alinsettDecember 28, 20141min60922
အမေရိကန်နဲ့ ပြင်သစ်ထက် ဗမာတွေက ပိုပြီးတော့ သတ္တိ ရှိတယ်။   ……………………………………………………. အမေရိကန်တွေရယ်… ပြင်သစ်တွေရယ်…. ဗမာတွေရယ်… စုဝေးပြီး ထိုင်နေကြတယ်။ သူတို့ဟာ… ဘယ်လူမျိုးက သတ္တိအရှိဆုံးဆိုတာကို ထိုင်ငြင်းနေကြတာဖြစ်တယ်။   ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်သာလျှင် သတ္တိရှိကြောင်းကို သက်သေတွေ သာဓကတွေ ထုတ်ပြကြတယ်။ ပထမဆုံး … အမေရိကန်တွေက  သူတို့ ဘယ်လောက် သတိ္တ ရှိကြောင်းကို သက်သေနဲ့တကွ ပြောတယ်..   ”ငါတို့ဟာ ဘယ်လောက် သတ္တိ ရှိပြီး.. ဘယ်လောက် တာဝန်ယူစိတ် ရှိကြသလဲ..ဆိုရင်… ကား ဆယ်စီး တန်းစီထားတယ်… ။ အဲဒီ ဆယ်စီးထဲမှာ တစ်စီးက…ဘရိတ်မပါဘူး ။ မောင်းထွက်လိုက်ရင် ရပ်လို့မရဘူး ။ ဒါပေမယ့်… အမေရိကန်ဆယ်ယောက်ဟာ… အဲဒီကားတွေပေါ်ကို […]


ムラカミDecember 24, 20141min45019
ကျုပ်​စိတ်​ထဲမရှင်​းလို့ပါဗျာ တကယ်​   တခြားမဟုတ်​ဘူး တီဗီ​အောက်​စက်​ စတာ​တွေရဲ့ ရီမုတ်​ကွန်​ထရိုး ကိစ္စ​လေ   အရင်​က ဘယ်​လျပ်​စစ်​ပစ္စည်​းရဲ့ ရီမုတ်​ကွန်​ထရိုးမဆို AA ဘက်​ထရီ နှစ်​လုံးနဲ့ သွားခဲ့ကြတာမဟုတ်​လား ​ခေတ်​​ပြောင်​းသွားတာ ၂၀၀၈​နှောင်​းပိုင်​းထင်​့ AA အစား ပိုငယ်​တဲ့ AAA ဘက်​ထွီ​တွေ အစားဝင်​လာကြတယ်​​လေ   မိဂီတို့က အဲ့ကတည်​းက ဇာတိပြတာ စကားဂျို စစ်​ဂ​နေချာတီဗီကြီးဝယ်​လာပီး ဘက်​ထွီရှာမရလို့​လေ ရီမုတ်​အတွက်​ အဲ့တုန်​းက ရပ်​ကွက်​ထဲကဆိုင​်​​တေမှာ AAAဘက်​ထွီ မတင်​ဘူးရယ်​ အနည်​းဆုံး ဇီးသီးမတ်​​လောက်​​ပြေးမှ ဝယ်​ရတာရယ်​ အဲ့တုန်​းက ဇီးသီးမတ်​လည်​း ခုလိုမ​ပေါ​သေး အိမ်​မှာမကြာခန ဆဲခံထိ​သောအ​ကြောင်​းရာဆိုပါ​တော့     ထားပါ​တော့ဗျာ က​နေ့​ခေတ်​မှာ​တော့ ရီမုတ်​​တွေအားလုံးလိုလိုရဲ့ ဘက်​ထွီ က AAA ဖြစ်​သွားရြသလို ရပ်​ကွက်​ထဲက ကုန်​စုံဆိုင်​မှာလည်​း […]


alinsettDecember 22, 20143min85133
  မင်္ဂလာပါ… ချစ်သော ရွာသူား မိတ်ဆွေများခင်ဗျားးးး     ဂဇက်တံဆိပ်ရိုက်ထားတဲ့ အမှတ်တရ တီရှပ်လေးတွေ ရပါပြီခင်ဗျ။ တစ်ထည်ကို (အထည်ဖိုး တံဆိပ်ရိုက်ခ စုစုပေါင်း)2000 ကျပ်လောက် ကျတာမို့ တစ်ထည် 2500 ကျပ်နဲ့ ရောင်းပါ့မယ်။ ပိုရောင်းထားတဲ့ အစွန်းထွက်ငွေကို ရွာ့အလှူထဲ ထည့် လှူမှာဖြစ်ပါတယ်။ တီရှပ် ယူဖို့စာရင်းပေးထားကြတာ စုစုပေါင်း ၆၃ ထည် ရှိပါတယ်။ အထည် ၇ဝ ထုတ်ထားပါတယ်။ ရ ထည် ပိုပါတယ်။   အခုမှ ဝယ်မယ့်မိတ်ဆွေများ အဲ့ဒီ ရ ထည်ထဲက ဝယ်ကြပါဦးနော်။ နောက်ပြီး ယူမယ်လို့ စာရင်းပေးထားသူများထဲက မန်းလေးက အန်ကယ်ကြီး ၊ ဘုံဘုံ မမပုချ် နဲ့ သဂျား […]


alinsettDecember 11, 20142min64235
  အဟိ။ ဂွိဂွိ ။     မောင်သူရတို့ရပ်ကွက်ထဲက ဒေါ်ဖွားမေတို့ ပြောပြောနေတာ ကြားဖူးတယ်ဗျ။ စကားပုံတစ်ခုပါ။ .ပြောတော့ဖြင့် မိုးလားလေလား ရလဒ် ထွက်လာတော့လည်း ဘာမှ မဟုတ်ပါဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးကို ပြောတာ. . . စကားက နည်းနည်းတော့ ကြမ်းတယ်ဗျ။ ဘာတဲ့ !!!!   ”အော်တော့ဖြင့် (၇) အိမ် ကြား (၈) အိမ် ကြား. . . မွေးလာတော့ (၁)ပေါင်တောင် မပြည့်ဘူး” တဲ့။   အဲ့စကားပုံနဲ့တော့ မတင်စားလောက်ပါဘူးနော့။ စကားကြို ခံထားတာ။ :k: ။ ။ ။ ။ ။ ။   ဒီလိုပါ။ လာမယ့် […]


alinsettDecember 10, 20142min54426
တကယ် အသုံးကျသော စာကြည့်တိုက်များကို လိုအပ်ခြင်း   ~~~~~~~~~~~     ရန်ကုန်မြို့မှာနေသည့် လူငယ်တော်တော်များများသည် အလွန်တရာ အားလပ်နေကြခြင်းတော့  မဟုတ်ချေ။   အများစုသော လူငယ်တို့သည် ကုမ္ပဏီများ၊ ရုံးများ ၊ စက်ရုံ လုပ်ငန်းခွင်များထဲမှာ မနက်ကနေ ညနေအထိ အချိန်ပေးထားရသည်။   စားဝတ်နေရေး စရိတ်မြင့်မားသော မြို့ပြမှာနေလျှင် မိဘစဉ်ဆက်က ချမ်းသာလျှင်သာ သွားချင်ရာသွား စားချင်ရာစားဖြင့် အေးအေးလူလူနေနိုင်ပေလိမ့်မည်။   နယ်မှ ပြောင်းရွှေ ့ လာသူများနှင့် အောက်ခြေလူတန်းစားအလွှာမှ လူငယ်များသည် ဘဝ ဝမ်းရေးအတွက် ရုန်းကန်နေကြရသည်။   တချို့က  လစာရလျှင် ဘီယာသောက်ခြင်း၊ မိန်းမကိစ္စ လှိုက်စားခြင်း၊ လောင်းကစားခြင်းတို့နှင့် ဘဝအမောကို ပြေလိမ့်နိုးနိုး ဖြေရှင်းသည်။ အဲသည် စက်ဝိုင်းထဲ […]


alinsettDecember 6, 20141min813
မင်္ဂလာပါ ဂဇက်ချစ်သူများခင်ဗျား… ။   လာမယ့် ၂၀၁၅ ဇန်နဝါရီ ၊ ဒုတိယပတ်လောက်မှာ ပြုလုပ်မယ့် တွေ ့ဆုံဆုပေးပွဲနဲ့ အလှူနေ့မှာ တူညီအကျင်္ ီလေးတွေ ဝတ်နိုင်ဖို့ ဂဇက်အမှတ်တံဆိပ် စာတန်းလေး ပါတဲ့ တီရှပ်လေးတွေ ချုပ်ဖို့ စီစဉ်မလို့ပါ။ သဂျီးဆီက ဂဇက်အမှတ်တံဆိပ်ကို သုံးခွင့်ရပြီးပါပြီ။ ဝမ်းမြောက်ဝမ်းသာကြောင်းနဲ့ သုံးဖို့ လိုဂိုတံဆ်ိပ်လေးပါ ပို့ပေးးထားပါပြီ။ (သူကြီးပို့ထားတဲ့ လိုဂိုပုံ ပြထားပါကြောင်း)                       အကျီ င်္အထည် ငါးဆယ်လောက်အတွက် ကုန်ကျငွေ (ခန့်မှန်း) ၇၅၀၀၀ ( တစ်ထည် ၁၅၀ဝနှုန်း) ကို လောလောဆယ် စိုက်ထားပေးမယ့်သူကတော့  […]


alinsettNovember 24, 201425min49619
စကားလုံးပြတိုက်ကလေးတစ်ခု မကြာခင် ဖွင့်မယ်လို့   အသိပေးလိုက်ပြီးနောက်မှာ… ”မောင်သူရရဲ့ စကားလုံး ပြတိုက်က ဘယ်တော့ ဖွင့်မလဲကွ..” လို့…တမေးထဲမေးနေတဲ့…ကဗျာ ချစ်သော… ချစ်မိတ်ဆွေတို့ရေ….. ကျနော် အခု…  ပြတိုက် ဖွင့်လှစ်လိုက်ပါပြီနော်။ —————— ပြတိုက်ဖွင့်ရခြင်း ရည်ရွယ်ချက် ။ ၁) ကဗျာတွေကို ချစ်လို့ ။ ၂) ကဗျာတွေ စာတွေအကြောင်း ပြောနေချင်လို့ ။ ၃) ဂဇက်မှာ.. ကဗျာရေး/တင်ပြသူတွေရဲ့ ကဗျာတွေကို ကိုယ်တိုင်လည်း မြတ်နိုးစွာ… တပါးသူတွေလည်း မြတ်နိုးလာအောင်… တစ်ဖက်တစ်လမ်းက… ဝန် ထမ်းချင်လို့ ။ ၄) ဂဇက်ထဲမှာ..တင်လာတဲ့ ကဗျာတွေကို မပြတ်တမ်း ဖတ်နေသူတွေ (အကြောင်းကြောင်းကြောင့်…မဖတ်ဖြစ်လိုက်ပဲ လွတ်သွားတာတွေ ရှိရင် ကျနော့် အညွှန်းလေးက တဆင့် ပြန်သွားဖတ်လို့ရစေဖို့… ။ ———————————– […]


alinsettNovember 20, 20141min36811
  (ကဗျာချစ်သူတစ်စု ပူးပေါင်းပြီး  . .. နှစ်ချီအောင် ဖန်တီးခဲ့တဲ့ ကဗျာပြခန်းလေးကို ပြန်လွမ်းတာက အစပြုပါတယ်။ )   :k:   နောက်တစ်ချက်က ကဗျာတွေ စာတွေအကြောင်း မဖတ်ရ / မပြောရရင် မနေနိုင်တာရောပဲ။   ဒါကြောင့် ကဗျာတွေ စာတွေအကြောင်း နည်းနည်းပြောချင်လာလို့… ဒီအစီအစဉ်လေးကို အစဆွဲထုတ်ကြည့်တယ် ဆိုဘာဇို ့။   ——- ကဗျာ… .   မောင်သူရ ကဗျာတွေကို ချစ်တယ်။ ~~~~~~~~ ဘယ်လို ကဗျာ အမျိုးအစားကိုမဆို ချစ်နိုင်တယ်။ ကျွန်တော် ချစ်၍ ကျွန်တော် ဖတ်သော ကဗျာ… = (ရေးရိုး အစဉ်အလာ အသံချိုတယ်ဆိုတဲ့ ကဗျာတွေပေါ့)   ကျွန်တော် […]


kaiNovember 17, 20141min3517
” စာဟောဆရာ ၊ စာရေးဆရာ ဦးအောင်သင်းကို နှုတ်ဆက်ပါတယ်။ ” အမေရိကပြည်ထောင်စုမှာ ၂၀၁၄ ၊ အောက်တိုဘာ ၊ ၂၅ ၊ စနေနေ့က RFA (လွတ်လပ်တဲ့ အာရှအသံ)က  နေရှိန်ကျော် ၊ နံနက်စောစောကြီး ဖုန်းခေါ်ပါတယ်။ ခေါ်ရိုးခေါ်စဉ် အချိန်မဟုတ်လို့ ခပ်လန့်လန့်နဲ့ပဲ ဖုန်းကို ကောက်ကိုင်လိုက်တော့ ”ဆရာရေ ၊ ဦးအောင်သင်းကြီး ဆုံးပြီ ” လို့ သတင်းလာပါတယ်။ သူ ဆေးရုံတင်ထားရတဲ့ သတင်းကို ကြားထားပြီးသားပါ ။ အသက်က ရှစ်ဆယ့်ရှစ် (၈၈) ဆိုတော့ ၉ဝ – ၁၀ဝ တွင်းကိုး ။ စိုးရိမ်ရမှန်း သိထားပါတယ်။  ထင်တဲ့အတိုင်း ကြားရတာပါပဲ ။ ”ဆရာတို့နဲ့ ဦးအောင်သင်းတို့က […]


alinsettNovember 13, 20142min33713
မင်္ဂလာပါ။ အပတ်စဉ် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ရဲ့ သတင်းအစီအစဉ်ကနေ… ယခုတစ်ပါတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့… နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်မှာ စတင်ကျင်းပနေတဲ့ ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးဆိုင်ရာ သတင်းအချက်အလက်များ ဦးအောင်သောင်းကို အမေရိကရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုလုပ်လိုက်တာဟာ NLD နဲ့ သက်ဆိုင်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုလိုက်တဲ့သတင်း ၊ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ ၁ရ ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲမှာ ကိုပါကြီးရဲ့မိသားစု အပါအဝင် နိုင်ငံရေး လှုပ်ရှားသူတွေကို ထောက်ပံ့ငွေ ပေးအပ်တဲ့သတင်း မြန်မာတွေဟာ ပြဿနာများသူတွေဖြစ်ကြတယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောဆိုလိုက်တဲ့ သတင်း၊ လက်ရှိ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားရယ်လို့ မရှိဘူးဆိုတဲ့ အစိုးရဘက်က ပြောဆိုမှုတွေကို […]


alinsettNovember 5, 20146min2738
မင်္ဂလာပါခင်ဗျား…. အပါတ်စဉ် မပြတ်မကွက် တင်ပြပေးလာတဲ့ … အလင်းခြုံတဲ့ သတင်းZone -လို့ပဲ ခေါ်ခေါ်… ဂဇက် သတင်းမှတ်တမ်းလို့ပဲ ပြောပြော… ဆက်လက်တင်ပြပေးဖို့ အချိန်ရောက်ပြန်ပါပြီ။ ဒီတစ်ပါတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့…. ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ @ US သမ္မတအိုဘားမား မြန်မာနိုင်ငံကို ရောက်ရှိလာမယ့်နေ့မှာ တွေ့မြင်သွားဖို့ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို စီတန်းလှည့်လည်ခွင့် မပြုလည်း ဆန္ဒဖော်ထုတ်ကြမယ့် သတင်း ၊ @ နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ကျင်းပခွင့်မပြုဘူးဆိုတဲ့ သတင်း၊ @ရခိုင်ပြည်နယ်တွင်းမှာ တင်းမာမှုတွေ အခုထိ မလျော့ပါးသေးတဲ့အတွက် စိုးရိမ်စရာ အခြေအနေတွေအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ ဝေဖန်ချက်နဲ့…  @အလုပ်ရှင် အလုပ်သမား […]


alinsettNovember 3, 20142min58925
    ကျွန်တော်နှင့် တိုက်ပွဲဝင်နေ့ရက်များ (အပိုင်း – ၁) (မဖတ်ရသေးသူများအတွက်) ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အစိုးအရနဲ့ DKBA တပ်များအကြား ပစ်ခတ်မှုတွေကြောင့် စိုးရိမ်ဖွယ်ရာ ဖြစ်နေသေးတဲ့အတွက် အဆိုပါ ပြည်နယ်တွေကို သွားရောက်မယ့် အမေရိကနိုင်သားများ အနေနဲ့ သံသယဖြစ်စရာ တွေ့ရှိတာနဲ့ အဲဒီဒေသတွေကနေ ချက်ချင်းထွက်ခွါရေး၊ ဒေသတွင်းလုံခြုံရေးအခြေအနေတွေကို သတိပြုရေးနဲ့ သတင်းအဆက်အသွယ်မပြတ်ရေးတို့ကို အမေရိက သံရုံးက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ။။။။။။။။။။။။။။။။။။။။။။။။။။။ ကရင်ပြည်နယ် ကျုံဒိုးနဲ့ ကျိုက်မရောကြားမှာ ခရီးသည်တင် ယာဉ်တစီးကို လက်နက်ကိုင်တပ်ဖွဲ့တစုက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ခရီးသည် လေးဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ တပ်ဖွဲ့ဟာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA တပ်ဖွဲ့ဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဖွဲ့ […]


alinsettOctober 30, 20146min32410
မင်္ဂလာပါ။ အလင်းခြုံတဲ့ သတင်း Zone အပါတ်စဉ် သတင်းအစီအစဉ်ကနေ ယခုတပတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့…. အလွတ်တန်းသတင်းထောက် ကိုပါကြီးကို စစ်တပ်က သတ်ဖြတ်လိုက်တဲ့အတွက် အမှုမှန် ဖော်ထုတ်ပေးရေးကို ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေထဲက  လူ ၂ဝ ခန့်ကို စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်အရေးယူလိုက်တဲ့သတင်း၊ စာရေးဆရာကြီး ဦးအောင်သင်း ကွယ်လွန်သွားတဲ့ သတင်း ၊ ကချင်ပြည်နယ် ၊ ဒေသခံ ပြည်သူလူထုတွေက  ကျောက်စိမ်းပြန်လည် တူးဖော်လာခြင်းကို မလိုလားတဲ့ အတွက် နိုင်ငံတော် သမ္မတထံကို ကန့်ကွက်စာ တင်လိုက်တဲ့သတင်း ၊ မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေမှာ နှောင့်နှေးနေကြောင်း ဝေဖန်ပြောဆိုလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee အစီရင်ခံပြောဆိုချက်နဲ့…ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးရဲ့ […]