တစ်နေ့သ၌ ကျွန်ပ်လည်း ပျင်းပျင်းရှိသဖြင့် မန္တလေးသိန်းဇော်၏ ရွှေပွင့်လွှာ တေးသီချင်းကိုဖွင့်ရင်း ဂီတသံကိုမျက်လုံးလေးမှေးပြီး နားဆင်နေခိုက် အိမ်ရှေ့မှ“ ဆြာထက် ဆြာထက် ”ဟူသော အသဲဩဩကြီးဖြင့် အော်ခေါ်ကာ မုတ်ဆိတ်မွှေးဗရဗျစ်၊လွယ်အိတ်အရောင်မွဲမွဲ လွယ်ကာ အသက်(၅၀)ခန့် လူကြီးတစ်ဦးဝင်လာလေ၏။ထိုလူကြီးမှ လွယ်အိတ်မွဲမွဲကြီးကိုဗုန်းကနဲပစ်ချရင်း “ ဟကွာ..ဆရာစာရေးလည်းတယ်ဇိမ်ကျနေသကိုး မပျင်းစမ်းပါနဲ့ ရသဆိုလည်းရသ ၊သုတဆိုလည်းသုတပေါ့ အခုဟာက မောင်ရင့်နှယ် ကဗျာမမည် စာမပီပါကလားဟရို့ ”ဟူ၍ပြောပြီး ၎င်း၏ အိတ်ကြီးထဲမှ ဆေးပြင်းလိပ်တစ်လိပ်ကို ထုတ်၍မီညှိဖွာရှိုက်လေတော့သည်။မီးခိုးများကိုမှုတ်ထုတ်လိုက်၊ဖွာရှိုက်လိုက်ဖြင့် ရှိနေစဉ် ကျွန်ပ်မှာ ချောင်းတဟွတ်ဟွတ်ဆိုးရလေတော့သည်။ ထိုသူသောက်သောဆေးပြင်းလိပ်မှာ အနံ့တော် တော် ဆိုးသဖြင့် အသက်ရူကြပ်လာလေတော့၏။ “ ဟကောင်ရ ..ကဗျာဆရာလုပ်ပြီး ဒီလောက်တောင်ပျော့ရသလား စိတ်မာစမ်းပါ ဟုပြုံးစစမထီသရီပုံစံဖြင့် ဆက်တိုက်ဖွာရှိုက်ပြီးပမာမခန့်သဏ္ဍန်ဖြင့်ပြောပြန်သည်။ ကျနော်က မိုက်ကြည့်ကြည့်သောအခါ ထိုလူကြီးက မောင်ရင်ရဲ ့ရသကိုးပါးထဲမှာ အခုလိုစိတ်ခံစားမူက ိုဝိဘစ […]