(၁၉၈၄ခုနှစ်)ကဆရာကြီးဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်)ကျောင်းအုပ်တာဝန်နဲ့ရှိနေတဲ့မော်လမြိုင်ဒီဂရီကောလိပ် (ယခုမော်လမြိုင်တက္ကသိုလ်)ကိုရောက်ခဲ့ပါတယ်။ ကိုယ်ကအသက်ငယ်သေးတာကတကြောင်း၊ စာဖတ်များစပြုလာပေမဲ့ အချစ်နဲ့ပတ်သက်ပြီးရေးထားရင်ဘာစာအုပ်မှဖတ်လေ့မရှိလို့ ဆရာကြီးရဲ့စာအုပ်တအုပ်မှကိုမဖတ်ဘူးပါ။ ရုပ်ရှင်ဖြစ်လာတော့ကြည့်ဖြစ်ပါတယ် ။တော်တော်လဲကြိုက်ပါတယ်။အဲဒါကနောက်ပိုင်းမှပါ။ (၂၀၀၂ခုနှစ်အသက်၇၂နှစ်မှာဆရာကြီးကွယ်လွန်ခဲ့ပါပြီ၊ ဆရာကြီးလိုလူမျိုးဟာကောင်းရာ ဘုံဘဝရောက်မှာမလွဲပါဘူး၊ ဆရာကြီး ဘာတွေလုပ်ခဲ့တယ်ဆိုတာတော်တော်များသိကြပါတယ်။) အဲဒီအရင်မှာမော်လမြိုင်ဒီဂရီကောလိပ်ရောက်တုန်း ဆရာကြီးရဲ့ကျောင်းသားကျောင်းသူတွေ အပေါ် ရင်ဝယ် သားသမီးလိုဆက်ဆံတတ်တာတွေ၊ ဝန်ထမ်းတွေအပေါ်ညှာတာစွာ အုပ်ချုပ်ဆက်ဆံတတ်တာတွေ၊ ဆရာ ကြီးရဲ့နူးညံ့သိမ်မွှေ့တဲ့အနေအထိုင်တွေရဲ့မွှေးပျံ့တဲ့ဂုဏ်သတင်းတွေကြောင့်”သူငယ်ချင်းလို့ဘဲဆက်၍ခေါ်မည်ခိုင်”တွေ “တပြည်သူမရွှေထား”တွေ”သူကျွန်မခံပြီ”တွေမသိသေးတဲ့အဲဒီအရွယ်မှာ ကထဲကဆရာကြီးကိုလေးစားမိလိုက်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အဲဒီရောက်တုန်းစာအုပ်တအုပ်လက်ဆောင်ရပါတယ် ။မော်လမြိုင်ဒီဂရီကောလိပ်နှစ်လည်မဂ္ဂဇင်းပါ။ အဲဒီစာအုပ်မှာဆရာရဲ့ဓာတ်ပုံပါပါတယ်။ ခပ်သေးသေးကိုယ်လုံးနဲ့ ဆံပင်တွန့်တွန့်လေးတွေကကောလိပ်ကျောင်းအုပ်ဆရာကြီး တယောက်အနေအထားနဲ့ရောနိုင်ငံကျော် စာရေးဆရာကြီး တယောက်အနေနဲ့ ပါလိုက်ဖက်လှပါဘိတယ်။ ဆရာကြီးတည်းဖြတ်တဲ့အဲဒီနှစ်လည်မဂ္ဂဇင်းဟာဖတ်လို့မငြီးနိုင်အောင်အကောင်းဆုံးကဗျာတပုဒ်ကိုအ လွတ်ရနေခဲ့ပါတယ်။ဆရာကြီးတည်းဖြတ်ခဲ့လို့ထင်ပါရဲ့။တော်တော်ကောင်းပါတယ်။(ပျဉ်းမငုတ်တိုတို့သိကြားလိမ်တို ့ရှေးခတ်ပုဂံပြည်တို့အစရှိတဲ့ကဗျာတွေဦးကြော့၊ဘိုးသူတော်ဦးမင်းလူဦးမင်း ဆရာကြီးဇော်ဂျီဆရာကြီးမင်းသုဝဏ် ဆရာကြီးတင်မိုးကဗျာတွေနဲ့ကြီးပျင်းခဲ့ရတော့တော်တန်ရုံကဗျာကျနော်စိတ်ကိုမ”တိုး”ပါဘူး။ ခုကဗျာလေးကြတော့ကာရံလဲလှအဓိပ္ပာယ်လဲရှိလွန်းလို့ခုထိမမေ့နိုင်ပါဘူး။ ပြီးတော့၁၉၈၄ခုနှစ်ကကဗျာတပုဒ်ဟာ ဒီကနေ့ လက်ရှိအနေအထားတခုကိုဖြစ်တဲ့“စပွန်စာ”ညီမလေးတွေ၊ မမတွေကိုများရည်ညွန်းနေသယောင်ယောင်ဖြစ်နေလို့ သတိတရတင်ပြလိုက်ရပါတယ်။ ကလောင်ရှင်က “စောမင်းဝေ”လို့မှတ်သားမိပါတယ် ။မော်လမြိုင်ဒီဂရီကောလိပ်နှစ်လည်မဂ္ဂဇင်း(၁၉၈၄)ရဲ့အဖွင့်ကဗျာတွေထဲကတပုဒ်ပါ။(၁၉၈၄-၈၅…လို့ရေးထားသလားမမှတ်တော့ပါ၊ သိသူများရှိခဲ့ရင်ကျေးဇူးပြုပါ။) ခံစားကြည့်ကြပါအုန်းဗျာ။ လေလိုလျှင်လှ–သမင်မ တအိုင်ကိုနင်း–တအင်းကိုချောက် တချောက်ကိုခုန်–တခြုံကိုနှိပ် တရိပ်ကိုဝင်–တပင်ကိုမေ့ […]