alinsettMarch 24, 20161min92825
                          မယုံမရှိနဲ့ဗျိ ု့. . . မနေ့(တပေါင်းလပြည့်နေ့)က မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုက ကျ ုပ်ဖြင့် ကိုယ့်မျက်စိတောင် ကိုယ် မယုံနိုင်လောက်အောင်ပဲ။ . . .   ဒါမဲ့ တကယ်ရေးချ တကယ်ကြီးဗျ။   . . . . . . . . . . . . . . ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့်(ဗန္ဓုလပန်းခြံဘေး)မှာ. . . ကားကလေးရပ်ပြီး ဗေဒင်ဟောစားတဲ့သူတစ်ယောက် ရှိနေတာ တွေ့ဖူးမပေါ့. […]


kaiMarch 23, 20161min3644
“အင်္ဂလိပ်ဝေါဟာရကြွယ်ဝလိုသော် ” ဆောင်းပါးလေးကို ရေးလာခဲ့တာ ဘာလိုလိုနဲ့တစ်နှစ်ခွဲတောင်ကျော်လာခဲ့ပါပြီ။ အင်္ဂလိပ်စကားကို ထိထိမိမိလှလှပပခန့်ခန့်ငြား ငြားယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့ပြောနိုင်ဖို့၊ ရေးနိုင်ဖို့လေးတွေ phrasal verb လေးတွေ၊ Euphemism လေးတွေ အကြောင်းနှင့် အခြားသိကောင်းစရာ Expression လေးတွေအကြောင်း တော်တော်လေးပြည့်စုံအောင် ဖော်ပြခဲ့ပြီးပါပြီ။ နောက်လကစပြီး “အင်္ဂလိပ် သဒ္ဒါတက်ကျွမ်းလိုသော်”ဆိုတဲ့ အမည်နဲ့ သဒ္ဒါအကြောင်း သိသင့်သိထိုက်တာလေးတွေကို ဖော်ပြဖို့ ရည်ရွယ်ထားပါတယ်။ ယခုလမှာတော့ စာရေးသူသိပ်ကိုသဘောကျတဲ့၊ အတွေးလှပတဲ့ဝေါဟာရလေးတွေ expression လေးတွေကိုဖော်ပြခွင့်ပြုပါ။ ဦးစွာပထမ intimate နှင့် intimacy ဆိုတဲ့လှပတဲ့ ဝေါဟာရလေးတွေကို ကြည့်ကြရအောင်။ လူရယ်လို့ဖြစ်လာရင် Intimacy ကိုမကြောက်မှ လူသားပီပီပျော်ရွှင်ချမ်းမြေ့စွာနေနိုင်မှာဖြစ်ပါတယ်။ Those who are afraid of intimacy are condemned to live in […]


padonmarMarch 17, 20161min63910
ကွယ်လွန်သူ ဆရာကြီး ဦးအောင်သင်းရဲ့ လှလိုက်တာနော် နှင့် ရသ စာတမ်းငယ်များ စာအုပ်ထဲက `စစ်မဲ့သူရဲကောင်း´ ဆောင်းပါးလေး ကောင်းလွန်းလို့ မိတ်ဆွေများကို မျှဝေပါတယ်။ ဆရာကြီးက စစ်မဲ့သူရဲကောင်းအဖြစ် ရမည်းသင်းစား သီဟပတေ့က သူ့လက်ဖက်ခွက်ပေါ် ဖက်ဝန်း မအုပ်ပေးမိမှုအပေါ် အထင်လွဲပြီး ပုန်ကန်ရန်ကြံစည်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ ငါးစီးရှင်ကျော်စွာ ကို ရည်ညွှန်းပါတယ်။ သူနဲ့ နှိုင်းယှဉ်ပြတာကတော့ ငရမန်ကန်းနဲ့ ကြွေအံကစားရင်း မခံချင်စိတ်နဲ့ `နင်စွမ်းရင် ပုန်ကန်လေ´ လို့ ပြောခဲ့တဲ့ စောလူးမင်း ရဲ့ မိုက်မဲမှုပါပဲ။ သမိုင်းမှာ စောလူးမင်းလို ညံ့ဖျင်းတဲ့ ခေါင်းဆောင်မျိုး မွှေလိုက်ပြီ ဆိုရင် နောက်ဆက်ခံရတဲ့ ခေါင်းဆောင်ဟာ ဖာလို့ ထေးလို့ မဆုံးနိုင်အောင်ဖြစ်တတ်တာ ဓမ္မတာပါတဲ့။ စောလူးမင်းနောက်က တက်တဲ့ ကျန်စစ်မင်းကြီးရဲ့ ဘဝဟာ သူ့ရဲ့ […]


black chawMarch 11, 20164min85016
ပန်းရဲ့လမ်း အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့  သားထွေး နှင့် အင်တာဗျူး ဖြစ်ပါသည်။ မေးခွန်းများ စီစဉ်ထားခြင်း မရှိပဲ ဝိတိုရိယ ဆေးရုံရှေ့က ဖီးလ် စားသောက်ဆိုင်မှာ ထိုင်ပြောခဲ့ကြခြင်း ဖြစ်၏။ အမှန်တော့ လွန်ခဲ့တဲ့ ၂၀၀၇ လောက်တုန်းက ကိုသားထွေး နှင့် သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးသဖြင့် ခင်မင်ခဲ့ဖူးပါသည်။ အခုအချိန်အထိ မှတ်မိနေသော ကိုသားထွေး အား ကျေးဇူးတင်ရပါ၏။     ကိုသားထွေး က ကိုမောင်မောင် တို့ ကိုနေဝင်းတို့ ကိုရဲလွင် တို့လက်ပေါ်မှာ ကြီးပြင်းခဲ့ရသူတဲ့။ အဲ့ဒါကိုက စိတ်ဝင်စားစရာ ကောင်းနေပါသည်။ အလုပ်သဘောထက် ကျွန်တော် သိချင်တာလေးတွေ မေးဖြစ်သဖြင့် အင်တာဗျူး က နှစ်နာရီ လောက် ကြာခဲ့ပါတယ်။ ဒါကြောင့် နှစ်နာရီ အင်တာဗျူး လို့ ခေါင်းစဉ်တတ်လိုက်ရပါတယ်ဗျာ။   မြန်မာဂဇက်  –  ကိုသားထွေးရဲ့ လောလောဆယ် အနုပညာ လှုပ်ရှားမှုလေးတွေ ပြောပြပေးပါ။   သားထွေး – လောလောဆယ် […]


alinsettMarch 10, 20161min68110
                  မနက် ၈း၄၅ ထက် နောက်မကျဘဲ ရုံးကိုရောက်အောင် ဘတ်စ်ကား ၂ဆင့်ဖြင့် သွားရပြီး ညနေ ရုံးဆင်းချိန် ၅း၃ဝ မှ ဘတ်စ်၂ဆင့်ဖြင့် ပြန် / ညပိုင်းထိ ရောင်းနေသော ဈေးကိုသွား/ ညစာအတွက် ချက်ပြုတ်ကြော်လှော်ရမှာတွေကို ဝယ်/အဆောင်ကို ပြန်ရောက်မှ ချက်ပြုတ်/ လျှော်ဖွတ်/စသည်ဖြင့် လှုပ်ရှားရသည့် ရုံးဝန်ထမ်းတစ်ယောက်သည် မနက် ၆နာရီအတိမှာ မျှော်လင့်ချက်အပြည့်ဖြင့် အိပ်ရာမှ နိုးထခဲ့ပါပြီ။   မနေ့ညတုန်းက ရုံးမှ ပြန်ရောက်ကာမှ ညစာအတွက် ချက်ပြုတ်ကြော်လှော်ပြီး ရေမိုးချိုး၍ ကွန်ပြူတာရှေ့ရောက်သည့်အချိန်မှာ ည ကိုးနာရီ ဖြစ်သည်။   ညကိုးနာရီမှ စကာ ဆယ်နာရီခွဲလောက်အထိ […]


ဇီဇီFebruary 28, 20161min77520
Bridge of Spies ကြည့်ပြီးသော်….. သို့နှယ် ဖြစ်ရပ်မျိုးး ရွှေပြည်ကြီးတွင် ဖြစ်မည်ဆိုပါက … ၁) သူလျှို ဟု ယူဆထားသူ ကို ဖမ်းရာနေရာတွင် ဒေါသထွက်နေသော လူအုပ်ကြီးး လက်ချက်ဖြင့် ထို သူလျို အသက်ထွက်နိုင်သည်… ၂) သို့တည်းမဟုတ် လဝက မှ ထုတ်ပေးထားသော နိုင်ငံသားစိစစ်ရေးးကဒ်ပြားပြပြီးး ရဲများကို ငွေပေးကာ လွတ်မြောက်နိုင်သည်…. ၃) သို့မဟုတ် အချုပ်ကျကာလ အတွင်းး ထွက်ချက်ရရန်စစ်ရာမှ လက်လွန် သဖြင့် ထို သူလျို တရားရုံးးထိ ရောက်မည် မဟုတ်…. ၄) Or ပြဇာတ်စင်သဖွယ် ပြင်ထားသော မီဒီယာ ဝင်ခွင့်မရှိ ပရိတ်သတ် မရှိ တရားရုံးးတွင် တေမိရှေ့နေ နှင့် ညွန်ကြားချက် ရ […]


black chawFebruary 25, 20161min109926
ဝင်းဦး အတု ပေါ်ခဲ့ဖူးတယ်။ ကောလိပ်ဂျင်နေဝင်း အတု ပေါ်ခဲ့ဖူးတယ်။ မြတ်လေး အတု ပေါ်ခဲ့ဖူးတယ်။ ကျော်ဟိန်း အတု ပေါ်ခဲ့ဖူးတယ်။ ရာဇာနေဝင်း အတု ပေါ်ခဲ့ဖူးတယ်။ ကိုယ်ပိုင်စတိုင် ရှိသော မင်းသားတွေသည် တုပခြင်းကို ခံကြရပါတယ် ခင်ဗျာ။ အတုတွေ ထဲမှာတော့ ကျော်ဟိန်းအတု မြို့တော်ချစ်ဖွယ်ကို အတော် ကြိုက်ခဲ့ဖူးတယ်။ အင်းမ ကျောင်းကြီးပွဲတော်မှာ ကြည့်ဖူးတယ်။ ကျော်ဟိန်း ကို အရမ်းကြိုက်နေချိန်မှာ ကျော်ဟိန်း ပို့စ် တွေနဲ့ ဟာသတွေ လုပ် လုပ်သွားတာ အရမ်းမိုက်တယ်လို့ ခံစားရပါတယ်။ အောင်မယ် သီချင်းဆိုတာတောင် ကျော်ဟိန်းသီချင်းကို ကျော်ဟိန်း နဲ့ အတော်တူအောင် ဆိုနိုင်သော ချစ်ဖွယ်ပါဗျာ။ ကျော်ဟိန်း ပို့စ်တွေပါ ပေါင်းထည့်လိုက်တော့ ချစ်ဖွယ်သီချင်းဆိုရင် လက်ခုတ်သံတွေ လက်ခေါက်မှုတ်သံတွေ […]


kaiFebruary 23, 20161min2883
ဖေဖော်ဝါရီလကို ချစ်သူများရဲ့လလို့သတ်မှတ်ထားလို့ရမယ်ထင်ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် valentine ကို ယခုဆို ကမ္ဘာတဝှမ်းလုံးနီးနီးကျင်းပကြပါတယ်။ ဒီတော့ ဒီလအတွက် ‘ မေတ္တာ ‘ နဲ့ပတ်သက်တဲ့ တနည်းအားဖြင့် ‘အချစ်’ နဲ့ပတ်သက်တဲ့ English expressions တွေကိုလေ့လာကြရအောင်။ နာမည်ကျော်စာရေးဆရာကြီးShakespeare ကတော့ “Love is blind ” လို့ဆိုတယ်။ အော်အချစ်မှာ မျက်စေ့မရှိဘူးပေါ့ ။ ဒီတော့လည်း ကိုယ့်ချစ်သူရဲ့အပြစ်အနာ အဆာလေးတွေကို မမြင်နိုင်တာ မထူးဆန်းလှဘူးပေါ့ ။ ဘေးလူက “အော် အမဲရိုးနှယ် ဟင်းအိုးမှအားမနာ” လို့ထင်ကောင်းထင်နေလိမ့်မယ်။ ကိုယ့်စိတ်ထဲမှာတော့ ချစ်သူဟာ အပြစ်အနာစာကင်းမဲ့နေမှာပဲ။”My Love is perfect ” ပေါ့နော်။ ပညာရှင်တယောက်က ပြောသေးတယ် ။ “It’s better […]


black chawFebruary 9, 20166min131322
ကျွန်တော် မကြာခဏ ဖတ်ဖြစ်တဲ့ စာအုပ်တစ်အုပ်က ဦးကုလား မဟာရာဇဝင်ကြီး ပါ။ သမိုင်းဇာတ်လမ်းတွေ ကို ဖတ်ရင်း စိတ်ကူးထဲကလည်း ရုပ်ရှင်ရိုက်နေမိပါတယ်။ အင်း…ဒီနေရာလေးကတော့ ရုပ်ရှင်ရိုက်လို့ သိတ်ကောင်းမှာပဲ ဆိုတာမျိုးပေါ့ဗျာ။ အင်းဝ ဘုရင် သတိုးမင်းဖျား ခေတ်က ရုပ်ရှင်ရိုက်လို့ ကောင်းမယ့် ဇာတ်မျိုးဗျ။ မင်းစဖြစ်ဖြစ်ချင်း ထောင်ထားခြားနားတဲ့ သူတွေကို လှည့်ပတ် နှိမ်နင်း ရတယ်လို့ ဆိုပါတယ်။ ခြားနားသူ တစ်ယောက် ဖြစ်တဲ့ ဘယကျော်သူ ကို ဖမ်းမိတော့ ဘယကျော်သူကို သူကိုယ်တိုင် သတ်ပြီး အလောင်းကြီး ရဲ့ ရင်ဘတ်ပေါ်မှာ စားတော်ပွဲတည်၍ စားတော်ခေါ်ပါသတဲ့။ အဲဒါကို မြင်တော့ မှူးမတ်ဗိုလ်ပါတွေ အလွန်ကြောက်ရွံ့ကုန်ကြသတဲ့။ ဒါက ဇာတ်ရဲ့ နိဒါဏ်းပေါ့။ ရုပ်ရှင်ရိုက်လို့ ကောင်းလိုက်မယ့်ဖြစ်ခြင်း။ ဆင်တွေ မြင်းတွေ […]


alinsettFebruary 2, 20164min94116
ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်                                 ======================== DASSK -ဟလို…. RFA -အစ်မရေ…နေကောင်းလား… DASSK -ဟုတ်ကဲ့ နေကောင်းပါတယ်။ RFA -အခုကျင်းပနေတဲ့ ငြိမ်းချမ်းရေး  ညီလာခံအပေါ် အစ်မရဲ့ သဘောထား …သိပါရစေခင်ဗျ ။ DASSK – ဒီငြိမ်းချမ်းရေး ညီလာခံကပေါ့နော်… ၊ NCA ပြီးတာကို အသိအမှတ်ပြုတဲ့သဘာပါပဲ။ ဒီလိုပဲ အစ်မ နားလည်တယ်။ တကယ့်ငြိမ်းချမ်းရေး ညီလာခံကတော့ နောက်အစိုးရကမှ ဆက်ပြီး လုပ်ရမှာပေါ့နော်။ ငါးရက်ထဲနဲ့တော့ ဘယ်လိုလုပ် ငြိမ်းချမ်းရေး ယူနိုင်မလဲ […]


ဇီဇီJanuary 29, 20162min333447
အဟွတ်။ အဟွတ် အဟမ်း အဟမ်းးး :k:   :k:           မြန်မာစာရယ်လို့ ပြောမယ်ဆို အရမ်းသိတဲ့ထဲ တော့ ကိုယ် မပါပါဘူးးး။  :mrgreenn: ဒါမဲ့ ခုလောလောဆယ် ဟို အက္ခရာတွေကို ဖြုတ်သင့်မဖြုတ်သင့် ငြင်းနေကြလို့ သူ့ အမြင် ကိုယ့် အမြင်ကို ပြောလို့ရအောင် တင်လိုက်တယ်။ ကိုယ့်သဘောဆိုရင်တော့ ဖြုတ်ဖြုတ်, ဆက်သင်သင် သူငယ်တန်း တစ်တန်းထဲ ဖြုတ်မှာတော့ သဘောမတွေ့။ ဖြုတ်လို့ရော ဘာထူးခြားမတုန်းး။ မဖြုတ်လို့ရော ဘာပိုတတ်မတုန်း တော့ မသိဘူးပေါ့နော့။ ကိုယ်တုန်း ကတော့ ၅ တန်းလောက်ထိ ဋ ဌ ဍ (၃) ကောင်ကို ရေးဖို့ ဖတ်ဖို့ […]