ပျက်နေပုံက  ကောင်မလေးတစ်ယောက် ကားတိုက်ခံရတာ ခေါက်ကိုကြေနေပြီ ဦးနှောက်တွေဗလပွကြဲနေတယ် မျက်စိကလည်းထွက်နေတယ် အရုပ်လေးတစ်ရုပ်ကိုကားနင်းထားသလိုဖြစ်နေတော့ ကိုယ့်စိတ်တောင်လွတ်သွားသလားပဲ။ တချိုုဆိုရင် အဲဒီနားမှာအန်နေတာတွေ့တယ် တကယ်တော့မြင်တွေ့စရာမကောင်းသောမြင်ကွင်းတစ်ခုကိုရေးသားနေစရာမလိုဘူးလို့ထင်မိပါတယ်၊ သို့ပေမဲ့ ခုဖြစ်ပျက်နေတာတွေကဆက်တိုက်ဆိုသလို မြင်တွေ့စရာမကောင်းသောမြင်ကွင်းကို မကြည့်ချင်သူတွေကလုပ်နေတာပါလားလို့ တွေးမိတော့ အတော်လေးကိုစိတ်ထဲမှာသံဝေဂရမိတယ် များသောအားဖြင့် ကျွန်တော်တို့လို လူငယ်တွေ အဖြစ်များတယ်မဟုတ်လား လမ်းသွားရင်း […]


ဒီနေ့လည်းစကားစပ်လို့ပြောရအုံးမယ်..ဗျ ကျွန်တော်ဒီနေ့ဘုန်းတော်ကြီးတစ်ပါးဈာပနကိုလိုက်ပို့တယ်။ ဆရာတော်ဘုရားကြီးဟာဒက္ခိဏာရာမဘုရားကြီးတိုက်ကလေ တပည့်သာဝကသံဃာတော်တွေနှင့်ဆွေမျိုးမိတ်ဆွေအပေါင်းသင်းတွေက ဆရာတော်ဘုရားကြီးရဲ့အဂ္ဂိဈာပနကိုနောက်ဆုံးပူဇော်ခြင်းဖြင့်လိုက်ပူဇော် ခြင်းဖြင့်လိုက်ပူဇော်ကြတယ်…။   ကျွန်တော်တို့လိုလူငယ်တွေရဲ့စိတ်အလိုကတော့ပျော်စရာပဲပေါ့ လူအများကြီးနဲ့ပျော်ပျော်ပါးပါးကြီးလိုတွေးမိသေးတယ်။ သံဝေဂယူစရာဖြစ်ပေမဲ့သံဝေဂမယူဖြစ်ဘူးလေ… မာဃလုင်ဝေယျဝစ္စဗျောအဖွဲ့ကလည်းသံဝေဂတီးလုံးတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင် သားတော်ရဓမ္မစင်္ကြာအသင်းကလည်းသံဝေဂတရားသံတွေရွတ်ဖတ်လို့ လူငယ်တစ်ယောက်ရင်ထဲမှာဘယ်လိုဖြစ်နေပါလိမ့်ပျော်စရာလား သာယာသံသောအသံတစ်ခုပင်လား..ခွဲခြားဖို့ရာမလွယ်ကူ…. အပေါင်းသင်းသူငယ်ချင်းတွေနဲ့ကားပေါ်မှာဟေးလိုက်ဟားလိုက် စီးချက်ဝါးချက်ဖြစ်နေလိုက်တာဆရာတော်ဘုရားများထပြီးမြင်လိုက်ရင်တော့ အင်း…..လွယ်လ်ိမ့်မယ်မထင်၊ ပြေးရဖို့သာဖြစ်လိမ့်မယ်ဗျ..။ “ငါကတော့သူတို့များသံဝေဂရပါစေတော့လို့”ပြောလိမ့်မယ်ထင်တယ်ဗျ..။ စိတ်ဆိုတာမှန်ရခက်သားဗျ…သိပ်မကြာခင်မှာ ဆရာတော်ဘုရားရဲ့ အလောင်းတော်ထုတ်လာတော့…ဝုန်း….ဝုန်း…ဆိုတဲ့ဗုန်းဖောက်သံကြား တော့ရင်ထဲမှာတုန်သွားတာပဲ…။ ဧကန်တွေ့ရမည့်သေဘေးကြတော့ တွေးပြီးမကြောက်မိဘဲ သူ့အလုပ်သူလုပ်နေသော ဗုန်းသံကိုတော့ ကြောက်နေမိတယ်.။ ကျွန်ဖျက်ကနဲ့တွေးမိလိုက်တယ်လေ အော်…ငါလည်းတနေ့သေရမှာပါလားလို့…။ သိပ်မကြာလိုက်ပါဘူး ကျွန်တော်တို့ကားရပ်ထားတဲ့ဘေးနားက လ္ဘက်ရည်ဆိုင်က  အဆိုတော် မီးအိမ်ရှင် သီချင်းဖွင့်လိုက်တော့ ခုနသံဝေဂရမလိုစိတ်လေးပျောက်က သံစဉ်ရဲ့နောက်သို့လိုက်မိပြန်ပါကော ဒီနေရာမှာ သင်္ခါရ သဘောတရားတွေဖြစ် ပျက်နေလိုက်တာ မသိလိုက်မိဘူး..အသိဉာဏ်ကနည်းသေးတာကိုး…။ ဒါနဲ့ ကျွန်တော်တို့ကားလေး ဘုရားကြီးရှေ့မုခ်ကနေရှေ့ထွက် ပြီးတောင်မြင့်သုဿာန်ဘက်သို့ဖြည်းဖြည်းချင်းမောင်းနေတဲ့အချိန် ဝီ….ဝီ…ဆိုပြီးအုတ်ဩဆွဲသံတွေကြရပြန်တော့ကိုယ့်ကားတွေဆီက တော့မဖြစ်တန်ရာဆိုပြီးလိုက်ကြည့်မိတယ်…။ သူတို့မှာလည်းကျွန်တော်တို့လိုပါလား…။ ကားတန်းကြီးကအရှည်ကြီးနဲ့ဒါပေမဲ့သူတို့ကသေတဲ့လူဟာလူသား ဖြစ်ဖြစ်များတယ်ဘာလို့လဲဆိုတော့ ပို့တဲ့သူတွေကလူတွေကများတယ်လေ ကျွန်တော်တို့ကသံဃာတော်တွေသူတို့မှာလည်းကျွန်တော့်လိုဖြစ်နေတဲ့သူ တွေပါတယ်ဗျ..နောက်ကားတွေပေါ်မှာဟေးလိုက်ဝါးလိုက်ဘာသံဝေဂဖြစ် နေပုံမပါဘူး။ […]


စပ်မိစပ်ရာဆိုတဲ့အတိုင်းပြောရအုံးမယ်၊ ကျွန်တော်တနေ့က သူငယ်ချင်းတွေနဲ့အတူလ္ဘရည်ဆိုင်ဆီသို့ထွက်လာခဲ့တယ်။ ဆိုင်ထဲမှာလဲလူတွေကအပြည့်ပေါ့ မထင်မှတ်တဲ့မြင်ကွင်းလေးကတွေ့ကြုံလာခဲ့တယ်လေ။ အဲဒါကတော့ လ္ဘရည်ဆိုင်ထဲမှာရုတ်ရုတ်ဖြစ်နေတာပါပဲ၊ကျွန်တော်လည်းဘာဖြစ်တာလဲပေါ့ အဲကလေးတစ်ယောက်ကိုဆိုင်ကအမတစ်ယောက်ပြောနေတာကိုး ကလေးဆိုပေမဲ့ ဆယ်နှစ်လောက်တော့ရှိနေပြီထင်ပါရဲ့ ဘာဖြစ်တာလဲလို့မေးကြည့်တော့ ဆိုင်ထဲကိုလာတောင်းနေတာတဲ့ အစကတော့ အော် ဒီလိုကိစ္စတွေက အများသားပဲဆိုပြီး ဒီတိုင်းနေလိုက်တယ်၊ နောက်တစ်ခါပြန်ဖြစ်နေတယ်၊ ကျွန်တော်လည်းဒီတစ်ခါမနေနိုင်တော့ဘူးလေသေချာကြည့်လိုက်တာပေါ့ ဒိုင်းဆိုသလို ကျွန်တော့်ရင်ထဲမှာတုန်လှုပ်သွားတယ်။ ဘာဖြစ်တာပါလိမ့် ဘာဖြစ်ရမှာတုန်း ကလေးကပိုလီယိုလေးလေ အော်တကယ်မရှိလို့ဟ ကလေးတကယ်ဆာနေမှာပဲဆိုပြီးမသိစိတ်ကသနားလာမိလာတယ်၊ အဲဒါနဲ့ဆိုင်ကအမတစ်ယောက်ကိုပြောလိုက်တယ် အဲဒီကလေးစားချင်တာကျွေးလိုက်ပါ ကျသင့်ငွေ ကျွန်တော်ရှင်းမယ်လို့ပြောလိုက်တယ်။ ကျွန်တော်မထင်ထားဘူး သူြူပန်ပြောလိုက်တာက”ကျွေးချင်ရင် ကိုယ်တိုင် ထကျွေးတဲ့ ရွံ့တယ်၊ မကျွေးနိုင်ဘူး “တဲ့။ ဒါနဲ့ကျွန်တော်တခြားတစ်ယောက်ကိုခေါ်ပြီးကျွေးခိုင်းရတယ်ဗျာ။ တခါတလေမှာမထင်မှတ်တဲ့အရာတွေကထူးဆန်းသလိုဖြစ်နေတယ်။</h6%


“ယောင်ခြောက်ဆယ်ကျွန်တော်နှင့်ဝိပဿနာ” ……………………………………………………….. ကျွန်တော်လူလက်ပိုင်းရောက်ပြီဆိုလျှင်ဖြင့်ဘာသာရေးကိုစိတ်ဝင်စားလာခဲ့သည်။ ဘာသာတရား၏လေးနက်မှု့ကိုသိရှိခဲ့ရသည်။ ဘာသာတရားဟာကျွန်တော်၏အစိတ်ပိုင်းတစ်ခုအနေဖြင့်လေ့လာလိုက်စားမှုတွေလုပ်နေရင်းအချိန် တွေကုန်ဆုံးစေခဲ့သည်။ ဒါပေမဲ့ဘာသာတရားရဲ့နက်နဲမှု့ကိုမရရှိခဲ့သေးပေ။ ဘာသာတရားဟာနူးညံ့သိမ်မွေ့တဲ့အရာဖြစ်လင့်ကစားဘာသာတရားကိုလေ့လာလိုက်စားရင်း ကျွန်တော့်ကိုကျွန်တော်မာယာသာဌေယျတစ်ခုအဖြစ်လှည့်စားမိခဲ့သည်။ မိမိကိုယ့်ကိုမိမိလှည့်စားနေမှန်းမသိရှိခဲ့ပေ။ အချိန်တွေကြသည်နှင့်အမျှကျွန်တော့်ကိုကျွန်တော် သတိထားမိစပြုခဲ့ပြီပေါ့။ ကျွန်တော်လုပ်နေသောလုပ်ငန်းသည်မှန်ကန်မှုရောရှိရဲ့လား ဘာသာတရားကကျွန်တော့်ဘဝကိုပြောင်းလဲစေမှာလားဆိုတာတွေတွေးတောပြီးဘာမှမဆိုင်တဲ့ ဘာသာတရားကိုသံသယဝင်ခဲ့မိသည်။ အမှန်တကယ်တော့ကျွန်တော်ကဘာသာတရားကိုသာယာမှုတစ်ခုအဖြစ်မှတ်ယူကာဘာသာတရားရဲ့ နောက်သို့ကောက်ကောက်ပါအောင်လိုက်နေခဲ့သည်။ ဒီချိန်ကစပြီးကျွန်တော်လုပ်ရပ်တွေကကျောခြင်း ကပ်နေတဲ့သုံးဂဏန်းနှင့်လေးဂဏန်းပါပဲ။ ကျွန်တော်ရည်ရွယ်ပြီးသွားနေတာကနိဗ္ဗာန်ဆိုပေမဲ့ ကျွန်တော်တကယ်သွားနေတာကနိဗ္ဗာန်ကိုကျောပေးပြီးသွားနေတာဖြစ်သည်။ ဒါကြောင့်လည်းတဝဲ လည်လည်ဖြစ်ကာဘာမှထူးခြားတစုံတရာမရှိခဲ့ခြင်းဖြစ်သည်။ တနေ့မှာတော့ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကကျွန်တော့်ကိုပြောပါတယ်”မင်း….မဟာစည်ဆရာတော်ရဲ့နည်းနာနိဿယကိုခံယူပြီး လုပ်ကြည့်ပါလား” တဲ့ဒီလိုနဲ့တက်သိနားလည်သောဆရာတော်တွေ၊မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားသောတိပ်ခွေVCD,စာအုပ်တွေလေ့လာခဲ့ပါတယ်။ ဒါလည်းမရခဲ့ပါဘူး၊ ကျွန်တော့်ရဲ့မဖြစ်စလောက်ဉာဏ်လေးနဲ့ဆရာတော်ဘုရားဟောကြားချက် ထိထိမိမိကိုမသိရှိနိုင်ပေ။နောက်တခါလည်းပြန်ပြီးတိုက်တွန်းပါသေးတယ်။ အင်မတန်ကောင်းရှာတဲ့သူငယ်ချင်းပေါ့။ “မဟာစည်ဆရာတော်ဘုရားဟောကြားချက်ကိုမသိနိုင်ဘူး ဆိုရင် မိုးကုတ်ဆရာတော်ဘုရားကြီးနည်းကိုလိုက်စားပါ”တဲ့သူကတော့ထက်ပြီး အားပေးရှာပါသေးတယ်။ ဒါနဲ့ဘဲကျွန်တော်ပြောင်ပြီးရှု့မှတ်ခဲ့ပါတယ်။ ဘဝကရင့်ကျက်မှုများလာတော့အစကဟုတ်မလိုနဲ့နောက်ပိုင်းတော့ဒုန်ရင်းကဒုန်ရင်းပြန်ရောက် နေတယ်လေ။ ဆရာတော်ဘုရားကြီးတွေက ဉာဏ်ပညာကြီးမားစွာစေတနာ မေတ္တာတွေနဲ့ဟောကြား လမ်းညွန်ပြခဲ့ပေမဲ့ကျွန်တော်ရဲ့သေးချာလှတဲ့ဉာဏ်ပညာက ဆရာတော်ကြီးတွေရဲ့စေတနာမေတ္တာ တွေကိုဖျက်စီးရာရောက်ခဲ့မိပါတယ်။ ဒါနဲ့ဘဲ “ကဲ ငါမလုပ်တော့ဘူး”ဆိုပြီးရပ်တန့်ခဲ့သည်။ နောက်တော့သူများတွေ”ဟိုဆရာတော်ကကောင်းတယ်၊ ဒီဆရာတော်ကကောင်းတယ်”စသည် ပြောပါများလာတော့တဖန်စိတ်ဝင်လာခဲ့မိပြန်တယ်။ ဒီလိုနဲ့ဘဲပဲဆရာတော်ဘုရားများရဲ့နည်းနာ ဥပနိဿယတွေခံယူပြီးတရားဘာဝနာပြုလုပ်ခဲ့တယ်။ တရားတွေလည်းမပြတ်နာယူမှတ်သာခဲ့တာပေါ့။ ကျွန်ုပ်တို့ငယ်ငယ်ကလေးအရွယ်ကဆရာသမား၏အရိုက်ကိုခံခဲ့ရသလိုရိုက်ခံခဲ့ရတာများလာတော့ […]


“လမ်းပေါ်ကလူ” ……………………………………………………………………. ကျွန်တော်စိတ်တွေဘာလို့အလိုမကျဖြစ်နေမှန်းမသိ ဘာအတွက်ကြောင့် ဖြစ်နေမှန်း လည်းမသိ၊ငွေမရှိလို့လား အထီးကျန်မှုလား၊ လူတွေရဲ့အရေးမစိုက်မှုလားမသိ၊ကိုယ့် ကိုကိုယ်အလိုမကျမှုတွေဖြစ်နေခဲ့သည်။ အိပ်ရာထပြီးမျက်နှာသစ်ကာအလိုလိုဒေါသတွေဝင်လာခဲ့မိပြီး ဘယ်သူ့ကိုဒေါသ ထွက်ရမှာလဲ၊ ဘာကိုအကြောင်းပြုရမှာလဲ ကျွန်တော်ကိုယ်ကျွန်တော် စိတ်ဝင်စားသွား သည်။ ကျွန်တော်ထင်တယ် ဒါဟာအထီးကျန်မှုပဲဆိုတာ သူများတွေမှာ အဖော်တွေနဲ့ လေ ကျွန်တော်မှာဘယ်မှာလဲ ဘယ်သူ့ကို တိုင်တည်ရမှာလဲ ၊ဘယ်သူ့ကိုရင်ဖွင့်ရမှာ လဲ၊ ဘာအကြောင်းပြောရမှာလဲ ဘာတွေဖြစ်နေမှန်းမသိ တခါလည်းမဟုတ် ခဏခဏ ဖြစ်နေခဲ့သည်။ ဒီလိုဖြစ်တိုင်း စိတ်တွေဖြေဆည်ဖို့စာတွေရေးခဲ့သည်။ အချိန်တွေကုန် စေခဲ့သည်။ခုလည်းအချိ်န်တွေကုန်စေဖို့လ္ဘက်ရည်ဆိုင်သို့ထွက်လာခဲ့သည်။ လ္ဘက်ရည် ဆိုင်က နီးလို့သာတော်ပေသည်။ ဆိုင်ထဲကိုထိုင်လိုက်ပြီဆိုတာနဲ့ “အကိုဘာသောက်မလဲ” စားပွဲထိုးညီလေးရဲ့ နှုတ်ဆက်သံ ဒါသူလုပ်နေကျအလုပ်ပင်ဖြစ်လိမ့်မည်။ ပုံမှန်လား၊ချိုစိမ့်လား၊ဆိုင်မှာရ တာတွေအကုန်ရွတ်ပြသည်။ ကျွန်တော်သိလိုက်ပြီ အချိန်တွေကုစားဖို့ဆိုတာ ဒါနဲ့ ကျွန်တော်သောက်နေကျ ချိုဆိမ့်တစ်ခွက်မှာလိုက်တယ်။သိပ်မကြာလိုက်ပါဘူး စားပွဲ ထိုးညီလေးက ချိုဆိမ့်တစ်ခွက်လာချတယ်။ ကျွန်တော်ချိုဆိမ့်လ္ဘက်ရည်တစ်ကျိုက် သောက်သည်။ […]


“အလွမ်းည’’ ရဲ့ကုန်ဆုံချိန် …………………………………….. ပုထုဇဉ်လူသားမှန်ရင်သံယောဇဉ်ကြီးတက်စမြဲဟူသောအဆိုသည်ငြင်းဆိုဖို့ရန်အလွန်ခက်သောစကား ပင်ဖြစ်သည်။ မိမိနှင့်နီးစပ်ရာပတ်ဝန်းကျင်တွေမှာသံယောဇဉ်ရှိကြစမြဲပင်။ ကိုယ်တွယ်တာစရာ၊မက်မောစရာတွေကိုတွေးတောပြီးသံယောဇဉ်တွယ်တာနေခဲ့သည်။ လွမ်းဆွေးခြင်း၊အောက်မေ့ခြင်းတွေဟာပုထုဇဉ်လူသားတွေရဲ့ သာယာမှုဖျော်ဖြေရာစံရိပ်တစ်ခုဖြစ်ခဲ့ပေသည်။ နေ့စဉ်လုပ်နေကြသွားလာခဲ့သမျှတွေကိုအေးငြိမ်းသာယာတဲ့နေရာလေးတွေမှာ လွမ်းဆွတ်ဖွယ်တွေးတောအောက်မေ့ခြင်းဟာပျော်စရာအလွန်ကောင်းလှပေသည်။ ယ္ခုလည်းကျွန်ုပ်တို့မမေ့နိုင်ဖွယ်ရာ ည လေးတစ်ညမွေးဖွားလာခဲ့ပေသည်။ လူတိုင်းလူတိုင်းမှာသူ့ဘဝလေးသူ မေ့ပျောက်ဖို့မလွယ်ကူသောအတိတ်ရဲ့အကြောင်းအရာလေးတွေ ရှိနေခဲ့သည်မဟုတ်ပါလား။ ကျွန်ုပ်တို့ရဲ့”အလွမ်ည” ကလေးမှာတော့ထိန်းလင်းတဲ့လမင်းကြီးအောက်မှာပျော်ရွှင်ဖွယ် ကစားဖွယ်ကိုယ်စီဖြင့်ဆော့ကစားနေတဲ့ ကလေးသူငယ်တစ်သိုက်ပြေလွှားဆော့ကစားနေလေရဲ……….. “ညောင်ပင်တစ္ဆေ ဝေလေလေ နင်ဘယ်ကိုင်းမှာနေ.. ညောင်ကိုင်းမှာနေ..။ နင်ဘာသီးစား… ညောင်သီးစား….။ နင်ဘာရေသောက်… ညောင်ရေသောက်…စသည်ဖြင့် စီခနဲပွက်ခနဲကျွတ်ကျွတ်ထအောင်ဆော့ကစားနေတဲ့ကျွန်ုပ်တို့ကလေးသူငယ် တစ်သိုက်ပျော်စရာချည်းဖြစ်နေခဲ့သည်။ ရေနွေးချမ်းခရားအလယ်မှာချပြီးဝိုင်းဖွဲ့နေတဲ့လူကြီးတွေရဲ့ ပုံရိပ်တစ်ခုဟာလည်းမေ့ပျောက်ဖို့ရာလွယ်ကူသောအရာမဟုတ်ပေ။ လွမ်းမောဖွယ်ညတွေဟာနာရီသံစည်းချက်တိုင်းနေ့စဉ်နှင့်အမျှတိုးပွားလာခဲ့ပေသည်။ အချိန်ဆိုသောအရာဟာလုပ်စရာမရှိသောအခါမှာ(သို့)ကိုယ်စိတ်မဝင်စားသောအရာတစ်ခု လုပ်နေသောအခါတွေမှာကြာမြင့်သောအချိန်တစ်ခုလို့ထင်ရပေမဲ့၊ကိုယ်နှစ်သက်သောအခါတွေမှာ တော့ကုန်မှန်းမသိကုန်ဆုံးခဲ့ပေသည်။ လူကြီးမိဘတွေရဲ့” ပြန်ကြရအောင်ကလေးတွေတော်ကြတော”့ ဆိုတဲ့သတိပေးစကားကြားရတော့မှအချိန်တွေရဲ့ကုန်ဆုံးမှုကိုသတိထားမိခဲ့ပေသည်။ ညတညရဲ့ခွဲခွာမှုကနောက်တစ်နေ့မှာမတွေ့တော့သူပမာတစ်ယောက်နဲ့တစ်ယောက် ကျွန်ုပ်တို့နုတ်ဆက်ရတာလည်းလွမ်းမောဖွယ်”အလွမ်းည”တစ်ခုအဖြစ်ပါဝင်ခဲ့ပေသည်။ အော်……..အချိန်တွေရဲ့လည်ပတ်မှုတွေကြောင့်အလွမ်းညတွေရဲ့ကုန်ဆုံးမှုတွေကိုကျော်ဖြတ်ခဲ့ရပြီး… ညောင်ပင်တစ္ဆေ..ဝေလေလေ..အစားဘဝရဲ့စာမျက်နှာတွေမှာအလှတရားတွေဖန်တီးဖို့အတွက် အော်ကြ ဟစ်ကြနဲ့ ပွက်ပွက်ညံအသံတွေကကျွန်ုပ်တို့ရဲ့နားတွေဆီမှာနေရာဝင်နေကြပြီပေါ့..။ ထို့အတူကျွန်ုပ်တို့ရဲ့လူကြီးမိဘတွေဝိုင်မှာတော့ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊ စိုးရိမ်ခြင်းစသည်တွေရောင်ပြန်ဟက်မှုများစွာဖြင့်သားသမီးတွေရဲ့ရှေ့ရေး၊မိသားစုရဲ့ရှေ့ရေး၊ ကိုယ့်ဘဝရှေ့ရေးတွေအစားယူကာအတိတ်ရဲ့လွမ်းမောဖွယ်ရာ”အလွမ်းည”ကိုကျော်လွန်ခဲ့ကြရပြီပေါ့။ ဘဘဦးသုခရဲ့”ဘဝသံသရာ”သီချင်းစာသားထဲကလိုရှည်လျှားလှတဲ့သံသရာကြီးထဲမှာတစ်ယောက် ဆင်းတစ်ယောက်တက်နဲ့ကျွန်ုပ်တို့ငယ်စဉ်အခါကပြန်ခါနီးနုတ်ဆက်တဲ့လွမ်းမောဖွယ်”အလွမ်းည” လေးပမာတစ်ယောက်နဲ့တစ်ယောက်နုတ်ဆက်ကြတာလည်းအကုန်ဆုံးနိုင်အောင်ပါပဲ။ ကျွန်ုပ်တို့နုတ်ဆက်တာမရပ်သ၍သံယောဇဉ်အကုန်သေးသ၍လွမ်းမောဖွယ်”အလွမ်းည”တွေဟာ […]


“သင်္ခါရဲ့ပြယုဂ်တစ်ခု” သင်္ခါရဆိုတဲ့အတိုင်းမတည်မြဲခြင်းဖော်ဆောင်မှုတွေနဲ့ဘဝရဲ့စာမျက်နှာတွေမှာရေးဆွဲကြရ၏။ ထိုသို့ရေးဆွဲကြသူများထဲမှာကျွန်ုပ်တို့မိသားစုလေးပါဝင်ခဲ့သည်။ တနေ့မှာတော့နေလုံးကြီးရဲ့မတည်မြဲခြင်းဖော်ဆောင်မှုညနေလေးတစ်ခုမှာအဖေက”သားရေ….. မြေအိုးတွေပြင်ဟေ့ အဖေထန်းလှီးသွားတော့မယ်ကွ” လို့ပြောသည်။ ကျွန်တော့်တို့မိသားစုလည်းအဖေပြောလိုက်တဲ့တခဏမှာ အမေက အဖေအတွက်ရေးဗူးထည့်သည်၊ အမကထမင်းချိုင့်ထည့်၊ ညီလေးကမြေအိုးတွေကိုကြိုးလိုက်တပ်၊ ကျွန်တော်ကကြိုးတပ်ပြီးသားမြေအိုးထဲကိုထုံးရေလိုက်ထည့်ကာမိသားစုလေးပျော်ရွှင်ခဲ့သည်။ သင်္ခါရရဲ့ပြယုဂ်ဆိုသည့်အတိုင်းယနေ့ဖြစ်ပေါ်သမျှသည်နောက်နေ့ရဲ့သင်္ခါရရဲ့ပြယုဂ်ဖြစ်ခဲ့သည်။ ရက်တွေ,လတွေ,နှစ်တွေပြောင်းလည်းပြီးကျွန်တော်တို့မောင်နှမတစ်တွေကိုယ့်အိမ်ကိုယ့်မယားကိုယ့် သားသမီးတွေနဲ့ပျော်ပျော်ရွှင်ရွှင်တနယ်တကျေးမှာနေခဲ့ကြသည်။ အချိန်ရဲ့ကုန်ဆုံးမှုကဘယ်လိုမှသတိမထားမိသောကြောင့် ကိုယ့်မိသားစုရဲ့ဘဝရှေ့ရေးကိုဦးစားပေးပြီး သာယာတဲ့အိမ်ထောင်မှုအောက်မှာမေ့မျှောမိကြရင်း ငယ်ငယ်ကကျင်လည်ခဲ့တဲ့မိဘရှိရာနယ်မြေလေးကိုမေ့လျှောနေခဲ့သည်။ လူဆိုတာခလုပ်ထိမှ အမိတ ဆိုသလိုအရင်ကသာယာလှပါတယ်ဆိုတဲ့ကျွန်ုပ်တို့ရဲ့အိမ်ထောင်ရေး ကံကြမ္မာရဲ့တိုက်စားမှုကြောင့်ယိန်းယိုင်လာခဲ့သည်၊အဆင်မပြေမှုတွေများလာခဲ့သည်။ ကိုယ်ရဲ့အိမ်ထောင်မှုအဆင်မပြေမှုတွေများလာတော့မှ..ဪ………..အဖေနဲ့အမေရှိရာကိုယ့်ရွာ ကလေးတောင်မရောက်တာအတော်ကြာပါကကော…..အဖေနဲ့အမေဆီကိုသွားအုံးမှဆိုပြီးမရောက် ဖြစ်တာကြာပြီဖြစ်တဲ့နယ်မြေဟောင်းလေးဆီကိုထွက်လာခဲ့လည်။ မိဘရဲ့နွေးထွေးတဲ့မေတ္တာတွေအရောင်မပျယ်သေးတာကြောင့်”မိဘအိမ်”လေးရဲ့အရိပ်အာဝါသဟာ အေးမြနေဆဲပါပဲ။ အဖေနဲ့အမေဟာကျွန်ုပ်တို့ရဲ့မိသားစုလေးပြန်လာတာကြောင့်ပျော်ရွှင်ခြင်းပီတိတွေခံစားနေလိုက်ကြတာ ဘယ်အရာနဲ့မှလဲနိုင်မည်မထင်။ ဪ………မိဘ..မိဘ..မေတ္တာကြီးမားလှပါလား…။ မေတ္တာတွေဘယ်လောက်ပဲကြီးမားပါစေ၊အချစ်တွေဘယ်လောက်ပဲချစ်နေပါစေ မတည်မြဲခြင်းဆိုတဲ့”သင်္ခါရ”ကတော့အမြဲထာဝစဉ်ပြောင်းလဲနေခဲ့သည်။ ခုလည်းမိသားစုစုံစုံလင်လင်ပျော်ရွှင်နေဆဲအချိန်လေးမှာ နေလုံးကြီးရဲ့”သင်္ခါရ ပြယုဂ်”တစ်ခုကကျရောက်လာခဲ့သည်။ သဘောသွားခြင်းတူချင်တူနေပါလိမ့်မည်၊ဖြစ်တည်မှုကမတူတော့ပေ။ ငယ်ငယ်ကအဖေပြောခဲ့သလို၊ခုလည်းပြောလာခဲ့သည်။ ဒါပေမဲ့..ခုအဖေပြောလိုက်တာက…. “ရှင်မရေ…….ငါထန်းလှီးသွားတော့မယ်” တဲ့……….။ ငယ်ငယ်ကလို..”သားရေ…အဖေထန်းလှီးသွားတော့မယ်ကွ”လို့ပြောလိုက်ပါတော့လား။ မရတော့ဘူးလေး….အဖေ့သားက သားနဲ့မယားနဲ့ဖြစ်နေပြီကိုး။ ဒါတင်ဘဲလားဆိုတော့ လုပ်ဆောင်ချက်တွေကကွဲပြားလိုက်ပါဘိ။ ကျွန်တော်ရယ်၊ကျွန်တော့်ညီလေးရယ်အစား၊ကျွန်တော့်သားနှစ်ယောက်ကနေရာယူခဲ့ပြီ။ အမနေရာအစားကျွန်တော့်ဇနီးကနေရာယူခဲ့ပြီ..။ ဘယ်လောက်ပဲချမ်းသာနေပါစေ၊ ပျော်ရွှင်နေပါစေ ဂုဏ်တွေကြီးမားပါစေ “သင်္ခါရရဲ့ပြယုဂ်”နေ့စဉ်နဲ့အမျှပြကွက်ဆန်းတွေဖြင်းလည်းကောင်း၊ရိုးရိုးအနေဖြင့်တဖုံ၊ အမျိုးမျိုးပြသနေတာကိုကျွန်ုပ်တို့တတွေသိကြမယ်ဆိုရင်………………………………။ ။ […]