၂၀၁၅ သံဓိဌာန်ထဲမယ် တခြားဟာတွေကိုသာ မဖြည့်ဆည်းချင်နေမယ်..၊ ခရီးတိုလေးတွေ ခဏခဏထွက်မယ်ဆိုတာနဲ့ မစားဖူးသေးတဲ့ အစားအသောက်တွေ စားမယ်ဆိုတာကိုတော့ ပထမဦးစားပေးအဆင့်အနေနဲ့ စိတ်ပါလက်ပါ လုပ်ဖြစ်ခဲ့တယ်…။ မိသားစုနဲ့ နွေးနွေးထွေးထွေးနေမယ်ဆိုတာလဲ ပါခဲ့ပါရဲ့….ဒီ ၃ချက်လုံး တစ်ပြိုက်နက်ပြည့်နိုင်တာရော၊ ရာသီဥတုလေးကြောင့်ရောနဲ့ သွားဖြစ်ခဲ့တာရယ်…။ ၂၀၁၆ သံဓိဌာန်ထဲမတော့….တစ်ခု ထပ်ဖြည့်တော့မယ်…. ယောကျာင်္းယူမယ်….အငိငိ… : : : (နောက်ထှာ..အတည်) ဆိုတော့…သင်္ကြန်ပိတ်ရက်မယ်..တောင်ကြီးခရီးစဉ်သွားဖြစ်ပါတယ်…(ဖဘမှာ ဖလန်းလွန်းလို့ တစ်ရွာလုံးနီးပါးလဲ သိနေပါပြီ…။ ဒါက သူဂျီးဆီက ပိုက်ပိုက်ညာယူတာ…) တောင်ကြီးသွားမယ်ဆိုတော့ ရင်ခုန်ပါတယ်…အခြေသတင်းကြီးတဲ့ အမြန်လမ်းရယ်…အကွေ့အပတ်များတဲ့…. တောင်ကြီးလမ်းရယ်ပေါ့… တောင်ကြီးလမ်းသွားရမယ်ဆိုတော့… အရင့်အရင် စိတ္တဇက ထ ကြွလာပါရော…အဲ့တုန်းကဆိုများ…ဟံသာဝတီအဝိုင်းကို ကားပတ်ရင်တောင် ဘုရားတရား တ ခဲ့ရတာ… ခု တောင်ကြီးလမ်းကို စတက်တော့လဲ ထင်တဲ့အတိုင်း… အတိတ်ကအရိပ်တွေက တရေးရေးပေါ်တယ်… လွန်ခဲ့တဲ့ ၄နှစ်ကျော်တုန်းက […]