alinsettDecember 11, 20152min113327
    သို့ သဂျီးမင်း— ကျနော် သတိရခြင်း များစွာဖြင့် စာရေးလိုက်ပါသည်၊၊     သဂျီးမင်း ကျန်းမာချမ်းသာပါစေကြောင်း ဦးစွာ ဆုတောင်းလိုက်ပါသည်၊၊ အို — စကားပြေနဲ့ ရေးရတာ ရှုပ်ပါတယ်၊ စကားပြောနဲ့ပဲ ချမယ်၊၊ ကိုင်းးးး   ဗျို့ သဂျီးးးး ကျနော် နေတဲ့ မြေနီကုန်းလမ်းဆုံနားမှာ— ဒီနေ့ ထူးဆန်းတာလေး တွေ့ခဲ့သဗျ— ဘာတုန်း ဆိုတော့— ကောင်မလေးချောချော လှလှလေးတွေဗျ— www.azmtv.com မှာ သတင်းကြေငြာတဲ့ အစ်မကြီးထက် အဆတစ်ရာ ပိုလှသဗျာ ကိုင်းးးး မှတ်ကရော—   -အိုက်လို အချောအလှ ကောင်မလေးတွေ -တွေ့တာ ဆန်းသလားးးလို့ မေးမလို့လား— ဒီအထိတော့ ဆန်းသေးဘူးဗျ— ဆန်းတာက ဘာတုန်းဆိုတော့ အဲ့ […]


KyaemonDecember 6, 20154min85619
ရိုက်တားမှသတင်း   Myanmar’s ex-dictator tips Suu Kyi as ‘future leader’ http://news.yahoo.com/myanmars-ex-dictator-tips-suu-kyi-future-leader-071912188.html Yangon (AFP) – Myanmar’s feared former junta leader Than Shwe has endorsed his one-time nemesis Aung San Suu Kyi as a “future leader” of the country, according to his grandson. Than Shwe, a postal clerk turned general who ran the country with an iron […]


   အလုပ်တွေများလို ့ စာမရေးနိုင်ပေမယ့် ရွာသူ ရွာသားများအတွက် ခရစ်စမတ်လက်ဆောင် ပါးလိုက်ပါတယ်ဗျာ…။ ဆီဆေး  နံရံပန်းချီပါ… ၆ နာရီ လောက် ကြာကြာရေးရပါတယ်..။ မူရင်းပန်းချီကျော် …ဒါဗင်ချီအား ဦးညွှတ်လျှက်…..   သတိတရဖြင့် ခေါင်


alinsettNovember 30, 20153min87913
B=Burmese Film  .ပြီးခဲ့သည့် ရက်ပိုင်းတွေအတွင်း စိတ်ပြေလက်ပျောက်သဘောဖြင့် ရုပ်ရှင်တစ်ကား ဝင်ကြည့်ဖြစ်ပါသည်၊၊ စိတ်ပြေလက်ပျောက်ဟု အသေအချာ အခိုင်အမာ ပြောနိုင်သည်မှာ ထိုနေ့က ရုပ်ရှင်ဇာတ်ကား၏ ဆွဲဆောင်မှုကြောင့် ဝင်ကြည့်ဖြစ်ခြင်းမျိုး လုံးဝ မဟုတ်ဘဲ ဇာတ်ကားကို ဂရုမစိုက်၊ စိတ်ပြေလက်ပျောက် ကြည့်လိုက်မည်ဟူသော အတွေးဖြင့်သာ ဝင်ကြည့်ခဲ့ခြင်းကြောင့် ဖြစ်သည်၊၊ ဇာတ်ကား၏ ဆွဲဆောင်မှုကြောင့်သာ ကြည့်ဖြစ်မည်ဆိုလျှင် ဗမာဇာတ်ကားတစ်ကားကို အချိန်ကုန်/ ငွေကုန်ခံပြီး ဝင်ကြည့်ဖြစ်ပါ့မလား၊၊ အဲသည်နေ့ကတော့ မည်သည့်ဇာတ်ကားဖြစ်စေ— ရုပ်ရှင်ရုံထဲ ဝင်ထိုင်ကြည့်ပစ်လိုက်ဖို့သာ စိတ်စောနေခဲ့သောကြောင့် ဘယ်တုန်းကမှ တပ်မက်ခြင်းမရှိဖူးသော— (ကျနော့်ကို ဆွဲဆောင်နိုင်စွမ်းမရှိရှာသော) ဗမာဇာတ်ကားတစ်ကားကို အလိုအလျောက် ဝင်ကြည့်မိသွားသည်၊၊ အဲသည်နေ့က ကျနော် ကြည့်မိသော ဇာတ်ကား၏ အမည်မှာ “ကောင်းကျိုးကိုယ်၌ တည်စေမင်း” ဖြစ်သည်၊၊ ဒါရိုက်တာ ”  ဒါရိုက်တာ ဇေပါ […]


Shwe EiNovember 26, 20151min83610
Walt Disney သင့်ရဲ့ မကြာသေးခင်ကမှ ကြုံထားရတဲ့ ကံအကြောင်းမလှမှုတွေနဲ့ ပတ်သတ်ပြီး ကို့ရဲ့ လုပ်နိုင်စွမ်းကို စစ်တမ်းကောက်ယူမှုမပြုခင် စိတ်ထဲမှာ အရင်စဥ်းစားထားရမှာက ငါဟာ Walt Disney လို လူမျိုးကို တီထွင်ဖန်တီးမှု အားနည်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ဖြုတ်ဖူးတဲ့ လောက ကြီးမှာ အသက်ရှင်နေတာပါလားလို့ စဉ်းစားရမှာပါ။ ဒါဟာအဖြစ်မှန်တစ်ခုပါ။ ကန်ဆပ်စီးတီးရဲ့ စတားတစ်ယောက်ဖြစ်တဲ့ Disney ဟာ အသက်၂ဝ ဝန်းကျင်မှာ အလုပ်ဖြုတ်ခံရပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းတစ်ခုကို ဆက်တိုက်ဆိုသလို ထူထောင်ခဲ့ပါတယ်။ အဲ့ဒါကတော့ ၁၉၂၃ မှာ ဒေဝါလီခံလိုက်ရတဲ့ Laugh-o-gram Studios ဖြစ်ပါတယ်။ Disney ဟာ Hollywood ကို သူ့အစ်ကို Roy နဲ့ အတူ ရွှေ့ပြောင်းခဲ့ပြီး The Disney […]


ဇီဇီNovember 25, 20153min155540
စာတော့ ရေးချင်နေတယ်။ ဘာရေးရမလဲ လည်း ခေါင်းထဲ ဘာမှ မရှိဘူးးး ရုပ်ရှင်ကိုက်နေတယ်လေ။ Sherlock (British drama series 2010-2015) ရှားလော့ဟုမ်း ဇာတ်လမ်းတွဲ စွဲ နေတာ။ စီဇင် ၃ ခု။ တစ်ခု ၃ ကား နဲ့ စုစုပေါင်း ၉ ကားကို ၂ ခါပြန်ကြည့်တယ်။ :k:   သူ့ အကြောင်းပဲ ပြောကြတာပေါ့နော့။   . . . ကိုယ် က မင်းသိင်္ခရဲ့ ဆားပုလင်း နှင်းမောင်ခေတ်မှာ လူဖြစ်တာဆိုတော့ ဦးစံရှားကို ပျင်းတယ်။ ဖတ်ရမှာကို။ ရှားလော့ဟုမ်း မူရင်းကို ဘာသာပြန်ကိုလည်း ဖတ်ပြီး စိတ်ထဲမရောက်။ Robert Downey, Jr.(Iron […]


kaiNovember 25, 20153min7909
Hmuu Zaw  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Washington Post သတင်းဌာန တွေ့ဆုံမေးမြန်းမှုမှတ်တမ်း (21-11-2015)နေပြည်တော် Washington Post။ မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံလိုမဟုတ်ဘဲ တပ်မတော်နဲ့အရပ်သား အစိုးရကြား အာဏာကိုခွဲဝေသုံးစွဲနေရတယ်လို့ ပြောလို့ရနိုင်မလား။ အမေရိကန်နိုင်ငံမှာဆိုရင်တော့ တပ်ကအရပ်သားအစိုးရရဲ့ ကွပ်ကဲမှု အောက်မှာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အဆွေတော်ရဲ့သဘောထားကို သိချင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်မှာပဲ မူတည်ပြီးတော့ ပြောရလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အစိုးရရဲ့ဖွဲ့စည်းပုံနဲ့ နောက်တစ်ခါ လုပ်ငန်းတာဝန်တွေ ခွဲခြားထားပါတယ်။ တပ်မတော် အတွက်လည်း သတ်မှတ်ပြဋ္ဌာန်းထားတာရှိပါတယ်။ ဒီသတ်မှတ်ပြဋ္ဌာန်း ထားတာနဲ့ပဲလုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ သီးခြားလုပ်တာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း အစိုးရရဲ့အောက်မှာ၊ အစိုးရစီမံခန့်ခွဲမှု အောက်မှာ လုပ်ရတဲ့လုပ်ငန်းရပ်တွေလည်း အများကြီးရှိတယ်။ ကျွန်တော်က တပ်မတော်မှာ အကြီးအကဲဆိုပေမယ့်လည်း နိုင်ငံရဲ့ […]


alinsettNovember 24, 20151min5137
                            (ဘာရယ်မဟုတ်….အခုတလော… စိတ်ညစ်စရာတွေ များလေ… အိပ်မပျော်လေ… အိပ်မပျော်လေ….ဟိုတွေး ဒီတွေး…ထိုင်တွေးမိလေ…. ၊ တွေးမိတာတွေထဲက… တစ်ယောက်ယောက်ကို ပြန်ပြောပြချင်တာလေးတွေ ရှိလာတော့လည်း… ချရေးမိပြန်ရော…ဆိုပါတော့…။ ချရေးမိတော့လည်း… သူကြီးဆီက ပွိုင့်တစ်သိန်းပြည့်ဖို့ နီးလာတာမြင်ထားတော့… ပိုစ့်လေးတော့ဖြင့်…တင်အုန်းမှ…ဆိုပြီး… ။ (တစ်သိန်းရဖို့… သုံးသောင်းနီးပါးပဲ လိုတော့တာဆိုတော့… တွက်ပြီပေါ့..။ တစ်သိန်းရလည်း ကိုယ့်အတွက် မနည်းဘူး။ ထမင်း အနပ်တစ်ရာ စားလို့ရ…၊ ) :k: ဒီတော့…တွေးမိတာတွေကို ချရေးထားတဲ့စာမူကြမ်းတွေကို ပြန်ချောပြီး…ခေါင်းစဉ်တွေအသီးသီးတပ်…ပိုစ့်တင်မဟဲ့….လို့ ဆုံးဖြတ်ပြီးသကာလ…. ဒီအတိုင်းတင်တာထက်..စီးရီးလေးနဲ့…အစဉ်လိုက် Tag တစ်ခုထဲအောက်မှာ တွဲပြီး တင်သွားတာက… ပြန်ရှာရလည်း လွယ်….တစ်စုတစ်စည်းထဲလည်းဖြစ်…ဆိုတော့… […]


ဦးေက်ာက္ခဲNovember 19, 20151min80818
မပြုံး ကျောက်စ်ရဲ့ဝေဒနာဟောင်းကို တူးလေပြီ… …………. ပြန်သတိမရချင်တဲ့ ဘဝတကွေ့မှာ ကျောက်စ် အိပ်စရာအိမ်ယာမဲ့ဖူးတယ်ခင်ဗျ ။ ဟိုသည်ကြုံရာအိပ်ရင်း နောက်ဆုံးတော့ အဲသည့်ခေတ်က နာမည်ကြီး ဗွီဒီယိုတိပ်ခွေအငှါးဆိုင်တစ်ဆိုင်ရဲ့ အခွေကူးခန်းမှာ ညဘက်ဆိုအခွေပွါးရင်း မှိန်းရတာပေါ့ဗျာ ။ ကြုံလို့ပြောရရင် အဲသည့်အချိန်တုန်းက အခွေဖြန့်သူတွေထဲမှာ အခု အနဂ္ဂတို့အဖေ အဆိုတော်ကြီး (ဦး)မင်းမင်းလတ် ဆီကအခွေတွေက ကွာလတီလည်းအလွန်ကောင်းပြီး အောက်မှာ အင်္ဂလိပ်စာတန်းထိုးလည်းပါပါတယ် ။ နောက်ပြီး ဇာတ်လမ်းကောင်းတာတွေလည်းများတာမို့ အင်္ဂလိပ်စာဝေါဟာရနဲ့ လေယူလေသိမ်းအတုခိုးရအောင် သူ့ဆီက ဗွီဒီယိုတွေဆို ခွေကူးနေရင် မအိပ်ပဲထိုင်ကြည့်တာပါပဲ… ။ . . တနေ့သား … ညဘက်… နှင်းဆီကုန်းဘိုးဘွားရိပ်သာမျက်စောင်းထိုးက သူတို့အိမ်မှာအခွေသွားယူတော့ ၊ အခွေတွေလည်းထုတ်ပေးရင်း ထိုးမုန့်လည်းကျွေးရင်းက “ကောင်လေးရေ Sally Field (Forrest Gump မှာလည်း […]


Shwe EiNovember 18, 20151min66610
တကယ်လို့ ရှင်သာ အလုပ်ဖြုတ်ခံရဘူးတယ်ဆိုရင် ဒီ Pink Slip (dismissal notice) လေးက ရှင့်ကို ဘယ်လောက်ထိ ဝမ်းနည်းထိခိုက်စေသလဲဆိုတာကို ကောင်းကောင်းသိပါလိမ့်မယ်။ ရှင့်အနေနဲ့ အမှားတစ်ခုမှ မလုပ်ခဲ့ရင်တောင် ရုံးတော်က သေမိန့်ချလိုက်သလိုမျိုး၊ တရားခံပြေးကြော်ငြာမှာ ကိုယ့်မျက်နှာကြီး မြင်လိုက်ရသလိုမျိုး ခံစားရတတ်တာပါ။ တကယ်လို့ အလုပ်ဖြုတ်ခံရခြင်းမှာ အကြောင်းအရင်းခံ တစ်ခုခုသာ ရှိခဲ့မယ်ဆိုရင်တော့ ဒီခံစားချက်က ပိုမိုဆိုးရွားပြင်းထန်လာဖို့ဘဲရှိပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို ချောက်ထဲဆွဲမချခင် အရင်စဉ်းစားရမှာက ငါအလုပ်လုပ်တဲ့ ကုမ္ပဏီက သိပ်ကောင်းတဲ့ ကုမ္ပဏီဘဲလို့ ။ ကမာ္ဘ့ အအောင်မြင်ဆုံးဆိုတဲ့ထဲက လူတစ်ချို့..ကျမတို့ သိပ်ကြိုက် တဲ့ အသုံးအဆောင် ပစ္စည်းတွေကို တီထွင်ခဲ့တဲ့ အမျိုးကောင်းသားတွေ..ကမ္ဘာ့ အအောင်မြင်ဆုံး Brand တွေကို တည်ဆောက်ခဲ့တဲ့ လူတွေ… ဒါတင်မကသေးဘူး.. လူမှုအဖွဲ့အစည်းမှာပါ အကောင်းစားပုံရိပ်တွေ […]


zaw winNovember 10, 20151min4063
ကျေပါတယ် မအေးစိန်ရယ် ကျေပါတယ် ကိုသိန်းဖေရယ် အမုန်းတွေ သင်ပုန်းချေပြီး ပျော်ပျော်ရွှင်ရွှင် နေကြမယ် အားလုံးဟာ တို့နိုင်ငံသားတွေမို့ နိုင်ငံကောင်းဖို့ လုပ်ကြကွယ် မင်းသုတ 06း30 A.M 10.11.2015