ယခုလ ထင်ရှားကျော်ကြားမြန်မာများကဏ္ဍမှာ US-Myanmar Exchange Gala Dinner မှာPanel Discussion မှာပါဝင်ဖို့ မြန်မာပြည်ကနေရောက်ရှိလာတဲ့ ဒေါ်ခိုင်ခိုင်နွယ် Joint Secretary UMFCCI (The Union of Myanmar Federation of Chambers of Commerce and Industry) နဲ့စကားပြောဖြစ်ခဲ့ပါတယ်။ ♠ ဒေါ်ခိုင်ခိုင်နွယ်ရဲ့ ဇာတိနဲ့ ကိုယ်ရေးအကျဉ်းပြောပြပေးပါ။ ကျမကမော်လမြိုင်ဇာတိ။ ၁၉၇၄ မှာ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်က B.Sc(Zoology) ဘွဲ့ကို ရတယ်။ ၁၉၇၉ မှာ မဟာသိပ္ပံဘွဲ့ကိုရတယ်။ ဆေးဝါးသုတေသနမှာ အလုပ်လုပ်ခဲ့တယ်။ ပါရဂူဘွဲ့ Plan အတွက် ဒေဝူးအထည်ချုပ်ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့တယ်။ Assumption University of Thailand မှာ Business English ဆရာမအဖြစ် […]