အလုပ်က စီနီယာအမတစ်ယောက် သရိုးသရီဖြစ်လေလို့ ဆေးခန်းသွားပြတော့ ကိုယ်ဝန်ရှိနေတယ်လို့ ဆရာဝန်ကပြောလိုက်တယ်…။ သားဦးလဲဖြစ်…အလုပ်မှာလဲ မိသားစုလိုဖြစ်နေတော့ အကုန်လုံးက ဝမ်းသာ၊ ကွန်ဂရက်ကျူလေးတွေ ဝိုင်းရှင်းကြတယ်…. (တခြားမှာတော့ မသိ) မြန်မာပြည်မှာ ကိုယ်ဝန်ဆောင်တိုင်း အမေးခံရတဲ့ မေးခွန်းတစ်ခုဖြစ်တဲ့… “ဘာလေး လိုချင်လဲ” ဆိုုတဲ့ မေးခွန်းကို… ကျမ အများဆုံးကြားခဲ့ဖူးတဲ့ အဖြေအတိုင်း “ယောကျာင်္းလေး လိုချင်တယ်” ဆိုတာပဲ ကြားလိုက်ရတဲ့အခါ… ကျမ စိတ်ထဲတော့ ဖျတ်ခနဲ နာသွားသလိုပဲ..။ မိန်းခလေးဖြစ်တော့ ဘာဖြစ်လို့လဲ??? အဲ့ဒါအပြင်ကို ဘာလေးမွေးနိုင်တယ်ဆိုတာ ဗေဒင် သွားမေးဦးမယ်တဲ့….။ တစ်လကျော်ကာလမယ် အထဲမှာ ဘာလေးမှန်းတောင် မသိနေသေးတာ ဗေဒင်ဆရာက ဘယ်လိုနည်းနဲ့ သိမယ်တော့ ကျမလဲ မသိဘူး….။ တကယ်လို့များ မိန်းခလေးဖြစ်နေရင် ယတြာချေလိုက်တဲ့အခါ ယောကျာင်္းလေးအဖြစ်များ ပြောင်းသွားနိုင်မလားးး ??? (အဟဲ…..ဒါက […]